Skip to main content

Command Palette

Search for a command to run...

Digital Repression 2025 in Myanmar

2025 ခုနှစ် ဒစ်ဂျယ်တယ်ရပ်ဝန်းဆိုင်ရာ ဖြစ်ပျက်ခဲ့မှုများ

Updated
25 min read
Digital Repression 2025 in Myanmar
D

I am a volunteer for civil society organizations (CSOs) aimed at improving their digital security and safe office operations.

December 2025

  • ဒီဇင်ဘာ (၁) - ​စစ်ကော်မရှင်အနေဖြင့် မဲရုံများတွင် အီလက်ထရောနစ်စနစ်ဖြင့် စောင့်ကြည့်မှုများ ပြုလုပ်နိုင်သည်ဟု ကုလသမဂ္ဂ သတိပေးခဲ့ခြင်း။

  • ဒီဇင်ဘာ (၂) - သတင်းစာဆရာ ဦးစည်သူအောင်မြင့်၊  ဘီဘီစီ မီဒီယာအက်ရှင်မှ မထက်ထက်ခိုင် နှင့် အဆိုတော် သံသားဝင်တို့ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လည်လွတ်မြောက်ခဲ့ခြင်း။

  • ဒီဇင်ဘာ (၅) - ဒီဇင်ဘာ လကုန်မှ အင်တာနက်လိုင်းပြန်ကောင်းမည်ဟု ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဋ္ဌာန ထုတ်ပြန်၊ ယင်းအချိန်သည် ရွေးကောက်ပွဲ ပထမပိုင်း ပြီးဆုံးမည့်အချိန်နှင့် တိုက်ဆိုင်နေခဲ့ခြင်း။

  • ဒီဇင်ဘာ (၈) - ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာရေးအတွက် ပြည်တွင်းကို ဝင်ရောက်လာမဲ့ နိုင်ငံခြားသား များကို စောင့်ကြည့်ရန် လဝကဝန်ကြီး ဦးမြင့်ကြိုင် ပြောကြားခဲ့ခြင်း၊ NUG ၏ ပြန်လည်ဖွဲ့စည်းမှုတွင် ဆက်သွယ်ရေးသတင်းချက်လက်နှင့်နည်းပညာ ဝန်ကြီးဋ္ဌာန အပါအဝင် ဝန်ကြီးဋ္ဌာန (၅) ခု လျှော့ချခဲ့ခြင်း။

  • ဒီဇင်ဘာ (၉) - စစ်ကော်မရှင် အနေဖြင့် စစ်ရေးအရ လက်လွှတ်ခဲ့ရသည့် ဒေသများတွင် ဝါဒဖြန့်ချန်နယ်များမှ တဆင့် သတင်းမှားများ ဖြန့်ချီနေဟု Myanmar Fact Checking Network ဖော်ပြခဲ့ခြင်း ၊ ရွေးကောက်ပွဲ ကာကွယ်သည့် ဥပဒေက လူထုနဲ့ မီဒီယာကို ခြိမ်းခြောက်နေကြောင်း သတင်းသမားများပြောခဲ့ခြင်း။

  • ဒီဇင်ဘာ (၁၀) - စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ဗန်းမောက်မြို့အနောက်ဘက်ခြမ်းတွင် MPT ဖုန်းလိုင်းများ ပြန်လည်ရရှိခဲ့ခြင်း၊ အင်တာနက် ဖြတ်တောက်ခံထားရသည့် ကချင်ပြည်နယ် ပူတာအိုမြို့မှာ စစ်ကောင်စီတပ်က Starlink Wifi စက်တွေလိုက်လံ ဖမ်းဆီးနေခဲ့ခြင်း။

  • ဒီဇင်ဘာ (၁၁) - ပြည်ထဲရေးဝန်ကြီး ပြီးဆောင်ပြီး အွန်လိုင်းမှတစ်ဆင့် ငွေလိမ်သည့် လုပ်ငန်း (ကျားဖြန့်) တိုက်ဖျက်ရေး ကြီးကြပ်မှု ဗဟိုကော်မတီ ဖွဲ့စည်းခဲ့ခြင်း။

  • ဒီဇင်ဘာ (၁၄) - ပဲခူးတိုင်း၊ နတ်တလင်းမြို့နယ်ရှိ ကျေးရွာများတွင် ဖုန်းလိုင်းနဲ့ အင်တာနက်လိုင်းတွေ ဖြတ်တောက်ပြီးဗုံးကြဲတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ခြင်း၊ အွန်လိုင်းလိမ်လည်မှုနှင့်ဆက်စပ်နေသည့် Sim Card ပေါင်း ၂၃၀၀ ကျော်နှင့် ဘဏ်အကောင့် ၁၄၉ ခုကို ပိတ်သိမ်းခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ရဲမှူးချုပ်ကျော်လင်း ပြောကြားခဲ့ခြင်း။

  • ဒီဇင်ဘာ (၁၅) - ရန်ကုန်တွင် ဒုစစ်ခေါင်းဆောင် စိုးဝင်း စစ်သူနာပြု သင်တန်းဆင်းပွဲ လာတက်ချိန် Anti Drone-Guard နှင့် Jammer အသုံမှုကြောင့် မင်္ဂလာဒုံနှင့် မြောက်ဥက္ကလာပ မြို့နယ် ရပ်ကွက်အချို့တွင် ဖုန်းနှင့်အင်တာနက်လိုင်းများ ယာယီပြတ်တောက်ခဲ့ခြင်း၊ ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ က ဖမ်ဆီးထားတဲ့ အလွတ်တန်းသတင်းထောက်  ကချင်တိုင်းရင်းသူ မဆွတ်ရိန်ပန် ကို ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅ - (က) နဲ့ ထောင်ဒဏ် (၃)နှစ်  အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၀ ည  နဲ့ ထောင်ဒဏ် (၁၀)နှစ် စုစုပေါင်း ထောင်ဒဏ် (၁၃) နှစ်ချမှတ်ခဲ့ခြင်း။

  • ဒီဇင်ဘာ (၁၆) - ရွေးကောက်ပွဲနီးလာချိန် မန္တလေးမြို့ပေါ်တွင် (ဖုန်း)စစ်ဆေးမှုများ ပိုမို ပြုလုပ်လာခဲ့ခြင်း၊ ကချင်ပြည်နယ်၊ ပူတာအိုမြို့တွင် စစ်ကော်မရှင် ဖမ်းဆီးထားသည့် Starlink Wifi စက်များ  ရွေးကောက်ပွဲပြီးမှ ပြန်ပေးမည် ပြောဆိုခဲ့ခြင်း။

  • ဒီဇင်ဘာ (၁၇) - Telenor ကုမ္ပဏီ နှင့် နော်ဝေအစိုးရအနေဖြင့် မြန်မာနိုင်ငံမှလုပ်ငန်းများ ရုပ်သိမ်းစဉ် မည်သို့ ကိုင်တွယ်ခဲ့သည်ကို နော်ဝေပါလီမန်၏ စည်းကမ်းထိန်းသိမ်းရေးကော်မတီက စုံစမ်းစစ်ဆေးမှုများ လုပ်ဆောင်နေခဲ့ခြင်း။

  • ဒီဇင်ဘာ (၁၈) - စစ်ကော်မရှင်၏ ဝါဒဖြန့်ချီရေးအကောင့်များအား Twitch၊ Facebook၊ YouTube နှင့် MediaFire တို့က ဖယ်ရှားဟု Justice For Myanmar အဖွဲ့ ထုတ်ပြန်ခဲ့ခြင်း။

  • ဒီဇင်ဘာ (၁၉) - ထိုင်းတွင် CDM ဝန်ထမ်းများကို CI စာအုပ်သက်တမ်း တိုးမပေးသဖြင့် အခက်ကြုံနေခဲ့ခြင်း။

  • ဒီဇင်ဘာ (၂၀) - ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးလွင်မြင့်ကို UEC က ပြည်သူ့လွတ်တော် ရွေးကောက်ပွဲဥပဒေ ပုဒ်မ ၅၈ (ဂ) နှင့် အမှုဖွင့်။ ၎င်း၏ လက်ကိုင်ဖုန်းကို CID မှ သိမ်းဆည်းထားခဲ့ခြင်း။

  • ဒီဇင်ဘာ (၂၂) - ရန်ကုန်တွင် ဧည့်စာရင်းစစ်ချိန် လူပုဂ္ဂိုလ်တစ်ဦးချင်းကို စိစစ်ပြီး စောင့်ကြည့်တဲ့ PSMS စနစ်နဲ့ပါ စစ်ဆေးရန် ညွှန်ကြားဟု MPA သတင်းဋ္ဌာန ဖော်ပြခဲ့ခြင်း၊ ​​စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်မှာ Starlink(စတားလင့်)အင်တာနက်အသုံးပြုမှုကို စစ်ရေးအရ ဒီနှစ်ကုန်အထိ ပိတ်သိမ်းထားဖို့ အင်းတော်ပအဖက ညွှန်ကြားခဲ့ခြင်း။

  • ဒီဇင်ဘာ (၂၃) - စစ်ကောင်စီက ၂၀၁၅ ခုနှစ်မှ ၂၀၂၅ ခုနှစ်အတွင်း ဘွဲ့ရရှိခဲ့သူများ စာရင်းကို လိုက်လံကောက်ခံနေခဲ့ခြင်း၊ ဒီဇင်ဘာ (၂၃)  ဩစတြေးလျနည်းပညာကုမ္ပဏီ Kick သည် တရားမဝင်မြန်မာစစ်အုပ်စု၏ ဝါဒမှိုင်းဖြန့်အကောင့်များမှ တိုက်ရိုက်ထုတ်လွှင့်မှု စတင်ခဲ့ပြီး နာရီပိုင်းအတွင်းတွင်ပင် အဆိုပါအကောင့်များကို ဖယ်ရှားပိတ်သိမ်းခဲ့ဟု Justice For Myanmar (JFM) အဖွဲ့ ထုတ်ပြန်ခဲ့ခြင်း။

  • ဒီဇင်ဘာ (၂၄) - ရန်ကုန်တိုင်း၊ သန်လျင်မြို့နယ်တွင် စစ်ခေါင်းဆောင် လာရောက်မည်ဟုဆိုကာ ဆက်သွယ်ရေး လိုင်းများဖြတ်တောက်ခဲ့ခြင်း။

  • ဒီဇင်ဘာ (၂၅) - သပိတ်ဦးဆောင်သူတွေကို ဖမ်းဆီးဖို့ ကြားဖြတ်နားထောင်တာ၊ ဖုန်းဆင်းကဒ်တွေကို ခြေရာခံ ထောက်လှမ်းတာ၊ စီစီတီဗွီ မှတ်တမ်းတွေက တဆင့် ခြေရာခံတာ စတဲ့ ဒစ်ဂျစ်တယ် နည်းပညာတွေ တိုးမြှင့်အသုံးပြုနေတယ်လို့ သပိတ်အင်အာစုများပြောခဲ့ခြင်း။

  • ဒီဇင်ဘာ (၂၆) - ရခိုင်ပြည်၊ ရမ်းဗြဲမြို့နယ်တွင် ULA/AA က ဖုန်းဆက်ခွင့် ပိတ်ပင်ထားသည်မှာ (၃) လခန့်ရှိခဲ့ခြင်း၊ မြန်မာစစ်တပ်ဝါဒဖြန့်ချယ်နယ် MWD News (မြဝတီ သတင်း) စာမျက်နှာကို TikTok က ဖယ်ရှား ခဲ့ခြင်း။

  • ဒီဇင်ဘာ (၂၈) - စစ်ကောင်စီ၏ အတုအယောင် ရွေးကောက်ပွဲနေ့တွင် ကြံခင်း၊ မြိတ်၊ စစ်တွေ၊ မိတ္ထီလာ နှင့် လွိုင်ကော်တွင် ပုံမှန်နေ့များထက်ပို၍ ဖုန်းလိုင်း ပြတ်တောက်မှုများ ဖြစ်ပေါ်ခဲ့ခဲ့ခြင်း။

  • ဒီဇင်ဘာ (၂၉) -  မွန်ပြည်နယ် ၊ သထုံ မြို့နယ်ရှိ မဲရုံတစ်ခုအတွင်းသို့ ဖုန်းယူခဲ့သဖြင့် အမျိုးသမီး နှစ်ဦးအား ရွေးကောက်ပွဲ ကာကွယ်ပေးရေး ဥပဒေပုဒ်မ၂၄(က) ဖြင့် ဖမ်းဆီးခဲ့ခြင်း၊ ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်တွင် ဒီဇင်ဘာ (၂၇)ရက်နှင့်(၂၈)ရက်နေ့တို့တွင် တယ်လီဖုန်းလိုင်းနှင့်ဝိုင်ဖိုင် အင်တာနက်လိုင်းများအားလုံး ပြတ်တောက်ခဲ့ခြင်း။

  • ဒီဇင်ဘာ (၃၁) - ယခုလအတွင်း လူမှုကွန်ယက်ပေါ်တွင် ပြောဆိုရေးသားမှုများကြောင့် ဖမ်းဆီးခံရသူ အနည်းဆုံး ( ၂၇ ) ဦးခန့်ရှိခဲ့ခြင်းစတဲ့ ဖြစ်စဉ်များ ဒစ်ဂျစ်တယ်ရပ်ဝန်းတွင် ဖြစ်ပွားခဲ့ပါတယ်။

November 2025

  • နိုဝင်ဘာ (၁) - နိုဝင်ဘာလ (၁) ရက်နေ့ ညနေ (၃:၃၀) နာရီခန့်မှ စတင်ပြီး ရန်ကုန်အပါအဝင် မြို့အများအပြာတွင် Wi-Fi ဝန်ဆောင်မှုများ ပြတ်တောက်ခဲ့ခြင်းနှင့် ဝန်ဆောင်မှုပေးသည့် လုပ်ငန်းများက ပင်လယ်ရေအောက်ဆက်ကြောင်း ဖိုက်ဘာ ကေဘယ် ချို့ယွင်းမှုကြောင်းဟု ကြေငြာထားခဲ့ခြင်း။

  • နိုဝင်ဘာ (၂) -  စစ်ကိုင်းတိုင်း၊ မုံရွာမြို့တွင် စစ်ကောင်စီတပ်က ကထိန်လှည့်လည်စဉ် ဂျန်မာများ အသုံးပြုခဲ့တာကြောင့် ဖုန်းလိုင်းများ ယာယီပြတ်တောက်ခဲ့ခြင်း။

  • နိုဝင်ဘာ (၃) - ဒစ်ဂျစ်တယ် ငွေကြေးဝန်ဆောင်မှု “Wave Money” အသုံးပြုသူအချို့ မှတ်တမ်းမပေါ်ပဲ ငွေဖြတ်တောက်ခံရမှုများ ကြုံတွေ့နေရခဲ့ခြင်း၊ နမ္မတူမြို့တွင် TNLA က Starlink အင်တာနက် အသုံးပြုမှု ကန့်သတ်ပြီး ပိုင်ရှင်နှင့်ပစ္စည်းပါဖမ်းဆီးခဲ့ခြင်း၊ ကရင်ပြည်နယ်၊ မြဝတီမြို့နယ်အတွင်းရှိ  KKPark  ကျားဖြန့် အွန်လိုင်း ငွေလိမ်စင်တာများ ဧရိယာအား Starlink အင်တာနက် ဖြတ်တောက်ခဲ့သော်လဲ Mytel အင်တာနက်ရရှိနေခဲ့ခြင်း၊ ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလကနေ ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလအတွင် လူမှုကွန်ယက်ပေါ်တွင် ပြောဆိုမှုများကြောင့် ဖမ်းဆီးခံရသူ ၁၉၉၃ ဦး ရှိသည်ဟု Data For Myanmar အဖွဲ့ ထုတ်ပြန်ခဲ့ခြင်း။

  • နိုဝင်ဘာ (၅) - စစ်တပ်က အင်တာနက်ပေါ်မှ သတင်းများနှင့် နိုင်ငံရေးအရတိုက်ခိုက်မှုများကို တားမြစ်အရေးယူရန် ပြည်ထဲရေးဒုဝန်ကြီး ဦးဆောင်သော ကော်မတီနှင့် နည်းပညာကျွမ်းကျင်အဖွဲ့များ ဖွဲ့စည်းပြီး ၂၄ နာရီစောင့်ကြည့်ခဲ့ခြင်း။

  • နိုဝင်ဘာ (၆) - ရွေးကောက်ပွဲ ဝါဒဖြန့် ရိုက်ကူးရေးတွင် မပါဝင်သဖြင့် နာမည်ကြီးအကယ်ဒမီသရုပ်ဆောင် ဖွေးဖွေးကို စစ်ကော်မရှင် ဖမ်းဆီးခဲ့ခြင်း။

  • နိုဝင်ဘာ (၈) - တစ်ပတ်ခန့်ကြာသည်အထိ ရန်ကုန်တွင် Wifi အင်တာနက်လိုင်းများ ပြန်မကောင်းလာခြင်း။

  • နိုဝင်ဘာ (၉) - စစ်ရေးသတင်းပေါက်ကြားခဲ့သဖြင့်ဟု ဆိုကာ Upper Burma News Agency(UBNA) မှ သတင်းထောက် ဦးတိုးကြီးအား လက်နက်ကိုင် အဖွဲ့နှစ်ခုမှ ဖမ်းဆီးခဲ့ခြင်း။

  • နိုဝင်ဘာ (၁၀) - Wifi လိုင်းများ နှေးကွေးပြီးနောက် VPN အများ စု အသုံးပြုမရသည့် အခြေအနေ ဖြစ်ပေါ် ခဲ့ခြင်း၊ တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ် ဇာဒီရွာကို လျှပ်စစ်မီး ပြန်လည် ဖြတ်တောက်လိုက်သဖြင့် အင်တာနက် လိုင်းများပါ ပြတ်တောက်ခဲ့ခြင်း။

  • နိုဝင်ဘာ (၁၂) - ရှမ်းပြည်နယ် တောင်ပိုင်း၊ ရွာငံမြို့နယ် မြောက်ဘက်ခြမ်းရှိ ကျေးရွာများတွင် ည ၇ နာရီမှ စ၍ ဖုန်းနှင့် အင်တာနက်လိုင်းများ ဖြတ်ခံရခဲ့ခြင်း၊ တနင်္သာရီတိုင်း ၊ ထိုင်း-မြန်မာ နယ်စပ်ရှိ မောတောင်မြို့တွင် တိုက်ပွဲများ ဖြစ်ပွားပြီး ဖုန်းလိုင်းများ ဆက်သွယ်ရ ခက်ခဲခဲ့ခြင်း။

  • နိုဝင်ဘာ (၁၄) - တနင်္သာရီတိုင်း လောင်းလုံးမြို့နယ်တွင် စစ်ကော်မရှင်တပ်က စစ်ကြောင်းထိုးရန် ပြင်နေပြီး ဖုန်းလိုင်းများဖြတ်တောက်ထားခဲ့ခြင်း၊ Freedom House ၏ Freedom on the Net 2025 အစီအရင် ခံစာအရ မြန်မာနိုင်ငံသည် တရုတ်နိုင်ငံနှင့် တန်းတူ အင်တာနက် လွတ်လပ်ခွင့် အဆိုးဆုံးနိုင်ငံအဖြစ် အဖော်ပြခံရခဲ့ခြင်း။

  • နိုဝင်ဘာ (၁၆) - စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်တွင် စစ်ကောင်စီတပ်က ဖုန်းလိုင်းများ ဖြတ်တောက်ပြီး စစ်ကြောင်း ထိုးနေခဲ့ခြင်း။

  • နိုဝင်ဘာ (၁၇) - ကြံ့ခိုင်ရေးပါတီ၏ ရွေးကောက်ပွဲ ကြေညာစာတမ်း အပေါ် အခြေခံ၍ ရွေးကောက်ပွဲအလွန် အင်တာနက်ဆိုင်ရာ ကန့်သတ်မှုတွေ ဆက်လုပ်ဖို့ စီစဉ်နေဟု လေ့လာသူများ သုံးသပ်ခဲ့ခြင်း။

  • နိုဝင်ဘာ (၁၉) - စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်ရှိ ကျေးရွာများတွင် စစ်တပ်က စစ်ကြောင်းထိုးရန် ပြင်နေပြီး ဖုန်းလိုင်းများ ဖြတ်တောက်ထားခဲ့ခြင်း၊ တရားဝင်ခွင့်မပြုထားသော Crypto Assets များ ရောင်းဝယ်ခြင်း၊ လွှဲပြောင်းခြင်း၊ သိုလှောင်းခြင်း များ မပြုလုပ်သင့်ဟု ဗဟိုဘဏ် ထုတ်ပြန်ခဲ့ခြင်း။

  • နိုဝင်ဘာ (၂၃) - မိုးကုတ်မြို့ အရှေ့ပိုင်းတွင် တပ်ဆင်အသုံးပြုနေသည့် စတားလင့်စက်တွေကို TNLA ဖြုတ်သိမ်းခိုင်းခဲ့ခြင်း။

  • နိုဝင်ဘာ (၂၄) - ရွေးကောက်ပွဲပြီးမှ အင်တာနက်လိုင်းတွေ နဂိုအတိုင်းပြန်ကောင်းမယ်လို့ စစ်တပ်ရဲ့နည်းပညာပိုင်း ဆိုင်ရာက ဗိုလ်မှုး အဆင့်ရှိ သူတစ်ဦးက ပြောဆိုကြောင်း AAMIJ ဖော်ပြခဲ့ခြင်း။

  • နိုဝင်ဘာ (၂၆) - မြစ်ကြီးနားမြို့ အပါအဝင် ကချင်ပြည်နယ် မြို့နယ်အများစုတွင် ဖုန်းလိုင်းနှင့် အင်တာနက်လိုင်း ပြတ်တောက်နေသည်မှာ (၁၆) လ ရှိလာခဲ့ခြင်း၊ ပုဒ်မ (၅၀၅) ဖြင့် ဖမ်းဆီးခံထားရသူ ၃၃၀၀ ကျော်ကို လွတ်ငြိမ်းခွင့်ပြုပြီး အမှုဖွင့်ခံထားရသူ ၅၅၀၀ ကျော်ကို အမှုပိတ်ခဲ့ခြင်း၊ ရွေးကောက်ပွဲနီးလာသည်နှင့်အမျှ စစ်တပ်စစ်ဆေးရေး ဂိတ်များတွင် PSMS စနစ်ဖြင့် စစ်ဆေးဖမ်းဆီးမှု ပိုမိုလုပ်ဆောင်လာ။  ရှမ်းပြည်နယ်တောင်ပိုင်း မိုင်းနောင်ဂိတ်တွင် PMSM ဖြင့် စစ်ဆေးပြီး အမျိုးသားတစ်ဦး ဖမ်းဆီးခံရခဲ့ခြင်း။

  • နိုဝင်ဘာ (၂၈) - တယ်လီနော (Telenor) ၏ မြန်မာနိုင်ငံတွင် ဖြစ်ပွားခဲ့သည့် ဒေတာစီမံခန့်ခွဲမှုများနှင့် ပတ်သက် ၍ နော်ဝေ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန အနေဖြင့် ဝင်ရောက်ဖြေရှင်းရန် ပျက်ကွက်ခဲ့ပါ တရားစွဲဆိုခံရနိုင်ကြောင်း Bergen တက္ကသိုလ်မှ ဥပဒေပါမောက္ခ Terje Einarsen ပြောခဲ့ခြင်း၊ ဆွီဒင်နိုင်ငံ၏ အမျိုးသားပင်စင်ရံပုံငွေအဖွဲ့များဖြစ်သော AP1၊ AP2၊ AP3၊ AP4 နှင့် AP7 တို့သည် မြန်မာစစ်တပ်အား ပံ့ပိုးနေသည့်ကုမ္ပဏီများတွင် ရင်းနှီးမြှပ်နှံထားသည်ဟု Justice for Myanmar ထုတ်ဖော်ခဲ့ခြင်း၊ ၅၀၅ (က) လွတ်ငြိမ်းကြောင့် (၂၇) ရက်နေ့ ညနေပိုင်းအထိ အကျဥ်းထောင် ၁၆ ခုမှ အမှန်တကယ် လွတ်လာသူ ၅၄၉ ဦးသာရှိဟု အေအေပီပီ ထုတ်ပြန်ခဲ့ခြင်း။

  • နိုဝင်ဘာ (၂၉) - တောင်ဝိုင်းတောင် မြေဖြိုခြင်းနှင့် ပတ်သက်ပြီး လူမှူကွန်ရက်စာမျက်နှာကတဆင့် ရေးသားခဲ့ခြင်း ကြောင့် သာသနာနွယ်ဖောင်ဒေးရှင်းဆရာတော် နှင့် ကပ္ပိယ နှစ်ဦးအား ဖမ်းဆီးခဲ့ခြင်း။

  • နိုဝင်ဘာ (၃၀) - ယခုလအတွင်း လူမှုကွန်ယက်ပေါ်တွင် ပြောဆိုရေးသားမှုများကြောင့် ဖမ်းဆီးခံရသူ အနည်းဆုံး ( ၉) ဦးခန့်ရှိခဲ့ခြင်းစတဲ့ ဖြစ်စဉ်များ ဒစ်ဂျစ်တယ်ရပ်ဝန်းတွင် ဖြစ်ပွားခဲ့ပါတယ်။

October 2025

  • အောက်တိုဘာ (၂) - ဆက်သွယ်ရေး ပျက်တောက်နေ့သည့် ရှမ်းပြည်နယ်မြောက်ပိုင်းရှိ  နမ္မတူမြို့အား စစ်ကောင်စီ ဗုံးကြဲသဖြင့် အနဲဆုံး (၃) ဦး သေဆုံးခဲ့ခြင်း။

  • အောက်တိုဘာ (၃) - Border News Agency (BNA) ၏ အမျိုးသမီးသတင်းထောက် မမုဒြာကို အာရက္ခတပ်တော် AA ဖမ်းဆီးထားမှုအား ချက်ခြင်းလွှတ်ပေးရန် အမျိုးသမီးအဖွဲ့များ တောင်းဆိုခဲ့ခြင်း။

  • အောက်တိုဘာ (၄) - ရွေးကောက်ပွဲအား ဆန့်ကျင်ဝေဖန်မှုအကြောင့် အရေးယူခံထားရသူ (၆၄) ဦး ရှိပြီဟု စစ်ကော်မရှင် ထုတ်ပြန်ခဲ့ခြင်း။

  • အောက်တိုဘာ (၆) - စစ်ခေါင်းဆောင် မန္တလေးသို့ရောက်ရှိစဉ် ဂျန်ဘာ အများအပြား အသုံးပြုသဖြင့် မန္တလေးတွေ အင်တာနက်လိုင်းများပြတ်တောက်ခဲ့ခြင်း၊ ကျောက်ပန်းတောင်း လမ်းပိုင်းနေရာများတွင် ခရီးသွားများ၏ မှတ်ပုံတင်နံပါတ်ကို PSMS စနစ်ဖြင့် တိုက်ဆိုင်စစ်ဆေးမှုများ ပြုလုပ်နေခဲ့ခြင်း။

  • အောက်တိုဘာ (၇) - ရခိုင်ပြည် မာန်အောင်မြို့နယ်တွင် MPT ဖုန်းလိုင်း ပြန်လည်တပ်ဆင်ပေးမည်ဟု ရခိုင်ပြည် စစ်ကော်မရှင် ပြောခွင့်ရ ဦးလှသိန်း ပြောဆိုခဲ့ခြင်း၊ ရှမ်းပြည်နယ် ၊ နမ္မတူ မြို့ကို ဖုန်းလိုင်းများပါ အကုန်ပိတ်ထားပြီး စစ်ကော်မရှင် ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်း၊ စစ်အာဏာသိမ်းပြီးနောက် ဖုန်းသုံးစွဲသူများအပေါ် လူအခွင့်အရေး ချိုးဖောက်မှု ကျူးလွန်စေနိုင်သည့် အရေးကြီးအချက်အလက်များကို မြန်မာစစ်တပ်ထံ လွှဲပြောင်းပေးအပ်မှုအတွက် Telenor ဆက်သွယ်ရေး ကုမ္ပဏီကို နော်ဝေနိုင်ငံတွင် မြန်မာအရပ်ဘက်အဖွဲ့အစည်း များက တရားစွဲဆိုရန်ပြင်ဆင်ခဲ့ခြင်း။

  • အောက်တိုဘာ (၁၀) - ဧရာဝတီတိုင်းမှာ စက်တင်ဘာလ (၁) လအတွင်း နိုင်ငံတော်ဆူပူအောင်လှုံ့ဆော်တဲ့ စာများ အွန်လိုင်းတွင်​ ရေးသားဖြန့်ဝေသဖြင့် ဟုဆိုကာ အမျိုးသား (၁၆) ယောက်နှင့် အမျိုးသမီး (၅) ယောက်ကို ဖမ်းဆီးဟု DVB သတင်းဋ္ဌာန ဖော်ပြခဲ့ခြင်း၊ မဲစာရင်း မှားယွင်းနေမှုကို ဝေဖန်ခဲ့သည့် ကြံခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ဘူးလက်လှဆွေ (ခေါ်) ဦးလှဆွေအား စစ်တပ်က ခေါ်ယူစစ်ဆေးနေခဲ့ခြင်း၊ ကချင်ပြည်နယ်၊ မြစ်ကြီးနားတွင် စစ်ကော်မရှင် တပ်ဖွဲ့ဝင်များက အင်တာနက်ဖြတ်တောက်ပြီး ရှောင်တခင် စစ်ဆေးမှုများ ပြုလုပ်ခဲ့ခြင်း။ ထို့နောက် ၎င်းတို့၏ ကားများတွင် အသစ်တပ်ထားသော Starlink စက်များကို အသုံးပြု Wifi ချိတ်ဆက်ကာ ဖုန်းများကို စစ်ဆေးခဲ့ခြင်း။

  • အောက်တိုဘာ (၁၂) - မနက် (၆) နာရီ ဝန်းကျင်မှ (၉) နာရီ အထိ U9 ဆက်သွယ်ရေးကွန်ယက် ပြတ်တောက်ခဲ့ခြင်း၊ မန္တလေးတိုင်း စဉ့်ကူးမြို့ ကျေးရွာတစ်ရွာတင် Starlink အင်တာနက်အား အခကြေးငွေယူ၍ လိုင်းခွဲများ ဖြန့်နေသဖြင့် ဟုဆိုကာ စက်အား ဖြုတ်သိမ်းရန် သွားရောက်စဉ် PDF တပ်ဖွဲ့ဝင်များနှင့် စက်ပိုင်ရှင်မိသားစု အချင်းများခဲ့ခြင်း။

  • အောက်တိုဘာ (၁၃) - ရခိုင်ပြည်နယ်၊ မာန်အောင်မြို့ နေရာအချို့တွင် MPT ဖုန်းလိုင်းများ ပြန်ဖွင့် ။ MPT ဆမ်းတစ်ကဒ်ကို ငွေကျပ် (၆၀၀၀၀) ကျော်ဖြင့် ဝယ်သုံးနေရခဲ့ခြင်း

  • အောက်တိုဘာ (၁၄) - ကရင်ပြည်နယ်၊ မြဝတီမြို့နယ်အတွင်းရှိ ကျားဖြန့် အွန်လိုင်း ငွေလိမ်စင်တာများတွင် စတားလင့်အင်တာနက်များကို ပိုမိုတိုးချဲ့ အသုံးပြုလာမှုအပေါ် အမေရိကန်ကွန်ဂရက်လွှတ်တော် ပူးတွဲစီးပွားရေးကော်မတီက စတင် စုံစမ်းစစ်ဆေးနေကြောင်း AFP  ဖော်ပြခဲ့ခြင်း၊ ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ နောင်မိရွာအနီးတွင်း တိုက်ပွဲများ ဖြစ်ပွားပြီးနောက် စစ်တပ်က ဂျန်ပါများ ၂၄ နာရီ ဖွင့်ထားသဖြင့် ယင်းဒေတွင် ဖုန်းလိုင်းနှင့် အင်တာနက်လိုင်းများ ပြတ်တောက် ခဲ့ခြင်း။

  • အောက်တိုဘာ (၁၅) - ဇွန်လ (၁၉) ရက်နေ့က AA ၏ နည်းပညာဋ္ဌာနမှ ထုတ်ပြန်ခဲ့သည့် Starlink အင်တာနက်ဝန်ဆောင်မှု ပေးမည့် အစီအစဉ်သည် ယခုအချိန်အထိ အကောင်အထည် မဖော်နိုင်သေးခြင်း။

  • အောက်တိုဘာ (၁၆) - ထိုင်းနယ်စပ်နှင့် ကပ်နေတဲ့  မြန်မာပြည်တွင်း ​ဒေသအချို့မှာ Starlink အင်တာနက် ပြတ်​တောက်မှု​တွေနဲ့ ကြုံ​နေရဟု BAP သတင်းဋ္ဌာန ဖော်ပြခဲ့ခြင်း။

  • အောက်တိုဘာ (၁၈) - အစုလိုက်အပြုံလိုက် သေစေခဲ့တဲ့ ချောင်းဦးမြို့နယ်၊ဘုံတိုရွာ ဗုံကြဲမှု မတိုင်ခင် ဖုန်းလိုင်းများ ဖြတ်တောက်ခဲ့သူ သပိတ်အဖွဲ့ တာဝန်ရှိသူများ ပြောခဲ့ခြင်း၊ Facebook လူမှုကွန်ရက် အသုံးပြုသူအများအပြား ရဲ့ အကောင့်တွေ ပိတ်ချခံရတာနဲ့ အပြီးတိုင်ဖျက်သိမ်းခံရခြင်းများဖြစ်ပေါ်ခဲ့ခြင်း။

  • အောက်တိုဘာ (၂၀) - မန္တလေးတွင် ကျားဖြန့်သမားတွေဆီ ဘဏ်စာအုပ်ရောင်းချခဲ့သူများ ဖမ်းဆီးခံရခဲ့ခြင်း၊ 𝗔𝗺𝗮𝘇𝗼𝗻 𝗪𝗲𝗯 𝗦𝗲𝗿𝘃𝗶𝗰𝗲𝘀 (𝗔𝗪𝗦) ချို့ယွင်းခဲ့မှုကြောင့် 𝗖𝗮𝗻𝘃𝗮, Signal စသည့် Application များအပါဝင် Website နှင့် Application အချို့ နာရီပိုင်း ပြတ်တောက်ခဲ့ခြင်း ။

  • အောက်တိုဘာ (၂၁) - မြစ်ကြီးနားအပါအဝင် ကချင်ပြည်နယ် မြို့နယ်အများစုမှာ အင်တာနက် ဖြတ်တောက်ခံထားရသည်မှာ (၁၅) လရှိလာခဲ့ခြင်း။

  • အောက်တိုဘာ (၂၂) - စစ်ကောင်မရှင်က မြန်မာပြည် အလယ်ပိုင်း မြို့နယ်အချို့တွင် ကင်းထောက်လှမ်းတဲ့ Spy Balloon မိုးပျံပူဖောင်းများ စတင်သုံးစွဲလာခဲ့ခြင်း၊ စစ်ကောင်မရှင်က PSMS တွင် အမည်မဲစာရင်း ထပ်တိုးရန် လုပ်ဆောင်လာခဲ့ခြင်း၊ အွန်လိုင်းငွေလိမ်လုပ်ငန်း ကျားဖြန့် များတွင် အသုံးပြုနေသည်ဟု သံသယရှိသည့် မြန်မာက စတားလင့်စက် အလုံးရေ ၂၅၀၀ ကို အင်တာနက် အသုံးမပြုနိုင်အောင် SpaceX ပိတ်ပင်ခဲ့ခြင်း။

  • အောက်တိုဘာ (၂၄) - စစ်ကော်မရှင်နှင့် ဘယ်လာရုစ် စစ်တပ် တို့ သတင်းအချက်အလက်နှင့် မီဒီယာ ကဏ္ဍ ပူးပေါင်းရေး လုပ်ဆောင်ရန် ပြင်ဆင်ခဲ့ခြင်း။

  • အောက်တိုဘာ (၂၇) - စစ်အုပ်စုသည် ဒစ်ဂျစ်တယ်အာဏာရှင် စနစ်ကို တည်ဆောင်နေဟု သံအမတ်ကြီး ဦးကျော်မိုးထွန်းက ကုလသမဂ္ဂတွင် စွပ်စွဲခဲ့ခြင်း။

  • အောက်တိုဘာ (၂၈) - ရွေးကောက်ပွဲအပိုင်း (၂) ကို ဇန်နဝါရီလ (၁၁) ရက်နေ့တွင် ပြုလုပ်မည်ဟု စစ်ကော်မရှင်၏ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် ကြေငြာခဲ့ခြင်း၊ ကချင်ပြည်နယ်၊ ပူတာအိုတွင်  Mytel အင်တာနက်လိုင်းများ ပြန်ရခဲ့ခြင်း၊ ရွေးကောက်ပွဲအပိုင်း (၂) ကို ဇန်နဝါရီလ (၁၁) ရက်နေ့တွင် ပြုလုပ်မည်ဟု စစ်ကော်မရှင်၏ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် ကြေငြာခဲ့ခြင်း။

  • အောက်တိုဘာ (၂၉) - ရွေးကောက်ပွဲဝါဒဖြန့်  ဇာတ်လမ်းတွင် ပါဝင်သရုပ်ဆောင်ခဲ့သော အနုပညာရှင်များအား လူမှုကွန်ရက်မှတစ်ဆင့် မဟုတ်မမှန်ဝေဖန်ရေးသည်ဟုဆိုကာ ဒါရိုက်တာ မိုက်တီး(ခ)သန်းထွန်းဇော်၊ ဇာတ်ပို့သရုပ်ဆောင် ကျော်ဝင်းထွဋ်(ခ)ကျော်မင်းထွဋ်နှင့် ဟာသ သရုပ်ဆောင် အုန်းဒိုင်း(ခ)ဇော်မြင့်တို့အား ဖမ်းဆီးခဲ့ခြင်း။

  • အောက်တိုဘာ (၃၀) - ရွေးကောက်ပွဲဝါဒဖြန့်  ဇာတ်လမ်းတွင် ပါဝင်သရုပ်ဆောင်ခဲ့သော အနုပညာရှင်များအား လူမှုကွန်ရက်မှတစ်ဆင့် မဟုတ်မမှန်ဝေဖန်ရေးသည်ဟုဆိုကာ ဒါရိုက်တာ အောင်ချမ်းလူကို ဖမ်းဆီး ခဲ့ခြင်း။

  • အောက်တိုဘာ (၃၁) - စစ်ကော်မရှင်၏ ရွေးကောက်ပွဲ ဝါဒဖြန့် အစီအစဉ်များတွင် မပါဝင်သည့် အနုပညာရှင်များအား အရေးယူမည်ဟု ခြိမ်းခြောက်ခဲ့ခြင်း၊ ယခုလအတွင်း လူမှုကွန်ယက်ပေါ်တွင် ပြောဆိုရေးသားမှုများကြောင့် ဖမ်းဆီးခံရသူ အနည်းဆုံး ( ၂၂ ) ဦးခန့်ရှိခဲ့ခြင်း၊ ရွေးကောက်ပွဲဝါဒဖြန့်  ရုပ်ရှင်အား လူမှုကွန်ယက်တွင် ဝေဖန်ထားသည့် ပိုစ့်ကို Like ပေးသဖြင့် ဒါရိုက်တာ ဇဗ္ဗူထွန်းသက်လွင် ဖမ်းစီးခံရခဲ့ခြင်း၊ ယခုလအတွင်း လူမှုကွန်ယက်ပေါ်တွင် ပြောဆိုရေးသားမှုများကြောင့် ဖမ်းဆီးခံရသူ အနည်းဆုံး ( ၂၃ ) ဦးခန့်ရှိခဲ့ခြင်း စတဲ့ ဒစ်ဂျစ်တယ်ရပ်ဝန်းအတွင်း ကိစ္စရပ်များဖြစ်ပွားခဲ့ပါတယ်။

September 2025

  • စက်တင်ဘာ (၁) -  စစ်အာဏာရှင်တပ်က ထားဝယ်အရှေ့တော အညာဖျားရွာနှင့် အနီးဝန်းကျင်တွင် စစ်ကြောင်းထိုးနေသဖြင့် တာဝိုင်တိုင်ရှိ မီးစက်အား သွားရောက် ဆီမဖြည့်တင်းနိုင် ဖြစ်ကာ ဖုန်းလိုင်းများ ပြတ်တောက် ခဲ့ခြင်း။

  • စက်တင်ဘာ (၂) - မကွေးတိုင်း၊ ပေါက်မြို့နယ် အနောက်မြောက်ခြမ်းရှိ ဖုန်းလိုင်းတွေ အင်တာနက်လိုင်း ပြတ်တောက်နေသည့် ကျေးရွာများအား ဗုံးကြဲခဲ့ခြင်း။ စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ် အင်တာနက်နှင့် ဖုန်းလိုင်း ပြတ်တောက်နေသည့် နေရာတွင် တည်ရှိသည် ပရဟိတ ဆေးရုံတစ်ခုကို စစ်တပ် မီးရှို့ခဲ့ခြင်း။

  • စက်တင်ဘာ (၃) - ရခိုင်ပြည်နယ် စစ်တွေမြို့တွင် ဩဂုတ်လ တတိယပတ်က ပြန်လည် ဖွင့်ပေးခဲ့သည့် Mytel ဖုန်းလိုင်းများ ပြန်လည်ပြတ်တောက်ခဲ့ခြင်း။ ရခိုင်လူမျိုး ရပ်ပါ(Rapper)အဆိုတော် ဇွဲပြည့်ပိုင်(ခေါ်) Mg Alpha အား တာမွေရှိ ၎င်း၏ နေအိမ်တွင် ဝင်ရောက်ဖမ်းဆီးခဲ့ခြင်း။

  • စက်တင်ဘာ (၆) - ရွေးကောက်ပွဲ ပျက်ပြားစေရန်  Online Media များပေါ်မှ ရေးသားဖြန့်ဝေမှု သုံးမှုအား အရေးယူထားဟု ပြည်ထဲရေးဝန်ကြီးဌာန ဝန်ကြီး ပြောကြားခဲ့ခြင်း။

  • စက်တင်ဘာ (၇) - ယခုရက်ပိုင်းအတွင်း လူသုံးများသည့် VPN အချို့ သုံးစွဲမရသည့် အခြေအနေ ဖြစ်ပေါ်ခဲ့ခြင်း။

  • စက်တင်ဘာ (၈) - ညောင်ဦးမြို့နယ်၊ ပုဂံမြို့ပေါ်တွင် ဟိုတယ်များနှင့်တည်းခိုခန်းများကို ဧည့်စာရင်းစစ်ရာတွင် ရဲနှင့်စစ်တပ်က PSMS ဆော့ဝဲများဖြင့် စစ်ဆေးနေပြီး CDM ဝန်ထမ်းတချို့ ဘုရားဖူးလာရင်း ဖမ်းဆီးခံခဲ့ရခဲ့ခြင်း။ အာရက္ခတပ်တော် (AA) က ၎င်းတို့၏ အုပ်ချုပ်မှုနယ်မြေအတွင်းရှိ ဌာနဆိုင်ရာ အကြီးအကဲများမှ အောက်ခြေဝန်ထမ်းများအထိ သတင်းမီဒီယာများဖြင့် အင်တာဗျူးဖြေဆိုခွင့် ပိတ်ပင်ထားခဲ့ခြင်း။

  • စက်တင်ဘာ (၉) - ကချင်ပြည်နယ် မိုးညှင်းမြို့မှာ Mytel ဖုန်းလိုင်းနဲ့ အင်တာနက်လိုင်းတွေ ပြန်ရခဲ့ခြင်း။ တောင်ကြီးမြို့နယ်တွင် ရွေးကောက်ပွဲ ကာကွယ်​​ပေး​ရေးဥပ​ဒေဖြင့် ဖမ်းဆီး ခံခဲ့ရသူအား အလုပ်နှင့် ထောင်ဒဏ် (၇) နှစ်ချမှတ်ခဲ့ခြင်း။ စစ်ကော်မရှင်က ပြည်တွင်းအင်တာနက်အသုံးပြုသူများကို စောင့်ကြည့်ထောက်လှမ်းရန် တရုတ်ကုမ္ပဏီ Geedge Networks ၏ အင်တာနက်စောင့်ကြည့်ထောက်လှမ်းစက်ပစ္စည်းများနှင့် ဝန်ဆောင်မှုများကို ဆက်သွယ်ရေးကုမ္ပဏီ ၁၃ ခုတွင် တပ်ဆင်အသုံးပြုနေဟု JFM ထုတ်ပြန်ခဲ့ခြင်း။

  • စက်တင်ဘာ (၁၀) - မွန်ပြည်နယ်နှင့် တနင်္သာရီတိုင်းဒေသကြီး နယ်စပ်တစ်ဝိုက် လက်ရှိတိုက်ပွဲ ပြင်းထန်နေသည့် ဒေသများတွင်လည်း ဖုန်းလိုင်းနှင့် အင်တာနက်လိုင်းကို တစ်ရက်အတွင်း နာရီပိုင်းခန့်သာ ရရှိ၊ ကချင်ပြည်နယ်၊ ခေါင်လန်ဖူးမြို့နယ် တွင် ဖုန်းလိုင်းများပြတ်တောက်နေပြီး စစ်တပ်နဲ့ပြည်သူ့စစ်ပူးပေါင်းတပ်က ကုန်အဝင်အထွက် ကန့်သတ်ထိန်းချုပ်ထားတဲ့အတွက် ဒေသခံများ အခက်အခဲဖြစ်ခဲ့ခြင်း။

  • စက်တင်ဘာ (၁၁) - အူရီဒူးမြန်မာ ဆက်သွယ်ရေးကုမ္ပဏီ၏ ပိုင်ရှင်အသစ်မှာ ဂျော်နသန် ကျော်သောင်းဖြစ်ဟု DVB သတင်းဋ္ဌာန ဖော်ပြခဲ့ခြင်း။ စက်တင်ဘာ ၂၀ ရက်မှစ၍ အူရီဒူးမြန်မာက  U9 အမည်သစ်သို့ တရားဝင် ကူးပြောင်းမည်။

  • စက်တင်ဘာ (၁၆) - ပေါက်ကြားလာသော အချက်အလက်များကို အခြေခံ၍ Interesting Engineering ၏ ထုတ်ဖော်ပြောကြားချက်အရ Tiangou အင်တာနက် ဆင်ဆာ စနစ်ကို မြန်မာနိုင်ငံရှိ ဒေတာစင်တာ ၂၆ ခုလုံးတွင် ထည့်သွင်းထားပြီး တပြိုင်နက်တည်း TCP connection ၈၁ သန်းကို စောင့်ကြည့်နိုင်သည့် live dashboard များကို ပံ့ပိုးပေးနိုင်သည်ဟု ဖော်ပြထားခဲ့ခြင်း။ ရခိုင်ပြည်နယ်၊ စစ်တွေမြို့ နေရာအချို့တွင် MPT ဖုန်းလိုင်းနှင့် အင်တာနက်လိုင်းများ ရရှိခဲ့ခြင်း။ စစ်ကိုင်းတိုင်းဒေသကြီး၊ ဗန်းမောက်မြို့နယ် ၊ ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့(ပကဖ) ၎င်းတို့ ထိန်းချုပ်နေမြေများ အတွင်းရှိ အင်တာနက်လိုင်းများအား ရက်အကန့်သတ်မရှိ ပိတ်ပင်ခဲ့ခြင်း။

  • စက်တင်ဘာ (၁၇) - စစ်ရေးအခြေအနေအရ စစ်ကိုင်းတိုင်း ၊ ကနီမြို့နယ်အတွင်းရှိ အင်တာနက် ဆိုင်များ ယာယီပိတ်သိမ်းရန် NUG ထုတ်ပြန်ခဲ့ခြင်း။

  • စက်တင်ဘာ (၂၀) - စစ်ကိုင်းတိုင်း ၊ ကလေးမြို့တွင် ဖုန်းလိုင်းနှင့် အင်တာနက်လိုင်း ဖြတ်တောက်ခံထားရခြင်း။

  • စက်တင်ဘာ (၂၂) - မောင်တောအခြေစိုက် Border News Agency (BNA) သတင်းဌာနမှ အမျိုးသမီး သတင်းထောက် တစ်ဦးကို အာရက္ခတပ်တော် (AA) မှ ဖမ်းဆီးခဲ့ခြင်း။ ရွေးကောက်ပွဲ ပျက်ပြားစေရန် လူမှုကွန်ယက်အပါအဝင် ပုံစံမျိုးစုံဖြင့် ပြုလုပ်ခဲ့သည်ဟု ဆိုကာ ပြည်သူ (၉) ဦးအား အထွေထွေရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တားခြင်းမှ ကာကွယ်ပေးရေးဥပဒေပုဒ်မ ၂၃ (က) ဖြင့် အရေးယူဟု စစ်ကော်မရှင် ထုတ်ပြန်။ ထိုအထဲတွင် အသက်မပြည့်သေးသူ (၃) ဦးပါဝင်ခဲ့ခြင်း။ စစ်ကောင်မရှင် ဗဟိုဘဏ်က မြန်မာဘဏ်လုပ်ငန်းများတွင် ဉာဏ်ရည်တုနည်းပညာ(AI) အသုံးပြုနိုင်ရေး လိုအပ်တဲ့အခြေအနေတွေကို ဟွာဝေး ကုမ္ပဏီနဲ့ ဆွေးနွေးနေခဲ့ခြင်း။ ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် လုမြန်ရွာနဲ့ ဆော့လော်မြို့နယ် လန်ဆယ်ရွာဘက်တွင် တိုက်ပွဲများ ပြင်းထန်းနေပြီး တရုတ်နယ်စပ်နှင့် နီးသည့်ဒေသများတွင် တရုတ်ဘက်မှ ဖုန်းလိုင်း ဖြတ်တောက်ထားသည်ဟု ရွှေဖီမြေ သတင်းဋ္ဌာန ဖော်ပြခဲ့ခြင်း။

  • စက်တင်ဘာ (၂၄) - ခေတ်သစ်မီဒီယာကို ရွေးကောက်ပွဲ ပျက်ပြားစေရန် လှုံ့ဆော်ရေး သားသည်ဟုဆိုကာ ရွေးကောက်ပွဲ နှောင့်ယှက်ဟန့်တားခြင်းမှ ကာကွယ်ပေးရေးဥပဒေဖြင့် စက်တင်ဘာလ (၄) ရက်နေ့က စစ်ကောင်စီ အမှုဖွင့်ခဲ့ခြင်း။

  • စက်တင်ဘာ (၂၆) - စစ်ကောင်မရှင် ဝါဒဖြန့်သတင်း ရေးသာသူ (၂) ဦး နှင့် မြန်မာသတင်းမီဒီယာကောင်စီ အတွင်းအရေးမှုး ဦးအေးချမ်းကို အန္ဒိယက သတင်းထောက်များလေ့လာရေး ခရီးစဉ်အတွက် ဖိတ်ခေါ်ခဲ့ခြင်း။

  • စက်တင်ဘာ (၂၈) - ရွေးကောက်ပွဲ ဝါဒဖြန့်ဖို့ ပြည်တွင်းက မီဒီယာ သမားတွေကို သိန်းရာချီပေးကာ ဝယ်ယူနေတယ်လို့ MPA သတင်းဋ္ဌာန ဖော်ပြခဲ့ခြင်း။

  • စက်တင်ဘာ (၃၀) - ယခုလအတွင်း လူမှုကွန်ယက်ပေါ်တွင် ပြောဆိုရေးသားမှုများကြောင့် ဖမ်းဆီးခံရသူ အနည်းဆုံး ( ၁၁ ) ဦးခန့်ရှိခဲ့ခြင်း စတဲ့ ဖြစ်စဉ်တွေ ဖြစ်ပွားခဲ့တာပဲဖြစ်ပါတယ်။

August 2025

  • ဩဂုတ် (၁) - နိုင်လွတ်လုံ ဥပဒေ ပုဒ်မ (၅) ၊ (၇) ၊ (၈) ရပ်ဆိုင်းထားမှုကို မင်းအောင်လှိုင် ဆက်လက်ဦးဆောင်သည့် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ က ဆက်လက် ပြဋ္ဌာန်းခဲ့ခြင်း။

  • ဩဂုတ် (၂) - ဖုန်းအတွင်း VPN တွေ့ရှိခြင်းကြောင့်ဆိုကာ ဧရာဝတီတိုင်း၊ ပန်တိုင်စစ်ဆေးရေးဂိတ်တွင် ခရီးသွား (၄) ဦး ဖမ်းဆီးခံရခြင်း။

  • ဩဂုတ် (၄) - မြစ်သားမြို့နယ်တွင် PSMS စနစ် အသုံးပြုပြီး စစ်ဆေးမှုများ ​ပြုလုပ်နေသည်ဟု စစ်ကောင်စီ၏ MOI ဝက်ဆိုက်တွင် ဖော်ပြခဲ့ခြင်း။ စစ်ကော်မရှင် လက်အောက်ခံ သတင်းမီဒီယာကောင်စီနှင့် ထိုင်းနိုင်ငံ သတင်းမီဒီယာ ကောင်စီ (NPCT) တို့ကြား နားလည်မှုစာချွန်လွှာ(MoU) ကို ပြီးခဲ့သည် ဩဂုတ်လ (၁) ရက်နေ့က ဘန်ကောက်တွင် လက်မှတ်ရေးထိုးခဲ့ခြင်း။ ပြီးခဲ့သည့်ရက်ပိုင်းအတွင်း ဖြစ်ပေါ်ခဲ့သည့် စစ်ကော်မရှင် လက်အောက်ခံ ဝန်ထမ်းများ၏ ကိုယ်ရေးအချက်အလက်များ ပေါက်ကြားမှု ဝန်ဆောင်မှုပေးနေသည့် ကုမ္ပဏီများကို နေပြည်တော်တွင် စစ်ဆေးနေခြင်း။

  • ဩဂုတ် (၅) - ဆိုက်ဘာလုံခြုံရေးဥပဒေကို ပြဋ္ဌာန်းပြီးနောက် မန္တလေးတွင် VPN သုံးစွဲမှုများ ရှိမရှိ စစ်ဆေးခြင်းများ ပြုလုပ်ခဲ့ခြင်း၊ မန္တလေးတွင် ဧည့်စာရင်း စစ်ချိတ် PSMS စနစ်ဖြင့်ပါ အသုံးပြုစစ်ဆေး မှုပြုလုပ်ခဲ့ခြင်း။

  • ဩဂုတ် (၆) - အာရက္ခတပ်တော် AA  ထိန်းချုပ်နယ်မြေများတွင် ကနဦး ပေးသွင်းငွေ (၁၀) သိန်းကျပ်ဖြင့် Starlink အင်တာနက် ငှားရမ်း အသုံးပြုနိုင်သော ဥပဒေ တစ်ခု ပြဋ္ဌာန်းခဲ့ခြင်း။ ရန်ကုန်တွင် VPN ဆော့ဖ်ဝဲ အသုံးပြုခြင်းရှိ၊မရှိ စစ်ဆေးကာ  ငွေညှစ်ခြင်းကို စစ်​ကောင်စီ တပ်ဖွဲ့ဝင်များ ပြန်လည် ပြုလုပ်လာခဲ့ခြင်း။

  • ဩဂုတ် (၇) - စိစစ်ရေးအဖွဲ့သို့ တင်ပြခြင်းမရှိပဲ အင်တာနက် ကွန်ယက်ကို အသုံးပြု၍ ရုပ်ရှင် ပြသခြင်းကြောင့် ဟုဆိုကာ AWS+ နှင့် cmapp.tv ရုပ်ရှင်ပြသခြင်း လုပ်ငန်း (၂) ခုအား အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှု ဥပဒေပုဒ်မ ၄၊ ပုဒ်မခွဲ(ဂ) ဖြင့် အရေးယူခဲ့ခြင်း။ သံတောင်ကြီးမြို့တွင် တောင်ကျရေးကြီး၍ မြေပြိုမှုများ ဖြစ်ပွားပြီးနောက် ဖုန်းလိုင်းများ ပြတ်တောက်နေခဲ့ခြင်း။ တောင်ကြီးမြို့နယ်ရှိ ဟိုတယ်၊ မိုတယ်၊ တည်းခိုခန်း၊ စစ်ဆေးရေးဂိတ်များနှင့်ယာဉ်လိုင်းများတွင်  PSMS စနစ်ဖြင့် တော်လှန်ရေးဆက်နွယ်သူများကို စစ်ဆေးဖမ်းဆီးရန် ထွေ/အုပ်က ညွှန်ကြားခဲ့ခြင်း။

  • ဩဂုတ် (၉) - မင်းအောင်လှိုင် အပါအဝင် စစ်ခေါင်းဆောင်များကို ​ဝေဖန်မိသဖြင့် စစ်တပ်ထောက်ခံသူ ဇော်ဘုန်းဟိန်းအား ထောင်ဒဏ် (၁၁) နှစ် ချမှတ်ခဲ့ခြင်း။

  • ဩဂုတ် (၁၁) - ပဲခူးတွင် ဗိုလ်ချုပ်ကြေးရုပ် ဖြိုချမှုအကြောင်း ‌ရေးသားထားတဲ့ သတင်းတွေအောက်မှာ ဝင်ရောက်မှတ်ချက်ရေးသားခဲ့သည့် မြို့ခံ ၁၁ ဦးထက်မနည်း ဖမ်းဆီးခံရခဲ့ခြင်း။ အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်အတွင်းရှိမြန်မာစစ်ဘေးရှောင် ၃၂၀၀၀ ကျော်အနက် ၁၉၀၀ ကျော်ရဲ့ဇီဝအချက် အလက်များကိုကောက်ယူပြီးဟု ဒေသတွင်း သတင်းမီဒီယာများက ဖော်ပြခဲ့ခြင်း။

  • ဩဂုတ် (၁၃) - အာဏာသိမ်း စစ်အုပ်စုက လူမှုကွန်ယက်များတွင် အကောင့်တုများဖွင့်၍ ဝါဒဖြန့် စစ်ဆင်ရေးကို စနစ်တကျ ဆောင်ရွက်နေသည်ဟူသော အထောက်အထားများ ရရှိထားကြောင်း ​Myanmar Now သတင်းဋ္ဌာန ဖော်ပြခဲ့ခြင်း။ ရခိုင်ပြည်နယ် မာန်အောင်မြို့နယ်တွင် ဆက်သွယ်ရေး ဖုန်းလိုင်းရရှိရေး ဆောင်ရွက်ပေးရန် စစ်ကော်မရှင်၏ ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် ရခိုင်တိုင်းရင်းသားများပါတီ (RNP) တောင်းဆို ခဲ့ခြင်း။

  • ဩဂုတ် (၁၈) - မန္တလေး ပြည်ကြီးတံခွန်မြို့နယ်တွင် စစ်တပ်လက်အောင်ခံ ပျူစောထီး တွေက VPN သုံးစွဲသူများကို ဖမ်းဆီးငွေညှစ်ခဲ့ခြင်း။ ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ်တွင် AA နှင့် စစ်တပ်တို့ တိုက်ပွဲ ဖြစ်ပွားနေပြီး ဖုန်းနှင့် အင်တာနက်လိုင်းများ ပြတ်တောက်နေခဲ့ခြင်း?

  • ဩဂုတ် (၁၉) - ကရင်ပြည်နယ် ၊ ကော့ကရိတ်-မြဝတီ (အာရှ) လမ်းပိုင်း တွင် တိုက်ပွဲများ ပြင်းထန်နေပြီး ဖုန်းလိုင်းဖြတ်တောက်ခြင်း၊ အင်တာနက်လိုင်းဆွဲအားလျှော့ချခြင်းများ ပြလုပ်ခဲ့ခြင်း။ ဖုန်းလိုင်းနှင့် အင်တာနက်လိုင်း ပြတ်တောက်နေသည့် မကွေးတိုင်း ဆိပ်ဖြူမြို့ အနောက်ဘက် ကျေးရွာများ ဗုံးကြဲတိုက်ခိုက်ခံရခဲ့ခြင်း။

  • ဩဂုတ် (၂၀) - ရခိုင်ပြည်နယ် စစ်တွေမြို့တွင် Mytel ဖုန်းလိုင်းများ ပြန်ရခဲ့ခြင်း။

  • ဩဂုတ် (၂၁) - ဧရာဝတီတိုင်း၊ ဒေးဒရဲမြို့နယ်မှာ စစ်ကောင်စီတပ်က လက်ကိုင်ဖုန်းအတွင်း VPN တွေ့ရှိမှုနဲ့ ဖမ်းဆီးခဲ့တဲ့ ဒေသခံ ၄ ယောက်ကို တယောက်ငွေ ၅ သိန်းအထိ တောင်း ယူပြီး ပြန်လွှတ်ခဲ့ခြင်း။

  • ဩဂုတ် (၂၂) - တယ်လီနော မြန်မာ အနေဖြင့် အာဏာသိမ်း စစ်အစိုးရသို့ သုံးစွဲသူများ၏ metadata များလွှဲပြောင်းပေးခဲ့ကြောင်း The Norwegian Burma Committee ဒါရိုက်တာဟောင်း အော်ဒွန်းအာဂါ (Audun Aagre) စွပ်စွဲခဲ့ခြင်း။

  • ဩဂုတ် (၂၃) - စစ်ကောင်စီ ထိန်းချုပ်ထားသည့် ရခိုင်က စစ်တွေ၊ ကျောက်ဖြူနှင့် မာန်အောင်မြို့တို့တွင် ဖုန်းလိုင်း၊ အင်တာနက်လိုင်းများ ပြန်ဖွင့်ပေးရန် စီစဉ်နေသည်ဟု DMG သတင်းဋ္ဌာန ဖော်ပြခဲ့ခြင်း။

  • ဩဂုတ် (၂၆) - အင်တာနက်လိုင်းမကောင်းသဖြင့် အိန္ဒိဟု ယနိုင်ငံ ၊ မီဇိုရမ်ပြည်နယ်တွင် ခိုလှုံနေသော မြန်မာစစ်ဘေးရှောင်များ၏ ဇီဝအချက်အလက်များကို ကောက်ယူနေရာတွင် နှောင့်နှေးကြန့်ကြာမှုများ ကြုံတွေ့နေရဟု All India Radio ဖော်ပြခဲ့ခြင်း။ “ပြည်သူဆီက မဲလိုချင်ရင် ပြည်သူကို ဘယ်လို အကျိုးပြုရမလဲ စဉ်းစား” ဟု လူမှုကွန်ယက်ပေါ် တင်ခဲ့သူ တောင်ကြီးမြို့မှ အမျိုးသားတစ်ဦးအား ရွေးကောက်ပွဲများကို နှောင့်ယှက် ဟန့်တား ဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေး ဥပဒေ ဖြင့် ဖမ်းဆီးခဲ့ခြင်း။

  • ဩဂုတ် (၂၇) - ရခိုင်ပြည်လွတ်မြောက်နယ်မြေများတွင် လေကြောင်းအန္တရာယ်ကြောင့် စတားလင့် အင်တာနက်ဝန်ဆောင်မှု အာရက္ခတပ်တော် (AA) က ယာယီပိတ်ပင်ခဲ့ခြင်း။

  • ဩဂုတ် (၂၈) - ဒဏ်ခတ်ပိတ်ဆို့မှုများကို ချိုးဖောက်ခဲ့သည့်အတွက် Telenor အား Justice for Myanmar နှင့် ICJ Norway တို့က နော်ဝေးရဲတပ်ဖွဲ့ထံ အမှုဖွင့်ခဲ့ခြင်း။

  • ဩဂုတ် (၃၁) - ယခုလအတွင်း လူမှုကွန်ယက်ပေါ်တွင် ပြောဆိုရေးသားမှုများကြောင့် ဖမ်းဆီးခံရသူ အနည်းဆုံး (  13 ) ဦးခန့်ရှိခဲ့ခြင်း စတဲ့ ဖြစ်စဉ်များ ဒစ်ဂျစ်တယ်ရပ်ဝန်းတွင် ဖြစ်ပွားခဲ့ပါတယ်။

July 2025

  • ဇူလိုင်လ (၁) - စစ်ကောင်စီလက်အောက်ခံ ဗဟိုဘဏ်က ပြီးခဲ့သည့် ဇွန်လ (၂၄) ရက်နေ့တွင် ဒစ်ဂျစ်တယ် ငွေကြေးထုတ်ဝေမှုဆိုင်ရာ ဗဟိုကော်မတီကို ဖွဲ့စည်း။

  • ဇူလိုင်လ (၂) - ဗြိတိန်၊ နော်ဝေနှင့် ဒိန်းမတ် နိုင်ငံတို့မှ ဖွံ့ဖြိုးရေး ရန်ပုံငွေများသည် မြန်မာနိုင်ငံ၏ အကြီးဆုံး အင်တာနက်ဝန်ဆောင်မှုလုပ်ငန်တစ်ခုဖြစ်သည့် Frontiir တွင် အနည်းဆုံး ဒေါ်လာ သန်း (၄၀) ရင်းနှီးမြုတ်နှံထား ။ ယင်း ကုမ္ပဏီသည် တရုတ်စောင့်ကြည့်ရေး နည်းပညာများကို အသုံးပြုနေ။

  • ဇူလိုင်လ (၄) - e-ID စနစ်ဆိုင်ရာလုပ်ငန်းတွေ အဆင့်မြှင့်တင်ဖို့အတွက် မှတ်ပုံတင်စမတ်ကတ် (e-ID/UID) စစ်ဆေး၊ ထုတ်ပေးတဲ့လုပ်ငန်းကို ဇူလိုင် ၄ ရက်ကစပြီး ယာယီရပ်နားထားမယ်လို့ စစ်ကောင်စီ လက်အောက်ခံ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဌာန ထုတ်ပြန်၊ ဇူလိုင်လ (၄) UNHCR India ရုံးက မြန်မာဒုက္ခသည်များ၏ လျှို့ဝှက်ရမည့် ကိုယ်ရေးအချက်အလက်များကို အန္ဒိယအစိုးရထံ လွှဲပြောင်းပေးခဲ့။

  • ဇူလိုင်လ (၅) - စစ်ကောင်စီက ၎င်းတို့ စီစဉ်နေသော ရွေးကောက်ပွဲအတွက် မြန်မာအီလက်ထရောနစ် မဲပေးစက်(MEVM) အလုံးရေ ငါးသောင်းခွဲနီးပါးထုတ်လုပ် ဖြန့်ဖြူးမည်။

  • ဇူလိုင်လ (၆)- ရန်ကုန်မြို့မှ အမျိုးသမီးတစ်ဦး ကလောမြို့နယ်၊ နန့်ပန်တက် ပူးပေါင်းစစ်ဆေးရေးဂိတ်တွင် PSMS Application မှ တဆင့် ဇူလိုင်လ (၂) ရက်နေ့က ဖမ်းဆီးခံခဲ့ရ။

  • ဇူလိုင်လ - (၇) စစ်ကောင်စီသည် စစ်မှုထမ်းမည့် လူငယ်များကို မှတ်တမ်းတင်သည့် ပြည်သူ့စစ်မှုထမ်း ကိုယ်ရေးအချက်အလက် စီမံခန့်ခွဲမှုစနစ် (National Service Information Management System-NSIMS) ကို အကောင်အထည်ဖော်နေ

  • ဇူလိုင်လ (၈)- မိုးကုတ်တွင် ဗုံးကြဲတိုက်ခိုက်ခံရပြီးနောက် အင်တာနက်လိုင်းများ ပြတ်တောက်သွား၊ စစ်တပ်လော်ဘီတစ်ဦးဖြစ်ပြီး နောင်တော်လေးကို အမျိုးသားနိုင်ငံရေးဒီမိုကရက်တစ်ပါတီ ဥက္ကဌ ဦးစိုးမောင်က ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ)နဲ့ တရားစွဲ။

  • **ဇူလိုင်လ (၁၀) -**၂၀၂၀ ရွေးကောက်ပွဲကာလ NLD ပါတီအောင်နိုင်ရေးအတွက် ပါတီအောင်နိုင်ရေးသီချင်း ဖန်းတီး သီဆိုခဲ့သူ အဆိုတော် သံသာဝင်းအား ပုဒ်မ ၅၀၅ (က) ၊ ၅၀ (ည) တို့ဖြင့် ထောင်ဒဏ် နှစ် (၂၀) ချမှတ်။

  • ဇူလိုင်လ (၁၁) - အာရက္ခတပ်တော် AA က ရခိုင်ပြည်အတွင်း သိမ်းပိုက်ထားသော ထိန်းချုပ်နယ်မြေများတွင် အင်တာနက် အသုံးပြုနိုင်သော စတားလင့်အသုံးပြုခွင့်ကို ထိန်းချုပ်ထား။

  • ဇူလိုင်လ (၁၂) - ​MMQR တွင် Trusty Pay နှင့် CTZ Pay ငွေပေးချေမှု နှစ်ခု ထပ်တိုးပါဝင်လား။ MMQR နှင့် ချိတ်ဆက်ထားသည့် Mobile Wallets Payment (၁၀) ခုရှိလာ။

  • ဇူလိုင်လ (၁၃) - e-ID စနစ် အဆင့်မြှင့်တင်ဖို့အတွက် မှတ်ပုံတင်စမတ်ကတ် (e-ID/UID) ထုတ်ပေးရေး လုပ်ငန်းစဉ်ကို ဇူလိုင်လ (၄) ရက်နေမှစ ယာယီရပ်နားထားမည်ဟု ကြေငြာထားသော်လည်း ဘာအံမြို့နယ်တွင် နိုင်ငံဝန်တမ်းအငြိမ်းစားများအား ဇူလိုင်လ (၁၁) ရက်နေ့ က UID ကဒ်များထုတ်ပေးခဲ့သည်ဟု စစ်ကောင်စီ လက်အောင်ခံ ပြန်ကြားရေးဝန်ကြီးဋ္ဌာနက သတင်းရေးသားဖော်ပြ။ ထို့အပြင် ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင်၊ ကျိုင်းလပ်မြို့တွင်လည်း ဇူလိုင်လ (၁၂) ရက်နေ့က UID ကဒ်များ ထုတ်ပေး။

  • ဇူလိုင်လ (၁၄) - ပုဂ္ဂိုလ်ရေးအချက်အလက်များ ခိုးယူပြီး Kpay အကောင် ရာချီဖွင့်၍ လိမ်လည်နေသည့် ငွေလိမ်ဂိုဏ်ကိုး ပဲခူးမြို့တွင် ဖမ်းမိ။

  • ဇူလိုင်လ (၁၅) - စစ်ကောင်စီက ထုတ်လုပ်ထားသည့် မြန်မာအီလက်ထရောနစ် မဲပေးစက်က မဲရလဒ် များကို လိုသလို ချက်ချင်း အပြောင်းအလဲလုပ်နိုင်ပြီး သက်သေမကျန် ခေတ်သစ် သတင်းဋ္ဌာန ဖော်ပြ။ ဇူလိုင်လ (၁၅) သပိတ်ကျင်းတွင် တိုက်ပွဲမှာ ပြန်လည်ပြင်းထန်နေပြီး ဖုန်းလိုင်းနှင့် အင်တာနက်လိုင်းများကို စစ်ကောင်စီနှင့် တော်လှန်ရေး အင်အားစု နှစ်ဘက်စလုံးမှ ဖြတ်တောက်။ စစ်ကိုင်းတိုင်း၊ ကသာမြို့အနီးဝန်းကျင်မှာ တိုက်ပွဲတွေဖြစ်နေပြီး အင်တာနက်လိုင်း ဖြတ်တောက်ခံထားရသည်မှာ (၁) နှစ်ကျော်ရှိလာ။

  • ဇူလိုင်လ (၁၆)- စစ်ကိုင်းတိုင်း​ဒေသကြီး၊ ခမ်းပတ်မြို့တွင် Ooredoo ဖုန်းလိုင်းများ အချိန်ပိုင်းဖြင့် ဖွင့်ပေး။ Wifi ၊ အင်တာနက်လိုင်း နှင့် MPT၊ Atom ဖုန်းလိုင်းများ ဆက်လက်ပိတ်ထားစဲ။

  • ဇူလိုင်လ (၁၇) - ရခိုင်တွင် အင်တာနက် အသုံးပြုခ စျေးနှုန်းကို တစ်နာရီ (၂၀၀၀) နှုန်းဖြင့် အာရက္ခတပ်တော် (AA) က တပြေးညီ သတ်မှတ်၊ ဆက်သွယ်ရေးဝန်ဆောင်မှုကုမ္ပဏီလေးခုဖြစ်သည့် Everlasting Rainbow Construction၊ Myanmar Golden 11 Investment International၊ Tai Telecom Development နှင့် VNG Myanmar တို့အား သုးလပတ်အစီရင်ခံစာ ပေးပို့တင်ပြမှုမရှိခြင်း၊ နှစ်စဉ်ကြေးများပေးဆောင်မှုမရှိခြင်း တို့ကြောင့် လိုင်စင်ကို ပယ်ဖျက်သွားမည်ဟု စစ်ကောင်စီလက်အောက်ခံ ဆက်သွယ်ရေးညွန်ကြားမှုဦးစီးဌာနက ထုတ်ပြန်။

  • ဇူလိုင်လ (၁၉) - အာဏာသိမ်း စစ်ခေါင်းဆောင် တက်ရောက်ခဲ့သည့် အာဇာနည်နေ့ အခန်းအနား ကျင်းပရာ ဝန်းကျင်ရှိ မြို့နယ်များဖြစ်သည့် ဗဟန်း နှင့် စမ်းချောင်းမြို့နယ် ရှိ နေရာအချို့တွင် ဖုန်းလိုင်းနှင့် အင်တာနက်လိုင်းများ ယာယီဖြတ်တောက်။

  • ဇူလိုင်လ (၂၁) - အာရက္ခတပ်တော် (AA) က ရခိုင်ပြည်တွင် အင်တာနက် အသုံးပြုက တစ်နာရီ (၂၀၀၀) ကျပ်နှုန်း သတ်မှတ်ပြီးနောက် အင်တာနက် အသုံးပြုသူ ပိုများလာ။ သို့သော် ရခိုင်ပြည်နယ် မြောက်ပိုင်းရှိ မြို့များကို သာ အင်တာနက် အသုံးပြုခွင့်ပေးထားပြီး တောင်ပိုင်းဒေသရှိ ဂွ၊ သံတွဲ၊ တောင်ကုတ်မြို့များတွင် အင်တာနက်အသုံးပြုခွင့် ပိတ်ထားစဲ။ စစ်ကောင်စီအင်တာနက်ဖြတ်တောက်မှုကြောင့် လူ့အခွင့်အရေးချိုးဖောက်မှု ပိုများလာဟု Kachin Human Rights Watch မှ ပြော။ မြို့တော် မြစ်ကြီးနားအပါအဝင် ကချင်ပြည်နယ်အား စစ်ကောင်စီမှ ဖုန်းနှင့် အင်တာနက် ဖြတ်တောက်ထားသည်မှာ (၁) နှစ်ရှိလာ။

  • ဇူလိုင်လ (၂၃) - မြ၀တီကျားဖြန့်လုပ်ငန်းများအား ထိုင်းနိုင်ငံဘက်မှ ဖုန်းလိုင်းများ၊ အင်တာနက်လိုင်းများနှင့် လျှပ်စစ်မီး ဖြတ်တောက်ခဲ့သော်လည်း Starlink Internet စက်များကို တိုးမြှင့်အသုံးပြုနေ။

  • ဇူလိုင်လ (၂၄) - စစ်ကောင်စီက အကောင့်တုများသုံးပြီး တော်လှန်ရေး အင်အာစုများအကြား ရန်တိုက်ပေးသည့် ဆိုက်ဘာ စစ်ဆင်ရေး ပြုလုပ်နေသည်ဟု ချင်းအမျိုးသားတပ်ဦး (CNF) ပြော။

  • ဇူလိုင်လ (၂၅) - စစ်ကောင်စီနှင့် နီးစပ်သည့် စီးပွားရေးသမား အချို့ကို ပိတ်ဆို့ အရေးယူမှု စာရင်းမှ အမေရိကန် ရုတ်သိမ်း။ တနင်္သာရီတိုင်း ထားဝယ်မြို့နယ် တိုက်ပွဲများဖြစ်ပွားနေသည့်ကျေးရွာများတွင် ဖုန်းလိုင်းများ ပြတ်တောက်နေ။

  • ဇူလိုင်လ (၂၆) - နိုင်ငံသားစိစစ်ရေးကတ်ပြား၊ အိမ်ထောင်စုလူဦးရေစာရင်းနဲ့ UID နံပါတ်များ အတုအပပြုလုပ်ကိုင်ဆောင်သူများကို ထိရောက်စွာအရေးယူမည်ဟု စစ်ကောင်စီ ထုတ်ပြန်၊ စစ်ကောင်စီက နိုင်ငံတော်အဆင့် ဒီဂျစ်တယ်စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကော်မတီ ဖွဲ့စည်းထားပြီး “မြန်မာဒီဂျစ်တယ်စီးပွားရေးလမ်းပြမြေပုံ ၂၀၃၀” ကို ထုတ်ပြန်။

  • ဇူလိုင်လ (၃၀) - VPN ဝန်ဆောင်မှုများကို အရေးယူနိုင်ပြီး ၊ ဒစ်ဂျစ်တယ်ပလက်ဖောင်းဝန်ဆောင်မှုများကို ကန့်သတ်နိုင်သည့် ဒစ်ဂျစ်တယ် ဖိနှိပ်မှု ပုဒ်မများစွာ ပါဝင်သည့် ဆိုက်ဘာလုံခြုံရေး ဥပဒေကို စတင်ကျင့်သုံးရန် စစ်ကောင်စီ လုပ်ဆောင်။

  • ဇူလိုင်လ (၃၁) - အီလက်ထရွန်နစ် ဒစ်ဂျစ်တယ် ID စနစ် အကော်အထည်ဖော်ရေး ပံ့ပိုးပေးရန် အိန္ဒိယနိုင်ငံနှင့် နားလည်မှု စာချွန်လွှာ လက်မှတ်ရေးထိုးကြောင်း ကနေဒါ အခြေစိုက် Biometric Update သတင်းဝက်ဆိုက် ဖော်ပြ ၊ ယခုလအတွင်း လူမှုကွန်ယက်ပေါ်တွင် ပြောဆိုရေးသားမှုများကြောင့် ဖမ်းဆီးခံရသူ အနည်းဆုံး ( ၁၆ ) ဦးခန့်ရှိ စတဲ့ဖြစ်စဉ်များ ဒစ်ဂျစ်တယ်ရပ်ဝန်းအတွင်း ဖြစ်ပွားခဲ့ပါသည်။

June 2025

  • ဇွန်လ (၂) -  မန္တလေးတွင် ဘဏ်အကောင့်ပိတ်ခံထားရသူတွေကို စစ်​ကောင်စီက ပြန်လည် လိုက်လံဖမ်းစီးနေခဲ့ခြင်း၊တော်လှန်ရေးတွင်ပါဝင်နေသည့် နာမည်ကြီးပုဂ္ဂိုလ်များမှ အွန်လိုင်းတွင် ရောင်းချနေသည့် ပစ္စည်းများကို ဝယ်ယူခြင်းနှင့် ဖြန့်ဖြူးခြင်း လုပ်ဆောင်နေသူများကို အကြမ်းဖက် ဥပဒေဖြင့် တရားစွဲမည်ဟု စစ်ကောင်စီက ခြိမ်းခြောက်ခဲ့ခြင်း။

  • ဇွန်လ (၃) - စစ်ကောင်စီက အလိုရှိနေသော နိုင်ငံရေးလှုပ်ရှားသူများ၊ CDM များနှင့် စစ်ပြေးရဲပြေး စုစုပေါင်း  လူ ၅ သောင်းစာရင်းကို Person Scrutinization and Monitoring System (PSMS) Application တွင်ထည့်သွင်း စစ်ဆေးနေခဲ့ခြင်း။

  • ဇွန်လ (၄) - မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ် ညောင်ဦး - ချောက် လမ်းပိုင်းတွင် စစ်ကြောင်းထိုးလာပြီးနောက် ဖုန်းလိုင်းနဲ့ အင်တာနက်လိုင်းများ ပြတ်တောက်ခဲ့ခြင်း။

  • ဇွန်လ (၆) - လောင်းလုံတွင် တစ်ကျော့ပြန်တိုက်ပွဲများဖြစ်ပွားပြီး ဖုန်းလိုင်းများဆက်သွယ်ရ ခက်ခဲနေခဲ့ခြင်း၊ ရခိုင်တွင် လက်တလော အသုံးပြု၍ ရနေသည့် MEC  ဖုန်းလိုင်းများ အပိတ်ခံရ CNA သတင်းဋ္ဌာန ဖော်ပြခဲ့ခြင်း၊ နောင်ချိုမြို့နှင့် ၁၀မိုင်ပတ်လည်တွင် တိုက်ပွဲများဖြစ်ပွားနေပြီး  ဖုန်းလိုင်းနှင့် အင်တာနက်လိုင်းများ ပျက်တောက်နေခဲ့ခြင်း၊ သျှမ်းပြည်တောင်ပိုင်း လွိုင်လင်မြို့နယ် ပင်လုံမြို့နှင့် ကျေးသီးမြို့နယ် မိုင်းနောင်မြို့များရှိ စစ်ဆေးရေးဂိတ်များတွင် PSMS Application ဖြင့်စစ်ဆေးပြီး CDM နှင့် ၅၀၅ ဖြင့်အမှု ဖွင့် ခံရသူများကို ရှာဖွေခဲ့ခြင်း။

  • ဇွန်လ (၁၀) - ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်အတွင်းရှိ တိုက်ပွဲဖြစ်ပွားနေသည့် ကျေးရွာများတွင်  ဖုန်းနှင့် အင်တာနက်လိုင်းများလည်း ဖြတ်တောက် ခံထားရခဲ့ခြင်း။

  • ဇွန်လ (၁၁) - တောင်ငူမြို့နယ်၊မန်းကျီးပင်အင်းရွာတွင် တိုက်ပွဲများဖြစ်ပွားနေပြီး ဖုန်းလိုင်းများ ပြတ်တောက်နေခြင်း။

  • ဇွန်လ (၁၃) - ထိုင်းနယ်စပ်၊ ကရင်နီပြည်ထဲက ရွာတရွာမှာ အင်တာနက်ဆိုင်တစ်ဆိုင်အား ပိတ်ရမယ်လို့ သတ်မှတ်ထားတဲ့ ည (၁၀) နာရီ အချိန်ကျော်တဲ့အထိ မပိတ်တာကြောင့်ဟု ဆိုကာ ဆိုင်ရှင်နှင့် အသုံးပြုသူအချို့အား အမည်မသိ လက်နက်ကိုင်အဖွဲ့တစ်ခုမှ ဆိုင်တွင်း ဝင်ရောက်ရိုက်နှက်ဟု DVB သတင်းဋ္ဌာန ဖော်ပြခဲ့ခြင်း။

  • ဇွန်လ (၁၄) - လက်ရှိ ရခိုင်ပြည်နယ်တွင် အင်တာနက်နှင့် ဖုန်းလိုင်းသုံးစွဲနိုင်သူ (၄) ရာခိုင်နှုန်းခန့်သာ ရှိနိုင်ဟု Western News သတင်းမီဒီယာ ဖော်ပြခဲ့ခြင်း။

  • ဇွန်လ (၁၆) - အမျိုးသားညီညွတ်ရေးအစိုးရ (NUG) မှ သမ္မတရုံး ဝက်ဆိုက် လွှင့်တင်ခဲ့ခြင်း၊ စစ်ကောင်စီ ထိန်းချုပ်ထားသည့် ဟားခါးမြို့တွင် လျှပ်စစ်မီးပျက်တောက်နေသည်မှာ (၃) လကျော် ကြာမြင့်လာပြီး ကွန်ပျူတာ၊ ဖုန်း စသည့် ဆက်သွယ်ရေး ပစ္စည်းများအတွက် အခကြေးငွေပေးပြီး အားသွင်းနေရခဲ့ခြင်း။

  • ဇွန်လ (၁၇) - ချင်းပြည်နယ် လောက်တူနယ်ဒေသ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က လူထု၏ အင်တာနက် သုံးစွဲမှု အပေါ် ကန့်သတ်ချက်များစွာ ပါဝင်သည့် ကြေငြာချက်တစ်စောင် ထုတ်ပြန်ခဲ့ခြင်း၊ ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့တွင် Mytel ဖုန်းလိုင်းများ ပြန်လည်ရရှိခဲ့ခြင်း။

  • ဇွန်လ (၁၈) - တောင်ကြီးတွင် အင်တာနက်လိုင်းများ သိသာစွာ နှေးနေခဲ့ခြင်း။

  • ဇွန်လ (၂၁) - ကရင်ပြည်နယ်၊ မြဝတီ မြို့တွင် ဖုန်းလိုင်းနှင့် အင်တာနက်လိုင်း ဖြတ်တောက်ခံထားရသည်မှာ တစ်နှစ်ကျော်ရှိပြီး ဒေသခံများ ဆက်သွယ်ရေး ခက်ခဲနေဆဲဖြစ်ခြင်း၊ တနင်္သာရီတိုင်း လောင်းလုံမြို့နယ်တွင် လျှပ်စစ်မီး ပျက်တောက်နေသည်မှာ (၂) ပါတ်ကျော် ကြာမြင့်လာပြီး စက်သုံးဆီ အခက်အခဲကြောင့် လောင်းလုံးမြို့နယ်ရှိ ဖုန်းဆက်သွယ်ရေးတာဝါတိုင်အချို့ မီးမရ ဖုန်းလိုင်း တချို့ ပြတ်တောက်ခဲ့ခြင်း။

  • ဇွန်လ (၂၅) - MPT  ဖုန်းလိုင်းတစ်ခုတည်းသာ ရရှိနေသည့် ကချင်ပြည်နယ် ပူတာအိုခရိုင်၊ နောင်မွန်မြို့တွင် စက်သုံးဆီအခက်အခဲကြောင့်ဟု ဆိုကာ အချိန်အကန့်အသတ်ဖြင့်သာ ဖုန်းလိုင်းများ ဖွင့်ပေးခဲ့ခြင်း၊ ရန်ကုန်မြို့ရှိ လူနေထူထပ်သည့်နေရာ နှင့် ကာမှတ်တိုင်များတွင် စစ်ကောင်စီတပ်သားများက အရပ်ဝတ်ဖြင့် ဖုန်းများအား အတင်းအဓမ္မယူကာ စစ်ဆေးပြီး လူငယ်များအား ဖမ်းဆီးမှုများ ပြုလုပ်နေဟု Narinjara သတင်းဋ္ဌာန ဖော်ပြခဲ့ခြင်း။

  • ဇွန်လ (၂၆) - မကွေးတိုင်းဒေသကြီး ဂန့်ဂေါမြို့နယ်ထဲကို ဖုန်းနဲ့ အင်တာနက်လိုင်းတွေ ဖြတ်တောက်ထားပြီး ကျေးရွာတွေကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့ခြင်း။

  • ဇွန်လ (၃၀) -  ယခုလအတွင်း လူမှုကွန်ယက်ပေါ်တွင် ပြောဆိုရေးသားမှုများကြောင့် ဖမ်းဆီးခံရသူ အနည်းဆုံး (27) ဦးခန့်ရှိခဲ့ခြင်း၊  စစ်ကောင်စီက Myanmar Cyber Security Challenge 2025 ပြိုင်ပွဲအား နေပြည်တော်တွင် ကျင်းပရန် ပြိုင်ပွဲဝင်များ ဖိတ်ခေါ်ခဲ့ခြင်း၊ ယခုလအတွင်း လူမှုကွန်ယက်ပေါ်တွင် ပြောဆိုရေးသားမှုများကြောင့် ဖမ်းဆီးခံရသူ အနည်းဆုံး (28) ဦးခန့်ရှိခဲ့ခြင်း စတဲ့ ဒစ်ဂျစ်တယ်ရပ်ဝန်းအတွင်း ဖိနှိပ်မှုဖြစ်စဉ်တွေဖြစ်ခဲ့ပါတယ်။

May 2025

  • မေလ (၁)- ကရင်နီပြည်နယ် မော်ချီးဒေသတွင် ရန်သူ့သတင်းပေးများကြောင့်ဟုဆိုကာ ခရိုင်ပူးပေါင်းအုပ်ချုပ်ရေးကော်မတီက Starlink အင်တာနက်ကို တစ်လ ပိတ်ထားရန် နှင့် Starlink Wifi အသုံးပြုခွင့် မှတ်ပုံတင်များ ပြုလုပ်ရန် ထုတ်ပြန်ခဲ့ခြင်း။

  • မေလ (၂) - RSF ၏ ၂၀၂၅ ခုနှစ် ညွှန်းကိန်းအရ မြန်မာနိုင်ငံ၏ သတင်းမီဒီယာ လွတ်လပ်ခွင့်သည် နိုင်ငံပေါင်း ၁၈၀ အနက် အဆင့် ၁၆၉ တွရပ်တည်နေပြီး သတင်းမီဒီယာလွတ်လပ်ခွင့်အတွက် အလွန်အန္တရာယ်ရှိသော အဆင့်(အနီရောင်အဆင့်)တွင် ရှိနေခဲ့ခြင်း၊ မကွေးတိုင်း၊ ဆောမြို့နယ်၊ ကျောက်ထုတိုက်နယ် စသည့် ယောနယ်အား ဖုန်းလိုင်းများ ဖြတ်တောက်ကာ နေ့စဉ်ရက်ဆက် ဗုံးကြဲနေခဲ့ခြင်း၊ စစ်ခေါင်းဆောင်ကို သရော်သည့်စာများ ၊ ငလျင်နှင့်ပတ်သက်၍ စစ်တပ်အသိုင်းအဝိုင်းကို ထေငေါ့သည့်စားများ လူမှုကွန်ယက်တွင် ဖြန့်ဝေသဖြင့် စစ်တပ်ထောက်ခံသူ ဦးကျော်ဇေယျအား ဖမ်းဆီးခဲ့ခြင်း။

  • မေလ (၃) -  စစ်ကိုင်းတိုင်း၊ ကလေးမြို့မှာ ဆက်သွယ်ရေး ဖုန်း၊ အင်တာနက်လိုင်းအားလုံးနီးပါး ပြတ်တောက်နေပြီး  MPT ဖုန်းလိုင်းသာ အနည်းငယ်ရ၊ ထို့ကြောင့် ​MPT Sim Card တစ်ကဒ်လျှင် ၄၅၀၀၀ အထိ စျေးပေါက်နေခြင်း။

    ဖုန်းလိုင်း၊ အင်တာနက်လိုင်း တစ်နှစ်ကျော်ကြာ ပြတ်တောက်နေမှုကြောင့် ရခိုင်အခြေစိုက် သတင်းထောက်များ သတင်းအရင်းအမြစ်နှင့်ဆက်သွယ်ရန်နှင့် သတင်းများကို အချိန်နှင့်တပြေးညီတင်ပြရန် အခက်အခဲဖြစ်နေခဲ့ခြင်း။ အာဏာသိမ်းပြီးနောက် သတင်းသမား ၂၀၀ ကျော် ဖမ်းဆီးခံခဲ့ရပြီး သတင်းသများ (၄၀) မှာ အခုချိန်ထိ ဖမ်းဆီးခံထားရစဲဟု မေလ (၃) ရက်နေ့တွင် IPCM ထုတ်ပြန်ခဲ့ခြင်း။

  • မေလ (၇) - ကွမ်းလုံ၊ သိန္နီ ဘက်တွင် တရုတ် ဖုန်းလိုင်းများ အသုံးပြု၍ ရလာပြီး MPT ဖုန်းလိုင်းများ ဆက်သွယ်ရခက်ခဲလာခဲ့ခြင်း။

  • မေလ (၈) - ဂန့်ဂေါမြို့နယ်အတွင်း ဖုန်းလိုင်းများဖြတ်တောက်ပြီး ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်း၊ သံတောင်ကြီးမြို့ပေါ်တွင်ပါ ဖုန်းနှင့်အင်တာနက် လိုင်းပြတ်တောက်မှု သိသိသာသာဆိုးရွားလာခဲ့ခြင်း။

  • မေလ (၉) - မလှိုင်တွင် စစ်ကောင်စီက MPT၊ Ooredoo ဖုန်းလိုင်းများကို နှေးကွေးအောင်ပြုလုပ်ထားသည့်အပြင် ဖုန်းလိုင်းများပြတ်တောက်ခြင်းကိုလည်း မကြာခဏကြုံတွေ့နေရခဲ့ခြင်း၊ ကိုးကန့်တပ်ဖွဲ့ (MNDAA) ထိန်းချုပ်နယ်မြေတွေမှာ တရုတ်ဖုန်းလိုင်းတွေ ဆင်ဖို့ ပြင်ဆင်နေခဲ့ခြင်း။

  • မေလ (၁၂) - ဖုန်းလိုင်း မရသောကြောင့် စစ်ကြောင်းထိုးလာသည်ကို မသိလိုက်သဖြင့် မကွေးတိုင်း ၊ ဂန့်ဂေါမြို့နယ် လယ်မကျေးရွာရှိ NUG အစိုးရ ဖွင့်လှစ်ထားသော စာသင်ကျောင်းမှ ကျောင်းဆရာနှင့် ကျောင်းသာ အမပါအဝင် အရပ်သား (၁၁) ဦး သတ်ဖြတ်ခံရခဲ့ခြင်း။

  • မေလ (၁၃) - ကရင်နီပြည်၊ ဖားဆောင်းမြို့နယ်၊ မော်ချီးဒေသတွင်  Starlink WiFiများအား မော်ချီးဒေသအခြေစိုက် ကြယ်ဖြူတပ်ဖွဲ့က လေကြောင်းအန္တရာယ်ကာကွယ်ရေးနှင့် မြေပြင်သတင်းများ မပေါက်ကြားစေရေးအတွက် ဟုဆိုကာ (ယာယီ) သိမ်းဆည်းနေခဲ့ခြင်း။

  • မေလ (၁၄) - ဘတ်ဂျက် အခက်အခဲကြောင့် RFA နှင့် VOA တို့၏ မြန်မာပိုင်း အသံလွှင့် အစီအစဉ်များရပ်နားခဲ့ရသည့်အတွက် အင်တာနက်ပြတ်တောက်နေသည့် ဒေသများတွင် သတင်းစီးဆင်းမှု ပိုမိုပြတ်တောက်နိုင် ခဲ့ခြင်း။

  • မေလ (၁၅) - ဧပြီလ တလအတွင်း ဖုန်းနှင့် အင်တာနက်လိုင်းများ ဖြတ်တောက်ခံထားရသည့် မြို့နယ်စုစုပေါင်း (၁၃၈) ​မြို့နယ် ရှိဟု အသံအဖွဲ့ ဆိုခဲ့ခြင်း။

  • မေလ (၁၇) - မေလ (၁၂) ရက်နေ့က စစ်ကိုင်းတိုင်း၊ချောင်းဦးမြို့နယ်၊ခင်မွန်ရွာက Starlink Internet ဆိုင်အား စစ်အုပ်စုက ဝင်ရောက်စီးနင်းပြီး အမျိုးသား အမျိုးသမီး (၂၇) ဦး ဖမ်းဆီးခံရခဲ့ခြင်း။

  • မေလ (၁၉) - စစ်ကောင်စီ၏ အပြင်းအထန် လေကြောင်းတိုက်ခံမှုကို ခံစားနေရသည့် ရခိုင်ပြည်နယ်တွင် ဖုန်းလိုင်း၊ အင်တာနက်လိုင်းများလည်း ပြတ်တောက်နေသည့်အတွက် အဝေးရောက်နေသည့် မိသားစုဝင်များအနေဖြင့် သတင်းဌာနများကိုသာ အားကိုးနေရ ဟု နိရဉ္စရာ သတင်းဋ္ဌာန ဖော်ပြခဲ့ခြင်း။

  • မေလ (၂၀) - တနင်္သာရီ​တိုင်း ထားဝယ်ခရိုင် သရက်ချောင်းမြို့နယ်မှာလည်း ဒီမိုကရေစီအရေးလှုပ်ရှားမှုသပိတ်ကော်မတီကနေ ဦးဆောင်ပြီး စစ်ကောင်စီတပ်​၏ Mytel ဆင်းကတ် မသုံးစွဲရေး လှုပ်ရှားမှုပြုလုပ်ခဲ့ခြင်း၊ တပ်တွင်းသတင်း ပေါက်ကြားသဖြင့်ဟု ဆိုကာ ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်ရှိ စစ်ကောင်စီတပ်ရင်းများမှ ရခိုင်လူမျိုးတပ်ဖွဲ့ဝင် မိသားစုဝင်တွေကိုင်ဆောင်တဲ့ ဖုန်းများအား သိမ်းဆည်းခဲ့ခြင်း။

  • မေလ (၂၁) - ဧရာဝတီတိုင်း၊ ငပုတောမြို့နယ်တွင် စစ်ကောင်စီတပ်က ဒေသခံတွေရဲ့ လက်ကိုင်ဖုန်းများကို စစ်ဆေးပြီး အရပ်သား (၄) ဦးကို ဖမ်းဆီးခဲ့ခြင်း။

  • မေလ (၂၃) - Myanmar Net အွန်လိုင်းမှ ခြေရာခံနိုင်သော၊ ဝက်ဘ်ဆိုက်များကို ပိတ်ဆို့နိုင်သော၊ VPN  အသုံးပြုမှု  တားဆီးနိုင်သော စက်ပစ္စည်းများကို သုံးစွဲနေသည်ဟု Myanmar Now သတင်းဌာနနှင့် ဗြိတိန်အခြေစိုက် Finance Uncovered သတင်းဌာနတို့ ထုတ်ဖော်ခဲ့ခြင်း။

  • မေလ (၂၆) - လွိုင်လင်မြို့ တိုးဂိတ်တွင် PSMS Software ဖြင့်စစ်ဆေးပြီး ရန်ကုန်မြို့၊ မင်္ဂလာဒုံမြို့နယ် နေသူတစ်ဦးအား PDF များအား Kpay ဖြင့် ငွေကြေးထောက်ပံ့သည့် တရားခံပြေး ဟုဆိုကာ ဖမ်းဆီးသည်ဟု စစ်ကောင်စီ၏ လော်ဘီ တယ်လီဂရမ် ချန်နယ်တွင် ဖော်ပြ ခဲ့ခြင်း။

  • မေလ (၂၇) - မတ်လကနေ မေလအထိ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ PSMS စနစ်မှတတဆင့် ဖမ်းဆီးထားသူ ၁၆၅၇ ဦး ရှိသည်ဟု မန္တလေးတိုင်းရဲတပ်ဖွဲ့ ထုတ်ပြန်ခဲ့ခြင်း။

  • မေလ (၂၉) - ကရင်နီပြည်နယ်တွင် မေလအတွင်း PSMS စနစ်မှတဆင့် ဖမ်းဆီးခံရသူ အနည်းဆုံး (၄) ဦးခန့်ရှိခဲ့ခြင်း။

  • မေလ (၃၀) - အမ်း-ပဒါန်းလမ်းပေါ်က နတ်ရေကန်တဝိုက်မှာ တိုက်ပွဲများ ဖြစ်ပွား​​ပြီး ဖုန်းလိုင်းများ ဆက်သွယ်ရ ခက်ခဲနေခဲ့ခြင်း။

  • မေလ (၃၁) -  ယခုလအတွင်း လူမှုကွန်ယက်ပေါ်တွင် ပြောဆိုရေးသားမှုများကြောင့် ဖမ်းဆီးခံရသူ အနည်းဆုံး (၁၉) ဦးခန့်ရှိခဲ့ခြင်း၊ တိုက်ပွဲဖြစ်နေသည့် ဧရာဝတီတိုင်းအတွင်းရှိ သာပေါင်း၊ ရေကြည်၊ ကျုံပျော်၊ လေးမျက်နှာမြို့နယ်နဲ့ ဟင်္သာတ၊ ကြံခင်း၊ မြန်အောင်၊ ဟိုင်းကြီးကျွန်း၊ ငရုတ်ကောင်း စတဲ့မြို့နယ်တို့မှာ မေ ၇ ရက်ကစပြီး အင်တာနက်လိုင်များ မကြာခန ပြတ်တောက်နေခဲ့ခြင်း၊ ယခုလအတွင်း လူမှုကွန်ယက်ပေါ်တွင် ပြောဆိုရေးသားမှုများကြောင့် ဖမ်းဆီးခံရသူ အနည်းဆုံး (၂၀) ဦးခန့်ရှိခဲ့ခြင်း စတဲ့ဖြစ်စဉ်များ ဒစ်ဂျစ်တယ်ရပ်ဝန်းအတွင်း ဖြစ်ပွားခဲ့ပါသည်။

April 2025

  • ဧပြီလ (၁) - ငလျင်ဘေးသင့်ဒေသများသို့ လွတ်လပ်စွာ သတင်းရယူခွင့်ပေးရန် လွတ်လပ်သော မြန်မာသတင်းမီဒီယာကောင်စီ (IPCM) နှင့် အရပ်ဘက်အဖွဲ့အစည်းများ တောင်းဆိုခဲ့ခြင်း

  • ဧပြီလ (၃) - ငလျင်ဒဏ်ကြောင့် အင်းဝနှင့် တံတားဦးဘက်တွင် ဧပြီ (၃) ရက်နေ့အထိ ဖုန်းလိုင်းများ ပြတ်တောက်နေခဲ့ခြင်း ။ ချင်းပြည်နယ်၊ ဟားခါးမြို့ပေါ်တွင် လျှပ်စစ်မီးနှင့် ဆက်သွယ်ရေးဖုန်းလိုင်းများလည်း ပြတ်တောက်နေဆဲဟု BNI သတင်းဋ္ဌာန ဖော်ပြခဲ့ခြင်း။

  • ဧပြီလ (၄) - ပဲခူးတိုင်း၊ ထန်းတပင်မြို့တွင် ဖုန်းလိုင်းနှင့် အင်တာနက်လိုင်းအခက်အခဲများကြောင့် ငလျင်အပြီး အရေးပေါ် ကယ်ဆယ်ရေးအတွက် အကူအညီတောင်းခံရန် ခက်ခဲခဲ့ခြင်း။

  • ဧပြီလ (၅) - ငလျင်လှုပ်ခတ်ပြီးနောက် မန္တလေးမြို့၌ ဖုန်းလိုင်းနှင့် အင်တာနက်လိုင်းများ ပြတ်တောက်နေဆဲ ဖြစ်ပြီး WIFI များသာ အသုံးပြုနိုင်သေးခြင်း။

  • ဧပြီလ (၆) - ATOM ဆင်းကဒ်သုံးစွဲသူများထံ လောင်းကစားဂိမ်း မက်ဆေ့အဆက်မပြတ်ပို့ခံရခဲ့ခြင်း။

  • ဧပြီလ (၇) - ငလျင်ကြောင့် မိုဘိုင်းဆက်သွယ်ရေးစခန်း ပေါင်း ၆၇၃၀ ကျော် ပျက်စီးခဲ့ပြီး စခန်း (၈၀၀) ခန့် ပြုပြင်ရန် ကျန်ရှိဟု စစ်ကောင်စီဆိုခဲ့ခြင်း။ ပခုက္ကူမြို့နယ်အတွင်း အင်တာနက်လိုင်းနှင့် ဖုန်းလိုင်းများ ပြတ်တောက်နေခဲ့ခြင်း။ ဖုန်းလိုင်း၊ အင်တာနက်လိုင်းနှင့် လျှပ်စစ်မီးပြတ်တောက်မှုများကြောင့် စစ်ကိုင်းမြို့ ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများ လုပ်သလောက် ခရီးမပေါက်ခဲ့ခြင်း။

  • ဧပြီလ (၈) - အင်တာနက်နှင့် ဖုန်းလိုင်းများ ဖြတ်တောက်ခံထားရသည့် ဘုရားသုံးဆူမြို့တွင် Starlink ကို ဆယ်သွယ်ရေးစနစ်ကို တွင်တွင်ကျယ်ကျယ် အသုံးပြုလာခဲ့ခြင်း။

  • ဧပြီလ (၉) - ငလျင်ဒဏ်ကြောင့်  မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း၏  အော်တိုအိတ်ချိန်း  ၉၅ ခု ချွတ်ယွင်းပျက်စီးခဲ့ပြီ ဧပြီလ ၈ ရက်အထိ ၆၃ ခု ပြုပြင်ပေးနိုင်ခဲ့ ဟု စစ်ကောင်စီ ထုတ်ပြန်ခဲ့ခြင်း။

  • ဧပြီလ (၁၀) - နေပြည်တော်၊ မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်း၊ ပဲခူးတိုင်း၊ ရှမ်းပြည်နယ်များ အပါအဝင် ငလျင်ဘေးသင့် ဒေသများတွင် လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်နေဆဲဖြစ်ကာ လျှပ်စစ်မီး၊ ဖုန်းလိုင်း၊ အင်တာနက်လိုင်းများလည်း ကောင်းစွာမရရှိသေးဟု ဧရာဝတီသတင်းဋ္ဌာန ဖော်ပြခဲ့ခြင်း။

  • ဧပြီလ (၁၂) - ကလေးမြို့နယ် အပါဝင် ချင်းပြည်နယ်တစ်ခု‌လုံးနီးပါး ဖုန်းလိုင်းများ ဖြတ်တောက်ခံရခဲ့ခြင်း။ ငလျင်လှုပ်ခတ်ပြီး (၂) ပတ် ကြာသည်အထိ စစ်ကိုင်းတွင် ဖုန်းလိုင်း အင်တာနက်လိုင်းများ ကောင်းမွန်စွာ မရရှိခဲ့ခြင်း။

  • ဧပြီလ (၁၄) - ဆက်သွယ်ရေး စခန်းပေါင်း ၂၆၀၀၀ ကျော် ရှိသည့်အနက် ငလျင်ကြောင့်စစခန်းပေါင်း ၆၇၃၀ ကျော် ပြတ်တောက်ခဲ့ပြီး ၆၄၀၀ ကျော် ပြန်လည် ပြင်ဆင်ပြီးဟု စစ်ကောင်စီ ဆိုခဲ့ခြင်း။ စစ်ကောင်စီက နေပြည်တော်တွင် မိုဘိုင်းဆက်သွယ်ရေး စခန်းများ ၉၈ ရာခိုင်နှုန်း ပြန်လည် ကောင်းမွန်ပြီဟု ထုတ်ပြန်ခဲ့သော်လည်း ငွေထုတ်ယူခ နှုန်းများ ပိုမိုပေးနေရခဲ့ခြင်း။ စစ်ကိုင်းတိုင်း ကနီမြို့နယ်တွင် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခံရပြီး ဖုန်းလိုင်းများလဲ ပြတ်တောက်နေခဲ့ခြင်း။

  • ဧပြီလ (၁၅) - ထီလင်းမြို့နယ် အရှေ့ဘက်ခြမ်းကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ခဲ့ပြီး ဖုန်းလိုင်းများလဲ ဖြတ်တောက်ထားခဲ့ခြင်း။

  • ဧပြီလ (၁၆) - ကလေးမြို့တွင် ဧပြီလ ၁၅ ရက်နေ့ ညနေပိုင်းတွင် ဖုန်းလိုင်းများ ပြန်လည်ရရှိခဲ့ခြင်း။ စောင့်ကြည့်ထောက်လှမ်းရေးအတွက် စစ်ကောင်စီအသုံးပြုတဲ့ MOBILedit Forensic Pro ဆော့ဖ်ဝဲလ်ရောင်းချခဲ့တဲ့ ချက် ကုမ္ပဏီကို စုံစမ်းစစ်ဆေးပေးဖို့ JFM တောင်းဆိုခဲ့ခြင်း။

  • ဧပြီလ (၁၈) - ဧရာဝတီတိုင်း လေးမျက်နှာမြို့နယ်ရှိ ကျေးရွာများတွင် လေကြောင်းတိုက်ခိုက်ခံရပြီးနောက် ဖုန်းလိုင်းများ ပြတ်တောက်ခဲ့ခြင်း။ သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ် အတွင်းရှိကျေးရွာများတွင် စစ်ကောင်စီတပ်မှ စစ်ကြောင်းထိုးဝင်ရောက်စဉ် ဖုန်းလိုင်းများ ဖြတ်တောက်ခဲ့ခြင်း။ ဖုန်းလိုင်းနှင့်အင်တာနက်လိုင်း ဖြတ်တောက်ခံထားရသည့်အတွက် ရခိုင်ပြည်  လွတ်မြောက် နယ်မြေ အချို့တွင် အရပ်သားများအနေဖြင့် စကားပြောစက်များ အသုံးပြုလာခဲ့ခြင်း။

  • ဧပြီလ (၁၉) - AI နည်းပညာဖြင့် ဥပဒေအသိပညာပြန့်ပွားရေးကြီးကြပ်မှုကော်မတီကို စစ်ကောင်စီက မတ်လ (၂၁) ရက်နေ့က ဖွဲ့စည့်ခဲ့ကြောင်း သတင်းထွက်ပေါ်ခဲ့ခြင်း။ (၇) လကျော်ကြာ ဖုန်းလိုင်းအပိတ်ခံထားရသည့် ကသာမြို့တွင် Atom ဖုန်းလိုင်းများပြန်လည်ရရှိခဲ့ခြင်း။

  • ဧပြီလ (၂၁) - စစ်ကိုင်းတိုင်း၊မကွေးတိုင်း၊မန္တလေးတိုင်း နဲ့တိုင်းရင်းသားပြည်နယ်တချို့ရှိ ဒေသများတွင် အင်တာနက် ပျက်တောက်မှု မရှိစေရေးအတွက် ဆက်သွယ်ရေးစက်အလုံးပေါင်း၂၀၀နီးပါး တပ်ဆင်ပေးထားဟု NUG ဆိုခဲ့ခြင်း။

  • ဧပြီလ (၂၃) - စစ်ကောင်စီ ပြန်လည်ဝင်ရောက်လာသည့် လာရှိုးမြို့တွင် ဖုန်းလိုင်းများ ဆက်သွယ်ရ ခက်ခဲနေဆဲ အနေအထားတွင်ရှိနေခြင်း။ တနင်္သာရီတိုင်း ၊ ရေဖြူမြို့နယ် ၊မင်းသားကျေးရွာအုပ်စု တွင် တိုက်ပွဲများဖြစ်ပွားပြီး ဖုန်းလိုင်းနှင့်အင်တာနက်လိုင်းများ ဖြတ်တောက်ထားခဲ့ခြင်း။

  • ဧပြီလ (၂၄) - DVB က သဘာဝဘေး ရေဒီယို အထူးအစီးအစဉ်ကို မနက်တစ်ကြိမ် ညနေတစ်ကြိမ် ထုတ်လွင့်ခဲ့ခြင်း။

  • ဧပြီလ (၂၅) - မြစ်ကြီးနားတွင် အင်တာနက် ဆက်သွယ်ရေး အခက်အခဲကြောင့်ဧရာဝတီ မြစ်ရေ မြင့်တက်လာမှု အခြေအနေကို အချိန်နှင့်တပြေးညီ အသိမပေးနိုင်ခဲ့ခြင်း။

  • ဧပြီလ (၂၈) - ထိုင်း ဘဏ်ဝန်ဆောင်မှုများနှင့် ချိတ်ဆက်ထားသည့် နိုင်ငံခြားသား အမည်ပေါက် Sim Card (၇၀၀၀၀၀) ကို ထိုင်းအစိုးရ စိစစ်မည်ဟုကြေငြာခဲ့ခြင်း။

  • ဧပြီလ (၂၉) - မြေလတ်အသံ သတင်းထောက် ကိုသန်းထိုက်မြင့်ကို စစ်ကောင်စီက အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေဖြင့် ထောင်ဒဏ် (၅) နှစ် ချမှတ်ခဲ့ခြင်း။

  • ဧပြီလ (၃၀) - ယခုလအတွင်း လူမှုကွန်ယက်ပေါ်တွင် ပြောဆိုရေးသားမှုများကြောင့် ဖမ်းဆီးခံရသူ အနည်းဆုံး (8) ဦးခန့်ရှိခဲ့ခြင်း  စတဲ့ ဒစ်ဂျစ်တယ်ရပ်ဝန်းဆိုင်ရာ ဖြစ်စဉ်များ ဖြစ်ပွားခဲ့ပါတယ်။

March 2025

  • မတ်လ (၁) - စစ်အာဏာသိမ်း (၄) နှစ်ကျော်ကာလအတွင်း လူမှုကွန်ယက်ပေါ်မှ ပြောဆိုရေးသားမှုများကြောင့် ဖမ်းဆီးခံရသူ ၁၈၈၄ ဦး ရှိသည်ဟု Data for Myanmar အဖွဲ့ ဖော်ပြခဲ့ခြင်း။

  • မတ်လ (၂) - မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ရေလယ်ကျွန်း ဒေသတဝိုက်တွင် စစ်တပ် စစ်ကြောင်း ရောက်ရှိစဉ် ဖုန်းလိုင်းများ ဖြတ်တောက်ထားခဲ့ခြင်း၊ အွန်လိုင်းငွေလိမ်ဂိုဏ်များကို နှိမ်းနင်းနိုင်ရေး ဖိအားပေးရန် ထိုင်းနိုင်ငံဘက်မှ ဖြတ်တောက်ထားသည့် ဆက်သွယ်ရေးလိုင်းနှင့် လျှပ်စစ်မီးလိုင်းများကို ပြန်ဖွင့်ပေးရန် BGF တောင်းဆိုခဲ့ခြင်း။

  • မတ်လ (၃) - ဖုန်းနှင့် အင်တာနက်လိုင်းများ ဖြတ်တောက်ခံထားရသည့် သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ် မင်းပလောင်ရွာတွင် စစ်ရှောင်များသည် ရေရှားပါးမှုနှင့် ကြုံနေရပြီး အရေပြားရောဂါ ဖြစ်ပွားနေခဲ့ခြင်း။

  • မတ်လ (၄) - လေကြောင်းသတင်းပေးမှုများကို စိစစ်ကြပ်မတ်နိုင်ရေးအတွက်ဟုဆိုကာ မကွေးတိုင်း၊ မြိုင်မြို့နယ်အတွင်းရှိ စတားလင့်ဆိုင်များ ယာယီပိတ်ရန် မြိုင်ပကဖ က ညွှန်ကြားခဲ့ခြင်း၊ လျှပ်စစ်မီးယာယီ ဖြတ်တောက်ခြင်းက ငွေလိမ်လုပ်ငန်းများအား အခြားဒေသများဆီသို့ ပြောင်းရွှေ့သွားစေခဲ့ပြီး အဆိုပါလုပ်ငန်းများအား ပိုမိုကျယ်ပြန့်သွားစေသည်ဟု Justice For Myanmar က ထောက်ပြခဲ့ခြင်း။

  • မတ်လ (၈) - ပဲခူးတိုင်း၊ ပြည်မြို့အနောက်ဘက်ကမ်း၊ ပြည်-ကံမလမ်းပိုင်းရှိ တည်ပင်ကျိုးဂိတ်၌ စစ်ကောင်စီက စားသောက်ကုန် သယ်ယူခွင့် ပိတ်ထားပြီး ဖုန်းလိုင်းနှေးခြင်း၊ လိုင်းပြတ်ခြင်းများလဲ ဖြစ်ပေါ်နေခဲ့ခြင်း။

  • မတ်လ (၁၁) - ထိုင်းနိုင်ငံ၊ ဆန်ခလဘူရီအကောက်ခွန်ဂိတ်တွင် ဂြိုလ်တု အင်တာနက် Starlink ၂၁ လုံး သယ်ဆောင်လာသည့် မြန်မာနိုင်ငံသားတစ်ဦးအား တားမြစ်ပစ္စည်းများ သယ်ဆောင်လာမှုဖြင့် ထိုင်းရဲတပ်ဖွဲ့ ဖမ်းဆီးခဲ့ခြင်း။

  • မတ်လ (၁၄) - အာဏာသိမ်းကာလ လေးနှစ်အတွင်း နိုင်ငံတစ်ဝန်း မြို့နယ်ပေါင်း ၂၀၃ မြို့နယ်မှာ ဆက်သွယ်ရေးလိုင်း ပြတ်တောက်မှု အကြိမ်ရေ ၄၆၀ အထိ ဖြစ်ပွားခဲ့သည်ဟု အသံအဖွဲ့မှဆိုခဲ့ခြင်း။

  • မတ်လ (၁၆)  - ဒေါ်နယ်ထရမ့်လက်မှတ်ရေးထိုးလိုက်သည့် အမိန့်ပြဌာန်းချက်ကြောင့် ဗွီအိုအေ (Voice of America) နှင့် လွတ်လပ်သော အာရှအသံ RFA သတင်းဌာနများ၏ လုပ်ငန်းများသည် အပြီးတိုင် ပိတ်သိမ်းခံရမည့်အခြေအနေသို့ရောက်ရှိနေခဲ့ခြင်း၊ ဖုန်းလိုင်းဖြတ်တောက်ခံထားရသည့် စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ စဉ့်ကိုင်မြောက်ရွာနဲ့ မတ္တရာမြို့နယ်၊ မြွေမြေစွန်းရွာအနီးကို စစ်တပ်က ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်း။

  • မတ်လ (၁၈) - ထိုင်းနိုင်ငံမှ မြန်မာနိုင်ငံနယ်စပ်အား လျှပ်စစ်မီး၊ လောင်စာဆီနဲ့ အင်တာနက်လိုင်း ဖြတ်တောက်ခဲ့ပြီးနောက် ဆိုက်ဘာရာဇဝတ်မှု ၂၀ ရာခိုင်နှုန်းခန့် ကျဆင်းခဲ့ကြောင်း ထိုင်း ဒစ်ဂျစ်တယ် စီးပွားရေးနဲ့ လူမှုအဖွဲ့အစည်းဝန်ကြီးပြောခဲ့ခြင်း။

  • မတ်လ (၁၉) - KBZ Pay အကောင့်များ ပြည်ပဖုန်းနံပါတ်ဖြင့် သုံးစွဲခွင့် မရှိတော့ဟု ကမ္ဘောဇဘဏ်မှ ထုတ်ပြန်ခဲ့ခြင်း၊

    မွန်ပြည်နယ်၊ မော်လမြိုင်မြို့တွင် National Database စနစ်မှ အချက်အလက်များပေါ် အခြေခံ ဖမ်းဆီးမှုများ ရှိလာဟု သံလွင်တိုင်း သတင်းဋ္ဌာနမှ ဖော်ပြခဲ့ခြင်း။

  • မတ်လ (၂၀) - စစ်ကောင်စီက ယောဒေသအတွင်းရှိ ဂန့်ဂေါ၊ ထီးလင်း၊ ကျောက်ထု၊ ဆောမြို့နယ်တို့တွင် ဖုန်းလိုင်းများဖြတ်တောက်ထားပြီးစစ်ရေးလှုပ်ရှားမှုများ ပိုမိုလုပ်ဆောင်လာခဲ့ခြင်း၊ ချင်းပြည်နယ် မြို့တော် ဟားခါးမြို့တွင် ဖုန်းလိုင်းနှင့်အင်တာနက်လိုင်းတွေ ဖြတ်တောက်ပြီး စစ်ကောင်စီ စစ်ရေးပြင်ဆင်နေခဲ့ခြင်း။

  • မတ်လ (၂၁) - ဧရာဝတီတိုင်းဒေသကြီး လေးမျက်နှာမြို့နယ်အထိ အာရက္ခတပ်တော် (AA) နှင့် စစ်ကောင်စီတပ်များအကြားတိုက်ပွဲများ ပြင်းထန်လာပြီး ဖုန်းလိုင်းများ ဖြတ်တောက်ခံထားရခဲ့ခြင်း။

  • မတ်လ (၂၃) - မကွေးတိုင်းဒေသကြီး ရေစကြိုမြို့နယ်တွင် ဖုန်းလိုင်းနှင့် အင်တာနက်လိုင်းများ ဖြတ်တောက်ခံထားရခဲ့ခြင်း။

  • မတ်လ (၂၄) - ထိုင်းနိုင်ငံဘက်မှ လျှပ်စစ်မီးနှင့် အင်တာနက် ဖြတ်တောက်ခံထားရသည့် ထိုင်း-မြန်မာနယ်စပ်ရှိ ဘုရားသုံးဆူမြို့တွင် ATO​M ဖုန်းလိုင်းများပါ ထပ်မံပြတ်တောက်ပြီး ဖုန်းလိုင်းများလုံးဝပြတ်တောက်နေခဲ့ခြင်း

  • မတ်လ (၂၅) မွန်ပြည်နယ်၊ ရေးမြို့နယ်တောင်ပိုင်းရှိ ကျေးရွာအများစုတို့ နေ့ခင်းပိုင်းသာ ဖုန်းလိုင်းရရှိပြီး ညပိုင်းတွင် ဖုန်းလိုင်းအားလုံးဖြတ်တောက်ခံနေရခဲ့ခြင်း၊ မင်းအောင်လှိုင်အား အွန်လိုင်းမှ ဝေဖန်သဖြင့် ရာဇသတ်ကြီးပုဒ်မ ၅၀၅ (က) ဖြင့် တရားစွဲဆိုခံထားရသည့် စစ်တပ်ထောက်ခံသူ ငါးမင်းဆွေ ထောင်ဒဏ် (၃) နှစ် ချမှတ်ခံရခဲ့ခြင်း။

  • မတ်လ (၂၆) - တနင်္သာရီမြို့နယ်အတွင်းရှိ ချောင်းညီကိုရွာနှင့် ရမ်းဖိုရွာ ဘက်တွင် Atom ဖုန်းလိုင်းများ ပြတ်တောက်နေခဲ့ခြင်း။

  • မတ်လ (၂၈) - စစ်ကိုင်း မြိုအနီးဗဟိုပြု၍ အင်အား ၇.၇ ရစ်ချက်တာစကေးရှိ ငလျင်လှုပ်ခတ်အပြီးတွင် ရန်ကုန်၊ မန္တလေး၊ နေပြည်တော်၊ စစ်ကိုင်း၊ မြင်းခြံ၊ ကျိုက်ထို၊ ပြင်ဦးလွင်၊ တောင်ကြီး စသည့်မြိုနယ်များအပါအဝင် မြန်မာနိုင်ငံအနှံအပြားတွင် အသက်စည်းစိမ်းများစွာဆုံးရှုံးမှု များဖြစ်ပြီး ဆက်သွယ်ရေး စံနစ်များလည်း ထိခိုက်ခဲ့ခြင်း။

  • မတ်လ (၂၉) - ငလျင်ဒဏ်ခံစားခဲ့ရသည့် မြန်မာနှင့် ထိုင်နိုင်ငံတို့အတွက် ဆက်သွယ်ရေးလိုအပ်ချက်နှင့် ကယ်ဆယ်ရေးလုပ်ငန်းများကို အထောက်အကူဖြစ်စေရန် Starlink kits များကို ပြင်ဆင်ထားကြောင်း Starlink က ၎င်း၏ x(twitter) post တွင်ရေးသားခဲ့ခြင်း။

  • မတ်လ (၃၁) - မြေငလျင်နောက်ဆက်တွဲ ကူညီကယ်ဆယ်ရေးကိစ္စရပ်များနှင့် ပါတ်သက်ပြီး စစ်ကောင်စီကို ဝေဖန်သူများအား ဖမ်းဆီးရန် စစ်ကောင်စီ လော်ဘီချန်နယ်များ လှုံ့ဆော်ခဲ့ခြင်း၊ မြန်မာနိုင်ငံ၌ အဆိုးဝါးဆုံးမြေငလျင်ဒဏ်ခံရချိန်တွင် ဆက်သွယ်ရေးလိုင်းများ ဆက်လက်ဖြတ်တောက်ထားခြင်း ကို ပြန်ဖွင့်ပေးရန် မြန်မာနှင့် နိုင်ငံတကာရှိ အဖွဲ့ပေါင်း (၁၀၀) ကျော်မှ စုပေါင်းတောင်းဆိုခဲ့ခြင်း၊ ယခုလအတွင်း လူမှုကွန်ယက်ပေါ်တွင် ပြောဆိုရေးသားမှုများကြောင့် ဖမ်းဆီးခံရသူ အနည်းဆုံး (16) ဦးခန့်ရှိနေခြင်းစတဲ့ ဖြစ်စဉ်တွေ ဖြစ်ခဲ့ပါတယ်။

February 2025

  • ဖေဖော်ဝါရီ (၁) - ဧရာဝတီတိုင်းအတွင်းရှိ ငွေဆောင်၊ ရေကြည်၊ သာပေါင်း၊ ချောင်းသာ၊ ရွှေသောင်ယံ၊ ကျုံပျော်၊ ပုသိမ်၊ ဟိုင်းကြီးကျွန်း၊ ငရုတ်ကောင်း စတဲ့မြို့နယ်တွေမှာ ၂၀၂၅ ခုနှစ် ဇန်နဝါရီ ၂၀ ရက်ကနေ ဖေဖော်ဝါရီ ၁ ရက်အထိ အင်တာနက်လိုင်းတွေ မကြာခဏ ပြတ်တောက်ခဲ့ခြင်း။ ဆိုက်ဘာလုံခြုံရေးဥပဒေဟာ သတင်းလွတ်လပ်ခွင့်ကို ထိပါးနေကြောင်း IPCM ထုတ်ပြန် ခဲ့ခြင်း။

  • ဖေဖော်ဝါရီ (၄) - ကျားဖြန့်အွန်လိုင်းလိမ်လည်ဂိုဏ်းပြဿနာကြောင်း ထိုင်းနိုင်ငံမှ မြန်မာနိုင်ငံဘက်ခြမ်း မြဝတီနှင့် ဘုရားသုံးစူသို့ သွယ်တန်းထားသော လျှပ်စစ်မီး၊ အင်တာနက်လိုင်းများကို ဖေဖော်ဝါရီ (၅) ရက်နေ့မှ စတင် ဖြတ်တောက်ခဲ့ခြင်း။

  • ဖေဖော်ဝါရီ (၅) - တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်ရှိ ကမ်းခြေရွာများတွင် ဖုန်းနှင့် အင်တာနက်လိုင်းများ ပြတ်တောက်နေ ခဲ့ခြင်း။ ဖုန်းအသုံးပြုသဖြင့်ဟု ဆိုကာ သျှမ်းပြည် သီပေါမြို့နယ် စံဖိတ်ကျေးရွာရှိ ဒေသခံ (၄၀) ကျော်အား TNLA မှ ဖမ်းဆီးဟု သျှမ်းသံတော်ဆင့် သတင်းဋ္ဌာနမှ ရေးသားဖော်ပြခဲ့ခြင်း။

  • ဖေဖော်ဝါရီ (၆) -  သီပေါ၌ ဖုန်း၊ အင်တာနက် အသုံးပြုသူများ ဖမ်းဆီးခံနေရသည်ဟူသော သတင်းအပေါ် TNLA  က ပြန်လည် ငြင်းဆန် ခဲ့ခြင်း။ ရခိုင်ဒေသတွင် ဖုန်းလိုင်း၊ အင်တာနက်လိုင်း ဖြတ်တောက်ခံထားရသည်မှာ ၁ နှစ်ကျော်အထိ ကြာမြင့်လာပြီး ဆက်သွယ်ရေးလိုင်း ပြတ်တောက်နေမှုကြောင့် ရခိုင်အခြေစိုက် အရပ်ဖက်အဖွဲ့အစည်းများ လုပ်ငန်းထိခိုက် ဟု Development Media Group မှ ရေးသားဖော်ပြခဲ့ခြင်း။

  • ဖေဖော်ဝါရီ (၇) - ၂၀၂၁ ခုနှစ်၊ ဇူလိုင်လမှစ၍ စစ်ကိုင်းတိုင်း၊ အထက်ပိုင်းရှိမြို့နယ် အများစုနှင့် မြင်းမူ ၊ဆားလင်းကြီး၊ အရာတော်၊ ယင်းမာပင်၊ မင်းကင်း၊ ဒီပဲယင်း အစရှိသည့်မြို့နယ်များတွင် အင်တာနက်လိုင်းများ ပြတ်တောက်နေခဲ့သည်မှာ (၃) နှစ်ခွဲကာလသို့ ရောက်ရှိလာခဲ့ပြီဟု “အသံ” အဖွဲ့မှ ဖော်ပြခဲ့ခြင်း။

  • ဖေဖော်ဝါရီ (၈) - ကချင်ပြည်နယ် ဗန်မော်မြို့တွင် တိုက်ပွဲများ ပြင်းထန်ချိန်တွင်  ဖုန်းလိုင်း အင်တာနက်လိုင်း ဖြတ်တောက် ထားတဲ့အခြေအနေကြောင့် စစ်ရှောင်ချိန်တွင် တစ်ဦးနှင့်တစ်ဦး ဆက်သွယ်ရန်ခက်ခဲနေ ခဲ့ခြင်း

  • ဖေဖော်ဝါရီ (၁၁) - မြန်မာနိုင်ငံမှ ကျားဖြန့်လုပ်ကိုင်သူတွေကို မောင်းထုတ်ပြီးပါက ဓာတ်အားနဲ့အင်တာနက် ပြန် ပေးမယ်လို့ ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ပြော ခဲ့ခြင်း။ တိုက်ပွဲဖြစ်ပွားနေသည့် တနင်္သာရီမြို့နယ်၊ ထုံမခါကျေးရွာနှင့် သဘောလိပ်ရွာတဝိုက်တွင် ဖုန်းလိုင်းများပြတ်တောက် ခဲ့ခြင်း။ စစ်တပ်ကြောင့် သေဆုံးခဲ့သည့်အရပ်သားများကို တော်လှန်ရေးနှင့် ဆက်စပ်သူများဟု စစ်ကောင်စီ၏ မီဒီယာကောင်စီ ဒုဥက္ကဌ စွပ်စွဲခဲ့ခြင်း။

  • ဖေဖော်ဝါရီ (၁၂) - ရခိုင်ပြည်၊ ရမ်းဗြဲမြို့နယ်၊ ကျောက်နီမော်ကျေးရွာ ဗုံးကြဲခံရမှုဖြစ်စဉ်အား လူမှုကွန်ယက်တွင် ဝေဖန်သူ ရခိုင်အမျိုးသမီးတစ်ဦးအား ရန်ကုန်တွင် ဖမ်းဆီးခဲ့ခြင်း။

  • ဖေဖော်ဝါရီ (၁၅) - ရခိုင်ပြည်၊ ကျောက်ဖြူမြို့တွင် စစ်ကောင်စီလက်အောက်ခံ ဌာနဆိုင်ရာဝန်ထမ်းတချို့ကို စစ်ကောင်စီမှ မသ င်္ကာ၍ ခေါ်ယူ စစ်ဆေးရာတွင် ဖုန်းဆက်သွယ်မှုများနှင့် ငွေလဲ ငွေထုတ် မှတ်တမ်းများကိုပါ စစ်ဆေး ခဲ့ခြင်း၊ မိုဘိုင်းဖုန်းနဲ့ လျှပ်စစ်ပစ္စည်းတွေကို ထိုင်း-မြန်မာနယ်စပ် မြဝတီနဲ့ တာချီလိတ်မြို့တွေကို တင်ပို့ခွင့် ထိုင်းအစိုးရက ပိတ်ပင် ခဲ့ခြင်း၊ မိုးညှင်းမြို့နယ် အင်းတော်ကြီးဒေသသည် အင်တာနက် ဖြတ်တောက်ခံထားရသည်မှာ (၁) နှစ်ခန့် ရှိနေပြီး ယင်းဒေသရှိ ကျောင်းသားများအနေဖြင့် အွန်လိုင်းမှ ပညာ သင်ကြားနိုင်ရေးအတွက် Starlink အသုံးပြုခမှာ တစ်လလျှင် (၁၅၀၀၀၀) ခန့် ကျသင့်ပြီး ပညာသင်ကြားနိုင်ရေး အခက်အခဲဖြစ်ခဲ့ခြင်း။

  • ဖေဖော်ဝါရီ (၁၈)- အွန်လိုင်းငွေလိမ်ဂိုဏ်းတွေ နှိမ်နင်းရေးအတွက် ထိုင်းနိုင်ငံအနေနဲ့ မြဝတီဘက်ကို လျှပ်စစ်ဓာတ်အား၊ အင်တာနက်နဲ့ လောင်စာဆီတွေ ဆက်လက်ဖြတ်တောက်ထားဖို့ တရုတ်ဆက်လက်တိုက်တွန်းခဲ့ခြင်း ▪️ဖေဖော်ဝါရီ (၂၀) ပဲခူးတိုင်း၊ ပေါက်ခေါင်းမြို့ တိုက်ပွဲဖြစ်ရာနေရာတစ်ဝိုက်မှာ အင်တာနက်လိုင်း ဖြတ်တောက်ခံထားရပြီး ပေါက်ခေါင်းမြို့ အဝင်အထွက်ကိုလည်း စစ်ကောင်စီတပ် ကန့်သတ်ခဲ့ခြင်း။

  • ဖေဖော်ဝါရီ (၂၀) - စစ်ကောင်စီက AI နည်းပညာကို အသုံးပြုရာတွင်လိုက်နာရမည့် ကျင့်ဝတ်၊ စံနှုန်းများနှင့် စည်းမျဉ်းစည်းကမ်းများ ပါဝင်သည့် ဉာဏ်ရည်တု မဟာဗျူဟာ မူကြမ်း ရေးဆွဲနေခဲ့ခြင်း။

  • ဖေဖော်ဝါရီ (၂၂) - ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ်၊ ဘုရားသုံးဆူမြို့တွင် အသုံးပြုနေသည့် ထိုင်းနိုင်ငံထုတ် Sim Card များထဲမှ တစ်ခုဖြစ်သည့် AIS ဆင်းကဒ်များ၏ ဖုန်း နှင့် အင်တာနက် အသုံးပြုနိုင်မှုများ အား ဖေဖော်ဝါရီ (၂၁) ရက်နေ့မှ စတင်ပြီး ထိုင်းနိုင်ငံဘက်မှ ဖြတ်တောက်ခဲ့ခြင်း။

  • **ဖေဖော်ဝါရီ (၂၃) -**၂၀၂၄ ခုနှစ်အတွင်း မြန်မာနိုင်ငံတွင် အင်တာနက်ပိတ်ဆို့မှုပေါင်း ၈၅ ကြိမ်ဖြင့် ကမ္ဘာတွင် အင်တာနက်အကြိမ်အများဆုံး​ ပိတ်ဆို့ခံရသည့် နိုင်ငံဖြစ်လာသည် ဟု Access Now ဖော်ပြ ခဲ့ခြင်း

  • ဖေဖော်ဝါရီ (၂၅) - စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း ဟုမ္မလင်းမြို့နယ် နမ့်တောမြို့မှာ MPT ဖုန်းလိုင်းများထပ်မံပျက်တောက်ပြီး အွန်လိုင်းမှ ငွေထုတ်ယူရန် ပိုမိုခက်ခဲလာ ခဲ့ခြင်း၊  စစ်ကိုင်းတိုင်းဒေသကြီး မင်းကွန်း ဒေသတွင်း ဖုန်းလိုင်းနှင့်အင်တာနက်လိုင်း ဖြတ်တောက်ခံရမှုများ ရှိနေခဲ့ခြင်း။

  • ဖေဖော်ဝါရီ (၂၈) -  စစ်ကောင်စီ ဗဟိုဘဏ်မှ Myanmar QR (MMQR) စနစ်ကို တည်ထောင်ပြီး ငွေပေးချေမှုများကို ဒစ်ဂျစ်တယ် ငွေပေးချေမှုစနစ်ဖြင့် ထိန်းချုပ်ရန်ပြင်ဆင် ခဲ့ခြင်း။  ယခုလအတွင်း လူမှုကွန်ယက်ပေါ်တွင် ပြောဆိုရေးသားမှုများကြောင့် ဖမ်းဆီးခံရသူ အနည်းဆုံး (၂၁) ဦးခန့်ရှိခဲ့ခြင်း စတဲ့ ဖိနှိပ်မှုဖြစ်စဉ်တွေ ဖြစ်ခဲ့တာဖြစ်ပါတယ်။

January 2025

  • ဇန်နဝါရီ (၁) - အင်တာနက်အသုံးပြုသူများကို ပိုမိုစောင့်ကြည့်ထိန်းချုပ်နိုင်သည့် ဥပဒေ ပြဋ္ဌာန်းချက်များ အပြင် ပြင်းထန်သည့် ထောင်ဒဏ်နှင့် ငွေဒဏ် ချမှတ်နိုင်သည့် ဥပဒေများ ပါဝင်သည့် ဆိုက်ဘာလုံခြုံရေး ဥပဒေကို စစ်ကောင်စီ ပြဋ္ဌာန်းခဲ့ခြင်း

  • ဇန်နဝါရီ (၂) - ဖြူးမြို့နယ်၊ ဇေယျ၀တီမြို့၊ အတွင်းရှိ ကျေးရွာများတွင် စစ်ကောင်စီတပ်များနှင့် တော်လှန်ရေးတပ် များအကြား တိုက်ပွဲများ ဖြစ်ပွားပြီး ဖုန်းလိုင်းပြတ်တောက်နေခဲ့ခြင်း

  • ဇန်နဝါရီ (၃) - ဂွနှင့် ဧရာဝတီနယ်ချင်းစပ်၊ သာပေါင်းမြို့နယ်နှင့် ကမ်းရိုးတန်းတလျောက်ရှိ ကျေးရွာများတွင် ဖုန်းလိုင်းအားလုံးပြတ်တောက်သွားခဲ့ခြင်း။ ရခိုင်ပြည်နယ်အတွင်းရှိ AA သိမ်းပိုက်ဒေသများတွင် စစ်ကောင်စီ၏ လေကြောင်းအန္တရာယ်ကြောင့် AA က ဖုန်းနှင့် အင်တာနက်လိုင်းများ ပိတ်ထားဟု Western News ရေးသားခဲ့ခြင်း။

  • ဇန်နဝါရီ (၆) - အင်တာနက် ပိတ်ပင်မှုကြောင့် ၂၀၂၄ မြန်မာ့စီးပွားရေး ဒေါ်လာဘီလျံနဲ့ချီ ထိခိုက်ဟု  UK အခြေစိုက် Top1 0VPN အဖွဲ့၏ အစီရင်ခံစာတွင်ဖော်ပြခဲ့ခြင်း။ ပြည်နယ်တစ်ခုလုံးနီးပါး ဖုန်းလိုင်းနှင့် အင်တာနက်လိုင် ဖြတ်တောက်ခံထားရသည့် ကချင်ပြည်နယ်၏ မြို့တော်ဖြစ်သည့် မြစ်ကြီးနားတွင် MPT ဖုန်းလိုင်းများ ရရှိနေသည့်အတွက် SIM Card တစ်ခုလျှင် ကျပ် ၃၅၀၀၀ ခွဲအထိ စျေးမြင့်တက်ခဲ့ခြင်း။

  • ဇန်နဝါရီ (၈) - မြန်မာစစ်အစိုးရ၏ စောင့်ကြည့်ထောက်လှမ်းမှုနှင့် နိုင်ငံသားများအား ဖိနှိပ်မှုများတွင် ပါဝင်နေသော Mytel အား အမေရိကန် End-User Review Committee (ERC) မှ ပို့ကုန် ထိန်းချုပ်ကန့်သတ်မှု စာရင်း (Entity List) တွင် ထည့်သွင်းခဲ့ခြင်း။

  • ဇန်နဝါရီ (၉) - တနိုင်းမြို့တွင် MPT နှင့် Atom ဖုန်းလိုင်းများ ပြန်လည်ရရှိခဲ့ခြင်း။

  • ဇန်နဝါရီ (၁၀) - ထားဝယ်ခရိုင် ၊ ရေဖြူမြို့နယ် ၊ ကံပေါက်တိုက်နယ်အတွင်းရှိ ကျေးရွာအများစုတွင်  ဖုန်းလိုင်းနှင့် အင်တာနက်လိုင်း ပြတ်တောက်မှုများဖြစ်ပေါ်ခဲ့ခြင်း။

  • ဇန်နဝါရီ (၁၄) - ချင်းပြည်နယ် ၊ ပလက်ဝမြို့နယ် ၊ ဆမီးမြို့တွင် ဇန်နဝါရီ (၁၄) မနက်မှစပြီး ဖုန်းလိုင်းများ ပြတ်တောက်ခဲ့ခြင်း။

  • ဇန်နဝါရီ (၁၅) - DGM သတင်းထောက်နှစ်ဦးကို ရုပ်မြင်သံကြားနဲ့ အသံထုတ်လွှင့်ခြင်းဆိုင်ရာ ဥပဒေပုဒ်မ-၉၆ ထောင်ဒဏ် (၅) နှစ်ထပ်တိုးခဲ့ခြင်း။ ဒေါ်လာစျေးမြင့်တက်လာသဖြင့် စျေးတက်အောင်လုပ်သည်ဟုဆိုကာ Facebook Page ၊ Facebook Group ၁၇ ခုနှင့် လူပုဂ္ဂိုလ် အကောင့် ၁၀ ခုကို အရေးယူမည်ဖြစ်ကြောင်း စစ်ကောင်စီ၏ ဗဟိုဘဏ်က ထုတ်ပြန် ကြေညာခဲ့ခြင်း။ တနင်္သာရီတိုင်း ၊ ပုလောမြို့နယ်တွင် ဖုန်းလိုင်းများ​ပြတ်တောက်နေခဲ့ခြင်း။

  • ဇန်နဝါရီ (၁၆) - သတင်းသမားတွေကို ထောင်ချမှု အဆိုးရွားဆုံးနိုင်ငံထဲ မြန်မာ တတိယနေရာမှာရှိနေခဲ့ခြင်း။ မင်္ဂလာဒုံလေတပ်စခန်းနဲ့ ထိစပ်မြို့နယ်တွေရှိ လူနေရပ်ကွက်တွေမှာ ဇန်နဝါရီလဆန်းကစလို့ စစ်ကောင်စီလေတပ်က တပ်ဆင်ထားတဲ့  Jammer တွေကြောင့် ဖုန်းလိုင်းပြတ်တောက်မှုတွေ မကြာခဏ ဖြစ်ပေါ်နေခဲ့ခြင်း။

  • ဇန်နဝါရီ (၁၇) - ဖုန်းလိုင်း၊ အင်တာနက် ဆက်သွယ်ရေး ပြတ်တောက်နေသော ရခိုင်ပြည်တွင် ရေဒီယိုတစ်လုံးကို ကျပ် တစ်သိန်းဝန်းကျင်အထိ ဈေးမြှင့်တက်ခဲ့ခြင်း။

  • ဇန်နဝါရီ (၁၈) - စစ်ကောင်စီနှင့် တိုက်ပွဲဖြစ်နေသည့် ပုသိမ်မြို့နယ်၊ ရွှေသောင်ယံမြို့ ၊ ဘောမိကျေးရွာတွင် ဖုန်းနှင့်လျှပ်စစ်မီး ပျက်တောက်နေခဲ့ခြင်း။

  • ဇန်နဝါရီ (၂၀) - စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု ပိုမိုပြုလုပ်လာ၍ ဖုန်း/အင်တာနက်များကို သတိထားသုံးစွဲကြရန် AA သတိပေးခဲ့ခြင်း။ ဆိုက်ဘာရာဇဝတ်မှုများကိုပူးပေါင်း နှိမ်နင်းနိုင်ရန် မြန်မာနိုင်ငံ၏ ဖက်ဒရယ်ဒီမိုကရေစီ အင်အားစုများမှ တရုတ်အပါအဝင် အိမ်းနီးချင်းနိုင်ငံ (၅) နိုင်ငံအား တောင်းဆိုခဲ့ခြင်း။

  • ဇန်နဝါရီ (၂၁) - ကချင်ပြည်နယ်တွင် ဖုန်းနှင့် အင်တာနက်လိုင်း​ပြတ်တောက်နေသည်မှာ (၆) လပြည့်ပြီဖြစ် ။ နေရာအချို့တွင်သာ ဖုန်းလိုင်းအနည်းငယ်ရရှိခဲ့ခြင်း။ မြဝတီ-ရွှေကုက္ကိုလ်နှင့် KK Park ဒေသများ၌ Online လိမ်လည်မှု၏ အခြေခံလိုအပ်ချက်ဖြစ်သည့် လျှပ်စစ်ဓာတ်အားနှင့် အင်တာနက်လိုင်းအား တစ်ဖက်နိုင်ငံမှ ရရှိနေခြင်းဖြစ်ဟု စစ်ကောင်စီ ထုတ်ပြန်ခဲ့ခြင်း။

  • ဇန်နဝါရီ (၂၂) - ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ် ကျိုက်ဒုံမြို့ တွင် ဖုန်းလိုင်းနှင့် အင်တာနက်လိုင်းများ ပြတ်တောက်ခဲ့ခြင်း။ စစ်ကောင်စီနှင့် အပစ်ခတ် ရပ်စဲပြီးနောက် MNDAA က လားရှိုးမြို့အား အထူးဒေသ ၁ အုပ်ချုပ်ရေးကော်မတီဖွဲ့စည်း၍ လမ်းပန်း ဆက်သွယ်ရေး၊ လျှပ်စစ်မီး၊ ဖုန်းလိုင်း၊ အင်တာနက်လိုင်းများအပါအဝင် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ လုပ်ဆောင်ပေးနေခဲ့ခြင်း။ စစ်ကောင်စီနှင့်စစ်တပ်အပေါ် ထိခိုက်စေသည့် ရေးသားမှုများ ရှောင်ကြရန်နှင့် စစ်တပ် ဆန့်ကျင်သူများကို အားပေး အားမြှောက်လုပ် ရေးသားလျှင် သတင်းမီဒီယာများကို အရေးယူမည်ဟု ပြန်/ဝန် မောင်မောင်အုန်း ခြိမ်းခြောက်ခဲ့ခြင်း။

  • ဇန်နဝါရီ (၂၄) - မန္တလေးမြို့မှာ ယခု ဇန်နဝါရီ လဆန်းမှ စတင်ပြီး ဆိုက်ဘာလုံခြုံရေး ဥပဒေအကြောင်းပြ၍ ခရီးသွားပြည်သူများ၏ ဖုန်းများကို စစ်ဆေးပြီး ငွေညှစ်မှုတွေ ပြုလုပ်လာဟု Mandalay Free Press သတင်းဋ္ဌာနက ဖော်ပြခဲ့ခြင်း။

  • ဇန်နဝါရီ (၂၆) - စစ်ကောင်စီကို လူမှုကွန်ရက်ကနေ  ဝေဖန်ရေးသားမှုတွေ ပြုလုပ်သဖြင့် အာဏာရှင်ဟောင်း ဦးသန်းရွှေ၏ သားမက် ဒေါက်တာနေစိုးမောင်အား ပုဒ်မ ၅၀၅ (က) ဖြင့် ထောင်သုံးနှစ်ချခဲ့ခြင်း။  အာဏာသိမ်းပြီးနောက် သတင်းထောက် နှစ်ရာနီးပါး ဖမ်းဆီးခံခဲ့ရပြီး သတင်းသမား ၄၃ ဦးဟာ ဒီနေ့အထိ အကျဉ်းထောင်တွေထဲမှာ ဆက်လက် အကျဉ်းကျခံနေရတယ်လို့ ထိုင်းနိုင်ငံအခြေစိုက် လွတ်လပ်သော မြန်မာသတင်းမီဒီယာကောင်စီ (IPCM) ထုတ်ပြန်ခဲ့ခြင်း။

  • ဇန်နဝါရီ (၂၈) - ကျောက်မဲမြို့ကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဆက်တိုက် ဗုံးကြဲတိုက်ခိုက်ပြီးနောက် အင်တာနက်နဲ့  ဖုန်း အသုံးပြုမှုကို TNLA ကန့်သတ်ခဲ့ခြင်း။

  • ဇန်နဝါရီ (၂၉) - တမူးမြို့တွင် ဖုန်းလိုင်းနှင့် အင်တာနက်လိုင်းများ​ပြတ်တောက် ခဲ့ခြင်း။

  • ဇန်နဝါရီ (၃၀) - ဂန်ဂေါတွင် စစ်ကောင်စီ ဗုံးကြဲတိုက်ခိုက်မှုကြောင့် တာဝါတိုင် ထိမှန်ပြီး ဖုန်းလိုင်းပြတ်တောက်။

  • ဇန်နဝါရီ (၃၁) - ယခုလအတွင်း လူမှုကွန်ယက်ပေါ်တွင် ပြောဆိုရေးသားမှုများကြောင့် ဖမ်းဆီးခံရသူ အနည်းဆုံး (  5) ဦးခန့်ရှိခဲ့ခြင်း စတဲ့ ဒစ်ဂျစ်တယ်ရပ်ဝန်းအတွင်း ဖြစ်ပျက်ခဲ့သည်များနှင့် ဒစ်ဂျစ်တယ်ဖိနှိပ်မှုဖြစ်စဉ်တွေပဲဖြစ်ပါတယ်။

More from this blog

Digital Coup in Myanmar

စစ်ကောင်စီ မတရားအာဏာသိမ်းမှုရဲ့ ဒစ်ဂျစ်တယ်ဆိုင်ရာ အခွင့်အရေးများစွာကို ထင်ထင်ပေါ်ပေါ် ချိုးဖောက်ခဲ့မှုများကို လူတိုင်းလက်တွေ့ခံစားခဲ့ကြရတာပါ။ မြန်မာနိုင်ငံသူ/သားများ ရင်ဆိုင်ခဲ့ရတဲ့ ဒစ်ဂျစ်တယ်အမှောင်ထ

Mar 22, 20261 min read143
Digital Coup in Myanmar

တစ်နေရာမှ တစ်နေရာသို့ ရွေ့ပြောင်းထွက်ခွါရာမှာ လိုအပ်သော ပြင်ဆင်ချက်များ

တစ်နေရာမှ တစ်နေရာသို့ ရွေ့ပြောင်းထွက်ခွါရာမှာ လိုအပ်သော ပြင်ဆင်ချက်များ စစ်ကောင်စီရဲ့ စစ်မှုထမ်းဥပဒေကြေငြာပြီး နောက်မှ ပြည်ပ သို့ မိမိနေထိုင်ရာအရပ်မှ နယ်မြေသစ်တွေကို ထွက်ခွါသူတွေအများအပြားရှိလာပါတယ်။ Immigration ကိုဖြတ်ကျော်ရာမှာ လေဆိပ်မှာဖြစ်ဖြစ် နယ...

May 13, 20252 min read35
တစ်နေရာမှ တစ်နေရာသို့ ရွေ့ပြောင်းထွက်ခွါရာမှာ လိုအပ်သော ပြင်ဆင်ချက်များ

Public Wi-Fi ကို ဘယ်လိုလုံခြုံအောင်သုံးကြမလဲ?

𝗣𝘂𝗯𝗹𝗶𝗰 𝗪𝗶𝗳𝗶 တွေကို ဘာကြောင့် အလွယ်မသုံးသင့်တာလဲ ? ယနေ့လို Digital ခေတ်ကြီးထဲမှာ ကျွန်တော်တို့လူသားတွေအတွက် အင်တာနက်ဆိုတာက မရှိမဖြစ် လိုအပ်‌နေတဲ့အရာတစ်ခုဖြစ်နေပါပြီ။ တစ်ယောက်နဲ့တစ်ယောက်အသုံးပြုပုံခြင်းတော့ မတူညီကြပါဘူး။ တစ်ချို့က Remote Job ...

Apr 25, 20253 min read25
Public Wi-Fi ကို ဘယ်လိုလုံခြုံအောင်သုံးကြမလဲ?
D

digitalsecinfo

83 posts

Digital Security အစရှိတဲ့ နည်းပညာများအပြင် Feb 1, 2021 ခုနှစ် စစ်တပ်အာဏာစသိမ်းချိန်ကစပြီး လက်ရှိအချိန်ထိ Digital အခွင့်အရေးချိုးဖောက်ခံရမှုတွေကို တစုတစည်းတည်းလေ့လာနိုင်ရန်မျှဝေပေးမယ့် Blog ပဲဖြစ်ပါတယ်