Digital Coup in Myanmar

Digital Coup in Myanmar

စစ်ကောင်စီ မတရား အာဏာသိမ်းမှုရဲ့ ဒစ်ဂျစ်တယ်ဆိုင်ရာ အခွင့်အရေးများစွာကို ထင်ထင်ပေါ်ပေါ် ချိုးဖောက်ခဲ့မှုများကို လူတိုင်းလက်တွေ့ခံစားခဲ့ကြရတာပါ။ မြန်မာနိုင်ငံသူ/သားများ ရင်ဆိုင်ခဲ့ရတဲ့ ဒစ်ဂျစ်တယ်အမှောင်ထုကာလတွေကို ပြန်လည်စုစည်း မှတ်တမ်းတင်ထားတဲ့ Timeline ကို ဖော်ပြပေးလိုက်ပါသည်။

Ref: CC by Spring Revolution Security

Generate your timeline

October 2024

  • အောက်တိုဘာ (၁) - သန်းခေါင်စာရင်း ကောက်ယူရန်အတွက် အောက်တိုဘာလ ၁ ရက်နေ့ကနေ ၁၅ ရက်နေ့အထိ နေအိမ်မှာ အိမ်ထောင်ဦးစီး ဒါမှမဟုတ် အိမ်ထောင်စု အကြောင်းဖြေကြားနိုင်မည့်သူ အိမ်မှာနေဖို့ စစ်ကောင်စီ ဖိအားပေးခဲ့ခြင်း ။ သန်းခေါင်းစာရင်း ကောက်ယူပေးဖို့ ဆရာ/ဆရာမတွေ ဖိအားပေးခြိမ်းခြာက် ခံနေရခြင်း။

  • အောက်တိုဘာ (၂) - စစ်ကောင်စီလေကြောင်းရန်ကြောင့် လားရှိုးမှာ ဖုန်းနဲ့ အင်တာနက်လိုင်းတွေ MNDAA ဖြတ်ထားဟု မြို့ခံများပြောခဲ့ခြင်း

  • အောက်တိုဘာ (၃) - မြန်မာနိုင်ငံမှ အလည်နိုင်ငံကူးလက်မှတ် PV ဖြင့် ပြည်ပအလုပ်အတွက် လေဆိပ်မှ ထွက်ခွာ ခွင့်မပြုဟု စစ်ကောင်စီက ဒုတိယအကြိမ် ထပ်မံကြေညာခဲ့ခြင်း။ ကချင်ပြည်နယ်တခုလုံး ဖုန်းလိုင်းနဲ့ အင်တာနက်လိုင်းတွေ ပြတ်တောက်နေတာ ၂ လကျော်ရှိလာပြီဖြစ်ခြင်း။

  • အောက်တိုဘာ (၄) - ရှမ်းမြောက် လားရှိုးတွင် စက်တင်ဘာလမှ အောက်တိုဘာ (၄) ရက်အထိ လေကြောင်းတိုက်ခိုက်မှု (၁၄) ကြိမ် ဖြစ်ခဲ့ပြီး ဒေသခံ (၈) ဦး သေဆုံးကာ (၅၅) ဦး ထိခိုက်ဒဏ်ရာရခဲ့ခြင်း ။ မင်းအောင်လှိုင် စစ်အုပ်စုပြုတ်ကျမည်ကို တရုတ်ကမလိုလားကြောင်း လျှို့ဝှက်အစည်းအဝေးမှတ်တမ်းက ဖော်ပြနေခဲ့ခြင်း။ စစ်ရေးသတင်းပေါက်ကြားမှုမဖြစ်ဖို့ဆိုတဲ့ အကြောင်းပြချက်နဲ့ ပြည်သူတွေသုံးနေတဲ့ Starlink အင်တာနက်ကို ၁ လပိတ်ဖို့ NUG စာထုတ်ခဲ့ခြင်း ။

  • အောက်တိုဘာ (၆) - လားရှိုးမြို့နယ်အတွင်း စစ်ကောင်စီရဲ့ လေကြောင်းရန် ကာကွယ်ရန်အတွက်ဆိုကာ ကိုးကန့်တပ်မတော် (MNDAA) က အင်တာနက်လိုင်း ဖြတ်တောက်ထားခဲ့ခြင်း။ ကချင်ပြည်နယ်အတွင်း ဖုန်းလိုင်း၊ အင်တာနက်လိုင်း ပြတ်တောက်ပြီး စစ်ရှောင်များ သတင်းအချက်အလက် ရရှိမှု အခက်အခဲဖြစ်ပေါ်နေခဲ့ခြင်း။ သီပေါတိုက်ပွဲမှာ သတင်းရယူနေစဉ် လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခံရမှုကြောင့် ရွှေဖီမြေနဲ့သံလွင်ခတ်သတင်းထောက်၂ဦး ထိခိုက်ဒဏ်ရာရခဲ့ခြင်း။

  • အောက်တိုဘာ (၇) - လားရှိုးတွင် ကိုးကန့်တပ်မတော် (MNDAA) က အင်တာနက်သုံးစွဲမှု ထပ်မံ ကန့်သတ်ပြီးနောက် လားရှိုးမြို့ လုံခြုံရေး အခြေအနေနဲ့ ပတ်သက်တဲ့ သတင်းတု/သတင်းအမှားတွေ ပိုမိုပျံ့နှံလာဟု ရွှေဖီမြေ သတင်းဋ္ဌာန ပြောခဲ့ခြင်း။

  • အောက်တိုဘာ (၈) - ဒေါက်တာဇော်မြင့်မောင်နာရေးက ပြန်လာတဲ့ ဆိုင်ကယ်တွေနဲ့ ဖုန်းတွေကို စစ်တပ်က ပစ်မှတ်ထား ဖမ်းဆီးစစ်ဆေးနေခဲ့ခြင်း။

  • အောက်တိုဘာ (၉) - ရခိုင်-မြန်မာ တေးသံရှင်နှင့် ပိုးထည်တိုက်ပိုင်ရှင် မဆုမြတ်ထက်ကို နေအိမ်တွင် စစ်တပ်က လာရောက် ဖမ်းဆီးခဲ့ခြင်း။

  • အောက်တိုဘာ (၁၀) - ဆက်သွယ်ရေး ဖြတ်တောက်ခံရတဲ့ မြို့ ကိုးဆယ်ကျော်မှာ သတင်းအချက်အလက်သိရဖို့ ခက်ခဲနေ ဟု RFA မှ ရေးသားဖော်ပြခဲ့ခြင်း။

  • အောက်တိုဘာ (၁၅) - ရခိုင်ပြည် ဖုန်းလိုင်း၊ အင်တာနက်လိုင်း ဆက်သွယ်ရေး လုံးဝ ပြတ်တောက်သွားခဲ့ခြင်း။ စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်းမြို့နယ်အားလည်း ဖုန်းလိုင်းအားလုံး ဖြတ်တောက်ထားသည်မှာ (၅) လကျော်ရှိလာခဲ့ခြင်း။

  • အောက်တိုဘာ (၁၆) - Freedom House ရဲ့ နှစ်စဉ် အင်တာနက်လွတ်လပ်ခွင့် Freedom on the Net အစီရင်ခံစာအရ တရုတ်နဲ့ မြန်မာ အင်တာနက်လွတ်လပ်ခွင့် အချိုးဖောက်ဆုံး ပူးတွဲနိုင်ငံအဖြစ်ရပ်တည်ခဲ့ခြင်း။ Freedom House ရဲ့ Freedom on the Net အစီရင်ခံစာအရ အင်တာနက်လွတ်လပ်ခွင့် တိုင်းတာမှုတွင် အမှတ် (၁၀၀) အနက် (၉) မှတ်သာရ။ ပြီးခဲ့သည့် နှစ်ထက် တစ်မှတ် ထပ်မံလျော့ကျခဲ့ခြင်း။

  • အောက်တိုဘာ (၁၇) - မြိတ်ခရိုင်အတွင်းရှိ ကျွန်းစုမြို့နယ်နှင့်မောတောင်မြို့မှအပ ကျန်ဒေသများတွင် MPT ဖုန်းလိုင်းနှင့် အင်တာနက်လိုင်းများ ပြတ်တောက်နေခဲ့ခြင်း

  • အောက်တိုဘာ (၁၈) - ရှမ်းပြည်နယ် ပင်လောင်းမြို့နယ်တွင်လည်း ဖုန်းလိုင်းနှင့် အင်တာနက်လိုင်းများ ပြတ်တောက်နေခဲ့ခြင်း

  • အောက်တိုဘာ (၂၀) - ပြန်လည်လွတ်မြောက်လာသည့် နိုင်ငံရေးအကျဉ်းသားများကို စစ်ကောင်စီက ဥပဒေမဲ့ပြန်လည်ဖမ်းဆီးနေဟု မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) ပြောခဲ့ခြင်း ထိုသို့ပြုလုပ်ခြင်းသည် လူတစ်ဦး၏ လွတ်လပ်စွာသွားလာခွင့်၊ ထုတ်ဖော်ပြောဆိုခွင့်ကို ပိတ်ပင်တားဆီးခြင်းဖြစ်ပြီး လူ့အခွင့်အရေးကို ဆိုးရွားစွာချိုးဖောက်ခြင်းဖြစ်သည်ဟု PPNM ဆိုခဲ့ခြင်း။

  • အောက်တိုဘာ (၂၁) - မြိတ်၊ တနင်္သာရီနှင့် ပုလောတွင် MPT ဖုန်းလိုင်းနှင့် အင်တာနက်လိုင်းများ ပြတ်တောက်ခဲ့ခြင်း။ မိမိပိုင်နိုင်ငံသားစိစစ်ရေးကဒ်၊ Mobile SIM Card၊ Mobile Payment Account နှင့် Bank Account များအား မသက်ဆိုင်သူထံ အခကြေးငွေဖြင့် ရောင်းချခြင်း၊ ငှားရမ်းအသုံးပြုစေခြင်းများ ဆောင်ရွက်ပါက အရေးယူမည်ဟု ထုတ်ပြန်ခဲ့ခြင်း။

  • အောက်တိုဘာ (၂၄) - နောင်ချိုမြို့နယ်တွင် ဖုန်းနှင့် အင်တာနက်လိုင်းများ ဖြတ်တောက်ခံထားရပြီး နေစဥ် လူနေရပ်ကွက်နှင့် ကျေးရွာများ လေကြောင်းမှ ဗုံးကြဲ တိုက်ခိုက်ခံနေရသဖြင့် အရပ်သား သေဆုံးမှုများ ရှိနေကြောင်း TNLA က ထုတ်ပြန်ထားခဲ့ခြင်း

  • အောက်တိုဘာ (၂၅) - စစ်အာဏာရှင်ဟောင်း ဦးသန်းရွှေ၏ သားမက်ဖြစ်သူ ဒေါက်တာနေစိုးမောင်အား ပြည်ကြီးတံခွန်မြို့မရဲစခန်းတွင် ဖမ်းဆီးထိန်းသိမ်းထားဟု စစ်ကောင်စီ သတင်းထုတ်ပြန်ခဲ့ခြင်း။ ပင်လည်ဘူးရှိ စစ်ကောင်စီတပ်သားများထံ ရဟတ်ယာဉ်ဖြင့် ပို့ပေးသော Starlink စက် တော်လှန်ရေးအင်အားစုထံ ရောက်သွားခဲ့ခြင်း နှင့် အင်တာနက်ပိတ်ထားမိသည့် စစ်ကောင်စီလည်း Starlink သုံးနေရခဲ့ခြင်း။

  • အောက်တိုဘာ (၂၆) - ပြင်ဦးလွင်မြို့တွင် ဖုန်းနှင့် အင်တာနက်လိုင်းအချို့ ပြတ်တောက်ခဲ့ခြင်း

  • အောက်တိုဘာ (၂၈) - ဖုန်းလိုင်း၊ အင်တာနက်လိုင်း ဖြတ်တောက်ခံထားရသည် ရခိုင်ပြည်အတွင်း သတင်းအချက်အလက် မှန်မှန်ကန်ကန် သိရရန် ရခိုင်သတင်းသမားအချို့က “အာရက္ခဒတ်ချ်- ARAKKADESH” အမည်ဖြင့် သတင်းဂျာနယ်ထုတ်ဝေခဲ့ခြင်း။ ကချင်ပြည်နယ် မြစ်ကြီးနားတွင် စစ်ကောင်စီက Starlink Wifi စက်များ လိုက်လံသိမ်းယူခဲ့ခြင်း။

  • အောက်တိုဘာ (၂၉) - လားရှိုးမြို့ပေါ်တွင် ဖုန်းလိုင်းဖြတ်တောက်ခံထားရသဖြင့် မြို့ပြင် ၁၆မိုင်အကွာသို့သွားကာ ဖုန်းပြော နေရခဲ့ခြင်း။

  • အောက်တိုဘာ (၃၀) - မြန်မာရုပ်ရှင်ဇာတ်ကားကို ဝေဖန်ရေးသားခဲ့တဲ့ ကိုရှိုင်းထက်အောင်(ခ) ဗွီးထက်ကူးမားကို နိုင်ငံတော်တည်ငြိမ်အေးချမ်းရေး ပျက်ပြားအောင် လူမှုကွန်ရက်စာမျက်နှာကနေ လှုံ့ဆော်ဝါဒဖြန့်တယ်ဆိုပြီး စစ်ကောင်စီက ဖမ်းဆီးခဲ့ခြင်း။

  • အောက်တိုဘာ (၃၁) - သတင်းသမားတွေသတ်ဖြတ်ခံရမှု CPJ အစီရင်ခံစာထဲ မြန်မာပါဝင်ခဲ့ခြင်း။

  • အောက်တိုဘာလအတွင်း လူမှုကွန်ယက်ပေါ်တွင် ပြောဆိုရေးသားမှုများကြောင့် ဖမ်းဆီးခံရသူ အနည်းဆုံး (၂၈) ဦးခန့်ရှိခဲ့ခြင်း စတဲ့ဖိနှိပ်မှုဖြစ်စဉ် တွေပဲဖြစ်ပါတယ်။

September 2024

  • စက်တင်ဘာ (၁) - ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့မှာ ဖုန်းနဲ့ အင်တာနက်လိုင်းတွေ ပြတ်တောက်နေတာ နှစ်လကျော် ရှိလာခဲ့ခြင်း၊ စစ်အုပ်စုက သပိတ်ကျင်းနယ်အား ဖုန်းနဲ့ အင်တာနက် လိုင်းတွေ ဖြတ်တောက်ထားခဲ့ခြင်း။

  • စက်တင်ဘာ (၂) - ရွှေကုက္ကိုလ် လောင်းကစားနဲ့ ကျားဖြန့်မြို့သစ်ဆီ ဖိုက်ဘာကေဘယ်ကြိုး ခိုးသွယ်ဖို့ လုပ်ဆောင်နေသူ ထိုင်းနိုင်ငံသားတစ်ဦးကို ထိုင်း ဆိုက်ဘာရဲတပ်ဖွဲ့ကဖမ်းဆီးခဲ့ခြင်း၊ ရခိုင်ပြည်နယ်၊ မာန်အောင်ကျွန်းကို စစ်ကောင်စီ အင်တာနက် စတင်ဖြတ်တောက်ထားခဲ့ခြင်း။

  • စက်တင်ဘာ (၄) - မိုးကုတ်မြို့တွင် TLNA က Starlink အင်တာနက်ဖြင့် အင်တာနက် အခမဲ့ အသုံးပြုခွင့်ပေးခဲ့ခြင်း။

  • စက်တင်ဘာ (၇) - လားရှိုးမြို့တွင် အင်တာနက်၊ ဖုန်းလိုင်းနှင့် လျှပ်စစ်မီးပြန်ရခဲ့ခြင်း၊ ချင်းမှာ ဟားခါးကလွဲပြီး မြို့နယ်အားလုံး ဖုန်းနဲ့ အင်တာနက်လိုင်းတွေ ဖြတ်တောက်ခံထားရခဲ့ခြင်း၊ ရေးမြို့နယ်အတွင်း ကျေးရွာများတွင် နှစ်ဖက်တိုက်ပွဲများ မကြာခဏ ဖြစ်ပွားနေပြီး ဖုန်းလိုင်းနှင့် အင်တာနက်လိုင်းများလည်း ဖြတ်တောက်ခံနေရခဲ့ခြင်း။

  • စက်တင်ဘာ (၁၀) - DVB TV News YouTube channel ဟက်လုပ်ခြင်းခံခဲ့ရခြင်း၊ မိုးကုတ်မြို့ စီမံအုပ်ချုပ်ရေးကောင်စီက ပုဂ္ဂလိက စတားလင့် အင်တာနက် လုပ်ကိုင်ခွင့် တိုးချဲ့ပေးလို့ အသုံးပြုခတွေ ဈေးနှုန်းကျဆင်းလာခဲ့ခြင်း၊ တာချီလိတ်မြို့နယ်တွင် ရေကြီးပြီး ဖုန်း၊ အင်တာနက်နှင့် လျှပ်စစ်မီးလိုင်းမျာ ပြတ်တောက်ခဲ့ခြင်း။

  • စက်တင်ဘာ (၁၁) - သျှမ်းပြည်တောင်ပိုင်း တောင်ကြီး၊ ညောင်ရွှေ၊ ရွှေညောင်၊ အောင်ပန်း ၊ကလော အစရှိသည့်မြို့များတွင်ရေကြီးမှုများဆက်တိုက်ဖြစ်ပေါ်နေပြီး ဖုန်းလိုင်းများ ပြတ်တောက်နေခဲ့ခြင်း။

  • စက်တင်ဘာ (၁၃) - ရှမ်းမြောက် လားရှိုးမြို့ အပါအဝင် နေရာအများစုတွင် ဖုန်းလိုင်းနှင့် အင်တာနက်လိုင်းများ ပြန်လည်ပြတ်တောက်ခဲ့ခြင်း၊ မြစ်ကြီးနားမှာ IP Starနဲ့ Star Link တပ်ဆင်ထားတဲ့ ဆိုင်တစ်ချို့နဲ့ ဟိုတယ်ကို စစ်ဆေးရေးတင်းကြပ်ပြီး ဖမ်းဆီးတာတွေရှိနေခဲ့ခြင်း။

  • စက်တင်ဘာ (၁၅) - ညောင်လေးပင်ခရိုင်နှင့် တောင်ငူခရိုင်အတွင်းရှိ နယ်မြေများတွင် ဆက်သွယ်ရေး ဖြတ်တောက်ခံရသည့်အတွက် ကယ်ဆယ်ရေးလုပ်ငန်းများ နှောင့်နှေးဟု ဒေသခံနှင့်နယ်မြေတာဝန်ရှိသူများ ပြောခဲ့ခြင်း။

  • စက်တင်ဘာ (၁၆) - Data for Myanmar အဖွဲ့၏ အဆိုအရ စစ်အာဏာသိမ်းမှု စတင်ပြီးနောက် အွန်လိုင်းပေါ်မှ စစ်တပ်ဆန်ကျင် ရေးသားမှုများနှင့် ဒီမိုကရေစီလှုပ်ရှားမှုများကို ထောက်ခံရေးသားမှုများကြောင့် လူဦးရေ (၁၆၉၁) ဦး အဖမ်းခံရခဲ့ခြင်း၊ အင်းလေးကန်တွင် ရေကြီးပြီး ဖုန်းနှင့်အင်တာနက်လိုင်းများ​ပြတ်တောက်ခဲ့ခြင်း၊ စက်တင်ဘာ (၁၆) ရခိုင်မှာ ဖုန်းလိုင်းနှင့် အင်တာနက် ပြတ်တောက်နေဆဲဖြစ်၍ မုန်တိုင်းသတင်း မသိရသလို လူမှုစီးပွားလည်ပတ်ခြင်းမှာ ထိခိုက်နေကြခဲ့ခြင်း၊ ရှမ်းအရှေ့ မိုင်းဆတ်၊ မိုင်းတုံ ခရိုင် (၂)ခု မှာ ရေကြီးပြီး ဆက်သွယ်ရေးလိုင်းများ ပြတ်တောက်ခဲ့ခြင်း။

  • စက်တင်ဘာ (၁၇) - စစ်ပွဲနှင့်ရေဘေးကြောင့် ရှမ်းပြည်တွင် GSM ဖုန်းလိုင်းများ ပြတ်တောက်ပြီး CDMA Sim Card များအရောင်းအဝယ်ပြန်ဖြစ်ခြင်း၊

  • စက်တင်ဘာ (၁၈) - ရေနစ်မြုပ်နေသည့် မင်းပြားမြို့နယ်အတွင်းရှိ ကျေးရွာများတွင် ဖုန်းလိုင်း ၊ အင်တာနက်လိုင်းများ ဖြတ်တောက်ခံထားရသည့်အတွက် ကူညီကယ်ဆယ်ရေးလုပ်ငန်းများလည်း ရောက်ရှိရန် ခက်ခဲနေခဲ့ခြင်း၊ စက်တင်ဘာ (၁၈) KBZ pay ဖြင့် ရေဘေးအလှူငွေ ထည့်ဝင်သည့် KBZpay အကောင့်များအား ငွေကြေးချဝါချတယ်ဆိုပြီး KBZ ဘဏ်ပိတ်ပင်ခဲ့ခြင်း၊ အင်တာနက်နှင့် ဖုန်းလိုင်း ဖြတ်တောက်ခံရခြင်းတို့ကြောင့် ရေကြီးခြင်း၊ တောင်ပြိုခြင်းနှင့် မြေပြိုခြင်းများနှင့် တွေ့ကြုံနေရသည့် ရှမ်းတောင်တွင် အရေးပေါ် ကူညီကယ်ဆယ်ရေးများ မရရှိကြောင်း ပအိုဝ်းလူငယ်အစည်းအရုံး (PYO) ပြောခဲ့ခြင်း၊ စက်တင်ဘာ (၁၈) ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ် အနန်ကွင်းတွင် စစ်ကောင်စီနှင့် တော်လှန်ရေးတပ်ဖွဲ့များ ကြားတိုက်ပွဲများပြင်းထန်လာပြီးနောက် ကျေးရွာ (၁၀) ရွာထက်မနဲ ဖုန်းလိုင်းနှင့် အင်တာနက်လိုင်းများပြတ်တောက်ခဲ့ခြင်း။

  • စက်တင်ဘာ (၂၂) - ပဲခူးတိုင်းအနောက်ခြမ်း၊ ပေါင်းတည်မြို့က ရေဘေးသင့်ရန်ပုံငွေဂီတဖျော်ဖြေပွဲမှာ သီချင်းဆိုတဲ့ စစ်ကောင်စီဗိုလ်မှူးဓါတ်ပုံကို လူမှုကွန်ယက်သို့ တင်သဖြင့်ဟုဆိုကာ မြို့ခံလေးဦးဖမ်းစီးခံရခဲ့ခြင်း၊ အာဏာသိမ်းပြီးနောက် အမျိုးသမီးများအပေါ် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုအပါအဝင် အကြမ်းဖက်မှုမျိုးစုံဖြစ်ပွားမှု ပိုမိုတိုးပွားလာကြောင်း Burmese Women Union ပြောခဲ့ခြင်း။

  • စက်တင်ဘာ (၂၃) - ယာဂိ မုန်တိုင်းကြောင့် ပျက်စီသွားသည့် ဆက်သွယ်ရေးစခန်း ၁၅၀၀ ခန့်တွင့် ၁၀၀၀ ခန့်အား ပြန်လည် ပြင်ဆင်ပြီးဟု စစ်ကောင်စီ ထုတ်ပြန်ခဲ့ခြင်း။

  • စက်တင်ဘာ (၂၄) - အွန်လိုင်းလောင်းကစားဂိမ်းများကြောင့် ငွေကြေးဆုံးရှုံးမှုများ ဖြစ်ပေါ်နေသည်ကိုတွေ့ရသဖြင့် ကရင်နီပြည်နယ်အတွင်း တော်လှန်ရေးတပ်ဖွဲ့များအား အွန်လိုင်းဂိမ်း ကစားမှုများအပေါ် ကန့်သတ်ခဲ့ခြင်း။

  • စက်တင်ဘာ (၂၆) - ရေဖြူမြို့နယ်အတွင်းရှိ ဇာဒီ ကျေးရွာတွင် Atom နှင့် Mytel ဖုန်းလိုင်းများ ပြန်ရခဲ့ခြင်း၊ မူဆယ်မှာ တရုတ်နိုင်ငံသား ၁၉၀ ကျော်အပါအဝင် ကျားဖြန့်လုပ်ကိုင်သူ ၅၀၀ ကျော် ဖမ်းဆီးရမိခဲ့တယ်လို့ စစ်ကောင်စီပြောခဲ့ခြင်း။

  • စက်တင်ဘာ (၂၈) - ကချင်ပြည်နယ်တွင် Starlink အင်တာနက် တပ်ဆင်မှုများပြားလာပြီး အင်တာနက် အသုံးပြုခ စျေးနှုန်းများ ကျဆင်းလာခြင်း။

  • စက်တင်ဘာ (၃၀) - ယခုလအတွင်း လူမှုကွန်ယက်ပေါ်တွင် ပြောဆိုရေးသားမှုများကြောင့် ဖမ်းဆီးခံရသူ အနည်းဆုံး ( ၅၇ ) ဦးခန့်ရှိ ခဲ့ခြင်း စတဲ့ ဒစ်ဂျစ်တယ်ဖိနှိပ်မှု ဖြစ်စဉ်တွေ ဖြစ်ခဲ့တာပဲဖြစ်ပါတယ်။

August 2024

  • ဩဂုတ်လ (၁) - ကျောက်မဲတွင် ဖုန်းလိုင်းနှင့်အင်တာနက်လိုင်းမျာ ပြတ်တောက်နေခဲ့ခြင်း။ စစ်ကောင်စီက ပြည်ပမှ ပြန်လာသူများကို ပြန်ထွက်ခွင့်ကန့်သတ်လာပြီး ပြည်ပသို့ ပြန်လည်ထွက်ခွာမည့် အလုပ်သများ (၄၀) ကျော်အား ထွက်ခွာခွင့်ပိတ်ခဲ့ခြင်း။ ဖိနှိပ်မှု၊ ခြိမ်းခြောက်မှုပေါင်းစုံကို ရင်ဆိုင်နေရတယ်လို့ မြန်မာသတင်းစာဆရာများအစည်းအရုံး (IMJA) ပြောကြားခဲ့ခြင်း။

  • ဩဂုတ်လ (၂) - ပို့ကုန် ကုမ္ပဏီ (၁၂) ခုကို ပို့ကုန်ရငွေ အမေရိကန်ဒေါ်လာ ၁၇ ဒသမ ၄၂ သန်း အား နှစ်ပါတ်အတွင်း ပေးသွင်းရန် စာထုတ်ခဲ့ခြင်း။ စစ်ကောင်စီ ဗဟိုဘဏ်က လိုင်စင်မရှိပဲ တရားမဝင် ဒီဂျစ်တယ်ငွေကြေးများ ရောင်းဝယ်လဲလှယ်ခြင်း၊ နိုင်ငံခြားငွေ စကားခြင်း ဟွန်ဒီလုပ်ငန်းဆောင်ရွက်ခြင်းကြောင့်ဟုဆိုရာ လူပုဂ္ဂိုလ် (၉၃) ဦးအား အရေးယူခဲ့ခြင်း။ ရှမ်းမြောက်မြို့နယ်အများစုတွင် ဖုန်းလိုင်းနှင့် အင်တာနက်လိုင်းများ ပြတ်တောက်နေသည်မှာ တစ်ပါတ်ခန့် ရှိလာခဲ့ခြင်း။

  • ဩဂုတ်လ (၃) - စစ်ကိုင်းတိုင်းဒေသကြီး၊ အင်းတော်မြို့မှာ အင်တာနက်အပြင် ဖုန်းလိုင်းပါ ဖြတ်တောက်ခံရခဲ့ခြင်း။

  • ဩဂုတ်လ (၄) - လားရှိုး အခြေစိုက် “၀” ဆက်ဆံရေးရုံးက ဒေသခံပြည်သူများအား င်္ဂြိုလ်တုဝိုင်ဖိုင် အခမဲ့ လာရောက် အသုံးပြုနိုင်ကြောင်း ဖိတ်ခေါ်ခဲ့ခြင်း။

  • ဩဂုတ်လ (၅) - ရေးမြို့နယ်ရှိ ကျေးရွာများတွင် ဇူလိုင်လမှ စတင်ပြီး ဖုန်းလိုင်းမကြာခန ဖြတ်တောက်ခံနေရခဲ့ခြင်း။ ကချင်ပြည်နယ် မိုးညှင်း၊ ဖားကန့် ဒေသများတွင် အင်တာနက်ဖြတ်တောက်ထားမှုကြောင့် Ipstar (သို့) Starlink ရှိရာမြို့နယ်များသို့ သွားရောက်သုံးစွဲနေရ။ သုံးစွဲလိုသူများပြားသည့်အတွက် တစ်ရက်လျှင် လူတစ်ဦး (၁) နာရီသာ အသုံးပြုနိုင်ခြင်း။

  • ဩဂုတ်လ (၆) - အင်တာနက်နှင့် ဖုန်းလိုင်း ပြတ်တောက်နေသော ဖားကန့်တွင် ဝိုင်ဖိုင် (Wifi) အသုံးပြုခမှာ တစ်နာရီလျှင် မြန်မာငွေ (၃၀၀၀၀) အထိ မြင့်တက်ခဲ့ခြင်း။

  • ဩဂုတ်လ (၇) - လွတ်လပ်သော မြန်မာသတင်းမီဒီယာကောင်စီ (IPCM)နှင့် KNU- ကရင်အမျိုးသား အစည်းအရုံး တို့ တွေ့ဆုံဆွေးနွေးပြီး “KNU နယ်မြေ၌ သတင်းမီဒီယာ မူဝါဒဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး” ပူးတွဲကြေညာချက်ထုတ်ပြန်ခဲ့ခြင်း။

  • ဩဂုတ်လ (၈) - ရွေးကောက်ပွဲကျင်းပနိုင်ရေး ကူညီပေးရန် ထိုင်းအစိုးရကို စစ်ကောင်စီတောင်းဆိုခဲ့ခြင်း။

  • ဩဂုတ်လ (၉) - အင်တာနက် ရာဇဝတ်မှုဆိုင်ရာမူကြမ်း ကုလမှာ သဘောတူညီမှုရခဲ့ခြင်း။ မှတ်ပုံတင်ခြင်းမပြုပဲ အွန်လိုင်းစနစ်ဖြင့် ရောင်းချသော ကုန်စည်နှင့် ဝန်ဆောင်မှု လုပ်ငန်းများအား အရေးယူမည်ဟု စီးပွားကူးသန်းမှ ထုတ်ပြန်ခဲ့ခြင်း။

  • ဩဂုတ်လ (၁၀) - လားရှိုးမြို့တွင် အင်တာနက်နှင့် ဖုန်းလိုင်း ဖြတ်တောက်ခံထားရမှုကြောင့် ဒေသခံများအနေဖြင့် ဖုန်းပြောဆိုရန် (၁၂) မိုင်ခန့်အထိ သွားနေရခဲ့ခြင်း။ အူရီဒူးမြန်မာကို ဒေါ်လာ ၅၇၆ သန်းဖြင့် Nine Communications သို့ရောင်းချခဲ့ခြင်း။

  • ဩဂုတ်လ (၁၁) - နမ့်ဆန် နှင့် နမ္မတူတွင် ဖုန်းလိုင်းနှင့် အင်တာနက်လိုင်းများ ပြတ်တောက်နေသည့်အပြင် KBZ Pay အကောင့်များပါ ကျနေသည့်အတွက် ငွေကြေးထုတ်ယူရန် အခက်အခဲဖြစ်ခဲ့ခြင်း။

  • ဩဂုတ်လ (၁၂) - လားရှိုးမြို့ခံများအတွက် Starlink အင်တာနက်ဖြင့် ချိတ်ဆက်၍ MNDAA က အင်တာနက်ဝန်ဆောင်မှု အခမဲ့ပေးခဲ့ခြင်း။ ရှမ်းပြည်နယ် သီပေါမြို့နယ်တွင် မြို့တွင်းတိုက်ပွဲများဖြစ်ပွားပြီး ဖုန်းလိုင်းများ ဆက်သွယ်ရန် ခက်ခဲနေခဲ့ခြင်း။

  • ဩဂုတ်လ (၁၃) - အင်တာနက်ပြတ်တောက်နေသည့် ရှမ်းမြောက်မြို့နယ်များတွင် အင်တာနက်ကို တစ်နာရီ (၅၀၀၀) ကျပ်အထိ ပေးပြီး အသုံးပြုနေရခဲ့ခြင်း။

  • ဩဂုတ်လ (၁၅) - အင်တာနက်ပြတ်တောက်နေသည့် ကရင်နီတွင် ငွေထုတ်ယူနှုန်းအနေနဲ့ လွိုင်ကော်မှာ ၄ ရာခိုင်နှုန်းဝန်းကျင်နဲ့ ဒီးမော့ဆို၊ ဖရူဆို၊ ဖားဆောင်း၊ ဘော်လခဲတို့မှာ ၂၀ ရာခိုင်နှုန်းအထိ ပေးနေရခဲ့ခြင်း။ ရခိုင်ပြည်နယ်၊ ဂွမြို့နယ်၊ ကျိန္တလီမြို့တွင် ဖုန်းလိုင်းနှင့် အင်တာနက်လိုင်းများ ဖြတ်တောက်ထားခဲ့ခြင်း။

  • ဩဂုတ်လ (၁၇) - စစ်ကိုင်းတိုင်းအတွင်းရှိ ဒီပဲရင်းတွင် တိုက်ပွဲများပြင်းထန်နေပြီး ဖုန်းလိုင်းများ ဖြတ်တောက်ခံထားရခဲ့ခြင်း။

  • ဩဂုတ်လ (၁၈) - စစ်ကောင်စီကို လူမှုကွန်ရက်ပေါ်တွင်ဝေဖန် ရေးသားသည်ဟုဆိုကာ မြန်အောင်မြို့နယ်မှ အမျိုးသမီးတစ်ဦးဖမ်းဆီးခံရခဲ့ခြင်း။ လာရှိုးမြို့နေရာအချို့တွင် Mytel ဖုန်းလိုင်းပြန်လည်ရရှိခဲ့ခြင်း။

  • ဩဂုတ်လ (၂၀) - VPN ထူထောင်ခွင့်ပေးရန် UMFCCI မှ တစ်ကိုယ်ကောင်းဆန်သော စီးပွားရေးသမားများ လူမှုကွန်ယက်အသုံးပြုခွင့်မရရန် ပိတ်ပင်ထားသော စစ်ကောင်စီထံ တောင်းဆိုခဲ့ခြင်း။ ကချင်ပြည်နယ် မြို့နယ်အချို့တွင် မိုဘိုင်းဖုန်းလိုင်းများ ပြန်လည်ရရှိခဲ့ခြင်း။

  • ဩဂုတ်လ (၂၂) - ငွေသားအသုံးပြုမှုကို လျှော့ချရန် အတွက် စစ်ကောင်စီက နိုင်ငံဝန်ထမ်းလစာများကို ဒစ်ဂျစ်တယ်နည်းလမ်းဖြင့် ပေးရန် စီစဉ်ခဲ့ခြင်း။ ကျိုက်ထိုတွင် စစ်ကောင်စီတပ် စီးနင်းပစ်ခတ်မှုကြောင့် DVB CJ သတင်းထောက် ကိုဝင်းထွဋ်ဦး(ခ)ဖိုင်ဇယ် နှင့် အလွတ်တန်း သတင်းထောက် ကိုထက်မြတ်သူတို့ သေဆုံးခဲ့ခြင်း။

  • ဩဂုတ်လ (၂၃) - စက်တင်ဘာလ ၃၁ ရက်နေ့ ညသန်းခေါင်းယံမှ စတင်ပြီး စာရင်းစစ်/စာရင်းကောက် (၄၂,၀၀၀)ခန့်ဖြင့် တစ်အိမ်တက်ဆင်း သန်းခေါင်စာရင်း ကောက်ယူသွားမည်ဖြစ်ဟု စစ်ကောင်စီ ထုတ်ပြန်ခဲ့ခြင်း။

  • ဩဂုတ်လ (၂၄) - ဟုမ္မလင်းမြို့မှာ ဖုန်းလိုင်းနဲ့ ဝိုင်ဖိုင် အင်တာနက်လိုင်း ပိတ်ထားတာ ၁လနီးပါးရှိနေခဲ့ခြင်း။

  • ဩဂုတ်လ (၂၅) - တယ်လီဂရမ် အမှုဆောင်အရာရှိချုပ် ပါဗယ် ဒူရော့ဗ်ကို ပြင်သစ်ရဲတပ်ဖွဲ့က ပဲရစ်မြို့တောင်ပိုင်းက လေဆိပ်တစ်ခုမှာဖမ်းဆီးခဲ့ခြင်း။

  • ဩဂုတ်လ (၂၈) - Visit Passport အသစ်ဖြင့် နိုင်ငံခြားထွက်ခွာမည့်သူ အများစုလေဆိပ်မှ ထွက်ခွာခွင့်မရခဲ့ခြင်း။ ရှမ်းပြည်နယ် မြောက်ပိုင်း သီပေါတွင် လေယာဉ်ဖြင့် ဗုံးကျဲခံရပြီးနောက် ဖုန်းလိုင်းများ ပြန်လည် ပြတ်တာက်ခဲ့ခြင်း။​ စစ်မှုထမ်း ခေါ်ဆောင်ရေးအတွက် ဆက်သွယ်ရန် ထုတ်ပြန်ထားသော ဖုန်းနံပါတ်များသို့ ဆက်သွယ်နှောက်ယှက်သည့် ဖုန်းနံပါတ်များအား ပိတ်သိမ်းအရေးယူမည်ဟု ကြေငြာခဲ့ခြင်း။

  • ဩဂုတ်လ (၂၉) - Dawei Watch သတင်းဌာနမှ သတင်းထောက် ကိုမျိုးမြင့်ဦးကို ထောင်ဒဏ် တစ်သက်တစ်ကျွန်း၊ ကိုအောင်ဆန်းဦးကို ထောင်ဒဏ် အနှစ် ၂၀ မြိတ်မြို့ စစ်ခုံရုံးက ချမှတ်ခဲ့ခဲ့ခြင်း။ Tiktok လူမှုကွန်ရက် ပိုမို အသုံးပြုရန် စစ်ကောင်စီဝါဒဖြန့်သူများ လုပ်ဆောင်လာခဲ့ခြင်း။

  • ဩဂုတ်လ (၃၀) - လွတ်လပ်သောမြန်မာသတင်းမီဒီယာကောင်စီ (IPCM) မှ Dawei Watch သတင်းသမား ၂ ဦးအား ထောင်ဒဏ် တသက်တကျွန်းနှင့် နှစ် ၂၀ ချမှတ် ခံရခြင်းကိုကန့်ကွက် ရှုံ့ချခဲ့ခြင်း။ ဩဂုတ်လ (၃၀) ကချင်ပြည်နယ်၊ ဖားကန့် ရပ်ကွက်အချို့မှာ ATOM(Telenor) ဖုန်းလိုင်း ပြန်လည်ရရှိခဲ့ခြင်း။

  • ဩဂုတ်လ (၃၁) - ယခုလအတွင်း လူမှုကွန်ယက်ပေါ်တွင် ပြောဆိုရေးသားမှုများကြောင့် ဖမ်းဆီးခံရသူ အနည်းဆုံး ( 52 ) ဦးခန့်ရှိခဲ့ခြင်း စတဲ့ ဒစ်ဂျစ်တယ်ဖိနှိပ်မှု ဖြစ်စဉ်တွေ ဖြစ်ခဲ့တာပဲဖြစ်ပါတယ်။

July 2024

  • ဇူလိုင်(၁) - မိုးကုတ်တွင် စစ်ပွဲကြောင့် အင်တာနက်နှင့် ဖုန်းလိုင်းများ ပြတ်တောက်ခဲ့ခြင်း။ မြစ်ကြီးနားမြို့တွင်ရေကြီးပြီး ဖုန်းနှင့် အင်တာနက်လိုင်းများ ပြတ်တောက်နေခဲ့ခြင်း။ ပြည်ပ အခြေစိုက် မီဒီယာများဖြစ်သည့် Mizzima၊ The Irrawaddy ၊ Khit Thit နှင့် Myanmar Now တို့ကို အရေးယူဆောင် ရွက်နိုင်ရေး စစ်ကောင်စီ၏ ဝန်ကြီးဌာနများဖြစ်သော ပြည်ထဲရေး၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး၊ လူဝင်ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး ဌာနများက ပူးပေါင်းဆောင်ရွက်နေသည်ဟု ပြန်ကြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့ခြင်း။

  • ဇူလိုင်လ (၂) - ရန်ကုန်မြို့၊ တောင်ဒဂုံမြို့နယ်မှာ စစ်ကောင်စီလက်ပါးစေ ပျူစောထီးအဖွဲ့ဝင်နဲ့ လူမိုက်တွေ ပူးပေါင်းပြီး ဖုန်းထဲ VPN ရှိမရှိ စစ်ဆေးပြီး ခြိမ်းခြောက်ငွေညှစ်ခဲ့ခြင်း။

  • ဇူလိုင်လ (၃) - စဉ့်ကူးမြို့နယ်ထဲတွင် ဖုန်း၊ အင်တာနက်နဲ့ လျှပ်စစ်မီး လိုင်းများ စစ်အုပ်စုက ဖြတ်တောက်ထားခဲ့ခြင်း

  • ဇူလိုင်လ (၅) - လားရှိုးမြို့တွင် ဖုန်းလိုင်းနှင့် အင်တာနက်လိုင်းများ ဆက်သွယ်ရ ခက်ခဲနေခဲ့ခြင်း။

  • ဇူလိုင်လ (၆) - သပိတ်ကျင်းမြို့နယ်တွင် စစ်တပ်က ဖုန်းလိုင်းနှင့် အင်တာနက်လိုင်းများ ဖြတ်တောက်ထားခဲ့ခြင်း။

  • ဇူလိုင်လ (၈) -၂၀၂၅ တွင် ရွေးကောက်ပွဲ ကျင်းပနိုင်ရေး အရှိန်အဟုန်မြှင့် လုပ်ဆောင်နေကြောင်း စစ်ကောင်စီ ပြောကြားခဲ့ခြင်း။

  • ဇူလိုင်လ (၉) - ဗဟိုဘဏ်က ငွေသားထုတ်ယူခွင့် ကန့်သတ်ဖြင့် လုပ်ငန်းရှင်များ အခက်အခဲဖြစ်ပေါ်ခဲ့ခြင်း။

  • ဇူလိုင်လ (၁၀) - လောက်ကိုင်မြို့မှာ တရုတ်ဖုန်းနှင့် အင်တာနက်လိုင်းများ ပြတ်တောက်နေခဲ့ခြင်း။ မိုးမိတ်တွင် တိုက်ပွဲများ ပြင်းထန်နေပြီး ဖုန်းလိုင်းနဲ့ အင်တာနက်လိုင်းများ ဖြတ်တောက်ခံထားရခြင်း။

  • ဇူလိုင်လ (၁၁) - ပြီးခဲ့သည့်လ (၂၄) ရက်နေ့က မိုဘိုင်းအင်တာနက်ပြန်လည်ရရှိခဲ့သော ပူတာအို မြို့တွင် ဖုန်းနှင့် အင်တာနက်လိုင်းများ ပြန်လည်ပြတ်တောက်ခဲ့ခြင်း။

  • ဇူလိုင်လ (၁၂) - ရှမ်းပြည်မြောက်ပိုင်း၊ လားရှိုးမြို့တွင် အင်တာနက်လိုင်းပြတ်တောက်မှုများ ဖြစ်ပေါ်လာခဲ့ခြင်း။

  • ဇူလိုင်လ (၁၅) - မြန်မာနိုင်ငံတွင် Signal Communication App အသုံးပြုမှုအား ပိတ်ပင်ခဲ့ခြင်း။ သံတွဲတွင်တိုက်ပွဲဆက်လက်ပြင်းထန်နေပြီး စစ်ကောင်စီဗုံးကြဲခြင်းကြောင့် တာဝါတိုင်ကျိုးကာ ဖုန်းလိုင်းများ ပြတ်တောက်နေခဲ့ခြင်း။

  • ဇူလိုင်လ (၁၆) - စစ်ကောင်စီက မိုးမိတ်မြို့ကို ဖုန်းလိုင်းနှင့် အင်တာနက်လိုင်းအချို့ ဖြတ်တောက် ထားခဲ့ခြင်း။

  • ဇူလိုင်လ (၁၇) - ကြည့်မြင်တိုင် တစ်ဖက်ကမ်း၊ အောက်ရုံ/စက်ဆန်း ရပ်ကွက်တွင် နေအိမ်များထဲထိဝင်ရောက်ပြီး ဖုန်းထဲတွင် VPN ရှိမရှိ စစ်ဆေးခဲ့ခြင်း။

  • ဇူလိုင်လ (၁၈) - ကလေးတောင်ပိုင်းတွင် Ooredoo ဖုန်းလိုင်းများ ပြတ်တောက်ခဲ့ခြင်း။

  • ဇူလိုင်လ (၁၉) - အင်တာနက်နှင့် ဖုန်းလိုင်း ဖြတ်တောက်ခံရသော ရခိုင်တွင် ငွေသားရှားပါလာပြီး kpay မှ ငွေထုတ်ယူလျှင် (၁၈) ရာခိုင်နှုန်းအထိ လဲလှယ်ခပေးနေရခဲ့ခြင်း။

  • ဇူလိုင်လ (၁၉) - တိုက်ပွဲပြင်းထန်နေတဲ့ မိုးကုတ်မြို့မှာ ဖုန်းနဲ့ အင်တာနက်လိုင်းများ လုံးဝ ပြတ်တောက်ခဲ့ခြင်း။

  • ဇူလိုင်လ (၂၀) - Signal ပိတ်လိုက်ခြင်းကြောင့် ပြည်သူ့တို့ ဆက်သွယ်ရေးလမ်းကြောင်း ပိုခက်ခဲလာခဲ့ခြင်း။ TNLA ထိန်းချုပ်နယ်မြေများဖြစ်သည့် နမ္မတူ၊နမ့်ဆန်၊ နမ့်ခမ်း စသည့်ဒေသများတွင် ဖုန်းလိုင်း၊ အင်တာနက်လိုင်းများ ပြတ်တောက်ခဲ့ခြင်း။

  • ဇူလိုင်လ (၂၂) - အွန်လိုင်းမှ အစားအသောက်၊ အလှကုန်၊ ဆေးဝါး၊ ဆေးပစ္စည်းနှင့် လူသုံးကုန်များရောင်းချမှုများကို တရားမဝင် ကုန်သွယ်မှု အဖြစ် သတ်မှတ်ပြီး ဖမ်းဆီးရန် စစ်ကောင်စီက ညွှန်ကြားခဲ့ခြင်း။ ကချင်ပြည်နယ်မှာ ဇူလိုင် ၂၁ ရက် မနေ့မနက် ဆယ်နာရီခန့်ကစလို့ ဖုန်းလိုင်းနဲ့ အင်တာနက် ဆက်သွယ်ရေးတွေအားလုံး ပြတ်တောက်နေခဲ့ခြင်း။ မိုးကုတ်က တိုက်ပွဲ ဖြစ်ပွားတဲ့ နေရာတွေမှာ စစ်ကောင်စီတပ်က ဖုန်းလိုင်း ဖွင့်ပေးပြီး ကြားဖြတ် နားထောင်မှုတွေ ရှိနေခဲ့ခြင်း။

  • ဇူလိုင်လ (၂၄) - ငွေလိမ်လုပ်ငန်းများကို ဖြိုဖျက်နိုင်ရေး နှိမ်နင်းနိုင်ရေးအတွက် ထိုင်းက ရွှေတြိဂံနယ်မြေကို ဖုန်းနှင့်အင်တာနက်လိုင်းဖြတ်တောက်ခဲ့ခြင်း။

  • ဇူလိုင်လ (၂၆) - မြန်မာနိုင်ငံ ဒေသအများအပြားတွင် အင်တာနက်ဖြတ်တောက်ထားသော စစ်ကောင်စီက E-government အကောင်အထည်ဖော်ဆောင်ရေးအစည်းအဝေးလုပ်ခဲ့ခြင်း။ ချင်းပြည်နယ် ၊ တီးတိန်တွင် အင်တာနက်နှင့် လျှပ်စစ်မီးပြန်လည်ရရှိခဲ့ခြင်း။

  • ဇူလိုင်လ (၂၉) - မန္တလေးတိုင်း၊ မိုးကုတ်မြို့မှာ တော်လှန်ရေး ထောက်ခံသူ အယောက် ၄၀၀ ကို စစ်ကောင်စီတပ်က ကိုယ်ရေးမှတ်တမ်းပြုစုထားပြီး စတင်ဖမ်းဆီးနေပြီလို့ စစ်တပ်ထောက်ခံသူတွေက ရေးသားဖြန့်ဝေခဲ့ခြင်း။

  • ဇူလိုင်လ (၃၁) - ယခုလအတွင်း လူမှုကွန်ယက်ပေါ်တွင် ပြောဆိုရေးသားမှုများကြောင့် ဖမ်းဆီးခံရသူ အနည်းဆုံး (၂၃ ) ဦးခန့်ရှိခဲ့ခြင်း အစရှိသဖြင့် ဒစ်ဂျစ်တယ်ဖိနှိပ်မှု ဖြစ်စဉ်တွေ ဖြစ်ခဲ့တာပဲဖြစ်ပါတယ်။

June 2024

  • ဇွန်လ - (၂) စစ်ကောင်စီက လျှပ်စစ်မီးဖြတ်တောက်ထားသည့် သံတွဲမြို့တွင် မီးမရရှိ၍ ပြည်သူများ၏ လူမှုဘ၀ အခြေအနေ ဆိုးဝါးနေပြီး ဖုန်းတစ်လုံး အားသွင်းရန် ကျပ် ၁၀၀၀ နီးပါးပေးနေရခဲ့ခြင်း

  • ဇွန်လ - (၃) မြန်မာနိုင်ငံတွင် Facebook အား ပိတ်ပင်ပြီး စစ်ကောင်စီက ၎င်းတို့ ဖန်တီးထားသည့် myspace ဖြင့် အစားထိုးရန် ကြိုးပမ်းနေခဲ့ခြင်း

  • ဇွန်လ - (၄) VPN ပိတ်ပင်ရေး ပရောဂျက်ကို ဗိုလ်မှူးချုပ်လူမွန် ဦးဆောင်ပြီး Mascots Technologies & Telecommunication ကုမ္ပဏီ နှင့် တရုတ်ပညာရှင်များ ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်း။ လူမှုကွန်ယက်စာမျက်နှာ ဖေ့ဘုတ် Page များမှ သတင်းမှာ ထုတ်ပြီး ငွေကြေးတည်ငြိမ်မှုပျက်ပြားစေရန် ရည်ရွယ်ချက်ရှိရှိဆောင်ရွက်နေဟု ဗဟိုဘဏ် စာထုတ်ခဲ့ခြင်း။ နိုင်ငံခြားငွေကြေးကစားနေသူများနှင့် ဟွန်ဒီလုပ်ငန်းဆောင်ရွက်လျက်ရှိသည့် လူပုဂ္ဂိုလ် (၃၉)ဦးတို့၏ ဘဏ်ငွေစာရင်များနှင့် Pay Account များအား ဗဟိုဘဏ်က ယာယီဆိုင်းငံ့ခဲ့ခြင်း။

  • ဇွန်လ - (၆) တော်လှန်‌ရေးအင်အားစုတွေအတွက် သီးသန့် VPN (Virtual Private Network) ဆော့ဖ်ဝဲ တစ်ခုကို မကြာခင်မှာ အသုံးပြုနိုင်တော့မယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ပြောခဲ့ခြင်း။

  • ဇွန်လ - (၈) စစ်အုပ်စု၏ ထိန်းချုပ်မှုအောက်မှ ကင်းလွတ်သော နေရာများတွင် လွတ်လပ်သော အင်တာနက်ကွန်ယက် အစားထိုး တည်ဆောက်နိုင်ရေး ကြိုးပမ်းဆောင်ရွက်သွားမည်ဟု NUG ထုတ်ပြန်ခဲ့ခြင်း။

  • ဇွန်လ - (၁၀) အမြန်လမ်း Check Point များတွင် ယာဉ်စစ်ရာမှာ ဖုန်းထဲရှိ VPN များပါ စစ်ဟု Rangoon Scout Network Telegram Channel မှ ဖော်ပြခဲ့ခြင်း။ မန္တလေးမှာ ဖုန်းစစ်ပြီး VPN တွေ့ရင် သိန်းနဲ့ချီပြီး ငွေညှစ်မှုများ ဖြစ်ပေါ်နေဟု ရွှေဖီမြေ သတင်းဋ္ဌာက ဖော်ပြခဲ့ခြင်း။

  • ဇွန်လ - (၁၁) လားရှိုးတွင် VPN အသုံးပြုသူများအား ဖမ်းဆီးမည်ဟု စစ်ကောင်စီ စစ်သားများ ခြိမ်းခြောက်နေကြောင်း ရွှေဖီမြေ သတင်းဋ္ဌာနက ဖော်ပြခဲ့ခြင်း

  • ဇွန်လ - (၁၂) တောင်ကုတ်မြို့နယ်ကို စစ်ကောင်စီက အင်တာနက်နှင့် ဖုန်းလိုင်းများ ဖြတ်တောက်ထားခဲ့ခြင်း။ ဒစ်ဂျစ်တယ်ငွေသားအသုံးပြုရေး ဗဟိုဘဏ်စာထုတ်ခဲ့ခြင်း။

  • ဇွန်လ - (၁၃) တောင်သာမြို့ စစ်ဆေးရေး ဂိတ်များတွင် ဖုန်း VPN စစ်ဆေးနေကြောင်း Magway Regional Scout Network Telegram Channel မှ ဖော်ပြခဲ့ခြင်း။ငွေကြေးဖောင်းပွမှုကြောင့် ဝန်ထမ်းများအား လစာတိုးမြှင့်ပေးသည့် သတင်းများကို လူမှုကွန်ယက်ပေါ်တင်သည့် လုပ်ငန်းရှင်များအား နိုင်ငံတော်ကို မတည်မငြိမ်ဖြစ်စေရန်၊ ငွေကြေးဖောင်းပွမှုနှင့် ကျပ်ငွေတန်ဖိုးထိုးကျစေရန်၊ အကြည်ညိုပျက်စေရန် လုပ်ဆောင်သည်ဟုဆိုကာ ပုဒ်မ (၅၀၅) ဖြင့် အရေးယူခဲ့ခြင်း။

  • ဇွန်လ - (၁၇) မန္တလေးနှင့် တောင်ကြီးတွင် ဖုန်းထဲ VPN ထည့်ထားသူတွေကို ဖမ်းဆီးနေတယ်လို့ လူမှုကွန်ယက်ပေါ် Post တင်သူတွေကို စစ်ကောင်စီက ဖမ်းဆီးအရေးယူခဲ့ခြင်း။ ထိုင်းတာဝါတိုင်များမှ တဆင့် ရယူသုံးစွဲနေသည့် ဖုန်းလိုင်းများ မြဝတီမြို့တွင် ဖြတ်တောက်ခဲ့ခြင်း။

  • ဇွန်လ - (၁၈) ပုသိမ်တွင်စစ်ကောင်စီမှ VPN သုံးမသုံးစစ်ဆေးပြီး ဖမ်းဆီးမှုများပြုလုပ်နေခဲ့ခြင်း။ ချင်းပြည်နယ် မတူပီတွင် မြို့သိမ်းတိုက်ပွဲဖြစ်ပွားနေပြီး ဖုန်းလိုင်းများ ဖြတ်တောက်ခဲ့ခြင်း။

  • ဇွန်လ - (၁၉) လက်ရှိ အင်တာနက်ပိတ်ပင်မှုများတွင် တရုတ်ကမ္ပဏီများ ပါဝင်နေကြောင်း JFM မှ ဖော်ထုတ်ခဲ့ခြင်း။

  • ဇွန်လ - (၂၂) ညောင်တုန်းတွင် လက်ကိုင်ဖုန်းအတွင်း VPN အသုံးပြုမှု စစ်ဆေးစဉ် လူငယ်တစ်ဦးကို စစ်ကောင်စီတပ်မှ ပစ်ခတ်ဖမ်းဆီးခဲ့ခြင်း။ NLD ၏ တရားဝင်ဝက်ဆိုက်စာမျက်နှာ လောင်းကစားဝက်ဆိုက်အဖြစ် ပြောင်းလဲနေခဲ့ခြင်း။

  • ဇွန်လ - (၂၃) မော်လမြိုင်ကျွန်းမြို့တွင် စစ်ကောင်စီကို ဆန့်ကျင်သည့်စာများ လူမှုကွန်ရက်ပေါ် တင်သည် ဟုဆိုကာ အမျိုးသားတစ်ဦးဖမ်းဆီးခံရခဲ့ခြင်း

  • ဇွန်လ - (၂၄) ၂၀၂၄ ခုနှစ် စက်တင်ဘာလ (၃၀) ရက်နေ့တွင် ပြည်လုံးကျွတ် သန်းခေါင်စာရင်းကောက်မည်ဟု စစ်ကောင်စီ ကြေညာခဲ့ခြင်း။ ပူတာအိုတွင် ဖုန်းအင်တာနက်လိုင်းများ ပြန်ရခဲ့ခြင်း။

  • ဇွန်လ - (၂၅) စစ်ကောင်စီ၏ အင်တာနက် ဖြတ်တောက်မှုကြောင့် မြိုင်မြို့နယ်အတွင်းရှိ လူထုအနေဖြင့် သတင်းအချက်အလက်ရရှိမှု ပျက်တောက်နေခဲ့ခြင်း။ စစ်ကောင်စီနှင့်တိုက်ပွဲများ ပြင်းထန်လာပြီးနောက် ကျောက်မဲတွင် ဖုန်းလိုင်းများ ဆက်သွယ်ရန် ခက်ခဲခဲ့ခြင်း။

  • ဇွန်လ - (၂၆) နောင်ချိုတွင် တယ်လိီနော ဖုန်းလိုင်းတစ်ခုသာ ဆက်သွယ်နိုင်ခဲ့ခြင်း။

  • ဇွန်လ - (၂၉) ရှမ်းမြောက် မြို့နယ်အများစုတွင် လျှပ်စစ်မီးနှင့် ဖုန်းလိုင်း ပြတ်တောက်နေခဲ့ခြင်း။

  • ဇွန်လ - (၃၀) ချီဖွေသွားသည့်လမ်း ရှငှော် ရှိ MPT တာဝါတိုင်အား ဆီဖြည့်ရန် ခွင့်မပြုသဖြင့် ဖုန်းလိုင်းများ ပြတ်တောက်နေကြောင်း ဟိုပင်လျှပ်စစ်ဋ္ဌာန၏ ဖေ့ဘုတ်စာမျက်နှာမှရေးသားခဲ့ခြင်း။ ဇွန်လအတွင်း လူမှုကွန်ယက်ပေါ်တွင် ပြောဆိုရေးသားမှုများကြောင့် ဖမ်းဆီးခံရသူ အနည်းဆုံး (၃၇ ) ဦးခန့်ရှိခဲ့ခြင်း အစရှိသဖြင့် ဒစ်ဂျစ်တယ်ဖိနှိပ်မှု ဖြစ်စဉ်တွေ ဖြစ်ခဲ့တာပဲဖြစ်ပါတယ်။

May 2024

  • မေလ - (၁) အမျိုးသားများ ပြည်ပထွက် အလုပ်လုပ်ခွင့်ကို စစ်ကောင်စီ ပိတ်ပင်ခဲ့ခြင်း

  • မေလ - (၃) NUG က “စာနယ်ဇင်းလွတ်လပ်ခွင့်နှင့် သတင်းမီဒီယာဆိုင်ရာ အမျိုးသားညီညွတ်ရေးအစိုးရ၏ သဘောထားရပ်တည်ချက်” ထုတ်ပြန်ခဲ့ခြင်း။

  • လွတ်လပ်သောမြန်မာသတင်းမီဒီယာကောင်စီ (IPCM) မှ သတင်းမီဒီယာကျင့်ဝတ်ထုတ်ပြန်ခဲ့ခြင်း။

  • ၂၀၂၄ ခုနှစ် RFS မီဒီယာညွှန်းကိန်းအရ မြန်မာ့မီဒီယာ လွတ်လပ်ခွင့်သည့် နိုင်ငံပေါင်း (၁၈၀) အနက် (၁၇၁) နိုင်ငံတွင် ရပ်တည်နေခဲ့ခြင်း။

  • မေလ - (၄) ဖေဖော်ဝါရီ (၁) ရက်နေ့ အာဏာ သိမ်းခံရပြီးနောက်စစ်ကောင်စီက သတင်းသမားများစွာကို ဖမ်းဆီးခဲ့​ပြီး ယခုအချိန်အထိ သတင်းသမား (၅၂) ဦးမှာ အကျဉ်းထောင်များတွင် ရှိနေပြီး သတင်းမီဒီယာ (၁၉) ခု လိုင်စင်ရုပ်သိမ်းခံခဲ့ရကြောင်း လွတ်လပ်သော သတင်းမီဒီယာ ကောင်စီ (IPCM) ၏ ထုတ်ပြန်ချက်တွင်​ဖော်ပြခဲ့ခြင်း။

  • မေလ - (၆) DMG သတင်းထောက်နှင့် ရုံးဝန်ထမ်းအား ယခင်ဖွင့်ထားသည့် ဆက်သွယ်ရေးဥပေဒပုဒ်မကနေ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ဖြင့် ပြောင်းလဲ အမှုဖွင့်ခဲ့ခြင်း။

  • မကွေးတိုင်း ပေါက်မြို့နယ်တွင် ဖုန်းလိုင်းနှင့် အင်တာနက်လိုင်းများ ဆက်သွယ်ရ ခက်ခဲနေခဲ့ခြင်း။

  • မေလ - (၈) ထားဝယ်ခရိုင်တွင် ဖုန်းနှင့် အင်တာနက် ဆက်သွယ်ရေးလိုင်းများလည်း မကြာခဏ ပြတ်တောက်‌နေခဲ့ခြင်း။

  • မေလ - (၉) မြန်မာ့ယဉ်ကျေးမှုနှင့် ဆန့်ကျင်သည့် ပြကွင်းပြကွက်ပါသည့် ထုတ်လုပ်ပြသမှုများအား အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေးဥပဒေ ပုဒ်မ (၃၃) ဖြင့် အရေးယူနေပြီဖြစ်ကြောင်း မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးမှ ကြေငြာခဲ့ခြင်း။

  • မေလ - (၁၀) ရွှေကုက္ကိုလ်ကို ပေးထားသော ဖုန်းနှင့် အင်တာနက်လိုင်းများကို ထိုင်းဘက်က ဖြတ်တောက်ခဲ့ခြင်း။

  • မိုဘိုင်းဆက်သွယ်ရေး ဖြတ်တောက်ခံရတဲ့မြို့နယ် ကိုးဆယ်နီးပါးရှိနေဟု အသံအဖွဲ့မှပြောခဲ့ခြင်း။

  • မေလ - (၁၃) UID နံပါတ်အတုများ ကိုင်ဆောင်အသုံးပြုပါက ဥပဒေနှင့်အညီ အရေးယူခံရ မည်ဟု လဝက အသိပေးကြေညာခဲ့ခြင်း။

  • မေလ - (၁၄) ပြည်ပထွက်ခွာသူများအနေဖြင့် UID နံပါတ်များ ပြုလုပ်ထားကြရန် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန(လဝက) မှ ကြေငြာခဲ့ခြင်း။

  • မေလ - (၁၅) “အချစ်ခံကြည့်”သီချင်း သရုပ်ဆောင် သရုပ်ဆောင်ဗညားဘုန်းပြည့်နဲ့ရွှေဆုတို့ကိုတော့ ပုဇွန်တောင်ရဲစခန်းက အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေးဥပဒေ ပုဒ်မ - ၃၃(က)ဖြင့် အမှုဖွင့်အရေးယူခဲ့ခြင်း။

  • မေလ - (၁၇) KeepItOn အစီရင်ခံစာအရ ၂၀၂၃ ခုနှစ် မြန်မာနိုင်ငံ၏ အင်တာနက်ဖြတ်တောက်မှုသည့် ကမ္ဘာ့နိုင်ငံများအားလုံးတွင် ဒုတိယ အများဆုံးဖြစ်ခဲ့ခြင်း။

  • မေလ - (၂၁) သံတွဲကို စစ်ကောင်စီက ဖုန်းလိုင်း၊ အင်တာနက် ဖြတ်ထားသည့်အပြင် လျှပ်စစ်မီးပါ ဖြတ်တောက်ခဲ့ခြင်း။

  • မေလ - (၂၂) ပြည်တွင်းပြည်ပ ခရီးသွားလာမှုများတွင် EID ကဒ်များ ပြသရန် ဖိအားပေးလာမှုကြောင့် EID ကဒ်များ ပိုမို လုပ်ဆောင်လာကြခဲ့ခြင်း။

  • အရှေ့တောင်အာရှဒေသတွင်း အွန်လိုင်း ရာဇဝတ်လုပ်ငန်းတွေမှာ စောချစ်သူဦးဆောင်တဲ့ ကရင် BGF/KNA က တာ၀န်ရှိကြောင်း Justice for Myanmar (JFM) က ထုတ်ပြန် ခဲ့ခြင်း။

  • မေလ - (၂၄) ဘီးလင်းက မစောတံတား မိုင်းခွဲခံရပြီးနောက် မော်လမြိုင်အပါအဝင် ပြည်နယ်အတွင်းက မြို့နယ်တချို့မှာ ဖုန်းလိုင်းနဲ့အင်တာနက်လိုင်းတချို့ ပြတ်တောက်ခဲ့ခြင်း။

  • မေလ - (၂၅) အမေရိကန်‌ ဒေါ်လာအပါအဝင် Digital ငွေကြေးများအား တရားမဝင် ရောင်း/ဝယ်ခြင်း၊ လဲလှယ်ခြင်းများပြုလုပ်ပါက ငွေကြေးခဝါချမှုဥပဒေအပါအဝင် အခြားငွေကြေးဥပဒေများဖြင့်ပါ အရေးယူမည်ဟု ဗဟိုဘဏ် ကြေငြာခဲ့ခြင်း။

  • မေလ - (၂၇) လူမှုကွန်ယက်စာမျက်နှာမှတဆင့် ငွေလွှဲလုပ်ငန်း လုပ်ဆောင်နေသည့် Page (16) ခုအား အရေးယူရန် ဆောင်ရွက်နေကြောင်း ဗဟိုဘဏ် ထုတ်ပြန်ခဲ့ခြင်း။

  • မေလ - (၂၉) မြန်မာနိုင်ငံ နယ်စပ်ဒေသ ငွေလိမ်လုပ်ငန်းတွေမှာ Starlink အသုံးပြုမှုတွေရှိခဲ့ခြင်း။

  • ဝိုင်းမော်မြို့ကို စစ်ကောင်စီက လျှပ်စစ်မီးဖြတ်တောက်ခဲ့ခြင်း။

  • မေလ - (၃၀) Online Social Media Platform များဖြစ်သည့် Facebook၊ Viber ၊ Telegram မှ ID အတုများဖြင့် ငွေလဲလှယ်နှုန်းများ တိုးမြှင့်ကောက်ခံနေသောကြောင့် ငွေလဲနှုန်း မတည်ငြိမ်ဖြစ်ဟု ဗဟိုဘဏ်မှ စာထုတ်ခဲ့ခြင်း။

  • VPN များ သုံးစွဲမရစေရန် စစ်ကောင်စီ စတင်ပြုလုပ်ခဲ့ခြင်း။

  • မေလ - (၃၁) ကချင်ပြည်နယ်မှာ Atom (Telenor) နဲ့ Ooredoo ဖုန်းလိုင်းပြတ်‌တောက်ခဲ့ခြင်း။

  • ယခုလအတွင်း လူမှုကွန်ယက်ပေါ်တွင် ပြောဆိုရေးသားမှုများကြောင့် ဖမ်းဆီးခံရသူ အနည်းဆုံး (၁၆) ဦးခန့်ရှိခဲ့ခြင်း စတဲ့ ဖိနှိပ်မှုဖြစ်စဉ်တွေပါဝင်ခဲ့ပါတယ်။

April 2024

  • ဧပြီ (၂) - ကချင်ပြည်နယ်အတွင်းက မြို့နယ်အချို့မှာ ဖုန်းအော်ပရေတာ လိုင်းတချို့ ပြန်လည်ပြတ်တောက်ခဲ့ခြင်း။

  • ဧပြီ (၄) - မြန်မာ့ယဉ်ကျေးမှုနှင့် ဆန့်ကျင်သော တေးသီချင်းဗီဒီယိုများကို လူမှုကွန်ရက်ပေါ်တွင် လွှင့်တင်သူများအား ဥပဒေနှင့်အညီ အမှုဖွင့်ဆောင်ရွက်လျက်ရှိ MOI ကြေငြာခဲ့ခြင်း။

  • ဧပြီ (၅) - တယ်လီနောအနေဖြင့် ၎င်း၏ လက်လွှဲရောင်းချမှု အစီအစဉ်အား ကသုတ်ကယက်ဖြင့် လုပ်ဆောင်ခဲ့ရခြင်းကြောင့် အရှုံးပေါ်ဟုဆိုကာ တရားစွဲဆိုရန်ပြင်ဆင်ခဲ့ခြင်း။

  • ဘီယာဗိုက် တေးသီချင်းဗီဒီယို ရိုက်ကူးထုတ်လွှင့်ပြသခဲ့သည့် အဆိုတော် မေသူ၊ ဟာသသရုပ်ဆောင် အိုကေ နှင့် အခြားသက်ဆိုင်သူများအား အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေးဥပဒေပုဒ်မ - ၃၃(က) ဖြင့် အမှုဖွင့်ခဲ့ခြင်း။

  • နယ်စပ်ဖြတ်သန်း သွားလာသူများ မှတ်ပုံတင်အပြင် UID လက်မှတ် ပါမှသာ နယ်စပ်ဖြတ်သန်း လက်မှတ်များ ပြုလုပ်ပေးတော့မည်ဟု စစ်ကောင်စီက အသိပေး ကြေညာခဲ့ခြင်း။

  • မလေးရှားအခြေစိုက် တာဝါတိုင် ဝန်ဆောင်မှု ကုမ္ပဏီ Axiata Group မြန်မာနိုင်ငံမှ ထွက်ခွာရန် ပြင်ဆင်ခြင်း။

  • ဧပြီ (၆) - မြ၀တီမြို့တွင် မြန်မာဖုန်းလိုင်းများအားလုံး ပြတ်တောက်ခဲ့ခြင်း။

  • ဧပြီ (၈) - စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်ကို ဖုန်းနှင့်အင်တာနက်လိုင်း ပြတ်တောက်ထားခဲ့ခြင်း။

  • ဧပြီ (၉) - ကရင်ပြည်နယ်၊ မြဝတီမြို့တွင် အင်တာနက်လိုင်း ပြတ်တောက်မှု ပိုမိုဆိုးရွားလာခဲ့ခြင်း။

  • ဧပြီ (၁၀) - MPT နှင့်ဖက်ဆက်လုပ်ကိုင်နေသည့် ဂျပန်ဆက်သွယ်ရေး လုပ်ငန်းစု KDDI အရှုံးပေါ်ကြောင်း ထုတ်ပြန်ခဲ့ခြင်း။

  • ဧပြီ (၁၅) - အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အသုံးပြုသည့် Website များ သက်တမ်းကုန်ဆုံးကာ ဝင်​ရောက်ကြည့်ရှုမရသည့် အခြေအနေများ ဖြစ်ပေါ်ခဲ့လာခြင်း

  • စစ်ကောင်စီ စာသင်ကျောင်းများတွင် ပညာသင်ကြားခဲ့သည့် ကျောင်းသားများသည် ပြည်သူ့အခြေပြုကျောင်းတွင် ကျောင်းပြောင်းပညာသင်လိုပါက ဒဏ်ကြေးပေးဆောင်ရမည်ဟု ရေဦးမြို့နယ်ပညာရေးဘုတ်အဖွဲ့ ကြေညာခဲ့ခြင်း။

  • ဧပြီ (၁၆) - မီဒီယာ လွတ်လပ်ခွင့်အပေါ် ဝိရောဓိ ဖြစ်စေသည့် အချက်အလက်များပါဝင်သည့် မီဒီယာကျင့်ဝတ်ဆိုင်ရာညွှန်ကြားချက်ကို ကရင်နီပြည် ကြားကာလ အုပ်ချုပ်ရေးကောင်စီမှ ထုတ်ပြန်ခဲ့ခြင်း။

  • ဧပြီ (၁၇ ) - ပေါက်မြို့ရှိ ပင်မ MPT ရုံးတွင် ဆီပြတ်လတ်ပြီး မင်းတပ်မြို့ပေါ်နှင့် နယ်ဘက်များ၊ ကျောက်ထုနှင့် ယောနယ်များ တွင် MPT ဖုန်းလိုင်းများ ပြတ်တောက်ခဲ့ခြင်း။

  • ဧပြီလ (၂၀) - CDM စာရင်းပါသူများအား တာချီလိတ်အမှတ်(၁) တံတားမှ ဖြတ်သန်းခွင့် ပိတ်ပင်ခဲ့ခြင်း။

  • ဧပြီလ (၂၁) - ပြင်ပ သတင်းမီဒီယာများ သတင်းရယူခြင်း နှင့်ပါတ်သက်၍ အသိပေးကြေငြာချက် KNU ထုတ်ပြန်ခဲ့ခြင်း။

  • ဧပြီလ (၂၂) - နိုင်ငံဒေသအချို့တွင် အင်တာနက်နှင့် ဖုန်းလိုင်းဖြတ်ခံထားရချိန် MPT နှင့် တရုတ်ကုမ္ပဏီ(XH Smart Tech)တို့ ပေါင်း၍ eSIM ဝန်ဆောင်မှု ပေးမည်ဆိုခဲ့ခြင်း။

  • တရုတ်၏ နှိမ်နင်းမှုများကြောင့် အွန်လိုင်း ငွေလိမ်လည်ဂိုဏ်းများ ကရင် ပြည် နယ်သို့ ရွှေ့ပြောင်းနေကြောင်း USIP ၏ အစီရင်ခံစာတွင် ဖော်ပြခဲ့ခြင်း။

  • ဧပြီလ (၂၇) - ယခုရက်ပိုင်းအတွင်း ပြည်ပနိုင်ငံများမှ MPT Roaming ဝန်ဆောင်မှု အသုံးပြုသူများအနေဖြင့် အခက်အခဲများ ဖြစ်ပေါ်နေပြီး ထိုသို့ ဖြစ်ရခြင်းမှာ SE-ME-WE5 ချို့ယွင်းချက်ကြောင့်ဟု MPT မှဆိုခဲ့ခြင်း။

  • လွတ်လပ်သော မြန်မာသတင်းမီဒီယာကောင်စီမှ စစ်ပွဲဖြစ်ပွားနေရာ တိုင်းရင်းသားနယ်မြေနှင့် ဒေသအသီးသီးတွင် သတင်းသမားများ၏ လုံခြုံရေး သတင်းလွတ်လပ်ခွင့်နှင့် လွတ်လပ်စွာသတင်းရယူခွင့်ကိုတိုက်တွန်းသည့် ကြေငြာချက်တစ်စောင် ထုတ်ပြန်ခဲ့ခြင်း။

  • ဧပြီလ (၂၈) - "စောင့်ပတ်"သီချင်းနှင့်"စကားလေးတစ်ခွန်းပဲဖြေ ချစ်လား" သီချင်းနှင့်သက်ဆိုင်သူ အားလုံးကို အီလက်ထရောနစ် ဆက်သွယ်‌ဆောင်ရွက်ရေးဥပဒေဖြင့်အမှုဖွင့်အရေးယူခဲ့ခြင်း။

  • ဧပြီလ (၃၀) - ယခုလအတွင်း လူမှုကွန်ယက်ပေါ်တွင် ပြောဆိုရေးသားမှုများကြောင့် ဖမ်းဆီးခံရသူ အနည်းဆုံး (၂၀) ဦးခန့်ရှိခဲ့ခြင်း စတဲ့ ဒစ်ဂျစ်တယ်ရပ်ဝန်းဆိုင်ရာ ဖိနှိပ်မှုဖြစ်စဉ်များ ဖြစ်ပွားခဲ့ပါတယ်။

March 2024

  • မတ်လ (၁) - မြစ်ကြီးနားအပါအဝင် ကချင်ပြည်နယ်ရှိ မြို့အားလုံးနီးပါး တယ်လီဖုန်းလိုင်းနှင့် အင်တာနက်လိုင်းများ ပြတ်တောက်နေခဲ့ခြင်း။

  • မတ်လ (၂) - မြန်မာနိုင်ငံ ကော့သောင်းဘက်သို့ ထိုင်းနိုင်ငံ ရနောင်းဘက်မှ ဖြန့်ကျက် ရောင်းချထားသည့် တရားမဝင် အင်တာနက် Wifi များအား ထိုင်းစစ်တပ်နှင့်ရဲအပါအဝင် ပူးပေါင်းအဖွဲ့က ရှာဖွေ ဖမ်းဆီးခဲ့ခြင်း၊ ရန်ကုန်တိုင်းအတွင်းရှိ အချို့မြို့နယ်များတွင် ပြီးခဲ့သည့်ရက်ပိုင်းမှ စတင်ပြီး Mobile Data နှင့် Wifi အင်တာနက်လမ်းကြောင်း လိုင်းကျမှုများဖြစ်ပေါ်ခဲ့ခြင်း၊မွန်ပြည်နယ် ၊ ရေးမြို့နယ်၊ ရေးချောင်းဖျားဒေသရှိ ကျေးရွာပေါင်း ၂၀ ခန့်တွင် အင်တာနက် ဖြတ်တောက်ခံထားရသည်မှာ (၂) လခန့် ရှိလာခြင်း။

  • မတ်လ (၄) - ကလေးတောင်ပိုင်းတွင် ဖုန်းလိုင်းများ ပြတ်တောက်ခဲ့ခြင်း။

  • မတ်လ (၅) - တကောင်းမြို့တွင် အင်တာနက်နှင့် ဖုန်းလိုင်းအချို့ ပြတ်တောက်နေခဲ့ခြင်း။

  • မတ်လ (၈) - ရှမ်းပြည်နယ် တောင်ပိုင်း ၊ ပအိုဝ်း ဒေသတွင် ဖုန်းလိုင်း၊ အင်တာနက်လိုင်း ဖြတ်တောက်ခြင်းတွေကို ပိုပြီး ရင်ဆိုင်လာရဟု တောင်ကြီးနွေဦး တယ်လီဂရမ်ချန်နယ်မှ ဖော်ပြခဲ့ခြင်း

  • မတ်လ (၉) - ကျောက်မဲဧရိယာအတွင်း ဆက်သွယ်ရေးတာဝါတိုင်များ ဆီမဖြည့်နိုင်တဲ့အတွက် ဖုန်းလိုင်းအချို့ သုံးမရဖြစ်နေခဲ့ခြင်း

  • မတ်လ (၁၁) - ကရင်‌ပြည်နယ်၊ မြဝတီမြို့နယ်၊ သင်္ကန်းညီနောင်မြို့မှာ ဖုန်းလိုင်းနှင့် အင်တာနက်လိုင်းများ ပြတ်တောက်ခဲ့ခြင်း

  • မတ်လ (၁၃) - အသံအဖွဲ့၏ လေ့လာတွေ့ရှိချက်အရ ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလကုန်အထိ မြို့နယ်ပေါင်း (၈၀) နီးပါး ဖုန်းလိုင်းနှင့်အင်တာနက် ဖြတ်တောက်ခံထားရခဲ့ခြင်း၊ ဆက်သွယ်ရေးကွန်ရက်ကိုအသုံးပြု၍ ရုပ်ရှင်ကားထုတ်လွှင့်ပြသခြင်းလုပ်ငန်း လုပ်ကိုင်ခွင့်မှတ်ပုံတင်လက်မှတ် လျှောက်ထားရန် အသိပေးကြေညာခဲ့ခြင်း။

  • မတ်လ (၁၅) - နိုင်ငံကူးလတ်မှတ်များ လျှောက်ထားရာတွင် UID နံပါတ်များပါ ယူဆောင်လာရန် နိုင်ငံကူးလက်မှတ်ရုံးမှ ထုတ်ပြန်ခဲ့ခြင်း၊ ငွေလဲနှုန်း တည်ငြိမ်မှု မရှိရန် လှုံ့ဆော်နေသည်ဟုဆိုကာ လူမှု ကွန်ယက် စာမျက်နှာအချို့ကို တရားစွဲမည်ဟု စစ်ကောင်ဆီ ဗဟိုဘဏ်မှ ခြိမ်းခြောက်ခဲ့ခြင်း။

  • မတ်လ (၁၇) - မြန်မာပြည်သူများနှင့် ဒီမိုကရေစီအရေးအအတွက် တိုက်ပွဲဝင်နေသည့် တိုင်းရင်းသား တော်လှန်ရေးအဖွဲ့မျာအတွက် အခမဲ့အင်တာနက်ပံ့ပိုးပေးရန် အီလွန်မတ်စ်ကို ယန်ဟီးလီ တောင်းဆိုခဲ့ခြင်း။

  • မတ်လ (၁၈) - အမ်းမြို့တွင် ဖုန်းလိုင်းများ ဖြတ်တောက်ထားခဲ့ခြင်း။

  • မတ်လ (၂၀) - တနင်္သာရီမြို့နယ် မော‌တောင်မြို့တွင် ယခုလကစပြီး ဖုန်းလိုင်းနှင့် အင်တာနက်ပြတ်တောက်မှု ပိုများလာခဲ့ခြင်း၊ တနင်္သာရီတိုင်း၊ ထားဝယ်အကျဉ်းထောင်တွင် တယ်လီဖုန်းတွေ့ရှိဖြင့်ဟုဆိုကာ နိုင်ငံရေးအကျဉ်းသားများ အပါအဝင် အကျဉ်းသား စုစုပေါင်း ၂၀ ကျော် ရိုက်နှက် တိုက်ပိတ်ခံရခဲ့ခြင်း။

  • မတ်လ (၂၃) - လိုင်စင်ပါစည်းကမ်းဖောက်ဖျက်သည်ဆိုကာ Fiber Link Myanmar၊ Kiss Telecom Group၊ FPT Myanmar နှင့် Myanmar Cyber ကုမ္ပဏီလေးခုအား လိုင်စင်များကို အပြီးရုပ်သိမ်းရန် စစ်ကောင်စီ စီစဉ်ခဲ့ခြင်း။

  • မတ်လ (၂၆) - မင်းတပ်၊ ကျောက်ထု နှင့် ရောနယ်များတွင် MPT ဖုန်းလိုင်းများ ပြတ်တောက်နေဟု Magway Region Scout Network Telegram Channel မှ ဖော်ပြခဲ့ခြင်း။

  • မတ်လ (၂၈) - အမုန်းစကားလှုံ့ဆော်မှု မြန်မာစစ်တပ်ပါဝင်တဲ့အထောက်အထား IIMM ထုတ်ပြန်ခဲ့ခြင်း။

  • မတ်လ (၃၁) - MOI နှင့် မြန်မာ့အလင်း သတင်းစာ တယ်လီဂရမ်၏ ထုတ်ပြန်မှုများအရ မတ်လအတွင် လူမှုကွန်ယက်တွင် ပြောဆို ရေးသားမှုများကြောင်း ဖမ်းဆီးခံရသူ (၃၀) ခန့်ရှိခဲ့ခြင်း တို့ပဲဖြစ်ပါတယ်။

February 2024

  • ဖေဖော်ဝါရီ (၁) - Telenor ကုမ္ပဏီအား ဝယ်ယူခဲ့သူ ဖြစ်သည့် ဦးသိန်းဝင်းဇော် (ရွှေဗျိုင်းဖြူ ကုမ္ပဏီ အုပ်စုအား တည်ထောင်သူ) အမေရိကန်နိုင်ငံ၏ ဆန်ရှင် ချမှတ်ခြင်းခံရခဲ့ခြင်း။ ရန်ကုန်တွင် အသံတိတ်သပိတ်အား ဖုန်းနှင့် မှတ်တမ်းတင်သည့် လူငယ်အချို့ ဖမ်းဆီးခံရခဲ့ခြင်း။

  • ဖေဖော်ဝါရီ (၃) - Myanmar Tourism Bank (MTB) အနေဖြင့် Mytel Pay နှင့် ပူးပေါင်းက ဒီဂျစ်တယ် ငွေကြေး ဝန်ဆောင်မှု ပေးရန် လုပ်ဆောင်နေခဲ့ခြင်း။

  • ဖေဖော်ဝါရီ (၅) - ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ် ဘုရင့် နောင်လမ်း (ပင်လုံလမ်းနှင့် တပင်ရွှေထီးလမ်းကြား) ရှိ ဖိုင်ဘာကေဘယ်ကြိုးများနှင့် ဝိုင်ဖိုင်ကြိုးများအား ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်းမှ ဖယ်ရှားခဲ့ခြင်း။မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ မြင်းခြံမြို့နယ်၊ ကန်စွယ်ကျေးရွာသို့ စစ်ကောင်စီ တပ်ဖွဲ့ဝင်များ ဝင်ရောက်ပြီး ကျေးရွာသူ ကျေးရွာသား (၅၀၀) ခန့် ၏ ဖုန်းများအား သိမ်းယူသွားကြောင်း မြင်းခြံလူထုလှုပ်ရှားမှုကော်မတီ မှ ပြောဆိုခဲ့ခြင်း။

  • ဖေဖော်ဝါရီ (၆) - ပဲခူးတိုင်းဒေသကြီး၊ ဝေါမြို့နယ်အတွင်းရှိ မြစ်ကျိုး၊ လက်ပံ၊ အညာစု၊ ဆင်ရွာ၊ အထက်ဝိုင်းပတ်ကျေးရွာ များတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များအနေဖြင့် နေအိမ်များထဲအထိ ဝင်ရောက်ပြီး ဖုန်းများ စစ်ဆေးခဲ့ခြင်း။

  • ဖေဖော်ဝါရီ (၈) - (၂) လကျော်ကြာ ဖြတ်တောက်ခံထားရသည့် ကွတ်ခိုင်တွင် ဖုန်းလိုင်းနဲ့ အင်တာနက်လိုင်း ပြန်ရခဲ့ခြင်း။

  • ဖေဖော်ဝါရီ (၉) - မြောက်ခင်ရမ်းရွာမှ မီးရှို့သတ်ဖြတ်ခံရသူများအတွက် အွန်လိုင်းမှ ဆုတောင်ပေးသူ မန္တလေးမြို့မှ အမျိုးသမီးငယ်တစ်ဦး ဖမ်းဆီးခံရခဲ့ခြင်း။ ကောလင်းတွင် ဖုန်းနှင့် အင်တာနက်လိုင်းများ စစ်တပ်က ဖြတ်တောက်ထားခဲ့ခြင်း။

  • ဖေဖော်ဝါရီ (၁၀) - ဦးသိန်းဝင်းဇော် (ရွှေဗျိုင်းဖြူ ကုမ္ပဏီ အုပ်စုအား တည်ထောင်သူ) အမေရိကန်နိုင်ငံ၏ ဆန်ရှင် ချမှတ်ခြင်းခံရခြင်း မတိုင်မီတင် Atom ရှယ်ယာများကို လွှဲပြောင်းခဲ့ခြင်း။

  • ဖေဖော်ဝါရီ (၁၃) - စစ်တွေ မင်းချောင်းတံတားကို စစ်တပ်က မိုင်းခွဲဖျက်ဆီးပြီး ဖုန်းနှင့် အင်တာနက်လိုင်းများ ဖြတ်တောက်ထားခဲ့ခြင်း။

  • ဖေဖော်ဝါရီ (၁၆) - ရွေးကောက်ပွဲ ပြုလုပ်ရန် အကြောင်းပြချက်ဖြင့် ဧရာဝတီတိုင်းဒေသကြီး၊ပုသိမ်မြို့၊ အမှတ် (၅)ရပ်ကွက် တွင် smart card များပြုလုပ်ရန် အိမ်ထောင်စုလူဦးရေစာရင်းနှင့် မြေပြင်လူဦးရေစာရင်း ကောက်ယူခဲ့ခြင်း။

  • ဖေဖော်ဝါရီ (၁၇) - စစ်တွေမြို့တွင် အင်တာနက်နှင့် ဖုန်းလိုင်းအားလုံးဖြတ်တောက်ထားခဲ့ခြင်း။

  • ဖေဖော်ဝါရီ (၂၀) - ခရီးသွားလာသူများ၏ မိုဘိုင်းဖုန်းများအား စစ်ဆေးရန် စစ်ကောင်စီ၏ “ကျော်စွာ လော်ဘီချန်နယ်မှ လှုံ့ဆော်ခဲ့ခြင်း။

  • ဖေဖော်ဝါရီ (၂၁) - ကလေးတောင်ပိုင်းတွင် ဖုန်းလိုင်းများပြတ်တောက်ကြောင်း Sagaing Scout Telegram Channel မှတဆင့် သိရခဲ့ခြင်း။

  • ဖေဖော်ဝါရီ (၂၂) -၂၀၂၄ ခုနှစ် အောက်တိုဘာတွင် ပြည်လုံကျွတ် သန်ခေါင်းစာရင်းကောက်ယူပြီး ၂၀၂၄ ဒီဇင်ဘာတွင် ရှေ့ပြေးလူဦးရေစာရင်း ထုတ်ပြန်ရန် စစ်ကောင်စီ စီစဉ်နေခဲ့ခြင်း။ ထားဝယ်တွင် နိုင်ငံကူးလတ်မှတ် လျှောက်ထားသူများအား စမတ်ကဒ် လုပ်ဆောင်ရန် စစ်ကောင်စီ ဖိအားပေးခဲ့ခြင်း။ ပြီးခဲ့သည့် (၂) နှစ်အတွင်း Facebook ၊ TikTok နှင့် Telegram တို့တွင် ပြောဆိုရေးသားမှုများကြောင့် ဖမ်းဆီးခံရသူ (၁၅၀၀) နီးပါးရှိကြောင်း Data for Myanmar မှ ဖော်ပြခဲ့ခြင်း။

  • ဖေဖော်ဝါရီ (၂၇) - Mytel ဝန်ထမ်းမျာအား ကုမ္ပဏီတွင် တာဝန်ထမ်းဆောင်နေစဉ်အတွင်း စစ်မှုထမ်းဥပဒေမှ ယာယီ ကင်းလွတ်ခွင့်ပေး ခဲ့ခြင်းတို့ပဲဖြစ်ပါတယ်။

January 2024

  • ဇန်နဝါရီ (၄) - စစ်ကောင်စီကိုဆန့်ကျင်သည့် စာသားများ လူမှုကွန်ရက်တွင် တင်သည်ဟုဆိုကာ ဟင်္သာတမြို့ခံ အသက် ၇၀ အရွယ်အမျိုးသားတစ်ဦးဖမ်းဆီးခံခဲ့ရခြင်း။

  • ဇန်နဝါရီ (၄) - အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေး ဥပဒေဖြင့် အရေးယူခံခဲ့ရသည့် သရုပ်ဆောင် သင်ဇာဝင့်ကျော်(နှင့်) မော်ဒယ် နန်းမွေစံ လွတ်ငြိမ်းချမ်းသာဖြင့်ပြန်လည် လွတ်မြောက်သည်ဟု သတင်းများ ထွက်ပေါ်ခဲ့သော်လည်း လွတ်မြောက်မှု မရှိခဲ့ခြင်း။

  • ဇန်နဝါရီ (၅) - ပုသိပ်မြို့နေရာအချို့တွင် ဂျန်ဘာများ တပ်ဆင်မှုကြောင့် နေရာအချို့တွင် ဖုန်းနှင့် အင်တာနက်လိုင်းများ ပြတ်တောက်မှုများဖြစ်နေကြောင်း ဧရာဝတီတိုင်းမ် သတင်းဋ္ဌာန ဖော်ပြခဲ့ခြင်း

  • ဇန်နဝါရီ (၆) - ကွတ်ခိုင်တွင် ဖုန်းလိုင်းမျာပြတ်တောက်နေခဲ့ခြင်း။ ဂန့်ဂေါမြို့၊ စစ်ကောင်စီတပ်၏ Jumper များတပ်ဆင်ထားသည့် နေရာတွင် ဖုန်းလိုင်းများ မကြာခဏပြတ်တောက်ဟု ယောအလင်းတန်း မှ ဖော်ပြခဲ့ခြင်း။

  • ဇန်နဝါရီ (၉) - ပေါက်နှင့်ထီးလင်းကြားတွင် Fiber ကြိုးများ ပြတ်တောက်ခြင်းကြောင့် ဂန့်ဂေါတွင် MPT ဖုန်းလိုင်းများ ပြတ်တောက်နေကြောင်း ယောအလင်းတန်း ဖော်ပြခဲ့ခြင်း။ကလေးမြို့ အချို့နေရာများတွင် MPT နှင့် Atom ဖုန်းလိုင်းများပြန်လည် အသုံးပြု၍ရခဲ့ခြင်း

  • ဇန်နဝါရီ (၁၀) - ဆိုက်ဘာရာဇဝတ်မှုနှိမ်နင်းရေး ပူးပေါင်းဆောင်ရွက်ဖို့ တရုတ်အစိုးရာအား NUG နဲ့ KNU တိုက်တွန်းခဲ့ခြင်း။ဆုရမှတ်တမ်းရုပ်ရှင်ဒါရိုက်တာ ရှင်ဒေဝီကို အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေပုဒ်မ ၂ ခုဖြင့် စစ်ခုံရုံးက ထောင်ဒဏ် တစ်သက်တစ်ကျွန်း ချခဲ့ခြင်း။

  • ဇန်နဝါရီ (၁၃) - ဟိုင်းကြီးကျွန်းတွင် မှတ်ပုံတင်စမတ်ကဒ်မပြုလုပ်သည့် ဒေသခံ၅၀ ဦးကျော်ကို စစ်ဆေးရိုက်နှက်ကာငွေတောင်းခဲ့ခြင်း။

  • ဇန်နဝါရီ (၁၄) - ပေါက်တောနဲ့ ဘူးသီးတောင်၊ မောင်တောမြို့နယ်တွေမှာ အင်တာနက် ပြတ်တောက်ခဲ့ခြင်း။

  • ဇန်နဝါရီ (၁၆) - ရခိုင်ပြည်နယ်တစ်ခုလုံးတွင် ဖုန်းလိုင်း နှင့် အင်တာနက်လိုင်းများ ပြတ်တောက်နေခဲ့ခြင်းနှင့် Mytel ဆက်သွယ်ရေးတစ်ခုသာ ဆက်သွယ်၍ရနေခဲ့ခြင်း။အင်တာနက်ပေါ်တွင် နိုင်ငံရေးအရ တိုက်ခိုက်ပြောဆိုမှုများနှင့် လိင်အသားပေး ကိစ္စများတင်ခြင်းအပေါ် အရေးယူရန် စစ်ကောင်စီ ကော်မတီတစ်ရပ်ဖွဲ့စီး​ ၂၄ နာရီ စောင့်ကြည့်ရန် လုပ်ဆောင်နေ

  • ဇန်နဝါရီ (၁၉) - မင်းအောင်လှိုင် ရာထူးမှ ဆင်းရန်တောင်းဆိုသည့် ပေါက်ကိုယ်တော်ကို စစ်ကောင်စီစစ်‌ဆေးပြီးပြန်လွှတ်ခဲ့ခြင်း။ ကောလင်းတွင် ဖုန်း Wifi များ ပြန်ရနေသဖြင့် ဝန်ဆောင်မှု ပေးသူများကို စိစစ်ဖော်ထုတ်ရန် စစ်ကောင်စီလော်ဘီ တယ်လီဂရမ်ချန်နယ်တွင်ရေးသားခဲ့ခြင်း။

  • ဇန်နဝါရီ (၂၀) - ဖုန်းလိုင်း၊ အင်တာနက်လိုင်း ဖြတ်တောက်ပြီး လူ့အခွင့်အရေးချိုးဖောက်မှုများ အင်တိုက်အားတိုက်ကျူးလွန်ရန် စစ်ကောင်စီ ပြင်ဆင်နေဟု ညီနောင်သုံးဖွဲ့ ထုတ်ပြန်ခဲ့ခြင်း။

  • ဇန်နဝါရီ (၂၂) - မိုးမိတ်တွင် ဖုန်းနှင့် အင်တာနက်လိုင်းများ ပြတ်တောက်ခဲ့ခြင်း။

  • ဇန်နဝါရီ (၂၄) - ရန်ကုန်တွင် လျှပ်စစ်မီး ပျက်တောက်မှုကြောင့် အင်တာနက်လိုင်းများ ပိုမိုပြတ်တောက်လာခြင်း။

  • ဇန်နဝါရီ (၂၅) - ရခိုင်ပြည်နယ် အနှံ့တွင် အင်တာနက် ဖြတ်တောက်ခံရပြီး ဘဏ်လုပ်ငန်းများ ရပ်ဆိုင်း နေခဲ့ခြင်း စတာတွေပဲ ဖြစ်ပါတယ်။

December 2023

  • ဒီဇင်ဘာ (၁) - ပလက်ဝမြို့နယ်တစ်ခုလုံးတွင် ဖုန်းလိုင်းပါ ဖြတ်တောက်ခံရခြင်း။

  • ဒီဇင်ဘာ (၂) - မူဆယ်တွင် ဖုန်းလိုင်းများ ပြတ်တောက်နေခဲ့ခြင်း။

  • ဒီဇင်ဘာ (၃) - မုန်းမြို့တွင် MPT အင်တာနက် ၊ ဖုန်းလိုင်း နှင့် လျှပ်စစ်မီးများ ပြတ်တောက်နေခဲ့ခြင်း၊ ထန်တလန်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးလက်အောက်ရှိ နည်းပညာအထောက်အကူပြုဌာန ဖြစ်သည့် Team ZNETကထန်တလန်မြို့တွင် အင်တာနက်ကွန်ရက်ကို ပြည်သူ့အုပ်ချုပ်ရေးဌာနအချို့သို့ စတင်ပံ့ပိုးခြင်း၊ ဒီမောဆိုးမြို့နယ် အနောက်ဘက်ခြမ်းရှိတာဝါတိုင်များတွင် လည်ပါတ်ရန် ဆီမလုံလောက်သဖြင့် တစ်နေ့တွင် ပျမ်းမျှ အင်တာနက်နှင့် ဖုန်း (၆) နာရီသာ ရရှိခဲ့ခြင်း။

  • ဒီဇင်ဘာ (၅) - ရခိုင်သတင်းဌာနများ၏ သတင်းများအပေါ် မှတ်ချက်ရေး၊ မျှဝေခြင်း ပြုလုပ်ပါက အရေးယူမည်ဟုဆိုခဲ့ခြင်း။

  • ဒီဇင်ဘာ (၆) - စစ်ကိုင်း၊ မကွေး၊ ကရင်နီနဲ့ ကရင်ပြည်အတွင်း မြို့နယ်(၄၀)ကျော်က (၆၁)နေရာမှာ ကိုယ်ပိုင် အင်တာနက် တပ်ဆင်ပြီးလို့ NUG နည်းပညာ ဝန်ကြီးပြောကြားခဲ့ခြင်း၊ တောင်ကြီးမြို့တွင် MPT ဖုန်းလိုင်များ ညပိုင်း ပြတ်တောက်ခဲ့ခြင်း။

  • ဒီဇင်ဘာ (၇) - ရခိုင်ပြည်နယ်ပေါက်တောမြို့နယ်တွင် ဖုန်းနှင့်အင်တာနက်လိုင်းများ ပြတ်တောက်ခဲ့ခြင်း

  • ဒီဇင်ဘာ (၉) - စစ်တပ်ထောက်ခံ သတင်းဋ္ဌာန တစ်ခုဖြစ်သည့် Myanmar National Post မှ Facebook အား ပိတ်ပင်ရန် လှုံ့ဆော်ခဲ့ခြင်း

  • ဒီဇင်ဘာ (၁၁) - ဖုန်းတာဝါတိုင်များတွင် စက်သုံးဆီပြတ်လပ်ပြီး ကျောက်တော်မြို့နယ်တွင် အင်တာနက်လိုင်းများ ပြတ်တောက်ခဲ့ခြင်း

  • ဒီဇင်ဘာ (၁၇) - ရခိုင်ပြည်နယ် အမ်းမြို့နယ်တွင် စစ်ကောင်စီက ဆက်သွယ်ရေးလိုင်းများ ဖြတ်တောက်ထားခဲ့ခြင်း

  • ဒီဇင်ဘာ (၁၉) - တာဝါတိုင်များတွင် ဆီမဖြည့်နိုင်သည့်အတွက် ရခိုင် ကျေးလက်ဒေသများတွင် ဖုန်းလိုင်း ၉၀ ရာခိုင်နှုန်းကျော် အသုံးပြု၍ မရဖြစ်နေခြင်း

  • ဒီဇင်ဘာ (၂၃) - သံဖြူဇရပ်မြို့နယ်ရှိ အမျိုးသား လေးဦးအား လူမှုကွန်ယက်တွင် အကြမ်းဖက်မှု အားပေးလှုံဆော်ခြင်း၊ ငွေကြေးထောက်ပံ့ခြင်းများ ပြုလုပ်သည်ဆိုကာ စစ်အုပ်စုမှ ဖမ်းဆီးခဲ့ခြင်း

  • ဒီဇင်ဘာ (၂၅) - NUG နွေဦးဘဏ်၏ မန္တလေးမြို့ ဆက်ဆံရေးမန်နေဂျာ “ပန်ထွာ” ဆိုသူ ဖမ်းဆီးခံရပြီး ၎င်းအမျိုးသမီးနဲ့ ချိတ်ဆက်ပြီး ဝယ်ယူထား သူတွေရဲ့ Kpay အကောင့်တွေနဲ့ AYA ဘဏ် အကောင့်များအား စစ်အုပ်စုမှ လိုက်လံ စုံစမ်းနေခဲ့ခြင်း

  • ဒီဇင်ဘာ (၂၇) - နမ္မတူတွင် အင်တာနက် နှင့် ဖုန်းလိုင်းများ ပြတ်တောက်ခဲ့ခြင်း

  • ဒီဇင်ဘာ (၂၉) -၂၀၂၃ ခုနှစ် ဒီဇင်ဘာလ(၂၄)ရက်မှစတင်၍ “မဲခေါင်သတင်း(Mekong News)”သတင်းအေဂျင်စီ၏လုပ်ငန်းလိုင် စင်အား ပိတ်သိမ်းလိုက်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ဒီဇင်ဘာလ(၂၉)ရက်တွင် ကြေညာ ခဲ့ခြင်း

  • ဒီဇင်ဘာ (၃၀) - ကျောက်မဲမြို့နယ်၊ မိုင်းငေါ့မြို့၊ နမ့်တွေရွာ ဘက်တွင် ဖုန်းလိုင်းများ ဖြတ်တောက်ထားခြင်း

  • ဒီဇင်ဘာ (၃၁) - နတ်သံကွင်း၊ ပဲနွယ်ကုန်းနဲ့ မုန်းဒေသတဝိုက်အပါအဝင် စစ်တောင်းမြစ်အရှေ့ဘက်ခြမ်းဒေသ နေရာအများအပြားမှာ အင်တာနက်နှင့် ဖုန်းလိုင်းများ ဖြတ်တောက်ထားခြင်း တို့ဖြစ်ပါတယ်။

November 2023

  • နိုဝင်ဘာ (၂) - ကော့ကရိတ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်များတွင် စစ်ရေး ပြင်းထန်ပြီး ဖုန်းလိုင်းများ ဖြတ်တောက်ခံထားရခြင်း။

  • နိုဝင်ဘာ (၃) - လောက်ကိုင်မြို့တွင် ဖုန်းလိုင်းနှင့် အင်တာနက် လိုင်းများ ပြတ်တောက်ခြင်း

  • နိုဝင်ဘာ (၅) - ကောလင်းမြို့ကို လျှပ်စစ်မီး ဖြတ်တောက်ထားသလို ဖုန်းနဲ့ အင်တာနက်တွေ ဖြတ်တောက်ခဲ့ခြင်း။

  • နိုဝင်ဘာ (၁၀) - မွန်ပြည်နယ်တွင် လူမှုကွန်ရက် အသုံးပြုသူမျာအား ဖမ်းဆီးမှု ပိုမိုများပြားလာခြင်း၊ မန္တလေးတွင် ပေါ်တာဆွဲနေသည်ဟု လူမှုကွန်ယက်တွင် ရေးသားသူ (၁၂) ဦး ဖမ်းဆီးခံရခြင်း။

  • နိုဝင်ဘာ (၁၁) - လူမူကွန်ယက်တွင်ရေးသားသူ (၄) ဦးအား နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်ရည်ရွယ်သည်ဆိုကာ ဖမ်းဆီးအရေးယူခဲ့ကြောင့် MOI ကြေငြာခဲ့ခြင်း။

  • နိုဝင်ဘာ (၁၃)- ကချင်ပြည်နယ်တွင် မြစ်ကြီးနားမြို့အပါအဝင် မြို့နယ် (၁၈) ခုလုံးတွင် ဖိုက်ဘာအင်တာနက်နှင့် မိုဘိုင်းအင်တာနက်လိုင်းများ ပြတ်တောက်ခြင်း၊ ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ မြို့နယ်များအားလုံးကို စစ်ကောင်စီဘက်မှ ဖုန်းလိုင်းများ ဖြတ်တောက်ထားခြင်း။

  • နိုဝင်ဘာ (၁၅) - လူမှုကွန်ယက် အကောင့်များမှ ပြောဆိုရေးသားမှုများနှင့် ပါသက်ပြီး ရန်ကုန်နှင့် မန္တလေးမြို့တွင် နေထိုင်သူအမျိုးသမီးတစ်ဦးစီအား ဖမ်းဆီးထိန်းသိမ်းကြောင်း စစ်ကောင်စီထုတ်ပြန်ခဲ့ခြင်း။

  • နိုဝင်ဘာ (၁၆) - ကချင်ပြည်နယ်၊ မြစ်ကြီးနားမြိုနယ်ရှိ ရိုးမ (Yoma) ဘဏ်ခွဲအား အင်တာနက်လိုင်း အခက်အခဲများကြောင့် ယာယီပိတ်ထားမည်ဟု ယင်းဘဏ်မှ ကြေငြာခဲ့ခြင်း။

  • နိုဝင်ဘာ (၁၉) - စစ်ကောင်စီက အင်တာနက် ဖြတ်တောက်ထားသော မြို့နယ် ၅ ခုတွင် အမေရိကန်ဒေါ်လာ ၅ သိန်း အသုံးပြု၍ အင်တာနက် ကောင်းမွန်စွာ သုံးနိုင်ရေး ဆောင်ရွက်မည်ဟု NUG ဆက်သွယ်ရေး ဝန်ကြီးပြောဆိုခဲ့ခြင်း။

  • နိုဝင်ဘာ (၂၁) - တိုက်ပွဲတွေ ဖြစ်ပွားနေသည့် မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်ထဲက ကျေးရွာပေါင်း ၂၀ လောက်တွင် ဖုန်းလိုင်းများ ပြတ်တောက်ခြင်း။

  • နိုဝင်ဘာ (၂၂) - ကရင်နီ(ကယား)ပြည် လွိုင်ကော်တွင် ဖုန်းလိုင်းအားလုံး ဖြတ်တောက်ထားခြင်း၊ နိုင်ငံအတွင်း ဂြိုလ်တုအင်တာနက် ဝန်ဆောင်မှုများ တရားမဝင်သုံးစွဲနေသဖြင့် လိုင်စင်ရယူရန် လိုအပ်ဟု ပို့/ဆက်ဝန်ကြီးဌာန အသိပေးခဲ့ခြင်း၊ ဖုန်းလိုင်းဖြတ်တောက်ခံနေရတဲ့ ကရင်နီပြည်မှာ ပထမဦးဆုံး တော်လှန်စီးပွားအဖြစ် Starlink အင်တာနက် ကဖေးဖွင့်လှစ်ခဲ့ခြင်း။

  • နိုဝင်ဘာ (၂၈) - စစ်ကောင်စီ၏ ထုတ်ပြန်ချက်အရ နိုဝင်ဘာ (၁) ရက်နေ့မှ (၂၈) ရက်နေ့အတွင်း အွန်လိုင်းပေါ်မှ ပြောဆိုမှုများကြောင့် ဖမ်းဆီးခံရသူ (၆၁) ဦးရှိခဲ့ခြင်း။

  • နိုဝင်ဘာ (၂၉) - ဦးသိန်းစိန် အစိုးရလက်ထက် ​ပြန်​ကြား​ရေးဝန်​​​ကြီး​ဟောင်း ဦးရဲထွဋ်အား ၎င်း၏လူမှုကွန်ယက်​ပေါ်တွင် ​​​ပြောဆို​ရေးသားမှုများ​ကြောင့် ​ထောင် (၁၀)နှစ်ချခဲ့ခြင်း တို့ပဲဖြစ်ပါသည်။

October 2023

  • အောက်တိုဘာ (၃) - မော်လမြိုင်အပါအဝင် မြို့နယ်ပေါင်း ၂၀ မှာ စမ်းသပ်သန်းခေါင်စာရင်း စတင်ကောက်ယူခဲ့ခြင်း။

  • အောက်တိုဘာ (၄) - Freedom House ၏ Freedom on the Net အစီအရင်ခံစာရအ မြန်မာနိုင်ငံသည် အင်တာနက်လွပ်လပ်ခွင့် ဒုတိယအဆိုးဆုံးနိုင်ငံအဖြစ်ဖော်ပြခံခဲ့ရခြင်း၊သံလွင်တိုင်း သတင်းဋ္ဌာန၏ ဖော်ပြချက်အရ နှစ်လအတွင်း အွန်လိုင်းပေါ်ဝေဖန်တဲ့ အကောင့်ပိုင်ရှင် ၁၀၀ ကျော် ဖမ်းဆီးအမှုဖွင့်ခံရခြင်း၊ဇန်လန်းသတင်းဋ္ဌာန၏ ဖော်ပြချက်အရ ချင်းပြည်နယ် တီးတိန်မြို့တွင် မိုဘိုင်းအင်တာနက်လိုင်းများ ပြန်လည်ဖွင့်ထားခဲ့ခြင်း။

  • အောက်တိုဘာ (၇) - ရေကြည်မြို့တွင် မီတာပုံးဖြုတ်သိမ်းခံရမှုကို မကျေနပ်၍ လူမှုကွန်ယက်ပေါ် ရေးတင်သည့် ကျောင်းဆရာမ ၁၀ ဦး ဖမ်းဆီးခံခဲ့ရခြင်း၊ အင်တာနက် အွန်လိုင်းပေါ်မှတဆင့် တရားမဝင်စီးပွားရေးလုပ်ငန်းမျိုးစုံကို လုပ်ကိုင်နေသည့် မြန်မာနိုင်ငံထဲမှ တရုတ်နိုင်ငံသား ၂,၃၀၀ ကျော်ကို မြန်မာဘက်က လွှဲပြောင်းပေးခဲ့ရခြင်း။

  • အောက်တိုဘာ (၈) - လူမှုကွန်ယက်ပေါ်မှာ ရေးသားမှုတွေနဲ့ ပြောဆိုဆက်သွယ်မှုတွေကြောင့် ဖမ်းဆီးခံရသူ ၁၃၀၀ ကျော်ရှိလာခဲ့ခြင်း။

  • အောက်တိုဘာ (9) - ဧရာ၀တီတိုင်း မြို့နယ်သုံးခုမှာ PDF စွပ်စွဲချက်နဲ့ အဖမ်းခံရသူတွေများလာ။

  • အောက်တိုဘာ (၁၀) - SIM Card များ စနစ်တကျ မှန်ကန်စွာ မှတ်ပုံတင်သုံးစွဲနိုင်ရေး အသိပေးကြေညာချက် ထပ်မံထုတ်ပြန်ခဲ့ခြင်း။

  • အောက်တိုဘာ (၁၆) - စစ်ကိုင်းတိုင်း၊ ကလေးမြို့မှာ အောက်တိုဘာ ၁၆ ရက်နေ့ ညပိုင်းကစပြီး အောက်တိုဘာ ၁၇ ရက်နေ့ မနက်ပိုင်းအထိ ဖုန်းလိုင်းနဲ့ အင်တာနက်လိုင်းများ ပြတ်တောက်နေခဲ့ခြင်း။

  • အောက်တိုဘာ (၁၇) - စစ်ကိုင်းတိုင်း ကန့်ဘလူ၊ ကျွန်းလှ၊ အရာတော် မြို့နယ်များတွင်အင်တာနက်လိုင်းများ ပြန်လည်ဖွင့်ထားခဲ့ခြင်း။

  • အောက်တိုဘာ (၁၈) - စစ်ကောင်စီကို ဆက်သွယ်ရေးပစ္စည်းများ ရောင်းချခဲ့သည့် ND SatCom GmbH အမည်ရှိ ဂျာမန်ကုမ္ပဏီအား ဂျာမနီနိုင်ငံ၊ ရေ့စ်ဘင်စဘာ့ဒ်မြို့ရှိ အစိုးရရှေ့နေရုံးမှ ရာဇဝတ်ကြောင်းအရ စုံစမ်းစစ်ဆေးမှုကို စတင်လုပ်ဆောင်ခဲ့ခြင်း။

  • အောက်တိုဘာ (၂၀) - စစ်ကိုင်းဘက်နေရာအတော်များများတွင် Atom ဖုန်းများဖြင့် အင်တာနက် ပြန်လည်သုံးစွဲနိုင်။ တန့်ဆည်တွင် MPT ဖုန်းဖြင့် အင်တာနက် ပြန်လည်အသုံးပြုနိုင်ခဲ့ခြင်း။

  • အောက်တိုဘာ (၂၁) - ဧရာ၀တီတိုင်း၊ ဘိုကလေးမြိုတွင် အောက်တိုဘာလအတွင်း စစ်ကောင်စီကို ဆန့်ကျင်သည့်စာများ လူမှုကွန်ယက်(facebook)တွင် ရေးသားသည်ဟုစွပ်စွဲကာ အမျိုးသား ၂ ဉီးအားဖမ်းဆီးခဲ့ခြင်း၊ နိုင်ငံသားများ၏ ကိုယ်ရေးအချက်အလက်များအား စစ်ကောင်စီ ဆက်တိုက်ကောက်ယူမှုများပြုလုပ်နေခြင်း။

  • အောက်တိုဘာ (၂၄) - အောက်တိုဘာ (၂၀) မှ (၂၄) ရက်အတွင်း လူမှုကွန်ယက်မှတဆင့် စစ်ကောင်စီကို ဝေဖန်သူ (၉) ဦး ဖမ်းဆီးခံခဲ့ရခြင်း။

  • အောက်တိုဘာ (၂၇) - မြင်းမူမြိုနယ် နေရာတော်တော်များတွင် ည (၁၁) နာရီ ဝန်းကျင်မှ စတင်ပြီး Ooredoo ဖုန်းလိုင်းများပြက်တောက်ခဲ့ခြင်း။

  • အောက်တိုဘာ (၂၉) - ရှမ်းပြည်နယ် မြောက်ပိုင်း၊ သိန္နီမြို့တွင် ဖုန်းလိုင်းများ ပြတ်တောက်ခြင်း၊ ဦးသိန်းစိန် အစိုးရလက်ထက်တွင် ပြန်ကြားရေးဝန်ကြီးဟောင်းအဖြစ် တာဝန်ယူခဲ့သော ဦးရဲထွဋ်အား ၎င်း၏ ဆိုရှယ်မီဒီယာ ပိုစ့်များကြောင့် ဖမ်းဆီးခြင်း၊ စစ်တွေ အခြေစိုက် DMG သတင်းဌာနအား စစ်ကောင်စီက ဝင်ရောက်စီးနင်း၊ သတင်းထောက် တစ်ဦးနှင့် ညစောင့်တစ်ဦးအား ဖမ်းဆီးသွားခဲ့ခြင်းတို့ပဲ ဖြစ်ပါတယ်။

September 2023

  • စက်တင်ဘာ (၁) - မန္တလေးမြို့ရှိ လမ်းဘေးစျေးဆိုင်များတွင် CCTV ကင်မရာများ မဖြစ်မနေတပ်ဆင်ရန် စစ်ကောင်စီ ဖိအားပေး။ ဩဂုတ်လ ၂၄ ရက်နေ့တွင် အရပ်ဝတ်စစ်သားများ၊ ရဲများနှင့် စည်ပင်ဝန်ထမ်းများက အောင်မြေသာစံမြို့နယ်အတွင်း လမ်းမဘေးတစ်လျှောက်ရှိ ဈေးဆိုင်ခန်းများကို တစ်ဆိုင်ဝင်တစ်ဆိုင်ထွက်ဖြင့် သတိပေးစာများပေးခဲ့​ကြောင်းသိရသည်။

  • စက်တင်ဘာ (၂) - ပဲခူးတိုင်း(အရှေ့ခြမ်း)၊ စစ်တောင်းမြစ်ဝှမ်းတစ်လျှောက်ရှိ မြို့နယ်များဖြစ်သည့် ဖြူး၊ ကျောက်တံခါး၊ မုန်း၊ ကျောက်ကြီးနှင့် ရေတာရှည် ဒေသများတွင် တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီက အင်တာနက်လိုင်းများ ဖြတ်တောက်ထားသည်မှာ တစ်လဝန်းကျင်ရှိပြီဖြစ်သည်။ MRTV Application အား မိုဘိုင်းဖုန်းများတွင် Download လုပ်အသုံးပြုနိုင်ပြီ ဖြစ်ကြောင်း စစ်ကောင်စီ၏ လော်ဘီ တယ်လီဂရမ် ချန်နယ်များမှမျှဝေခဲ့သည်။

  • စက်တင်ဘာ (၃) - စစ်ကောင်စီက တပ်များအတွင်း စစ်သားများ စိတ်ခွန်အားဖြစ်ရေး၊ စိတ်ဓာတ်မြင့်မားရေး၊ ယုံကြည်ချက်နှင့် ခံယူချက် မြင့်မားရေး အတွက် Tik Tok သရုပ် ဖော်ပြိုင်ပွဲများ ပြုလုပ်ခိုင်းသည်။ မြန်မာစစ်တပ်ကို အကြမ်းဖက်အဖွဲအဖြစ် အာဆီယံလူထုဖိုရမ်က ကြေညာခဲ့သည်။

  • စက်တင်ဘာ (၅) - စစ်ကောင်စီဩဇာခံ သတင်းစာနဲ့ ရုရှားနိုင်ငံတကာသတင်းဌာန SPUTNIK တို့အကြား သတင်းအချက်အလက်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ခြင်း သဘာတူစာချုပ်ချုပ်ဆိုခဲ့သည်။

  • စက်တင်ဘာ (၆) - မိုခါမုန်တိုင်းဘေးဒဏ် ကျရောက်နေသည့် ရခိုင်ပြည်နယ်အတွင်း အခြေအနေများကို သွားရောက် မှတ်တမ်းတင်နေစဉ် မေ ၂၃ ရက်က စစ်တွေမြို့၌ ဖမ်းဆီး ခံလိုက်ရသည့် Myanmar Now ဓာတ်ပုံသတင်းထောက် ကိုစိုင်းဇော်သိုက်ကို စစ်ကောင်စီက ထောင်အနှစ် (၂၀) ချခဲ့သည်။

  • စက်တင်ဘာ (၉) - စစ်ကောင်စီမှ စာအုပ်ထုပ်ဝေသူများအား ထုတ်လုပ်သည့် စာအုပ် (၅) အုပ်အား ပြန်ကြားရေးဝန်ကြီးဋ္ဌာနသို့ ပေးပို့ရန် ကြေငြာခဲ့သည်။

  • စက်တင်ဘာ (၁၂) - နိုင်ငံသားစိစစ်ရေးကတ်တွေကို စမတ်ကတ်ပြောင်းဖို့ ရန်ကုန်မြို့ရှိ ရပ်ကွက်တချို့တွင် ကိုယ်ရေးမှတ်တမ်းများ ကောက်နေကြောင်းသိရသည်။

  • စက်တင်ဘာ (၁၃) - Telenor အားလက်ပြောင်းဝယ်ယူခဲ့ရာတွင် ရှယ်ယာ အများဆုံးပါဝင်သည့် လုပ်ငန်းတစ်ခုအဖြစ် ထင်ရှားသည့် ရွှေဗျိုင်းဖြူ ကုမ္ပဏီပိုင်ရှင် ဦးသိန်းဝင်းဇော်အား ဖမ်းဆီးထိန်းသိမ်းထားသည်။

  • စက်တင်ဘာ (၁၄) - စစ်ကောင်စီတပ်ဖွဲ့များ စစ်ကြောင်းထိုးသည့်အခါ သက်ဆိုင်ရာ မြိုနယ်တွေအလိုက် ဖုန်းလိုင်းတွေ ဖြတ်တောက်ထားရန် လော်ဘီချန်နယ်များမှ လှုံ့ဆော်ခဲ့သည်။

  • စက်တင်ဘာ (၁၆) - အင်္ဂပူတွင် ဖုန်းဆင်းကဒ်နံပါတ်မှတစ်ဆင့် တည်နေရာများကို စစ်ကောင်စီလက်အောက်ခံ တပ်ဖွဲ့များက တောင်းယူနေကြောင်းသိရသည်။

  • စက်တင်ဘာ (၁၈) - ကချင်ပြည်နယ်၊ ​ြမစ်ကြီးနားမြို့ပေါ်တွင် စက်တင်ဘာ ၁၈ ရက် မနက်ပိုင်းမှ စတင်ကာ အင်တာနက် နှင့်လျှပ်စစ်မီးများပြတ်တောက်ခဲ့ပြီး နေ့လယ် ၁နာရီကျော်ခန့်မှသာ ပြန်လည်ရရှိခဲ့သည်။

  • စက်တင်ဘာ (၁၉) - ရခိုင်ပြည်နယ် တောင်ပိုင်း မာန်အောင်မြို့မှာနေထိုင်တဲ့ အသက် ၅၀ ခန့်အရွယ် ဦးစည်သူအောင်အား စစ်ကောင်စီကိုဝေဖန်မှုဖြင့် ၅၀၅ (က) ဖြင့်အမှုဖွင့်ကာ ဖမ်းဆီးခဲ့သည်။

  • စက်တင်ဘာ (၂၀) - မှတ်ပုံတင်နှင့် e-ID စနစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် တရုတ်-မြန်မာ ပူးပေါင်းလုပ်ဆောင်လာခဲ့သည်။ စက်တင်ဘာ (၂၀) သီလဝါအထူးစီးပွားရေးဇုန်စီမံခန့်ခွဲမှုကော်မတီနဲ့ အကောက်ခွန်ဦးစီးဌာနတို့ပူးပေါင်းပြီး ကုန်သေတ္တာယာဉ်နှင့် အလုံပိတ်ယာဉ်များဖြင့် ကုန်ပစ္စည်းသယ်ယူပိုဆောင်ရာတွင် စောင့်ကြည့်စစ်ဆေးရေစနစ် Logistic Surveillance System (E-Lock)ကို စတင်ဆောင်ရွက်ခဲ့သည်။

  • စက်တင်ဘာ (၂၁) - လူဦးရေကိန်းဂဏန်းများမှန်ကန်စေရန် ပြည်လုံးကျွတ်သန်းခေါင်စာရင်း ကောက်ယူရေး အကြိုစမ်းသပ်ဆောင်ရွက်မှုကို ယခုနှစ် အောက်တိုဘာလတွင် ကောက်ယူရန်စီစဉ်နေကြောင်းသိရသည်။

  • စက်တင်ဘာ (၂၂) - ရန်ကုန်တိုင်း၊ တွံတေးမြိုလယ်ခေါင် စစ်ဆေးရေးဂိတ်တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်က လုံခြုံရေးတိုးမြှင့်ကာ မြို၏ အချက်အချာကျသည့်နေရာများ၌ CCTVကင်မရာများ တပ်ဆင်လိုက်ကြောင်းသိရသည်။

  • စက်တင်တာ (၂၃) - ဦးမြင့်ကြိုင်သည် ဇီဝအချက်အလက် မှတ်တမ်းတင်သည့် ဘိုင်အိုမက်ထရစ် နည်းပညာအကြောင်း လေ့လာရန် Beijing Hisign နည်းပညာ ကုမ္ပဏီသို့လည်း သွားရောက်ခဲ့သည်။ ဧရာဝတီသတင်းဋ္ဌာန၏ အဆိုအရ စစ်ကောင်စီသည် တရုတ်နိုင်ငံအား သန်းခေါင်စာရင်း ကောက်ယူရေးနှင့် မြန်မာတွင် အီလက်ထရောနစ် ခွဲခြားစိတ်ဖြာမှုစနစ် အတွက် အကူအညီတောင်းခံထားသည်။

  • စက်တင်ဘာ (၂၄) - ရန်ကုန်ရှိ မြို့နယ်အချို့တွင် မှတ်ပုံတင် စမတ်ကတ် (Smart card) မလုပ်ရသေးသူများ ခရီးသွားပါက ရပ်ကွက် အုပ်ချုပ်ရေးမှူး နှင့် လဝက ရုံးထောက်ခံချက် တောင်းခံနေရသည်။ စစ်ကောင်စီကို အွန်လိုင်ပေါ်တွင် ဝေဖန်သဖြင့် စက်တင်ဘာလ (၁၆) ရက်နေ့မှ (၂၂) ရက်နေ့အထိ တစ်ပါတ်အတွင်း လူ (၂၀) ကျော်ဖမ်းဆီးခံရသည်။

  • စက်တင်ဘာ (၂၆) - SIM Card များကို မှတ်ပုံတင်ရောင်းချခြင်းနှင့် လွှဲပြောင်းရာတွင်ပြန်လည်မှတ်ပုံတင်ခြင်းမရှိပါက ဆက်သွယ်ရေးဥပဒေပုဒ်မ ၇၂ အရ အရေးယူသွားဟု ကြေငြာခဲ့သည်။ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်တွင် စက်တင်ဘာ ၂၆ရက် နေ့လယ်ပိုင်းမှစပြီး အင်တာနက်လိုင်း ပြန်လည်ရရှိခဲ့သည်။

August 2023

  • ဩဂုတ် (၁) - ဗန်းမောက်မြို့နယ်အတွင်း ဝန်ဆောင်မှုပေးနေသော (MPT) အပါအဝင် ဆက်သွယ်ရေးအော်ပရေတာများ အနေဖြင့် အင်တာနက်ဆက်သွယ်မှု ဖြတ်တောက်ခြင်းများ ထပ်မံပြုလုပ်ပါက ၎င်းတို့ပိုင် အခြေခံအဆောက်အုံများ အပေါ် ပြင်းပြင်းထန်ထန် အရေးယူသွားမည်ဟု Banmauk Revolution Facebook စာမျက်နှာမှ ထုတ်ပြန်ခဲ့ခြင်း။

  • ဩဂုတ် (၃) - ပေါင်မြို့နယ်တွင် (Biometric) ဒေတာ အချက်အလက်များ ဆက်လက်ကောက်ယူခြင်း။

  • ဩဂုတ် (၅) - စစ်ကောင်စီလက်အောက်ရှိ ဝန်ထမ်းနှင့် မိသားစုဝင်များကို ပန်းရောင် မှတ်ပုံတင်ကဒ်မှ စမတ်ကဒ် ပုံစံပြောင်း လုပ်ဆောင်ပေးရန် စစ်ကောင်စီ ကြိုးစားနေခြင်း၊တယ်လီကွန်များမှ ဝန်ဆောင်မှု ပေးသည့် SMS စာတိုပေးပို့မှုမှတဆင့် ငွေကြေးလိမ်လည်ရန် ရည်ရွယ်သည့် လင့် (Link) များပါဝင်သည့် စာတိုများပျံ့နှံ့ခဲ့ခြင်း။

  • ဩဂုတ် (၈) - ကမာရွတ်မြိုနယ်၊ လှည်းတန်းလမ်းမ၊ လှည်းတန်းစိန်ဂေဟာရှေ့နှင့် ဆင်မလိုက်လမ်းဆုံ၊ လူကူးတံတားပေါ်တို့တွင် အကြမ်းဖက်စစ်တပ်နှင့် ရဲ၊ အရပ်ဝတ်များမှ ဖြတ်သွားဖြတ်လာ ပြည်သူများကို ဖုန်း၊ အိတ်၊ ထီးနီပါမပါ စစ်ဆေးမှုများပြုလုပ်ခဲ့ခြင်း၊ ပဲခူးတိုင်း၊ ဖြူးမြိုနယ် ၊ အောက်ကြာအင်းကျေးရွာကို စစ်တပ်က ဝင်ရောက်စီးနင်းချိန် တိုက်ပွဲများဖြစ်ပွားခဲ့ပြီး ယင်းအချိန်တွင် ဖုန်းလိုင်းနှင့် အင်တာနက်လိုင်းများကို စစ်တပ်က ဖြတ်တောက်ထားခဲ့ခြင်း။

  • ဩဂုတ် (၁၄) - မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်၊ အောင်နန်းရိပ်သာအရှေ့ရပ်ကွက်၊ လမ်း၈၀နှင့် ၈၁ လမ်းကြား၊ လမ်း ၃၀ ပေါ်ရှိ အောင်မြန်မာ စာရေးကိရိယာဆိုင်ပိုင်ရှင် မဲခေါင်သတင်းဌာန၏ သတင်းတပုဒ်တွင် Comment ရေးခြင်းနှင့် စစ်အာဏာရှင် ဆန့်ကျင်ရေး ပို့စ်များ Share ခြင်း၊ ရေးသားခြင်းများ ပြုလုပ်နေသည်ဟုဆိုကာ စစ်ကောင်စီဝါဒဖြန့် ဟန်ငြိမ်းဦး တယ်လီဂရမ်ချန်နယ်တွင် သြဂုတ် ၁၃ ရက်နေ့ နံနက်ပိုင်းက ဖြန့်ဝေရေးသားခဲ့ပြီးနောက် ဆိုင်ပိုင်ရှင်အပါ အမျိုးသမီး ၄ ဦး ဖမ်းဆီးခံရခဲ့ခြင်း။

  • ဩဂုတ် (၁၅) - BBC သတင်းဋ္ဌာန၏ ဖော်ပြချက်အရ စစ်ကောင်စီကို ပုတ်ခတ်ရေးသားခြင်း၊ PDF များကို အားပေးစကားရေးသားခြင်း၊ PDF သင်းတန်းဆင်းဖြစ်ခြင်း၊ အာဏာသိမ်းမှု ဆန့်ကျင်ခြင်း စသည့် အကြောင်းအရာများဖြင့် ဖမ်းဆီခံရသူ ဩဂုတ်လအတွင်း (၂၉) ဦးထက်မနဲ ရှိနေပြီး အမျိုးသမီး (၇) ထက်မနည်းပါဝင်ခြင်း၊ အမျိုးသမီးအားလုံးမှာ လူမှုကွန်ရက်တွင် မှတ်ချက်ရေးသားမှုများကြောင့် ဖမ်းဆီးခံရခဲ့ခြင်း။

  • ဩဂုတ် (၁၆) - တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် Biometric အချက်အလက်များကို ဦးတည်အုပ်စုများ အလိုက်ကောက်ယူလျက်ရှိရာ ၂၀၂၃ ခုနှစ်၊ ဩဂုတ် ၁၀ ရက်အထိ လူဦးရေ ခုနစ်သိန်းကျော် ကောက်ယူပြီးစီးထားခဲ့ခြင်း၊ ကောက်ယူပြီးစီးခဲ့သည့် အိမ်ထောင်စု ၁၄ ဒသမ ၈ သန်းကျော်ကို e-ID Server အတွင်း ဖြည့်သွင်းပြင်ဆင်အတည်ပြုပြီးလျှင် ရွေးကောက်ပွဲကျင်းပနိုင်ရေးအတွက် တိကျမှန်ကန်သည့် မဲစာရင်း ရရှိမည်ဖြစ်ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်က ပြောကြားခဲ့ခြင်း၊ စစ်တပ် အားပေးထောက်ခံသည့် တယ်လီဂရမ်ချန်နယ်များမှ နေရပ်လိပ်စာ၊ ဓာတ်ပုံများနှင့်တကွတင်ကာ ဖမ်းဆီးရန် လှုံ့ဆော်မှုများကြောင့် မန္တလေးမြို့တွင် သြဂုတ် ၉ ရက်မှ ၁၅ ရက်အထိ ဖမ်းဆီးခံရသူ ၁၆ ဦးထိ ရှိလာခဲ့ခြင်း။

  • ဩဂုတ် (၁၉) - ကျင့်ဝတ်ဝိနည်းနှင့်မညီသော ရဟန်းများအတွက် ပြည်သူ လှူဒါန်းသော ဆွမ်းစားလျှင် သံရည်ပူ ကဲ့သို့ ဖြစ်လိမ့်မည်ဟု ဝေဖန်ထောက်ပြခဲ့သော "ဘာမှမမျှော်လင့်နဲ့" (Don’t expect anything!) အမည်ရှိ ရုပ်ရှင်ဇာတ်လမ်းအား Isi Dhamma YouTube Channel နှင့် Tiktok တို့တွင် လွှင့်တင်ခဲ့ပြီး လူမှုကွန်ရက်စာမျက်နှာများတွင် ပျံ့နှံ့ခဲ့ပြီးနောက် ဇာတ်လမ်းပါဝင်သူ ၁၄ ဦးကို စစ်တပ်က ဖမ်းဆီးခဲ့ခြင်း၊ Business To Business(B2B) ပလန်လျှောက်ထားပေးမည်ဟု ကြော်ငြာထားသည့် ဆိုရှယ်မီဒီယာ စာများနှာများမှနေ၍ လာရောက်ဆက်သွယ်သူများအား Andy Desk၊ Team Viewer စသည့် Application များအား မိုဘိုင်းဖုန်းနှင့် ကွန်ပျူတာများထဲသို့ ထည့်သွင်းခိုင်းပြီး KBZ Pay၊ Wave Pay များမှ ငွေကြေးများ ခိုးယူခြင်း။

  • ဩဂုတ် (၂၃) - စစ်တပ်မှ အာဏာသိမ်းပြီးနောက် လျှပ်စစ်မီးပြတ်တောက်သည့် ကိစ္စနှင့်ပတ်သက်၍ စစ်ကောင်စီကို ဝေဖန်ပြောဆိုခဲ့သော Hip Hop အဆိုတော် ဗျူဟာအား အင်းစိန် စစ်ခုံရုံးမှ ထောင်ဒဏ် အနှစ် ၂၀ ချမှတ်လိုက်ခြင်း။

  • ဩဂုတ် (၂၄) - စစ်ကောင်စီက မှတ်ပုံတင်ရှိသူတိုင်း စမတ်ကဒ်ပြုလုပ်ရန် ဖိအားပေးလျက်ရှိပြီး မပြုလုပ်သူများကို အရေးယူမည်ဟု ခြိမ်းခြောက်ခဲ့ခြင်း။

  • ဩဂုတ် (၂၉) - ရိုဟင်ဂျာတွေအပေါ် ဆန့်ကျင်တဲ့ အမုန်းတရားဖြန့်ဝေတာတွေ ဟန့်တားရာမှာ Facebook အနေဖြင့် အချိန်မီဟန့်တားနိုင်ခြင်းမရှိဟုဆိုကာ ရိုဟင်ဂျာများမှ အိုင်ယာလန်နိုင်ငံတွင် Meta Company အား တရားစွဲဆိုခဲ့ခြင်းတို့ပဲဖြစ်ပါတယ်။


July 2023

  • ဇူလိုင်လ (၁) - တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြိုနယ် မြိုနယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ဦးစီးဋ္ဌာနက ဋ္ဌာနဆိုင်ရာဝန်ထမ်းများအား ဇီဝအချက်အလက် (Biomatic Data) များ ကောက်ယူခဲ့ခြင်း။

  • ဇူလိုင်လ (၃) - မြန်မာ့အလင်း သတင်းစာကို ရုရှား၊ တရုတ်နှစ်ဘာသာဖြင့် ပူးတွဲထုတ်လုပ်ခဲ့ခြင်း။ ဖုန်းနှင့်အင်တာနက်လိုင်းများဖြတ်တောက်ပြီး စစ်တပ်က မိုးဗြဲမြိုကို ဆက်လက်ထိုးစစ်ဆင်ခဲ့ခြင်း။ရှမ်းပြည်နယ် မြောက်ပိုင်း ၊နောင်ချိုမြိုနယ်ရှိ ဋ္ဌာနဆိုင်ရာဝန်ထမ်းများနှင့် မိသားစုဝင်များ၏ ကိုယ်ရေးအချက်အလက်နှင့် ဇီဝဆိုင်ရာအချက်အလက်များ ကောက်ယူခြင်း။

  • ဇူလိုင်လ (၅) - Facebook လူမှုကွန်ရက်တွင် အလုပ်ရမည်ဟု ကြော်ငြာထားသဖြင့် ဆက်သွယ်၍ သွားရောက် လျှောက်ထားရာမှ စစ်တပ်ထဲသို အတင်းအကျပ် သွပ်သွင်းခံရမှုများရှိခဲ့ခြင်း။စစ်ကိုင်းတိုင်းအတွင်းရှိ မုံရွာမြိုနယ်အပါအဝင်မြိုနယ်အများစုတွင် MPTဖုန်းလိုင်းများပြတ်တောက်ခံရခြင်း။

  • ဇူလိုင်လ (၆) - ဖုန်းဆင်းကတ်များ ၃ လအတွင်း မှတ်ပုံမတင်ပါက အပြီးပိတ်သိမ်းမည်ဟု စစ်ကောင်စီ ထပ်မံကြေညာခဲ့ခြင်း။ ပဲခူးတိုင်းဒေသကြီး တောင်ငူမြိုနယ်ရှိ တောင်ငူတက္ကသိုလ်ရှိ ပါမောက္ခချုပ် နှင့် ဒုတိယပါမောက္ခချုပ်များအပါအဝင် ဝန်ထမ်းများ၏ ကိုယ်ရေးအချက်အလက်နှင့် ဇီဝဆိုင်ရာအချက်အလက်များ ကောက်ယူခဲ့ခြင်း။ကယား(ကရင်နီ) ပြည်နယ်အား စစ်ကောင်စီတပ်မှ ပုဂ္ဂလိကပိုင် ဖုန်းလိုင်းများ ဖြတ်တောက်ထားပြီး စစ်ကောင်စီ လက်အောက်ခံ ဖုန်းလိုင်းဖြစ်သည့် Mytel သာ အသုံးပြုလိုရနေခဲ့ခြင်း။

  • ဇူလိုင်လ (၇) - မြန်မာနိုင်ငံတွင် မြိုနယ် ၅၀ ထက်မနည်း အင်တာနက်နဲ့ ဖုန်းလိုင်းဆက်သွယ်ရေးစနစ်များ ဖြတ်တောက်ခံထားရသည်မှာ တစ်နှစ်ကျော်ရှိဟု VOA သတင်းဋ္ဌာနမှ ဖော်ပြခံရခဲ့ခြင်း။ နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (က)နဲ့ အမှုဖွင့် ဖမ်းဆီးခံထားရတဲ့ သတင်းစာဆရာ ဦးကျော်မင်းဆွေ၊ သရုပ်ဆောင် မေပန်းချီ၊ သရုပ်ဆောင် မြတ်သူသူနှင့် အဆိုတော် မေလသံစဉ် နှင့် ရွှေရည်သိန်းတန် တို ပြန်လည်လွတ်မြောက်လာခဲ့ခြင်း။

  • ဇူလိုင်လ (၈) - ဒီဗွီဘီ (DVB) နှင့် မဇ္ဈိမ (Mizzima) ရုပ်သံလိုင်းများအား ကြွေးကျန်ရှိနေတယ်ဆိုသည့် အကြောင်းပြချက်ဖြင့် အမှုဖွင့်တရားစွဲဖို ပြင်ဆင်နေကြောင်း စစ်ကောင်စီ ပြန်ကြားရေးဝန်ကြီးဌာနမှ ထုတ်ဖော်ပြောကြားခဲ့ခြင်း။

  • ဇူလိုင်လ (၁၁) - ကလေးမြိုနယ်တွင် Ooredoo , Atom (ယခင် Telenor) ဖုန်းလိုင်းများ ဖြတ်တောက်ထားခဲ့ခြင်း။

  • ဇူလိုင်လ (၁၄) - မြိတ်မြိုတွင် လူတစ်ဦးချင်းစီ၏ Biometric Data များအား Enrollment Device ဖြင့် စာရင်း ကောက်ယူဆောင်ရွက်လျက်ရှိပြီး QR Code ပါသည့် Unique ID နံပါတ် ပြန်လည်ထုတ်ပေးခဲ့ခြင်း။ မီဇိုရမ်ပြည်နယ်ရှိ မြန်မာစစ်ဘေးရှောင်တွေရဲ့ ဇီ၀ဆိုင်ရာအချက်အလက်တွေကို ဒေသတွင်းအာဏာပိုင်တွေနှင့် အရပ်ဘက်အဖွဲအစည်းများပူးပေါင်း ကောက်ယူနေခဲ့ခြင်း၊ အွန်လိုင်းစနစ်နဲ့ဈေးရောင်းချခြင်းကို အရေးကြီးဝန်ဆောင်မှုလုပ်ငန်းအဖြစ်သတ်မှတ်ပြီး စီးပွားရေးနဲ့ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ကိုင်တွယ်မည်ဟု စစ်ကောင်စီ ထုတ်ပြန်ခဲ့ခြင်း။

  • ဇူလိုင်လ (၁၅) - မြိတ်မြိုတွင် Biometric Data စာရင်းကောက်ယူဆောင်ရွက်လျက်ရှိပြီး Unique ID နံပါတ် (၉၀၀)ဦးကျော် ထုတ်ပေးခဲ့ပြီးဖြစ်သည်။

  • ဇူလိုင်လ (၁၈) - မွန်ပြည်နယ်ပေါင်မြိုနယ်ရှိ ဌာနဆိုင်ရာဝန်ထမ်းများနှင့်မိသားစုများအား (Biometric) ဒေတာ အချက်အလက်များ ကောက်ယူခဲ့ခြင်း။

  • ဇူလိုင်လ (၂၁) - ဒဂုံမြိုသစ်(မြောက်ပိုင်း)မြိုနယ်တွင် နိုင်ငံသားတစ်ဦးချင်း၏ ကိုယ်ရေးအချက်အလက် (Biographic) နှင့် ဇီဝဆိုင်ရာ အချက်အလက်(Biometric)ကောက်ယူခဲ့ခြင်း။

  • ဇူလိုင်လ (၂၄) - မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ညောင်ဦးမြိုနယ်တွင် ဇီဝဆိုင်ရာ အချက်အလက် ကောက်ယူစိစစ်ခြင်းနှင့် Unique ID ထုတ်ပေးခြင်းလုပ်ငန်းများ ဆက်လက်ဆောင်ရွက်နေပြီး ၂၄၀၀ ဦးထိစာရင်းကောက်ယူမှုပြီးစီးခဲ့ခြင်း။

  • ဇူလိုင်လ (၂၆) - စစ်ကောင်စီ ဝန်ကြီး ဦးမြင့်ကြိုင် မြန်မာ-အိန္ဒိယ နှစ်နိုင်ငံကြား e-ID စနစ်လုပ်ငန်း ပူးပေါင်းဆောင်ရွက်နိုင်ခဲ့ခြင်း တို့ပဲဖြစ်ပါတယ်။


June 2023

  • ဇွန်လ (၂) - ဧရာဝတီတိုင်း ၊ ကျုံပျော်မြို စစ်ကောင်စီ စစ်ဆေးရေးဂိတ်တွင် အမျိုးသားများအား မိုဘိုင်းဖုန်းအပါအဝင် လွယ်အိတ်နှင့် ပိုက်ဆံအိတ်များကို စစ်ဆေးခဲ့ခြင်း။

  • ဇွန်လ (၃) - မင်းကင်းမြို့နယ် MPT ဖုန်းလိုင် များပြတ်တောက်ထားမှု တစ်လပြည့်မြောက်ခဲ့ခြင်း။

  • ဇွန်လ (၁၀) - စစ်ကောင်စီက ဧရာဝတီတိုင်းမ် သတင်းဌာနကို လုပ်ငန်းလိုင်စင် ပိတ်သိမ်းခဲ့ခြင်း။

  • ဇွန်လ (၁၀) - ကရင်နီပြည်နယ်တွင် Starlink အင်တာနက်အသုံးပြုနိုင်ပြီဟု Free Burma Rangers အဖွဲမှ ပြောကြားခဲ့ခြင်း။

  • ဇွန်လ (၁၂) - ပဲခူးတိုင်းဒေသကြီး လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဋ္ဌာန အနေဖြင့် Biometric Data ကောက်ယူနိုင်ရေးအတွက် သင်တန်းပြုလုပ်ခဲ့ခြင်း။

  • ဇွန်လ (၁၉) - NUG က Spring Development Bank ကို စတင်မိတ်ဆက်လာပြီး Blockchain/Crypto နည်းပညာများအပေါ် အခြေခံလည်ပတ်သွားမည်ဟု ပြောကြားထားခဲ့ခြင်း။

  • ဇွန်လ (၂၃) - ဇွန်လ ၁၄ ရက်ကနေ ၂၁ ရက်အထိ တစ်ပတ်အတွင်း လူမှုကွန်ရက် ဆိုရှယ်မီဒီယာမှာ စစ်ကောင်စီကို ဆန့်ကျင် ရေးသားသူ ၅၀ ဦးကို ဖမ်းဆီးအရေးယူထားတယ်လို့ စစ်ကောင်စီထုတ်ပြန်ထားခဲ့ခြင်း။

  • ဇွန်လ (၂၇) - လွိင်ကော် မြိုနယ်တဝိုက်တွင် ဖုန်းလိုင်းနှင့် အင်တာနက်လိုင်းများ ပြတ်တောက်နေခဲ့ခြင်း။Sim Card များ ပြန်လည်မှတ်ပုံတင်ရာတွင် အခက်အခဲများ တွေ့ကြုံနေရကြောင်း ဆိုရှယ်မီဒီယာအသုံးပြုသူများမှ ၎င်းတို့၏ အတွေ့အကြုံများကို ပြန်လည်ရေးသားများရှိခဲ့ပါတယ်။


May 2023

  • မေ (၂) - ၂၀၂၄ ခုနှစ် အောက်တိုဘာလတွင် လူဦးရေနဲ့ အိမ်ထောင်စု သန်းခေါင်စာရင်းများကို လက်ကိုင်ဖုန်းနှင့် တက်ဘလက် (Tablet) များအသုံးပြုပြီး ကောက်ယူသွားမည်ဟု စစ်ကောင်စီလက်အောက်ခံလူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာနက မေလ၂ရက်နေ့စွဲနဲ့ ကြေညာခဲ့ခြင်း။

  • မေ (၅) - ATOM ဖုန်းသုံးစွဲသူများအား ပြန်လည်မှတ်ပုံတင်မှုများ ပြုလုပ်နိုင်ရန် ရောက်ရှိသည့်နေရာနှင့် အနီးဆုံးရှိ Atom Digital Store ဆိုင်များ၏ တည်နေရာကို ညွှန်ပြသည့် အချက်အလက်များ ပါဝင်သည့် SMS စာတိုများအား SMS မှတဆင့်ပေးပို့ခဲ့ခြင်း (ယင်းလုပ်ဆောင်ချက်သည် သုံးစွဲသူများ၏ တည်နေရာကို ခြေရာခံစောင့်ကြည့်နေသည်ဟု ယုံကြည်ရသည်။)

  • မေ (၆) - နယ်စည်းမခြားသတင်းသမားများအဖွဲ့ (RSF) မှ ထုတ်ပြန်သည့် သတင်းမီဒီယာလွတ်လပ်ခွင့် အညွှန်းကိန်းအရအရ ကမ္ဘာ့နိုင်ငံပေါင်း (၁၈၀) တွင် မြန်မာနိုင်ငံအနေဖြင့် အဆင့် ၁၇၃ နေရာတွင် ရောက်ရှိနေခြင်း။

  • မေ (၉) - မုံရွာမြို့တွင် မိုဘိုင်းအင်တာနက် လိုင်းများအသုံးပြုရ အခက်အခဲများ ဖြစ်ပေါ်ခဲ့ပြီး ညနေ (၄) နာရီခွဲ ဝန်းကျင်မှ စတင်ပြီး MPT အင်တာနက်လိုင်းများ ပြတ်တောက်သွားကာ အခြားသော မိုဘိုင်း အင်တာနက် လိုင်းများမှာအခက်အခဲများ ဖြစ်ပေါ်ခဲ့ခြင်း။

  • မေ (၁၃) - ချင်းပြည်နယ်ရှိ ပြည်သူအချို့အနေဖြင့် စစ်ကောင်စီ၏ အင်တာနက်လိုင်းများ ဖြတ်တောက်ထားမှုကြောင့် ဆက်သွယ်ရေးဆိုင်ရာ အခက်အခဲများဖြစ်ပေါ်ပြီး မိုခါမုန်တိုင်းသတင်းများ အချိန်နှင့်တပြေးညီ မသိရဖြစ်ပေါ်ခဲ့ခြင်း။

  • မေ (၂၄) - လျှပ်စစ်မီးပြတ်တောက်မှုနှင့် ပါတ်သက်ပြီး လူမှုကွန်ယက်မှ တဆင့် ဝေဖန်ခဲ့သည့် ဟစ်ဟော့ အဆိုတော် ဗျူဟာ ၎င်း၏ နေအိမ်တွင် ဖမ်းဆီးခံရခဲ့ခြင်း။


April 2023

  • ဧပရယ် (၂) - ဟင်္သာတမြို့တွင် Social Media များမှ ရေးသားသော အချက်အလက်များကို အခြေခံပြီး PDF ထောက်ပံ့သည်ဟု စွပ်စွဲကာ နေအိမ်ငါးလုံးကို ချိတ်ပိတ်ခဲ့ပါတယ်။

  • ဧပရယ် (၃) - ရန်ကုန်လေဆိပ်အတွင်း ပြေးဆွဲလိုသည့် အငှားယာဉ်များအား မိုဘိုင်း Application မှတဆင့် စီးနင်းသူများ၏ သွားလာခဲ့မှုများကို ခြေရာခံနိုင်သည့် Grab ကုမ္ပဏီဖြင့် ချိတ်ဆက်ရန် စစ်ကောင်စီ မှ ဖိအားပေးခဲ့‌ပြီး လုံခြုံရေးအတွက်ဟု အကြောင်းပြခဲ့ပါတယ်။ ချင်းပြည်နယ်အတွင်းရှိ မြို့နယ်များဖြစ်သော မင်းတပ်၊ မတူပီ နှင့် ကန်ပက်လက် မြို့နယ် များတွင် မိုဘိုင်းဖုန်း ဆက်သွယ်မှုများ ဖြတ်တောက်ထားသည်မှာ (၄) လ ကျော်ကြာမြင့်လာပြီဖြစ်ပါတယ်။ Electronic မှတ်ပုံတင်စနစ် ပြုလုပ်ရန် Biometric Data ကောက်ယူရေးကြေညာချက်အား Naypyitaw Council ၏ Facebook စာမျက်နှာပေါ်တွင် ကြေငြာခဲ့ပါတယ်။

  • ဧပရယ် (၄) - NUG နှင့်ဆက်သွယ်ပြီး တရားမဝင်ပညာသင်ကြားရေးပြုလုပ်သည်ဟုဆိုကာ အမျိုးသမီး ၁၃ ဦးအပါအဝင် ၁၅ ဦးကို ဖမ်းဆီးထားဟု စစ်ကောင်စီထုတ်ပြန်ခဲ့ပါတယ်။

  • ဧပရယ် (၁၂) - ပဇီကြီးရွာ လေကြောင်းတိုက်ခိုက်ခံရမှုအတွက် ၎င်းတို့၏ Social Media Account များမှဝမ်းနည်းကြောင်းရေးသားခြင်း ၊ Profile အမဲများ ပြောင်းလဲခြင်းအတွက် တေးသံရှင် မေလသံစဉ်၊ သတင်းစာဆရာ ဦးကျော်မင်းဆွေ၊ သရုပ်ဆောင် မေပန်းချီ နှင့် ရွှေရည်သိန်းတို့ အပါအဝင် ၁၁ ဦး ဖမ်းဆီးခံရပြီး ၅၀၅ နဲ့ အမှုဖွင့်ခံထားရပါတယ်။

  • ဧပရယ် (၁၇) - ဟားခါးမြို့တွင် Telenor နှင့် MPT ဝိုင်ဖိုင်လိုင်းများ ဧပြီ (၁၇) နေ့မှ စတင်ပြီး အသုံးပြုမရ ဖြစ်နေပါတယ်။

  • ဧပရယ် (၂၄) - တော်လှန်ရေး ရန်ပုံငွေ စုဆောင်းနိုင်ရန် ရည်ရွယ်ထုတ်လုပ်ထားသည့် PDF ဂိမ်းများ ဆော့ကစားပါက ဥပဒေအရ အရေးယူခံရနိုင်ကြောင်း စစ်ကောင်စီထုတ် သတင်းစာမှ တဆင့် ကြော်ငြာခဲ့ပါတယ်။


March 2023

  • မတ် (၁) - အကြမ်းဖက်မှုတိုက်ဖျက်ရေး နည်းဥပဒေ ကို စစ်ကောင်စီ ထုတ်ပြန်ပြီး ယင်းဥပဒေတွေ အခန်း (၁၄) တွင် အီလက်ထရောနစ် သတင်းအချက်အလက် ကြားဖြတ်ဖမ်းယူခြင်း ဆိုင်ရာ ကိစ္စရပ်များကို ထည့်သွင်း ပြဋ္ဌာန်းခဲ့ခြင်း၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ဖွင့်လှစ်ထားသည့် အွန်လိုင်း စာသင်ကျောင်းများတွင် အပ်နှံသော ကျောင်းသားမိဘများကို အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေပုဒ်မဖြင့် အရေးယူသွားမည်ဟု စစ်ကောင်စီ ခြိမ်းခြောက်းခဲ့ခြင်း။

  • မတ် (၂) - စစ်ကောင်စီ၏ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာနအပါအဝင် ကုမ္ပဏီ ၂ ခုကို နိုင်ငံတွင်း လူ့အခွင့်အရေးချိုးဖောက်မှုများအတွက် အမေရိကန်ကုန်သွယ်ရေးဌာန စက်မှုနှင့်လုံခြုံရေးဗျူရို (BIS)က အမည်ပျက်စာရင်းသွင်းခဲ့ခြင်း၊Access Now နှင့် KeepItOn အဖွဲ့တို့၏ အစီရင်ခံစာအ၇ ၂၀၂၂ ခုနှစ်အတွင်း အင်တာနက်ဖြတ်တောက်မှု အများဆုံးနိုင်ငံတွေထဲ မြန်မာပါဝင်းခဲ့ခြင်း။

  • မတ် (၄) - ချင်းပြည်နယ် မတူပီ မြို့တွင် ဇန်နဝါရီလ ၇ ရက်နေ့မှစတင်၍ စစ်ကောင်စီက တယ်လီဖုန်းလိုင်း ဖြတ်တောက်ခဲ့ခြင်းကြောင့် ဒေသခံပြည်သူများ သတင်းအမှောင်ချခံနေရပြီး ရိက္ခာဝယ်ယူနိုင်မှု ပိုမိုခက်ခဲလာခြင်း။

  • မတ် (၅) - စစ်အုပ်ချုပ်ရေးဒေသဖြစ်သည့် တနင်္သာရီမြို့နယ်တွင် တစ်ပတ်အတွင်း ပြည်သူအများအပြားဖမ်းဆီးခံရပြီး တော်လှန်ရေးတွင် ပါဝင်သူများနှင့် “ဆက်သွယ်ခြင်း / အလှုငွေ မှတ်တမ်း တွေရှိခြင်းတို့ကြောင့် ဖမ်းဆီးခံရသူ အများအပြား ပါဝင်နေခဲ့ခြင်း။

  • မတ် (၇) - ခင်ဦးဒေသခံပျောက်ကျားတပ်ဖွဲ့ (Khin U Local Guerrilla Force) Facebook စာမျက်နှာမှ မျှဝေသည့် အကြောင်းအရာများကို ပြန်လည်မျှဝေသည်ဟုဆိုကာ လက်လီအရောင်းဆိုင် အလုပ်လုပ်ကိုင်နေသည့် မဇင်မို့မို့ဖြူ အားစစ်ကောင်စီမှ ဖမ်းဆီးခဲ့ခြင်း။

  • မတ် (၉) - စစ်ကောင်စီက ဖေ့ဘုတ်ပေါ်တွင် ၎င်းတို့နှင့် ဆန့်ကျင်သည့် အကြောင်းအရာများ မျှဝေသည်ဆိုသော စွတ်စွဲချက်ဖြင့် ပဲခူးတိုင်း​၊ ပြည်မြို့ရှိ အမျိုးသမီး တစ်ဦးနှင့် ဧရာဝတီတိုင်း ပုသိမ်မြို့ရှိ အမျိုးသမီးတစ်ဦးတို့အား ဖမ်းဆီးထိန်းသိမ်းခဲ့ကြောင်း Chindwin News Agency သတင်းတွင် ဖော်ပြထားခြင်း။

  • မတ် (၁၂) - အကြမ်းဖက်စစ်ကောင်စီ ထိန်းချုပ်ခံ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း ညွှန်ကြားရေးမှုးချုပ် မျိုးဆွေအား မက္ကဆီကိုနိုင်ငံတွင် မတ်လ ၁၁ မှ ၁၆ အထိ ကျင်းပမည့် ICANN ၏ ၇၆ ကြိမ်မြောက် ICANN ညီလာခံ တက်ရောက်ရန် ဖိတ်ကြားခြင်းခံရခြင်း၊ စစ်ကောင်စီ၏ လိုက်လံဖမ်းဆီးမှုကြောင့် ထွက်ပြေးတိမ်းရှောင်နေရသည့် နိရဉ္စရာသတင်းဌာနအယ်ဒီတာချုပ်အား ဆယ်သွယ်ရေးဥပဒေဖြင့် ထပ်မံအမှုဖွင့်ခဲ့ခြင်း။

  • မတ် (၁၃) - ဖုန်း ဆင်းကတ်များ ပြန်လည်မှတ်ပုံမတင်လျှင် ရက် (၃၀) အတွင်း ပိတ်သိမ်းမည်ဟု စစ်ကောင်စီ လက်အောက်ခံ ဆက်သွယ်ရေး ညွန်ကြားမှုဦးစီးဌာနက မတ်လ (၁၃) ရက်နေ့ညပိုင်းက ထုတ်ပြခြင်း။

  • မတ် (၁၅) - စစ်ဆင်ရေး လုပ်ဆောင်နေသည့်​ နေရာများတွင် ဖုန်းလိုင်းများ ဖြတ်တောက်ရန် စစ်ကောင်စီ လော်ဘီအကောင့်မှ လှုံ့ဆော်ခြင်း။

  • မတ် (၁၇) - FOEIM ကျောင်းသားစာရင်း ပေါက်ကြားမှု၏ နောက်ဆက်တွဲ သက်ရောက်မှုအနေဖြင့် ကျောင်းသားမိဘ (၄) ဦး ဖမ်းဆီခံရခဲ့ခြင်း။

  • မတ် (၂၁) - စစ်ကောင်စီကို အစိုးရနဲ့ပုဂ္ဂလိကကုမ္ပဏီတွေက ထောက်လှမ်းရေးနည်းပညာ ရောင်းချတာ၊ ဝန်ဆောင်မှုပေးတာ၊ လွှဲပြောင်းတာနဲ့ တင်ပို့တာတွေကို ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီက တားမြစ်ရမယ်လို့ မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂအထူးကိုယ်စားလှယ် တွမ် အင်ဒရူး (Tom Andrews) က ပြောကြားခဲ့ခြင်း။


February2023

  • ဖေဖော်ဝါရီ (၁) -ဖမ်းဆီးခံရသူများ၏ မိုဘိုင်းဖုန်းများအား ဝင်ရောက်စစ်ဆေးပြီးနောက် ရရှိလာသည့် လိင်အသားပေးဓာတ်ပုံများအား စစ်လော်ဘီ အကောင့်များမှ ဖြန့်ဝေ မှုများပြုလုပ်ခဲ့ခြင်း၊NUG ရဲ့ အမြင့်ဆုံးတာဝန်ရှိသူ ယာယီသမ္မတကြီး ဒူးဝါလရှီးလ၏ Facebook page hack ခံခဲ့ရခြင်း။

  • ဖေဖော်ဝါရီ (၃) - စစ်အာဏာသိမ်း (၂) နှစ်တာ ကာလအတွင်း လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်ချိုးဖောက်မှုများအား အချိန်မှတ်တမ်းတစ်ခု အား FEM အဖွဲ့မှ ထုတ်ပြန်ခဲ့ခြင်း၊စစ်ကိုင်းတိုင်း၊ ဟုမ္မလင်း မြို့နယ် တွင် စစ်ရဟတ်ယာဉ်တစ်စီး ပစ်ချခံရသည်ဟု သတင်းများ ထွက်ပေါ်ပြီးနောက် ဟုမ္မလင်းမြို့နယ် ရွှေပြည်အေးမြို့သစ်ဘက်တွင် ဖုန်းလိုင်းများ ပြတ်တောက်နေခဲ့ခြင်း။

  • ဖေဖော်ဝါရီ (၆) - အမျိုးသား ညီညွတ်ရေး အစိုးရ (NUG)က ၎င်းတို့ စိုးမိုးထားသော နယ်မြေတချို့တွင် အင်တာနက်ရအောင် ဆောင်ရွက် ထားနိုင်ပြီဖြစ်ကြောင်း ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် နည်းပညာဝန်ကြီးဌာန ဝန်ကြီး ဦးထင်လင်းအောင်မှ Global Town Hall အစီအစဉ်တွင် ထည့်သွင်းပြောသွားခဲ့ခြင်း။

  • ဖေဖော်ဝါရီ (၇) - မရမ်းကုန်းမြို့နယ်ရှိ MPT Exchange ရုံးမီးလောင်မှု ဖြစ်ပွားပြီး MPT ဖုန်းလိုင်းများနှင့် ဖိုက်ဘာ အင်တာနက် လိုင်းများ မနက် (၁၀) နာရီ ဝန်းကျင်မှ ညနေပိုင်းအထိ သုံးစွဲရ အခက်အခဲများ ဖြစ်ပေါ်ခဲ့ခြင်း။

  • ဖေဖော်ဝါရီ (၁၃) - အီလက်ထရောနစ် မဲပေးစနစ်အား စစ်ကောင်စီ စမ်းသပ်ခြင်းလုပ်ဆောင်ခြင်းများ ပြုလုပ်ခဲ့။

  • ဖေဖော်ဝါရီ (၂၁) - FOEIM ကျောင်းသား ၃၀၀ ကျော်စာရင်းများပေါက်ကြားမှု ငွေညှစ်ခြိမ်းခြောက်မှုများ အပါအဝင် နောက်ဆက်တွဲ ပြဿနာများမိဘများရင်ဆိုင်နေရခြင်း။

  • ဖေဖော်ဝါရီ (၂၅) - လေဆိပ်သို့ ပို့ထားသည့် စီဒီအမ် နှစ်သိန်းကျော်နာမည်စာရင်း The Fifth Column ရရှိထား ယင်း ချန်နယ်မှတဆင့် အမည်စာရင်းတွင် ပါဝင်ခြင်း ရှိမရှိ မေးမြန်းနိုင်ကြောင်း ကြေငြာခဲ့ခြင်း။


January 2023

  • ဇန်နဝါရီ (၁) - တောင်ကြီးမြို့‌မှ "Aye Aye Soe” ဖေ့ဘွတ်ခ် အကောင့်ပိုင်ရှင် မအေးသွယ်(ခ) မအေးအေးစိုး အပါအဝင် ဖေ့ဘွတ်ခ် သုံးစွဲသူ ၅ ဦးကို အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေ၊ အီလက်ထရောနစ် ဆက်သွယ်ရေး ဥပဒေ ပုဒ်မတွေနဲ့ အရေးယူခံထားရခဲ့ခြင်း။မော်လမြိုင်မှာ တော်လှန်ရေးလုပ်သူရဲ့ လူမှုကွန်ရက်မှာ မှတ်ချက်ပေးရုံနဲ့ ဖမ်းဆီးတာတွေရှိလာခဲ့ခြင်း။

  • ဇန်နဝါရီ (၂) - အွန်လိုင်း Token ရယူမှု စနစ် အဆင့်မြှင့်တင်ရန် ဟူသော အကြောင်းပြချက်ဖြင့် မြန်မာတစ်နိုင်ငံလုံးရှိ Passport ထုတ်ပေးရေး ရုံးများ ပိတ်ထားခဲ့ခြင်း။

  • ဇန်နဝါရီ (၄) -ကချင်(ဖားကန့်)နဲ့ စစ်ကိုင်း ( မြင်းမူ ၊ ဆားလင်းကြီး ၊ အရာတော် ၊ ယင်းမာပင် ၊ မင်းကင်း ၊ကန့်ဘလူ၊ကသာ၊ ကောလင်း၊ ဘုတလင်၊ ရေဦး၊ ဒီပဲယင်း၊ ခင်ဦး၊ အင်းတော်၊ ကျွန်းလှ) မြို့နယ်တချို့မှာ Atom/Mytel Sim Card များဖြင့် အင်တာနက်လိုင်းပြန်ရခဲ့ခြင်း။

  • ဇန်နဝါရီ (၅) - BBC နှင့် Mizzima Facebook Page စာမျက်နှာအောက်ရှိ ဒေသခံများ၏ Comment များအရ မိုဘိုင်းအင်တာနက် လိုင်းများ ဇန်နဝါရီ (၅) ရက်နေ့တွင် ပြန်ပိတ်သွားခဲ့ခြင်း။

  • ဇန်နဝါရီ (၇) - စစ်ကောင်စီက မတူပီတစ်မြို့လုံးရှိ တယ်လီဖုန်းလိုင်း ဖြတ်တောက်ခဲ့ခြင်းကြောင့် ဒေသခံပြည်သူများ သတင်းအမှောင်ချ ခံထားရသည်။

  • ဇန်နဝါရီ (၁၀) - နေပြည်တော် ၊ ရန်ကုန် ၊ မန္တလေးတို့ တွင် ယခုရက်ပိုင်းအတွင်း အင်တာနက်၊ ဝိုင်ဖိုင် လိုင်းများနှေးသည့်အပြင် VPN ချိတ်ဆက်မှုတွင်လည်း အခက်အခဲများဖြစ်ပေါ်ခဲ့ခြင်

  • ဇန်နဝါရီ (၁၅) - NASDAQ စာရင်းဝင် Israeli အခြေစိုက် Cognyte Software လုပ်ငန်းအနေဖြင့် (Myanmar Posts and Telecommunications (MPT) ထံသို့ နိုင်ငံတကာဥပဒေနှင့် Israeli တို့ကို ချိုးဖောက်မှုဖြစ်ဖွယ်ရှိသည့် ကြားဖြတ်စောင့်ကြည့်မှုဆိုင်ရာ ပစ္စည်းများကို ၂၀၂၀ ဒီဇင်ဘာလ ရောင်းချခဲ့ကြောင်းကို Justific For Myanmar အဖွဲ့အနေဖြင့် ၂၀၂၃ ခုနှစ် ဇန်နဝါရီ (၂) ရက်နေ့ နေ့စွဲဖြင့် ပေါက်ကြားလာခဲ့သည့် အချက်အလက်များပေါ် အခြေခံပြီး ယခုလ ဇန်နဝါရီလ (၁၅) ရက်နေ့တွင် သတင်းထုတ်ပြန်ခဲ့ခြင်း။ စစ်ကောင်စီ၏ လျှို့ဝှက်အစည်းအဝေး မှတ်တမ်းတစ်ခု ပေါက်ကြားလာခဲ့ပြီး ယင်းအစည်းအဝေးမှတ်တမ်းပါ အချက်အလက်များအရ စစ်ကောင်စီ အနေဖြင့် Facebook, PDF Game နှင့် Application Link များအား Operator များမှ တဆင့် ပိတ်ပင်ခြင်း၊စစ်ကောင်စီ လက်အောက်ခံ ပို့ဆောက်ဆက် ဝန်ကြီး ဋ္ဌာနအနေဖြင့် Google, Facebook တို့ထံ ကန့်ကွက်စာများ ပေးပို့ခြင်း တို့ကို ဆောင်ရွက်ခဲ့သည့်အပြင် ၊ဆက်လက်လုပ်ဆောင်မည့်ကိစ္စရပ်များထဲတွင် SMS များမှ တဆင့် စစ်ကောင်စီလက်အောက်ခံ ပြည်ထဲရေး ဝန်ကြီးဋ္ဌာန၏ ကြေငြာချက်များကို ပေးပို့ခြင်း၊ လူဦးရေ စာရင်း ကောက်ယူစဉ် တော်လှန်ရေး သမားများကို စုံစမ်းဖော်ထုတ်ခြင်း၊ လူမှုကွန်ယက်များအား HACKING လုပ်တိုက်ခိုက်မှုများပြုလုပ်ခြင်း တို့ ပြုလုပ်လာနိုင်ကြောင်းတွေ့ရှိခဲ့ခြင်း။

  • ဇန်နဝါရီ (၁၉) - ကိုဂျင်မီ အသုံးပြုခဲ့သည့် Viber နှင့် Signal Account များ မီစိမ်းနေသည်ဟု မိတ်ဆွေများထံမှ ပြန်လည်ကြားသိရကြောင်း မနီလာသိန်း၏ FB Account တွင် ဖော်ပြခဲ့ခြင်း။

  • ဇန်နဝါရီ (၂၄) - တပ်ကြပ်ကြီး ဖိုးစည်၊ ဘညွှန့်၊ ဟန်ငြိမ်းဦး စသည့် စစ်ကောင်စီ လော်ဘီ Telegram Channel များ ကျသွားသဖြင့် အသစ်ပြန်လည် ဖွင့်လှစ်အသုံးပြုခဲ့ခြင်း။

  • ဇန်နဝါရီ (၃၀) - စ်ကောင်စီအနေဖြင့် SMS မှ တဆင့် "အကြမ်းဖက်မှုနှင့်ဆိုင် သော Post ၊ Share ၊ Like ၊ Comment တင် ခြင်းများသည် ဥပဒေအရ အရေးယူခံရနိုင်ကြောင်း CCCT (အကြမ်းဖက်မှု တိုက်ဖျက်ရေး ဗဟို ကော်မတီ) မှ အသိပေး အပ်ပါသည်"၊ "အကြမ်းဖက်အဖွဲ့အစည်းများအား ထောက်ပံ့ခြင်းသည် ဥပဒေအရအရေးယူခံရနိုင်သည်" ဆိုသည့် စာတိုများ ပေးပို့ပြီး Social Media သုံးစွဲသူများကို ခြိမ်းခြောက်နေ။ ရန်ကုန်မြို့ရှိ Wifi/Internet လိုင်း အတော်များများ ညဦးပိုင်းမှ စတင်ပြီး လိုင်းများ ကျဆင်းကာ အသုံးပြုရ အခက်အခဲများ ဖြစ်ပေါ်ခဲ့ခြင်းများ ဖြစ်ပေါ်ခဲ့ပါသည်။


December 2022

  • ဒီဇင်ဘာ (၈) - ERO၊ PDF တွေကို နည်းပညာထောက်ပံ့မည့် NDAA ကို US အောက်လွှတ်တော် အတည်ပြု။

  • ဒီဇင်ဘာ (၁၀) - ကရင်နီ၊ စစ်ကိုင်း၊ မကွေးမှတ်ပုံတင်သမားတွေ နယ်စပ်မြို့တွေထဲ ဝင်ခွင့်မရ။

  • ဒီဇင်ဘာ (၂၉) - ကလေး-သိုင်းငင်း-တီးတိန်လမ်းကို အရေးပေါ်ပိတ်။

  • ဒီဇင်ဘာ (၃၀) - မန္တလေးမြို့မှာ CDM အထူးကုဆရာဝန်ကြီး ၁ဦး အဖမ်းခံရပြှီး ပုဂ္ဂလိကဆေးရုံ ၅ခု အပိတ်ခံရ။


November 2022

  • နိုဝင်ဘာ (၁) - စစ်ကောင်စီ လက်အောက်ခံ ပို့/ဆောက်/ဆက် ဝန်ကြီးဋ္ဌာနမှ SIM Registration Management System တည်ဆောက်ရေးအတွက် တင်ဒါခေါ်ယူခဲ့ခြင်း။

  • နိုဝင်ဘာ (၃) - အချက်အလက် မမှန်သည့် Sim Cardများ ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၃၁ရက်နေ့ နောက်ဆုံးထားပြီး ပြန်လည်ပြင်ဆင်ကြရန် စစ်ကောင်စီလက်အောက်ခံ ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်ခဲ့ခြင်း၊ သတင်းသမားများကို သတ်ဖြတ်ပြီး အရေးယူမခံရသည့် စာရင်း Global Impunity Index တွင် ပထမဆုံးအကြိမ်အဖြစ် မြန်မာပါဝင်လာခြင်း၊ ) ဖုန်းအင်တာနက်လိုင်းများ ဖြတ်တောက်ခံထားရသည့် ဖားကန့်မြို့နယ်တွင် စစ်ကောင်စီက Mytel Wifi များ တပ်ဆင်နေခဲ့ခြင်း။

  • နိုဝင်ဘာ (၄) - ဝက်လက်မြို့နယ် နေရာတချို့တွင် Telenor လိုင်းများ ဖြတ်တောက်ထားခံရခြင်း၊ ဒီပဲယင်းမြို့နယ် နေရာတချို့တွင် Ooredoo လိုင်းများ ဖြတ်တောက်ထားခံရခြင်း။

  • နိုဝင်ဘာ (၉) - ရွှေကူမြို့တွင် MPT ဖုန်းလိုင်းဖြတ်တောက်ထားပြီး စစ်ကောင်စီစစ်ကြောင်း လှုပ်ရှားမှုရှိခဲ့ခြင်း။

  • နိုဝင်ဘာ (၁၃) - ကလေးတောင်ပိုင်းတွင် ည (၇) နာရီ (၄၅) မိနစ်ဝန်းကျင်မှစတင်ကာ Ooredoo ဖုန်းလိုင်းများ ပြတ်တောက်နေခဲ့ခြင်း။

  • နိုဝင်ဘာ (၁၄) - သနပ်ပင်မြို့ရှိ စစ်ဆေးရေးဂိတ်တွင် ဝိုင်ဖိုင်စက်အသုံးပြုပြီး ခရီးသွားများ ၏ ဖုန်းကိုစစ်ကာ စစ်တပ်က ခြိမ်းခြောက် ငွေညှစ်နေခဲ့ခြင်း။

  • နိုဝင်ဘာ (၁၉) - ယင်းမာပင်နယ် ဆင်တဲ၊ ပုပ္ပါး၊ရွာနောင် စသည့် နေရာများတွင် စစ်ကောင်စီက ရဟတ်ယာဉ်ဖြင့် စစ်အင်အား ဖြည့်တင်းစဉ်ကာလအတွင်း ဖုန်းလိုင်းအချို့ ပြတ်တောက်မှု ဖြစ်ဖော်ခဲ့ခြင်း။

  • နိုဝင်ဘာ (၂၀) - UNHCR ကဒ် လျောက်ထားခြင်းဆိုင်ရာ Facebook Page အတုထွက်ပေါ်ခဲ့ခြင်း၊ ရန်ကုန်မြို့ပြပြောက်ကျားအဖွဲ့ Yangon UG Association အဖွဲ့ဦးဆောင်သူများ၏အမည်ကို အသုံးပြုပြီး Thar Min Account ဖြင့် Facebook အသုံးပြုသူက YUA mission များကိုပြကာ Mission အသစ်များအတွက် ငွေကြေးလိမ်လည် ကောက်ခံမှုများပြုလုပ်ခဲ့ခြင်း။

  • နိုဝင်ဘာ (၂၃) - Interim Basic Education School (Thingangyun) တွင် တက်ရောက်နေသည့် ကျောင်းသူ ကျောင်းသားများ စာရင်းအချို့နှင့် Zoom Screen Shoot များ စစ်ကောင်စီ လော်ဘီ Account များတွင် ပျံ့နှံ့လာခြင်း။

  • နိုဝင်ဘာ (၂၄) - ကလေးတောင်ပိုင်းတွင် Ooredoo ဖုန်းလိုင်းများဖြတ်တောက်ခံထားရခြင်း။

  • နိုဝင်ဘာ (၂၅) - ပဲခူးတိုင်း၊ ကဝမြို့နယ်၊ ခမွန်ခံကြီးကျေးရွာတွင် နေထိုင်သူ အမျိုးသမီးငယ်တစ်ဦးအား Tik Tok တွင် မင်းအောင်လှိုင်အား လှောင်ပြောင်သည့် Video တင်သဖြင့်ဟု ဆိုကာ စစ်ကောင်စီတပ်များမှ ဖမ်းဆီးသွားခြင်း။

  • နိုဝင်ဘာ (၂၅) - ထီးလင်းနယ်မြောက်ပိုင်းမှာ mpt ဆက်သွယ်ရေးဖုန်းလိုင်းများပြတ်တောက်နေခဲ့ခြင်းတို့ ဖြစ်ခဲ့သည်။


October 2022

  • အောက်တိုဘာ (၁) - ချင်းပြည်နယ် တီးတိန်၊ ဖလမ်းမြိုနယ်နဲ့ စစ်ကိုင်းတိုင်းဒေသကြီး ကလေး၊ မော်လိုက်၊ ဟုမ္မလင်းမြိုနယ်တွင် စစ်ကောင်စီက ဖုန်းလိုင်းဖြတ်တောက်ခံခဲ့ရ။

  • အောက်တိုဘာ (၄) - ကချင်ပြည်နယ်၊ဗန်းမောက်မြိုနယ်တွင်အင်တာနက်လိုင်းသာမကဖုန်းလိုက်များပါဖြတ်တောက်ထားခဲ့ခြင်း။

  • အောက်တိုဘာ (၆) - ရန်ကုန်တိုင်း၊ တောင်ဒဂုံတွင် ဂျပန်နိုင်ငံသား မှတ်တမ်း ရုပ်ရှင်ရိုက်ကူးသူ Toru Kubota ကို စစ်အာဏာရှင် ဆန့် ကျင်ရေး ဆန္ဒပြသူများနှင့်အတူ ဇူလိုင်လ ၃၀ ရက်နေ့တွင် ဖမ်းဆီးပြီးနောက် အီလက်ထရောနစ်ဆက်သွယ်ရေးဥပဒေ အပါအဝင် ပုဒ်မများဖြင့် အောက်တိုဘာလ ၅ ရက်နေ့တွင် ထောင်ဒဏ် ၁၀ နှစ်ချမှတ်။

  • အောက်တိုဘာ (၇) - စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းတွင် နေ့လည် (၁) နာရီ ခန့်မှ စတင်ပြီး ဖုန်းလိုင်းများ ပြန်လည် ဖြတ်တောက်ခဲ့ခြင်း။

  • အောက်တိုဘာ (၉) - ချင်းပြည်နယ် မတူပီမြိုနှင့် ပလက်၀မြိုတွင် ဖုန်းလိုင်းများ ပြတ်တောက်ခဲ့ခြင်း (ချင်းပြည်နယ်သည် မြိုနယ် (၉) မြိုနယ် ရှိသည့်အနက် ဟားခါးမှ အပ ကျန် (၈) မြိုနယ်မှာ အင်တာနက်လိုင်းများ ဖြတ်တောက်ခံထားရသည်။ )

  • အောက်တိုဘာ (၉) - စစ်ကိုင်းတိုင်:၊ ဗန်းမောက်မြို့ပေါ်တွင် ဖုန်းလိုင်းများအားလုံး ဖြတ်တောက်ခံထားရပြီး မြို့တစ်ခုလုံးကို စစ်တပ်က လုံခြုံရေး အများအပြားဖြင့် ပိတ်ဆို့ထားကြောင်း သိရှိရသည်။

  • အောက်တိုဘာ (၁၀) - ကချင်ပြည်နယ် ချီဖွေဒေသတွင် MPT ဖုန်းလိုင်းများဖြတ်တောက်ခံထားရခြင်း။

  • အောက်တိုဘာ (၁၈) - Freedom House ၏ ၂၀၂၂ ခုနှစ် Freedom on net Report နှင့် FEM ၏ Freedom of The Net Net Myanmar Report ပါဖော်ပြချက်များအရ မြန်မာနိုင်ငံ၏ အင်တာနက်လွတ်လပ်ခွင့်အား သုံးသပ်ရာတွင် ပေးမှတ် (၁၀၀) အနက် ရမှတ် (၁၂) မှတ်သာ ရရှိသည့် အင်တာနက်လွတ်လပ်ခွင့် ဆိတ်သုန်းနေသည့် နိုင်ငံတစ်ခုအဖြစ်ပါဝင်နေခြင်း။

  • အောက်တိုဘာ (၂၇) - စစ်ကိုင်းတိုင်းဒေသကြီး ပုလဲမြိုနယ်တွင် မနက်ပိုင်းမှ စတင်ပြီး ဖုန်းလိုင်းများ ဖြတ်တောက်ခံထားရခြင်း။


September 2022

  • စက်တင်ဘာ (၅) - မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံထားသော ကာတာဆက်သွယ်ရေးကုမ္ပဏီ Ooredoo (ORDS.QA) က ဆက်သွယ်ရေးလုပ်ငန်းများကို မြန်မာစီးပွား ရေးသမား ဦးမျိုးမြင့်အုန်းပိုင် စင်ကာပူ The One Matrix Ventures (TOMV) ကုမ္ပဏီထံ သို့ ရောင်းချရန် စီစဉ်။

  • စက်တင်ဘာ (၈) - မြန်မာနိုင်ငံရှိ Ooredoo ဆက်သွယ်ရေးလုပ်ငန်းကို စင်ကာပူ Nine Communication ကုမ္ပဏီ ထံသို့ ရောင်းချရန် စာချုပ်ချုပ်ဆိုလိုက်ပြီး ရောင်းချမည့် ဆက်သွယ်ရေး လုပ်ငန်းတန်ဖိုးသည် အမေရိကန်ဒေါ်လာ ၅၇၆ သန်း ရှိကြောင်း Ooredoo ကုမ္ပဏီက တရားဝင် သတင်း ထုတ်ပြန် ကြေညာသည်။

  • စက်တင်ဘာ (၂၂) - စကစက လက်ကိုင်မိုဘိုင်းဖုန်းများကို စစ်ဆေးပြီး PDF Game Application ပါလျှင် အရေးယူရန် ကြော်ငြာ၊ အခကြေးငွေယူကြောငြာပေးသော လုပ်ငန်းရှင်များပါ အရေးယူရန် စကစ ညွှန်ကြား။

  • စက်တင်ဘာ (၂၃) - NUG နှင့် နွေဦးတော်လှန်ရေးအတွက် လက်မှတ်ဝယ်ခြင်း၊ လှူဒါန်းမှု ပေးသော Wave နှင့် K-pay အကောင့်ရာပေါင်းများစွာကို စစ်ကောင်စီက ပိတ်ပင်ပြီး လိုက်လံ ဖမ်း ဆီး။

  • စက်တင်ဘာ (၂၇) - မော်ဒယ်သရုပ်ဆောင် နန်းမွေ့စံတို့ကို အီလက်ထရောနစ် ဆက်သွယ် ဆောင် ရွက်ရေး ဥပဒေပုဒ်မ ၃၃ (က) ဖြင့် စစ်ခုံရုံးက ထောင်ဒဏ် ၆ နှစ်ချမှတ်။


August 2022

  • ဩဂုတ် (၃) - အင်းတော်မြိုမှာ အင်တာနက်အပြင် ဖုန်းလိုင်းပါ ဖြတ်တောက်ခံရ။

  • ဩဂုတ် (၅) - နန်းမွေစံနှင့် သဉ္ဇာဝင့်ကျော် တိုအား အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေး ဥပဒေ ပုဒ်မ ၃၃ (က) ဖြင့် အမှုဖွင့်ဖမ်းစီးခဲ့။

  • ဩဂုတ် (၈) - စစ်ကိုင်းတိုင်း၊ အရာတော်မြိုတွင်(သြဂုတ်၈ရက်)မှစတင်ကာ အက်တမ်ဖုန်းလိုင်း ပြတ်တောက်မှု ဖြစ်ပေါ်နေခြင်းဖြစ်ပြီး MPTဖုန်းလိုင်းလည်း ရံဖန်ရံခါ အဝင်မရခြင်းများ ဖြစ်ပေါ်ခဲ့။

  • ဩဂုတ် (၁၀) - SE-ME-WE 5 ထိခိုက်မှုကြောင့်ဟုဆိုကာ ဩဂုတ်လ (၁၀) ရက် ည (၁၁) နာရီ ဝန်းကျင်မှ စတင်ပြီး ဩဂုတ်လ (၁၁) ရက်နေ့ ညနေပိုင်းအထိ အင်တာနက် လိုင်းများ နှေးကွေးပျက်တောက်မှုများ မြန်မာနိုင်ငံတစ်ဝှမ်းလုံးတွင် ဖြစ်ပေါ်ခဲ့။

  • ဩဂုတ် (၁၅) - မိုဘိုင်း ငွေသွင်းထုတ် လုပ်သူများအားသိရှိနိုင်ရန် မိုဘိုင်းငွေကြေးဝန်ဆောင်မှု ကိုယ်စားလှယ်များအနေနှင့် လျှိဝှက်ဓာတ်ပုံရိုက်ထားရန် / ဆိုင်အတွင်း CCTV များတပ်ဆင်ထားရန် စသည့်အချက်အလက်များပါဝင်သည့် ဗဟိုဘဏ်၏ညွှန်ကြားစာ ပေါက်ကြားခဲ့။

  • ဩဂုတ် (၁၇) - ဖေ့ဘွတ်ခ် အစားထိုး လူမှုကွန်ရက် ပလက်ဖောင်းတစ်ခုကို ဖန်တီးနေကြောင်း စစ်ကောင်စီ သတင်းစာ ရှင်းလင်းပွဲတွင် ပြောဆိုခဲ့။

  • ဩဂုတ် (၂၁) - မြိုင်မြိုနယ်တောင်ပိုင်းတွင် ဖုန်းလိုင်းများ ဖြတ်တောက်ခံထားရ။

  • ဩဂုတ် (၂၈) - ရန်ကုန်တိုင်းအတွင်း ဓာတ်တိုင်းများတွင် ချည်နှောင်ချိတ်ဆက်ထားတော့ အင်တာနက်ကြိုးလိုင်းများအား စည်ပင်နှင့် လျှပ်စစ်မှ ဖြတ်တောက် ဖယ်ရှားမှုများ လုပ်ဆောင်ခြင်းကြောင့် အင်းစိန် လှိုင်သာယာ မြိုနယ်များ အပါအဝင် မြိုနယ်အချိုတွင် အင်တာနက်ဖြတ်တောက်။

  • ဩဂုတ် (30) - မောင်းတောမြောက်ပိုင်းတွင် ဖုန်းလိုင်းများ ပြတ်တောက် (ယခုလသည် ဖားကန့်အား အင်တာနက်ဖြတ်တောက်ထားသည့် တစ်နှစ်ပြည့်ကာလလဲဖြစ်သည်။)


July 2022

  • ဇူလှိုင် (၆) - စစ်ကောင်စီ၏ ဝါဒဖြန့်မီဒီယာ MRTV ၏ တိုက်ရိုက်ထုတ်လွင့်မှု များအတွက် အသုံးပြုနေသည့် Dacast Company ထုတ် Software အသုံးပြုမှုအား ဆက်လက်အသုံးပြုခွင့်ကို Dacast က ပိတ်ပင်ခဲ့ခြင်း။

  • ဇူလှိုင် (၁၁) - အာဏာသိမ်းစစ်ကောင်စီအနေဖြင့် မြန်မာနိုင်ငံတစ်ဝှမ်းလုံးရှိ မြိုကြီးများတွင် Facial Recognition ပါရှိသည့် တရုတ်နိုင်ငံထုတ်ကင်မရာများ တက်ဆင်ရန် ဆောင်ရွက်ခဲ့ခြင်း။

  • ဇူလှိုင် (၁၃) - Federal School အဖြစ်ဖွင့်လှစ်ထားသည့် KFU ကျောင်းအုပ် ဖမ်းဆီးခံရသည်ဟု ယမန် နံနက်ပိုင်းတွင် သတင်းများ ထွက်ပေါ်ပြီးနောက် ဆရာ/ဆရာမ (၂၀) ဦးထက်မနည်း ဆက်လက်ဖမ်းစီးခံရမှုများ ဖြစ်ပေါ်ခဲ့ခြင်း။

  • ဇူလှိုင် (၁၄) - Social Media တွင် ပြောဆိုရေးသားမှုများကိုပါ အရေးယူနေကြောင့် MRTV သတင်းတွင်ပါ ထည့်သွင်းဖော်ပြခြင်း။

  • ဇူလှိုင် (၁၉) - အင်တာနက် (၁၀) လ နီးပါး ဖြတ်တောက်ခံထားရသည့် ယောဒေသတွင် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေပြီး ဖုန်းလိုင်းများပါ ဖြတ်တောက်ပစ်ခဲ့ခြင်း။

  • ဇူလှိုင် (၂၀) - မြန်မာနိုင်ငံတွင် တတိယသုံးစွဲသူအများဆုံး Ooredoo ဆက်သွယ်ရေးကုမ္ပဏီ မြန်မာနိုင်ငံမှ ထွက်ခွာခဲ့ခြင်း၊ Kaung For You တွင် ကျောင်းတက်ခဲ့သည့် ပြည်မြိုမှ အသက်မပြည့်သေးသည့် (၇) တန်း ကျောင်းသား ငါးဦး ဖမ်းဆီးခံခဲ့ရခြင်း၊ US ၏ Video Platform တစ်ခုဖြစ်သည့် Vimeo က MRTV ၏ တိုက်တိုက်ထုတ်လွှင့်မှု အစီအစဉ်များကို ဖြုတ်ချခဲ့ခြင်း။

  • ဇူလှိုင် (၂၅) - ကိုဂျင်မီ၊ ကိုဇေယျာသော်၊ ကိုလှမျိုးအောင်၊ ကိုအောင်သူရဇော်တိုကို စစ်ကောင်စီက ကြိုးမိန့်ပေးသည့် သတင်းများ ထွက်ပေါ်ပြီး ညနေပိုင်းတွင် စစ်ကောင်စီတက်ဖွဲဝင်များက ပြည်သူများ၏ လက်ကိုင်ဖုန်းများကို စစ်ဆေးပြီး ပရိုဖိုင်အနက် ပြောင်းသူများကို ဖမ်းဆီးမှုများရှိခဲ့ပါသည်။


June 2022

  • ဇွန် (၃) - Telenor Myanmar အား Atom Myanmar အဖြစ် အမည်ပြောင်းလဲခဲ့ခြင်း။

  • ဇွန် (၇) - စ်ကောင်စီရဲ့ အင်တာနက်ထိန်းချုပ်မှုအပေါ် အရေးယူဖို ကုလသမဂ္ဂအရာရှိတွေတိုက်တွန်းခဲ့ခြင်း။

  • ဇွန် (၁၀) - စစ်ကောင်စီ ထိန်းချုပ်ခံ ဗဟိုဘဏ်အနေဖြင့် NUG ၏ Digital ငွေကြေးဆိုင်ရာ သုံးစွဲမှုကို အတားအဆီးဖြစ်စေရန် ရည်ရွယ်ဟန်ရှိသည့် ကြေငြာချက်တစ်စောင်ထုတ်ပြန်။ ယင်းထုတ်ပြန်ချက်တွင် ၎င်းတို ခွင့်ပြုထားသည့် Mobile Pay နှင့် Mobile Wallet များသုံးစွဲခြင်းအား အရေးယူခံရနိုင်ကြောင်းပါရှိ။

  • ဇွန် (၁၈) - မိုင်တဲလ် ဆက်သွယ်ရေးလုပ်ငန်းမှ တဆင့် စစ်ခေါင်းဆောင်များ အဂတိ လိုက်စားမှုများရှိနေကြောင်းကို Justice for Myanmar အဖွဲကထုတ်ပြန်ခဲ့ခြင်း။

  • ဇွန် (၁၉) - NUG က ဒစ်ဂျစ်တယ်မြန်မာကျပ်-DMMKကိုစတင်မိတ်ဆက်၊ NUGPay သုံးစွဲနိုင်မည့်ရက်ကို မကြာမိ ကြေငြာခြင်း။

  • ဇွန် (၂၀) - Kaung For You Federal Private Schoolအယောင်ဆောင်၍ မိဘပြည်သူများထံ အလှူငွေလိမ်လည်တောင်းယူခဲ့သော ဖြစ်စဥ်တစ်ခုဖြစ်ပေါ်ခဲ့ကြောင်း Kaung For You ၏ Facebook စာမျက်နှာတွင်ဖော်ပြခဲ့ခြင်း။

  • ဇွန် (၂၆) - DMMK နှင့် တွဲဖက်အသုံးပြုနိုင်သည့် NUGpay အားစတင်သုံးစွဲနိုင်ပြီဖြစ်ကြောင်း NUG မှကြေငြာခြင်း။


May 2022

  • မေ (၇) - ဒါရိုက်တာ မောင်သီအပါအဝင် လူ၄ဦးကိုလူမှုကွန်ရက်တွင် ရေးသားမှုများကြောင့် ဖမ်းဆီးထိမ်းသိမ်းခြင်း ထိုအပြင် လော်ဘီအကောင့်များမှ တဆင့်လှုဆော်အရေးယူမှု ပြုလုပ်ခိုင်းခြင်းများအပေါ်တွင်လည်း လိုက်လံဖမ်းဆီးမှုများစွာရှိနေ၊ စစ်တွေမြို နိရဉ္စရာသတင်းဌာနကို စစ်ကောင်စီဝင်ရောက်ရှာဖွေခြင်းပြုလုပ်ခဲ့။

  • မေ (၁၃) - စစ်ကောင်စီအနေဖြင့် IMEI နံပါတ်များဖြင့် မှတ်ပုံတင် အခွန်ဆောင်ခိုင်းပြီး မိုဘိုင်းအသုံးပြုသူများကို ထိန်းချုပ်ရန်နှင့် ဝင်ငွေရလမ်းဖော်ဆောင်ရန် ပြင်ဆင်ခြင်း။

  • မေ (၁၄) - ယာဉ်စီးကမ်းဖောက်ဖျက်မှုများအား သိရှိစေရန်ဆိုသည့် အကြောင်းပြချက်ဖြင့် သွားလာလုပ်ရှားမှုများကို သိရှိနိုင်ရန်အတွက် မိုဘိုင်း App တစ်ခု ပြုလုပ်ရန် ပြင်ဆင်ခြင်း။

  • မေ (၁၆) - ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ PDF များ၏ (Facebook) လူမှုကွန်ရက်စာမျက်နှာများကို တိုက်ခိုက်ခြင်းများဖြစ်ပေါ်။

  • မေ (၁၇) - တော်လှန်ရေးကာလ အွန်လိုင်းအခြေပြု ပညာရေးဆိုင်ရာ သင်တန်းများတွင် သင်ကြားသူများနှင့် တက်ရောက်သူများအား အသွင်ယူစုံစမ်းရန် စစ်ကောင်စီလက်ပါးစေ လော်ဘီ အကောင့်များမှ လှုဆော်ခြင်း။

  • မေ (၁၈) - ဖယ်ခုံမြိုနယ်အတွင်း ဆင်ခြေဖုန်းဒေသများတွင် လျှပ်စစ်မီးနှင့် အင်တာနက်များ ဖြတ်တောက်ခံရခြင်း။

  • မေ (၁၉) - ဆောမြိုနယ်အတွင်း ကျေးရွာများတွင် စစ်ကြောင်းဖြတ်စဉ်ကာလတွင် အင်တာနက်ဖြတ်တောက်မှုများ ပြုလုပ်ခဲ့ခြင်း။

  • မေ (၂၄) - စစ်တပ်နှင့်တိုက်ပွဲဖြစ်နေသော ကန့်ဘလူ၊ မြင်းမူ၊ ကျွန်းလှ၊ မုံရွာ၊ ခင်ဦး၊ရေဦး၊ ကောလင်း အပါအဝင် စစ်ကိုင်း မြိုနယ်များတွင် ဖုန်းလိုင်းနှင့် အင်တာနက်လိုင်းများ ဖြတ်တောက် ခြင်းများပြုလုပ်ခဲ့ပါတယ်။


April 2022

  • ဧပရယ် (၁) - တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်ရှိ တောင်ပျောက်တိုက်နယ်တွင် စစ်ကောင်စီ စစ်ကြောင်းထိုးစဉ် အင်တာနက်ဖြတ်တောက်ခဲ့ပါတယ်။

  • ဧပရယ် (၈) - လမ်းလျှောက်သင်္ကြန်ပြုလုပ်ရန်အတွက် စစ်ကောင်စီမှ ပြည်မြို့ အင်တာနက် ဝန်ဆောင်မှု ကုမ္ပဏီများထံ ငွေကြေးအဓမ္မတောင်းယူ ခဲ့ပါတယ်။

  • ဧပရယ် (၉) - NUG ၊ CRPH ၊ မီဒီယာများနှင့် စစ်တပ်ဆန့်ကျင်သူ ပုဂ္ဂိုလ်၊ အဖွဲ့အစည်းများ၏ အင်တာနက်စာမျက်နှာများ ဖြုတ်ချပေးရန် စစ်ကောင်စီက ဆက်သွယ်ရေး အော်ပရေတာနှင့် ကုမ္ပဏီများသို့ ညွှန်ကြား၊ လုပ်ဆောင်မပေးပါက အရေးယူမည်ဟု ခြိမ်းခြောက်ခဲ့ပါတယ်။

  • ဧပရယ် (၁၇) - ခန္တီးနဲ့ ဟုမ္မလင်းကို အင်တာနက်ပြန်ဖွင့်ပေး ခဲ့ပါတယ်။

  • ဧပရယ် (၁၈) - ဖားကန့်မြို့နှင့် အနီးတဝိုက် ဧပြီလ (၄) ရက်နေ့မှ စပြီး Mytel Sim Card ဖြင့် အင်တာနက် ပြန်လည်အသုံးပြုနိုင်ခဲ့ပြီး ဧပြီလ (၁၈) ရက်နေ့ညတွင် ပြန်လည်ပြတ်တောက်ပစ်ခဲ့ပါတယ်။

  • ဧပရယ် (၂၄) - တယ်လီနော ပိုင်ရှင်အသစ်က ဆင်းကတ်များအား ပြန်လည်မှတ်ပုံတင်ခိုင်းနေပြီး မှတ်ပုံမတင်သည့် ကတ်အချို့ အထွက်ခေါ်ဆိုမှု ပိတ်ပင်ခံရမှုများရှိနေ ခဲ့ပါတယ်။


March 2022

  • မတ် (၂) - စစ်ကောင်စီ၏ Wave Money မှ တဆင့် တော်လှန်ရေးဆိုင်ရာ ထောက်ပံ့မှုများကို လိုက်လံဖမ်းဆီးမှုဆိုင်ရာ များကြောင့် တော်လှန်ရေး ရန်ပုံငွေ ကောက်ခံသည့်အဖွဲ့တစ်ချို့ခေတ္တရပ်နားကြောင်းကြေငြာခဲ့ရပါတယ်။

  • မတ် (၃) - မုံရွာ၊ စစ်ကိုင်း၊ ကလေး၊ ရွှေဘို (၄) မြိုနယ်မှ အပ စစ်ကိုင်းတိုင်းအတွင်းရှိ မြိုနယ်များအားလုံးနီးပါး အင်တာနက်ဖြတ်တောက်ခံရခဲ့ပါတယ်။

  • မတ် (၉) - တယ်လီနောထိပ်တန်းအရာရှိအချို မြန်မာပြည်မှ ထွက်ခွာခွင့်မရ ကြောင်း နော်ဝေးသတင်းများတွင် ဖော်ပြခဲ့ပါတယ်။

  • မတ် (၁၂) - ဖုန်းခေါ်ဆိုမှုများနှင့်မက်ဆေ့ချ်များကို တပြိုင်နက်စောင့်ကြည့် ကြားဖြတ်နားထောင်နိုင်သော Gateway များကို ဂျာမန်ကုမ္ပဏီထံမှ တယ်လီနော ဝယ်ယူတပ်ဆင်ထားသည်ဟု Justice for Myanmar မှ ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

  • မတ် (၁၆) - ဖြတ်ကိရိယာများ မတပ်ဆင်လိုသဖြင့် တယ်လီနောမြန်မာကုမ္ပဏီကို ရောင်းချခြင်းဖြစ်ကြောင်း တယ်လီနောမှ ပြန်လည်ချေပမှုတွေရှိခဲ့ပါတယ်။

  • မတ် (၁၈) - တယ်လီနောရောင်းချမှုအတည်ပြု - စစ်တပ်ကျောထောက်နောက်ခံ ရွှေဗျိုင်းဖြူကုမ္ပဏီအနေဖြင့် အစုရှယ်ယာ (၈၀) ရာခိုင်နှုန်း ပိုင်ဆိုင်ပါတယ်။

  • မတ် (၂၄) - တယ်လီနောမြန်မာအား ဝယ်ယူခွင့်ရသည့် Investcom PTE ကုမ္ပဏီတွင် တပ်ချုပ်သမီးရှယ်ယာပါဝင်နေကြောင်းပါ။


February 2022

  • ဖေဖော်ဝါရီ (၂) - တောင်ကြီးမြို၌ စစ်ကောင်စီနှင့် PNO ပူးပေါင်းပြီး VPN အသုံးပြုခြင်း ရှိ၊ မရှိ ရှောင်တခင်စစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း MeKongNews သတင်းဋ္ဌာနမှ တင်ပြခဲ့။

  • ဖေဖော်ဝါရီ (၄) - မြန်မာစစ်တပ်၏ မိတ်ဖက်ကုမ္ပဏီ ရွှေဗျိုင်းဖြူသည် တယ်လီနော၏အဓိက ရှယ်ယာပိုင်ရှင်ဖြစ်လာနိုင်ကြောင်း သတင်းများစတင်ထွက်ပေါ်ခဲ့။

  • ဖေဖော်ဝါရီ (၅) - စဉ့်ကိုင်စျေးနှင့်မြင်းခြံ စံပြစျေးတွင် စျေးရောင်းသူ ၁၂ ဦးအပါအဝင် ပိုစ့်တင်သူ ၄၃ ဦးအား နစကမှ အရေးယူမှုများ ပြုလုပ်ခဲ့။

  • ဖေဖော်ဝါရီ (၇) - ဖုန်းအသုံးပြုသူများ၏ အသုံးပြုမှုမှတ်တမ်းနှင့် အချက်အလက်များအား စစ်တပ်မှ တောင်းယူခဲ့မှုများရှိနေပြီး တယ်လီနော အနေဖြင့် စစ်တပ်အားပေးအပ်ခဲ့ရမှုများရှိကြောင်း Myanmar Now သတင်းဋ္ဌာန၏ စုံစမ်းမှုများအရ သိရှိရ။

  • ဖေဖော်ဝါရီ (၈) - အင်တာနက် ဖြတ်တောက်ခံထားရသော မတူပီတွင် တာဝါတိုင်များ ဆီဖြည့်မလည်ပတ်နိုင်သဖြင့် ဖုန်းလိုင်းများပါ ထပ်မံပြတ်တောက်။

  • ဖေဖော်ဝါရီ (၁၂) - ရန်ကုန်မြို (၂၆) မြိုနယ်တွင် အင်တာနက်လိုင်းများ ဖြတ်တောက်မည်ဟု အတည်မပြုနိုင်သည့် သတင်းများပျံ့နှံပြီးနောက် ၇၅ နှစ်မြောက် ပြည်ထောင်စုနေ့တွင် ရန်ကုန်မြိုမြိုနယ်အတော်များများတွင် စစ်ကောင်စီက မနက် (၄) နာရီမှ ညနေ (၄) နာရီ ဝန်းကျင်အထိ စကစမှ မိုဘိုင်းဖုန်း အင်တာနက်အသုံးပြုမှုအား ဖြတ်တောက်ခဲ့ပြီး နေပြည်တော်အပါအဝင် မန္တလေးတိုင်း၊ ပဲခူးတိုင်း၊ ကရင်ပြည်နယ်၊ ရခိုင်ပြည်နယ်အပါအဝင် မြန်မာနိုင်ငံအနှံအပြားမှ မြိုကြီးများတွင် မိုဘိုင်း အင်တာနက်ဖြတ်တောက်ခံရမှုများ ကြုံတွေ့ရ။

  • ဖေဖော်ဝါရီ (၂၀) - မိုဘိုင်းဖုန်းအသုံးပြုမှုများအား 21/22/23 ရက်နေ့များတွင် ပြတ်တောက်နိုင်သည့်အတွက် စကစ ရဲတပ်စခန်းများတွင် ကြိုတင််ပြင်ဆင်ကြရန် လျှိဝှက်ညွှန်ကြားထား သည့် သတင်းများ ထွက်ပေါ်ခဲ့သော်လည်း မြိုကြီးများတွင် ပျက်တောက်မှုများ ဖြစ်ပေါ်ခဲ့။

  • ဖေဖော်ဝါရီ (၂၂) - ကရင်ပြည်နယ်၊ ကော့ကရိတ် မြိုနယ်၊ အံဖလေးရွာဒေသခံများ၏ လက်ကိုင်ဖုန်းများကို စစ်ကောင်စီတပ်ဖွဲဝင်များက သိမ်းဆည်းခဲ့ကြောင့် ဒေသသတင်းမီဒီယာ တစ်ခုဖြစ်သည့် သံလွင်ခတ်မှ ဖော်ပြခဲ့သည်။

  • ဖေဖော်ဝါရီ (၂၅) - မော်လိုက်မြိုတွင် Mpt, Ooredoo, Mytel ဖုန်းလိုင်းများဖြတ်မှု ဖြစ်ပေါ်ခဲ့ကြောင်း telegram Channel များတွင် တွေ့ရှိခဲ့ရပါသည်။


October 2021

  • အောက်တိုဘာ (၆) - UEC မှ ရွေးကောက်ပွဲ အသုံးပြုရန်ဟုဆိုကာ IT ဆက်စပ်ပစ္စည်းများ ဝယ်ယူရန်အတွက် တင်ဒါ ခေါ်ယူခဲ့။

  • အောက်တိုဘာ (၈) - မင်းတပ်နှင့် မတူပီတွင် အင်တာနက်နှင့် ဖုန်းလိုင်း ထပ်တိုးဖြတ်တောက်ခြင်းများ ပြုလုပ်ခဲ့။


September 2021

  • စက်တင်ဘာ (၅) - ထားဝယ်တွင် Telenor, Ooredoo, MBT Wifi များ ၂ နာရီကျော်ကြာ ပြတ်တောက်ခံရပြီး MPT နှင့် Mytel ဖုန်းလိုင်းများကိုတော့ ဖြတ်တောက်ခြင်း မရှိခဲ့။

  • စက်တင်ဘာ (၁၄) - စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်း တို့တွင် မြို့နယ် အချို့ တွင် အင်တာနက်လိုင်းများ ဖြတ်တောက်ခံရပြီး အချို့မြို့နယ်များတွင် ဖုန်းလိုင်းများပါ ဖြတ်တောက်ခဲ့။

  • စက်တင်ဘာ (၁၅) - စစ်ကောင်စီ၏ ကြားဖြတ်ဖမ်းယူစက်များတပ်ဆင်ရန် ဖိအားပေးမှုကြောင့် တယ်လီနော်အနေဖြင့် မြန်မာနိုင်ငံတွင် ဆက်လက်ရပ်တည်ရန် မဖြစ်နိုင်ကြောင်း စာထုတ်ပြန်။

  • စက်တင်ဘာ (၂၃) - စစ်ကောင်စီမကွေးတိုင်း (ဂန့်ဂေါ၊မြိုင်၊ထီးလင်း) နှင့် ချင်းပြည်နယ်ရှိ ( ထန်တလန်၊ဖလမ်း၊ တီးတိန်၊ တွန်းဇံ၊ မတူပီ၊ ကန်ပက်လက်၊ ပလက်ဝ၊ မင်းတပ်) မြို့နယ်များကို မိုဘိုင်းဖုန်းအင်တာနက်လိုင်းများပြတ်တောက်ခဲ့။

  • စက်တင်ဘာ (၂၅) - စစ်ကောင်စီ၏ MOFA မှ အင်တာနက်ပြတ်တောက်မှုများသည် NUG နှင့် PDF တို့က တာဝါတိုင်များအား ဖျက်ဆီးမှုကြောင့်ဟု စွပ်စွဲ။

  • စက်တင်ဘာ (၂၆) - စ်ကိုင်းတိုင်း ပင်လယ်ဘူး၊ ဝန်းသို၊ ကောလင်းဒေသများတွင် အင်တာနက်နှင့် ဖုန်းလိုင်း ထပ်တိုးဖြတ်တောက်(စက်တင်ဘာလကုန်အထိ အင်တာနက်ဖြတ်တောက် ခံရသည့်မြို့နယ် ၂၅ မြို့နယ်အထိရှိလာ)


August 2021

  • ဩဂုတ် (၁) - ဩဂုတ်လအစတွင် မြဝတီနှင့်ချိတ်ဆက်သည့်အင်တာနက်ဆက်ကြောင်းပြတ်သည့် အကြောင်းပြချက်ဖြင့် လိုအပ်သည်ထက် ပြင်ဆင်ချိန်ကြာမြင့်သော အင်တာနက် နှေးကွေးမှု ကြုံတွေ့ခဲ့ရ။

  • ဩဂုတ် (၂၀) - ကချင်ပြည်နယ်တွင် အင်တာနက်ဖြတ်တောက်မှု ပြန်လည်ပြုလုပ်၊


July 2021

  • ဇူလှိုင် (၅) - MPT , Mytel တို့ရဲ့ အကူအညီဖြင့် အင်တာနက်နှင့် မိုဘိုင်းစောင့်ကြည့်မှုနှင့် Telecom မှ မြန်မာ၊ နိုင်ငံခြားသားများ အလုပ်အမှုဆောင်များ၏ ပြည်ပ ထွက်ခွာခွင့် စောင့်ကြည့်တားမြစ်သော သတင်းများ ပျံ့နှံ့ခဲ့။

  • ဇူလှိုင် (၈) - Telenor Myanmar မှ လဘနွန်ပိုင် M1 Group သို့ လွှဲပြောင်းရောင်းချခဲ့။

  • ဇူလှိုင် (၉) - စကစမှ လက်ရှိ Telecom အသုံးပြုမှု ဈေးနှုန်းများကို ပြောင်းလဲရန် ညွှန်ကြားခဲ့။

  • ဇူလှိုင် (၁၄) - အမုန်းစကား ကာကွယ်တားဆီးရေး ဥပဒေမူကြမ်း ရေးဆွဲရေး ကော်မတီ ပြင်ဆင်ဖွဲ့စည်းခြင်း အမိန့်ကြော်ငြာစာ ပြန်လည်ပျံ့နှံ့လာ။


June 2021

  • ဇွန် (၄) - NUG ရဲ့ သတင်းစာရှင်းလင်းပွဲချိန်နဲ့ အချိန်ကိုက် အင်တာနက် ပြတ်တောက်ခဲ့။

May 2021

  • မေ (၂၅) - Website ပေါင်း ၁၂၀၀ ကျော်ကို ပြန်ဖွင့်ပေးခဲ့၊ အသုံးများသော Social Medai များ မပါဝင် ပိတ်ထားဆဲ။

April 2021

  • ဧပရယ် (၁) - Wireless အင်တာနက် ဝန်ဆောင်မှုများ အားလုံးကို ရပ်ဆိုင်းခဲ့။

  • ဧပရယ် (၂၇) - ပုဂ္ဂလိကဘဏ်တချို့၏ အွန်လိုင်းဝန်ဆောင်မှုများအား မိုဘိုင်းအင်တာနက်များဖြင့် VPN ပိတ်စေ၍ ပြန်လည်အသုံးပြုနိုင်ခဲ့။

  • ဧပရယ် (၂၈) - Fiber Internet(FTTH) ကို ၂၄ နာရီ အသုံးပြုနိုင်အောင် ပြန်လည်ဖွင့်ပေးခဲ့၊ Social Media များအား VPN ခံ၍သာ အသုံးပြုနိုင်။


March 2021

  • မတ် (၁) - ဆန်ကျင်လှုပ်ရှားသူများအား စကစမှ ဆိုက်ဘာစောင့်ကြည့်မှုများ ပြုလုပ်နေသည် ဆိုသည့် အစီရင်ခံစာကို Now York Times တွင် ဖော်ပြခဲ့။

  • မတ် (၅) - တပ်မတော်သားများမှ ဆန္ဒပြသူများကို ခြမ်းခြောက်သည့် Video များ Tik Tok တွင်ဖြန့်ခဲ့။

  • မတ် (၁၅) - မြန်မာတနိုင်ငံလုံး မိုဘိုင်း အင်တာနက်သုံးသူများကို စတင်ပိတ်ဆို့။

  • မတ် (၂၄) - ဒေါ်အောင်ဆန်းစုကြည်၏ ရုံးချိန်းအား အင်တာနက်ပြတ်တောက်မှုကြောင့် April 1 သို့ရွှေ့ဆိုင်း။


February 2021

  • ဖေဖော်ဝါရီ (၁) - မြန်မာပြည်သူတွေ အမှောင်ကျရောက်သွားတဲ့နေ့ စစ်ကောင်စီမှ အာဏာသိမ်း။

  • ဖေဖော်ဝါရီ (၃) - ချင်းပြည်နယ်၊ ရခိုင်အင်တာနက် Shoutdown အဆုံးသတ်၊ မြန်မာတစ်နိုင်ငံလုံး လူမှုကွန်ယက်များ အပိတ်ခံရ။

  • ဖေဖော်ဝါရီ (၆) - စကစမှ မြန်မာတနိုင်ငံလုံး အင်တာနက်ကို နာရီ ၃၀ ပိတ်ရန်ညွှန်ကြား။

  • ဖေဖော်ဝါရီ (၈) - လူမှုကွန်ယက်များ အသုံးပြုရန် လိုအပ်သော VPN များကို စစ်ကောင်စီမှ စတင်ပိတ်ဆို့။

  • ဖေဖော်ဝါရီ (၉) - Cyber Law Draft ထုတ်ပြီး သဘောထားမှတ်ချက်များ တောင်းခံ။

  • ဖေဖော်ဝါရီ (၁၂) - ကုလသမဂ္ဂ လူအခွင့်အရေးကောင်စီ၏ ၂၉ ကြိမ်မြောက် အထူးအစည်းအဝေးမှာ နိုင်ငံပေါင်း ၃၉ နိုင်ငံမှ အင်တာနက်နှင့် social media ဆိုင်ရာ ကန့်သတ်ချက်များကို ချက်ချင်း ဖယ်ရှားပေးရန် တောင်းဆိုခဲ့။

  • ဖေဖော်ဝါရီ (၁၃) - Covid – 19 Information Sharing Website တွေအပါအဝင် Website ပေါင်း ၃၀ ကျော် အပိတ်ခံရ။

  • ဖေဖော်ဝါရီ (၁၅) - ရက်ပေါင်း ၇၀ ကျော်ကြာအောင် ည ၁ နာရီမှ မနက် ၉ နာရီအထိ အင်တာနက်ပိတ်ခဲ့၊အီလက်ထရောနစ် ဆက်သွယ်ရေး ဥပဒေကို ပြင်ဆင်ခဲ့။

  • ဖေဖော်ဝါရီ (၂၀) - Wikipedia Website ကို ပိတ်ခဲ့။

  • ဖေဖော်ဝါရီ (၂၂) - မြန်မာတနိုင်ငံလုံး ည ၁ နာရီမှ နေ့လည် ၁၂ နာရီအထိ အင်တာနက် ပိတ်ခဲ့။