တစ်နေရာမှ တစ်နေရာသို့ ရွေ့ပြောင်းထွက်ခွါရာမှာ လိုအပ်သော ပြင်ဆင်ချက်များ

I am a volunteer for civil society organizations (CSOs) aimed at improving their digital security and safe office operations.
Search for a command to run...

I am a volunteer for civil society organizations (CSOs) aimed at improving their digital security and safe office operations.
No comments yet. Be the first to comment.
စစ်ကောင်စီ မတရားအာဏာသိမ်းမှုရဲ့ ဒစ်ဂျစ်တယ်ဆိုင်ရာ အခွင့်အရေးများစွာကို ထင်ထင်ပေါ်ပေါ် ချိုးဖောက်ခဲ့မှုများကို လူတိုင်းလက်တွေ့ခံစားခဲ့ကြရတာပါ။ မြန်မာနိုင်ငံသူ/သားများ ရင်ဆိုင်ခဲ့ရတဲ့ ဒစ်ဂျစ်တယ်အမှောင်ထ

2026 ခုနှစ် ဒစ်ဂျယ်တယ်ရပ်ဝန်းဆိုင်ရာ ဖြစ်ပျက်ခဲ့မှုများ

𝗣𝘂𝗯𝗹𝗶𝗰 𝗪𝗶𝗳𝗶 တွေကို ဘာကြောင့် အလွယ်မသုံးသင့်တာလဲ ? ယနေ့လို Digital ခေတ်ကြီးထဲမှာ ကျွန်တော်တို့လူသားတွေအတွက် အင်တာနက်ဆိုတာက မရှိမဖြစ် လိုအပ်နေတဲ့အရာတစ်ခုဖြစ်နေပါပြီ။ တစ်ယောက်နဲ့တစ်ယောက်အသုံးပြုပုံခြင်းတော့ မတူညီကြပါဘူး။ တစ်ချို့က Remote Job ...

2025 ခုနှစ် ဒစ်ဂျယ်တယ်ရပ်ဝန်းဆိုင်ရာ ဖြစ်ပျက်ခဲ့မှုများ

တစ်နေရာမှ တစ်နေရာသို့ ရွေ့ပြောင်းထွက်ခွါရာမှာ လိုအပ်သော ပြင်ဆင်ချက်များ
စစ်ကောင်စီရဲ့ စစ်မှုထမ်းဥပဒေကြေငြာပြီး နောက်မှ ပြည်ပ သို့ မိမိနေထိုင်ရာအရပ်မှ နယ်မြေသစ်တွေကို ထွက်ခွါသူတွေအများအပြားရှိလာပါတယ်။ Immigration ကိုဖြတ်ကျော်ရာမှာ လေဆိပ်မှာဖြစ်ဖြစ် နယ်စပ်မှာဖြစ်ဖြစ် အစစ်အဆေးခံရချိန်မှာဖြစ်ဖြစ် ထိရှလွယ်တဲ့ အနေအထားဖြစ်နိုင်ပါတယ်။ ဒီအချိန်မှာ ကိုယ့်အနေနဲ့ သက်သေဖြစ်စေနိုင်တဲ့ အချက်အလက်တွေကို ရှင်းထားတာ၊ မီးခိုးကြွက်လျှောက်နိုင်တဲ့ ဆက်သွယ်မှုတွေကို ရှင်းလင်းထားတာမျိုးကို မဖြစ်မနေ လုပ်ဆောင်သွားသင့်ပါတယ်။
စက်ပစ္စည်းနှင့် ဒေတာများကို စီစစ်ခြင်း၊ ပြင်ဆင်ခြင်း
ကိုယ်နဲ့တစ်ပါတည်း ယူဆောင်သွားမယ့် စက်ပစ္စည်းတွေဖြစ်တဲ့ ဖုန်း၊ ကွန်ပျူတာ၊ တက်ပလက် စတာတွေကို စာရင်းပြုလုပ်ပါ။
ယူဆောင်သွားမယ့် စက်ပစ္စည်းတွေရှိ အချက်အလက်များကို ဆန်းစစ်ပါ။
အချက်အလက်တွေကို ခွဲခြမ်းစိတ်ဖြာရာမှာ ကိုယ်ရေးကိုယ်တာအချက်အလက်များနဲ့ ထိရှလွယ်သော အချက်အလက်များကိုခွဲထားပါ။
အလွန်ကိုယ်ရေးကိုယ်တာဆန်တဲ့ အချက်အလက်တွေကိုဂရုစိုက်ပါ။ထိရှလွယ်တဲ့ အချက်အလက်တွေကိုလည်း မိမိနဲ့အတူ ယူဆောင်ခြင်းက အန္တရယ်ရှိနိုင်ပါတယ်။
ဒါကြောင့် အချက်အလက်တွေကို အရင်ဆုံး cloud storage တစ်ခုခုမှာ စုဆောင်းသိမ်းဆည်းသင့်ပါတယ်။ ကိုယ်သိမ်းဆည်းလိုက်တဲ့ အကောင့်ကိုလည်း မိမိလုံခြုံတဲ့နေရာရောက်ချိန်မှ ပြန်လည်ဝင်ရောက်နိုင်အောင် အကောင့်အချက်အလက်တွေဖြစ်တဲ့ UserName, Password, နဲ့ Authenticator နှစ်ဆင့်ခံလုံခြုံရေးထားပါက အသုံးပြုထားတဲ့ ဆင်းကဒ် သို့ Authenticator app and Recovery Code တွေကို သေချာမှတ်မိဖို့ လိုအပ်ပြီး လုံခြုံစွာလည်း သိမ်းဆည်းသွားသင့်ပါတယ်။ ဒီအတွက်ဆိုရင်တော့ Password တွေကိုလည်း အသုံးဝင်တဲ့ Password Manager တစ်ခုခုကို အသုံးပြုနိုင်ပါတယ်။
ထိရှလွယ်သော ဒေတာများရှိသော အကောင့်များကို စီမံခြင်း
ဒေတာတွေကို သိမ်းဆည်းခြင်း ပြီးဆုံးပါက သိမ်းဆည်းထားသော အကောင့်ကို Sign Out လုပ်ကာ အကောင့်ထွက်ထားသင့်ပါတယ်။
ဖုန်းထဲမှာဆိုပါက Remove Account လုပ်နိုင်ပါတယ်။ တကယ်လို့များ ကွန်ပျူတာထဲမှာ Password တွေကို Save လုပ်မှတ်ထားတာမျိုးရှိပါကလည်း လုံခြုံစွာ ရွေ့ပြောင်းသိမ်းဆည်းထားသင့်ပါတယ်။
အရေးကြီးအချက်က ကိုယ့်ဒေတာတွေကို သိမ်းဆည်းထားတဲ့အကောင့်ကို ပြန်လည်ဝင်ရောက်နိုင်ခြင်း မရှိစေနိုင်ဖို့အတွက်ပဲဖြစ်ပါတယ်။ ဒေတာတွေကို ကွန်ပျူတာဖြင့် သိမ်းဆည်းပါက အကောင့်ဝင်ရောက်အသုံးပြုတဲ့ Browser ကိုလည်း Cookie တွေ Cache တွေ ကိုရှင်းလင်းသင့်ပါတယ်။ သို့ပေမယ့် အသုံးပြုနေကျ ပုံစံမျိုးဖြစ်အောင် တစ်ချို့သော website တွေကို ဝင်ရောက်ထားတာ တခြားအကြောင်းအရာတွေကို ရှာဖွေထားတာမျိုး လုပ်သင့်ပါတယ်။
ဒေတာတွေကို ဖျက်စီးခြင်း
ဖုန်းအတွင်းမှာဆိုရင် ဂရုပြုသင့်တဲ့ နေရာတွေကတော့ Gallery၊ File Manager နဲ့ Chat တွေ ဖြစ်ပါတယ်။ Gallery ထဲကဓာတ်ပုံတွေ၊ ဗီဒီယိုတွေကို ဖျက်ဆီးရာမှာ အမြဲတမ်း နှစ်ခါဖျက်ဖို့ လိုအပ်ပါတယ်။နောက်ပိုင်း update တွေအရ ဖျက်ဆီးလိုက်တဲ့ ဒေတာတွေကို ရက် ၃၀ သိမ်းဆည်းထားတက်တာကြောင့် recycle bin ထဲကနေပါတစ်ခါတည်း ဖျက်ပစ်ဖို့ လိုပါတယ်။
Trash တို့ bin တို့ထဲကပါ ပြန်လည် recover မလုပ်နိုင်အောင်ဖျက်ပစ်သင့်ပါတယ်။ ကွန်ပျူတာမှာဆိုရင်တော့ File, Exploer, Finder နဲ့ တခြားသော ကိုယ်အချက်အလက်သိမ်းဆည်းထားတတ်တဲ့ နေရာတွေကို စစ်ဆေးပြီး ဖျက်ဆီးသင့်တာကို ဖျက်ဆီးသင့်ပါတယ်။ ပြန်လည်ဆယ်ယူလို့ မရနိုင်အောင် အထိ ဖျက်ဖို့လိုတယ်ဆိုရင်တော့ Shreddit တို့ File Eraser တို့လို File Shredder တို့ကို အသုံးပြုနိုင်ပါတယ်။
ဖုန်း သို့ ကွန်ပျူတာအတွင်းမှာ ဝင်ရောက်ထားတဲ့ အကောင့်တွေကိုလည်း စစ်ဆေးသင့်ပါတယ်။ ဆက်သွယ်ပြောဆိုရာမှာ အသုံးပြုများတဲ့ Telegram တို့ Signal တို့ကို စစ်ဆေးပါ။ Android ဖုန်းရဲ့ Signal မှာဆိုရင် Chat တွေကို Backup လုပ်ထားနိုင်ပါတယ်။ Backup File ကိုလုံခြုံရာမှာ သိမ်းဆည်းပြီး Application ကိုပါ ဖျက်သွားနိုင်ပါတယ်။ လုံခြုံရာကိုရောက်မှသာ Backup File ကို Import ပြန်လုပ်ပြီး ဆက်လက်အသုံးပြုနိုင်ပါတယ်။
Telegram အတွက် ဆိုရင်တော့ ပေါ့ပေါ့ပါးပါး အသုံးပြုနိုင်တဲ့ အကောင့်တစ်ခုကိုဝင်သွားတာက ပိုစိတ်ချရပါတယ်။ ထိရှလွယ်တဲ့ အကြောင်းအရာတွေ ဆွေးနွေးပြောဆိုထားတဲ့ အကောင့်တွေကနေ မက်ဆေ့တွေကို လိုက်ဖျက်တာထက် အကောင့်ထွက်သွားတာက ပိုစိတ်ချရပါတယ်။ သို့ပေမယ့် အကောင့်အား ပြန်လည်ဝင်နိုင်ခြင်းရှိအောင်တော့ သေချာစွာပြင်ဆင်သွားသင့်ပါတယ်။
အကောင့်ဖန်တီးရာမှာ အသုံးပြုထားတဲ့ ဆင်းကဒ်ကို ထုတ်ပြီး သယ်ဆောင်သွားတာမျိုး သို့မဟုတ် အကောင့်ကို mail တစ်ခုနဲ့ချိတ်ဆက်ပြီး ထွက်သွားတာမျိုးလုပ်နိုင်ပါတယ်။
အရေးပေါ် အခြေအနေအတွက် လုပ်ငန်းစဉ်တစ်ခု ချမှတ်ပါ။
မိမိနဲ့ တစ်ပါးတည်း သယ်ဆောင်သွားမယ့် စက်ပစ္စည်းတွေကို ရှင်းလင်းရေးလုပ်ပြီးရင်တော့ အရေးပေါ်အခြေအနေကြုံရပါက လုပ်ဆောင်မယ့် အဆင့်တွေကို ပြင်ဆင်သင့်ပါတယ်။ အရေးပေါ်အခြေအနေမှာ နေရာတစ်ခု မှ နယ်မြေသစ်များဆီသို့ ထွက်ခွာရာတွင် ဘယ်အခြေအနေမျိုးမှာမဆိုကြုံနိုင်တာကြောင့် ကိုယ်တစ်ခုခု ဖြစ်ပြီဆိုတာနဲ့ ချက်ချင်း တခြားသူများကို အသိပေးနိုင်ဖို့ လိုအပ်ပါတယ်။ ဒီအတွက် ဆက်သွယ်စရာတစ်ခု ဖန်တီးထားပြီး ပြည်တွင်းကလူ သို့မဟုတ် ပြည်ပက တစ်ဦးဦးနဲ့ ချိတ်ဆက်ထားသင့်ပါတယ်။ အရေးပေါ် အခြေအနေမှာ ကိုယ့်နဲ့ အတူတူပါလာတဲ့ စက်ပစ္စည်းတွေကို အဝေးကနေ လှမ်းရှင်းလင်းစေချင်တာ၊ ကိုယ့်ရဲ့ facebook အကောင့်ကို စစ်ဆေးခံရခြင်းမှာ ကာကွယ်နိုင်အောင် အသိမိတ်ဆွေကို အကောင့်အချက်အလက် ကြိုတင်မျှဝေထားပြီး password ပြောင်းတာ deactivate လုပ်တာမျိုး၊ မိသားစုကို အကြောင်းကြားပေးတာ စတဲ့ ကိုယ့်အနေနဲ့ လုပ်ဆောင်စေလိုတာတွေကို ကိုယ့်ရဲ့ အသိမိတ်ဆွေနဲ့ ကြိုတင်တိုင်ပင်ထားပါ။
Telegram သို့မဟုတ် ပလက်ဖောင်းတစ်ခုခုကနေ အရေးပေါ်အခြေအနေကြုံရပါက ပို့မယ့် code word ကိုလည်းကြိုတင်သတ်မှတ်ထားနိုင်သလို ဖုန်းတွေမှာ ပါဝင်တဲ့ emergency call ထဲကို ကိုယ့်ရဲ့ အသိိမိတ်ဆွေကို ထည့်ထားတာမျိုးလည်း လုပ်နိုင်ပါတယ်။
တစ်ဖက်နိုင်ငံကို ရောက်ရှိချိန်မှာလည်း အင်တာနက်ရရှိနိုင်အောင် data roaming package တွေကြိုတင်ဝယ်ယူထားသင့်ပါသေးတယ်။ ဒါမှသာ တစ်ဖက်နိုင်ငံကို ဖြတ်ကျော်ရာမှာ အဆင်မပြေပါက ကိုယ့်အသိမိတ်ဆွေကို ဆက်သွယ်နိုင်မှာဖြစ်ပါတယ်။ ယခုလို လူအများအပြားထွက်ခွာနေတဲ့ ကာလမှာလည်း လုံခြုံရေးကို ပေါ့ဆမှုမျိုး မပြလုပ်သင့်ပါဘူး။ တခြားသော ကိုယ့်ဖုန်းတွေ၊ ကွန်ပျူတာတွေ အတွင်းက အရေးကြီးတဲ့ အကောင့်တွေ၊ ထိရှလွယ်တဲ့ အကောင့်တွေကိုလည်း ထွက်သင့်တာကို ထွက်သင့်တာကို ထွက်သွားပြီး ဟန်ပြအနေနဲ့ပြလို့ အဆင်ပြေတဲ့ အကောင့်တွေနဲ့ အစားထိုးဝင်ရောက်သွားပါ။
တစ်နေရာကနေ တစ်နေရာကိုရွှေ့တဲ့ အခါ အခြေအနေတိုင်းကို သတိပြုပါ။
လုံခြုံရေးကို ဂရုစိုက်ပါ။
ဒေတာတွေအတွက် သေချာလေးပြင်ဆင်ပြီးမှ ခရီးစဉ်တစ်ခုကို စတင်ပါ။
အားလုံးပဲ လုံခြုံကြပါစေလို..မျှော်လင့်ရင်း...
#ref&cc:springsecurity #digitalsecinfo