Skip to main content

Command Palette

Search for a command to run...

Digital Repression 2026 in Myanmar

2026 ခုနှစ် ဒစ်ဂျယ်တယ်ရပ်ဝန်းဆိုင်ရာ ဖြစ်ပျက်ခဲ့မှုများ

Updated
4 min read
Digital Repression 2026 in Myanmar
D

I am a volunteer for civil society organizations (CSOs) aimed at improving their digital security and safe office operations.

February 2026

  • ဖေဖော်ဝါရီ (၂)  - စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၊ အလောင်းတော်ကဿပနယ်မြေ အနီးရှိ ဖုန်းလိုင်း ဖြတ်တောက်ခံထားရသည့် ကျေးရွာများအား စစ်ကောင်စီ ဗုံးကြဲခဲ့ခြင်း။  မှတ်ပုံတင်မရှိခြင်းနှင့် ဖုန်းလိုင်းအခက်အခဲကြောင့် AA သူနာပြုသင်တန်း လျှောက်ထားရန် လူငယ်များ အခက်တွေ့ခဲ့ခြင်း။

  • ဖေဖော်ဝါရီ (၃) -  စစ်ကော်မရှင်က နိုင်လွတ်လုံ ဥပဒေကို ထပ်မံပြင်ဆင်သည့် ဥပဒေ ပြဋ္ဌာန်းခဲ့ခြင်း။

  • ဖေဖော်ဝါရီ (၄)  - စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့ အရှေ့ခြမ်းမှာ စစ်ကြောင်းထိုးနေပြီး ဖုန်းလိုင်းများပါ ပြတ်တောက်နေ ခဲ့ခြင်း။

  • ဖေဖော်ဝါရီ (၅) -  အာရက္ခတပ်တော် AA က AA ပိုင် စတားလင့် အင်တာနက်စက်များကို ပြည်သူများမှ ငှားရမ်းအသုံးပြုနိုင်ကြောင်း ပြဌာန်းချက်ကို ဇန်နဝါရီ (၂) ရက်နေ့က ထပ်မံ ထုတ်ပြန်ခဲ့ခြင်း။

  • ဖေဖော်ဝါရီ (၉)  - ဘဏ်အကောင့်ပိတ်ခံရသူတွေကို PSMS စနစ်နဲ့ စစ်ဆေးပြီး ဆက်တိုက်ဖမ်းဆီးမှုများလုပ်နေခဲ့ခြင်း။

  • ဖေဖော်ဝါရီ (၁၀) - တနင်္သာရီတိုင်း သရက်ချောင်းမြို့နယ်နှင့် ပုလောမြို့နယ် ပလောက်မြို့ကြားရှိ ကျေးရွာများတွင် ဖုန်းလိုင်းများ ပြတ်တောက်နေ။ ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော်-KNLA တပ်ရင်း (၁၂) လက်အောက်ခံတပ်ဖွဲ့က မင်းဒပ်ရွာရှိ ဖုန်းတာဝါတိုင်ကို ဖျက်ဆီးခဲ့ခြင်း၊ စစ်လော်ဘီ ဇော်ဘုန်းဟိန်းကို စစ်ကောက်စီက အီလက်ထရောနစ်ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆ (ဃ) ဖြင့် ထောင်ဒဏ် ၂ နှစ် ထပ်မံ ချမှတ်ခဲ့ခြင်း ။

  • ဖေဖော်ဝါရီ (၁၄) - သိမ်းယူထားသည့် ပုဂ္ဂလိကပိုင် စတားလင့်စက်များကို AA က ပြန်ပေးမည်ဟုဆိုခဲ့ခြင်း၊ စစ်ကောင်စီက နိုင်ငံကူးလက်မှတ်များကို E-Passport များအဖြစ် ပြောင်းလဲရန် စီစဉ်နေခဲ့ခြင်း။

  • ဖေဖော်ဝါရီ (၁၇) - မိုးကုတ်တွင် Atom ဖုန်းလိုင်းများ ပြန်လည်ရရှိခဲ့ခြင်း၊ စစ်ကောင်စီ၏ လေယာဉ်ပျံသန်းမှုများကို မိုဘိုင်းဖုန်းမှတစ်ဆင့် ကြိုတင် အချက်ပေးမှု ရရှိနိုင်မည့်  "ဝေဟင် ကင်းထောက်"စနစ်ကို စတင်အသုံးပြုနိုင်ပြီဟု ဝေဟင်ကင်းထောက် အဖွဲ့က ထုတ်ပြန်ခဲ့ခြင်း။

  • ဖေဖော်ဝါရီ (၂၀) - ဖေ့စ်ဘွတ်ခ်၊ တစ်တော့ခ် တွင် ရဟန်းသာမဏေ၊ သီလရှင်များ အနေဖြင့် ဂုဏ်သိက္ခာ၊ ဝိနည်း၊ ကိုယ်ကျင့်တရားတို့နှင့် မလျော်ညီသည့် ပြောဆို လွှင့်တင်မှုများကို ဓမ္မစက်၊ အာဏာစက်ဖြင့် ထိန်းရမည်ဟု နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်အဖွဲ့ ဥက္ကဋ္ဌ ပြောကြားခဲ့ခြင်း၊  စစ်တပ်လော်ဘီ ကျော်မျိုးမင်းကို ရုပ်ရှင်အစည်းအရုံးက အမည်ပျက်သတ်မှတ်ခဲ့ခြင်း။

  • ဖေဖော်ဝါရီ (၂၁) - ပြင်ဦးလွင်ရှိ ရတနာပုံဆိုက်ဘာစီးတီးစီမံကိန်းဖွင့်ပွဲ နှင့် Shopping Center စစ်ခေါင်ဆောင် လာရောက်ရန်ရှိချိန် ဖုန်းလိုင်းနဲ့ အင်တာနက်လိုင်းတွေ ပြတ်တောက်ခဲ့ခြင်း။

  • ဖေဖော်ဝါရီ (၂၄) - ပြည်တွင်း စီးပွားရေးလုပ်ငန်းများအား  ​ငွေသားသုံးစွဲမှု လျှော့ချပြီး ဒစ်ဂျစ်တယ် ငွေပေးခြေမှု သုံးစွဲကြရန် စစ်ကောင်စီ ဗဟိုဘဏ် ဖိအားပေးခဲ့ခြင်း၊  အာရက္ခတပ်တော် (AA) က ရခိုင်တွင် စတားလင့် ငှားရမ်းတပ်ဆင် အသုံးပြုလိုသူများ၏ လျှောက်လွှာများ လက်ခံနေခဲ့ခြင်း။

  • ဖေဖော်ဝါရီ (၂၅) - တိုက်ပွဲဖြစ်ပွားခဲ့ပြီး နောက် ရှမ်းပြည်နယ် ရွာငံမြောက်ပိုင်းရှိကျေးရွာများတွင် ည (၈) နာရီနောက်ပိုင်း အင်တာနက်လိုင်းများ ပြတ်တောက်ခဲ့ခြင်း၊ ချင်းပြည်နယ်တောင်ပိုင်း၊ ကန်ပက်လက်မြို့နယ်၊ ဒိုင်ရ်ဒေသကျေးရွာအချို့တွင် ချင်းကာကွယ်ရေးတပ်ဖွဲ့ (ဒိုင်ရ်) က အင်တာနက်လိုင်း ဖြတ်တောက်ပြီး အတင်းအဓမ္မ တပ်သားသစ် စုဆောင်းနေခဲ့ခြင်း။

  • ဖေဖော်ဝါရီ (၂၆) - ထိုင်းနိုင်ငံ၊ ကန်ချနဘူရီခရိုင်၊ စံခလပူရီမြို့နယ်အတွင်းရှိ မြန်မာနိုင်ငံဘက်ခြမ်းသို့ တရားမဝင် ဖုန်းလိုင်းနှင့် အင်တာနက်လှိုင်းများ လွှင့်ထုတ်ပေးနေသည့် ပုဂ္ဂလိက ဖုန်းလိုင်းအခြေစိုက်စခန်းတစ်ခုကို ထိုင်းအာဏာပိုင်များက သိမ်းဆည်း ဖြုတ်သိမ်းခဲ့ခြင်း။

  • ဖေဖော်ဝါရီ (၂၇) - စစ်မှုထမ်းများ၏ ကိုယ်ရေးအချက်အလက် စီမံခန့်ခွဲမှုစနစ် (National Services Information Management System- NSIMS) ကို အကောင်အထည်ဖော် ဆောင်ရွက်နေဟု ဗိုလ်ချုပ် မောင်မောင်အေး ပြော ခဲ့ခြင်း။

  • ဖေဖော်ဝါရီ (၂၈) - ယခုလအတွင်း လူမှုကွန်ယက်ပေါ်တွင် ပြောဆိုရေးသားမှုများကြောင့် ဖမ်းဆီးခံရသူ အနည်းဆုံး ( ၂) ဦးခန့်ရှိခဲ့ခြင်း စတဲ့ ဖြစ်စဉ်များ ဒစ်ဂျစ်ရပ်ဝန်းအတွင်း ဖြစ်ပွားခဲ့ပါတယ်။

January 2026

  • ဇန်နဝါရီ (၁) - စစ်ကိုင်းတိုင်း​ဒေသကြီး၊ ကသာမြို့တွင် တိုက်ပွဲများဖြစ်ပွားနေပြီး ဆက်သွယ်ရေးလိုင်းများ ပြတ်တောက်နေသဖြင့် စစ်ရှောင်များနှင့် ဆက်သွယ်ရန်ခက်ခဲနေခဲ့ပြီး Atom ဖုန်းလိုင်းသာ မြို့တွင်းတွင် အသုံးပြုနိုင်ခဲ့ခြင်း။

  • ဇန်နဝါရီ (၂) - ရွေးကောက်ပွဲ ပထမပိုင်း ပြီးပြီးနောက် မန္တလေးတွင် လမ်းသွားလမ်းလားများ၏ ဖုန်းများအား စစ်ဆေးမှုများ ပြန်လည် ပြုလုပ်လာခဲ့ခြင်း။

  • ဇန်နဝါရီ (၄) - လူမှုကွန်ယက်မှတဆင့် စစ်အုပ်စုအား ဝေဖန်သဖြင့် ဖမ်းဆီးခံခဲ့ရသူ ပြန်ကြားရေးဝန်ကြီးဟောင်း ဦးရဲထွဋ် ပြန်လည်လွတ်မြောက်ခဲ့ခြင်း။

  • ဇန်နဝါရီ (၆) - ရွေးကောက်ပွဲ ပထမအဆင့် ပြီးသော်လည်း အင်တာနက်လိုင်းများ ပြန်လည် ကောင်းမွန်လာခြင်း မရှိဘဲ ဆက်လက်နှေးကွေးနေဟု Ayeyarwaddy Times သတင်းဋ္ဌာန ဖော်ပြခဲ့ခြင်း။

  • ဇန်နဝါရီ (၇) - ကချင်ပြည်နယ် မြစ်ကြီးနား၊ နမ္မတီး၊ မိုးကောင်း၊ မိုးညှင်း၊ ပူတာအို မြို့ရှိ ကျေးရွာ၊ ရပ်ကွက် အချို့တွင် Mytel ဖုန်းလိုင်းများ ပြတ်တောက်နေခဲ့ခြင်း။

  • ဇန်နဝါရီ (၈) - စစ်​ကော်မရှင်အား အွန်လိုင်းမှ တဆင့် ဝေဖန်သူများကို လော်ဘီများ အကူအညီဖြင့် စောင့်ကြည့် ဖမ်းဆီးနေခဲ့ခြင်း။

  • ဇန်နဝါရီ (၈) - TikTok မှ မဲဆွယ်စည်းရုံးရာတွင် “၂၀၂၁ အရေးတော်ပုံလို့” ဟု သုံးနှုန်းမိသဖြင့် ပြည်သူ့လွှတ်တော် အမတ်လောင်း ဦးလွင်မြင့်ကို အလုပ်ကြမ်းနှင့် ထောင်ဒဏ် (၁) နှစ် ချမှတ်ခဲ့ခြင်း။

  • ဇန်နဝါရီ (၉) - Mytel နှင့်ဆက်စပ် စာမျက်နှာ၊ Group နှင့် အကောင့် ပေါင်း ၁၀၀၀ ကျော်ကို  Facebook ဖယ်ရှား ဟု Justice for Myanmar အဖွဲ့ ဖော်ပြခဲ့ခြင်း။

  • ဇန်နဝါရီ (၁၀) - အချိန်ပိုင်း အင်တာနက် ဝန်ဆောင်မှု အစီစဉ်များ ပြုလုပ်ပေးရန် အာရက္ခတပ်တော် (AA) ကို ရမ်းဗြဲ ဒေသခံများ တောင်းဆိုခဲ့ခြင်း၊ ဇန်နဝါရီ (၁၀)  ငွေကြေးလွှဲပြောင်းမှုများကို e-ID စနစ်နှင့် SIM-Registration စနစ်တို့ဖြင့် ချိတ်ဆက် စောင့်ကြည့်နိုင်ရန် ဗဟိုဘဏ် လုပ်ဆောင်နေခဲ့ခြင်း။

  • ဇန်နဝါရီ (၁၁) - ထားဝယ် ၊ ကျွန်းစုမြို့နယ်တွင် အင်တာနက် ပြတ်တောက်ခဲ့ခြင်း။

  • ဇန်နဝါရီ (၁၂) - ရွေးကောက်ပွဲတွင် သတင်းရယူရန် ခက်ခဲပြီး လွတ်လပ်စွာ သတင်ရယူခွင့်မရဟု သတင်းသမားများ ထုတ်ဖော်ခဲ့ခြင်း။

  • ဇန်နဝါရီ (၁၃) - ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့နယ် ၊ စံကားဒေသတွင် ဖုန်းလိုင်းများ ပြန်လည်ပြတ်တောက်နေခဲ့ခြင်း၊ စစ်ကိုင်းတိုင်း ဒေသကြီး ကသာမြို့တွင် ဖုန်လိုင်းများ လုံးဝ ပြတ်တောက်သွားခဲ့ခြင်း။

  • ဇန်နဝါရီ (၁၄) - ရန်ကုန်-မန္တလေး လမ်းဟောင်းက စစ်ကောင်စီရဲ့ ရေနီမြို့ စစ်ဆေးရေးဂိတ်မှာ ဖြတ်သန်းသွားလာသူ တယောက်ချင်းစီကို ဓာတ်ပုံရိုက်ယူပြီး စစ်ဆေးခဲ့ခြင်း။

  • ဇန်နဝါရီ (၁၅) - ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်တွင် အာရက္ခတပ်တော် (AA) က ပုဂ္ဂလိကပိုင် စတားလင့်စက်များကို သိမ်းယူခဲ့ခြင်း။

  • ဇန်နဝါရီ (၁၆) - လူမှုကွန်ယက်စာမျက်နှာတွင် တရားမဝင်နိုင်ငံခြားငွေကြေးများ ရောင်းချ လဲလှယ်သည်ဟုဆိုကာ ဘဏ်အကောင့် ၁၃၄၂ ခုကို ပိတ်ပင်ခဲ့ခြင်း။

  • ဇန်နဝါရီ (၁၉) - မြန်မာနိုင်ငံ၏ အကျဉ်းထောင် အသီးသီးတွင် အမျိုးသမီး သတင်းသမား (၅) ဦးအပါအဝင် စုစုပေါင်း (၂၇) ဦး ဆက်လက် ထိမ်းသိမ်းခံထားရဆဲ ဖြစ်သည်ဟု လွတ်လပ်သော မြန်မာသတင်းမီဒီယာ ကောင်စီ ( IPCM ) ထုတ်ပြန်ခဲ့ခြင်း၊  စစ်ကိုင်းတိုင်း အင်းတော်မြို့နယ် နဘားကျေးရွာက စတားလင့်ဝိုင်ဖိုင်စက် (၁၅)လုံးကို စစ်ရေးအခြေအနေကြောင့်  ဆိုကာ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ)၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) တို့ သိမ်းဆည်းခဲ့ခြင်း။

  • ဇန်နဝါရီ (၂၂) - မကွေးတိုင်း၊ အောင်လံမြို့နယ်၊ တပ်ကုန်းကျေးရွာရှိ မင်္ဂလာဆောင် ပြင်ဆင်နေစဉ် ဗုံးကြဲတိုက်ခိုက်ခံခဲ့ရပြီး အင်တာနက်လိုင်းများလဲ ဖြတ်တောက်ထားခဲ့ခြင်း။

  • ဇန်နဝါရီ (၂၄) - ရွေးကောက်ပွဲ အပိုင်း(၃) ပြုလုပ်ရန် နီးကပ်လာချိန် ရှမ်းပြည်နယ်တောင်ပိုင်းတွင် အင်တာနက်လိုင်းများ သုံးမရအောင် လိုင်းကျခဲ့ခြင်း။

  • ဇန်နဝါရီ (၂၇) - ရခိုင်ပြည် ပုဏ္ဏားကျွန်းမြို့နယ် အများပြည်သူ အင်တာနက် အသုံးပြုနေရာကို စစ်ကော်မရှင် ဗုံးကြဲ ခဲ့ခြင်း၊ မြန်မာစစ်တပ်၏ စီးပွားရေးနှင့်ဝါဒဖြန့်ချိရေး အကောင့်ပေါင်း ၂၇၀ ကို Facebook က ဖယ်ရှားခဲ့ ဟု Justice for Myanmar အဖွဲ့ ထုတ်ပြန်ခဲ့ခြင်း။

  • ဇန်နဝါရီ (၂၈) - စစ်ရာဇဝတ်မှုနဲ့ လူအခွင့်အရေးချိုးဖောက်မှုတွေကို စစ်ကောင်စီဝါဒဖြန့် မီဒီယာတွေပေါ်ကနေ ရည်ရွယ်ချက်ရှိရှိနဲ့ ဖုံးကွယ်ဖို့ ကြိုးစား နေသည်ဟု Myanmar Fact Checking Network ပြောခဲ့ခြင်း။

  • ဇန်နဝါရီ (၂၉) - ရခိုင်ပြည်နယ်၊ မာန်အောင်တွင် ရွေးကောက်ပွဲပြီးနောက် လျှပ်စစ်မီးများ ပြန်လည်ပျက်တောက်ခဲ့ခြင်း။

  • ဇန်နဝါရီ (၃၁) - ယခုလအတွင်း လူမှုကွန်ယက်ပေါ်တွင် ပြောဆိုရေးသားမှုများကြောင့် ဖမ်းဆီးခံရသူ အနည်းဆုံး ( ၁၃) ဦးခန့်ရှိခဲ့ခြင်း စတဲ့ဖြစ်စဉ်များ ဒစ်ဂျစ်တယ်ရပ်ဝန်းအတွင်းဖြစ်ပေါ်ခဲ့ပါတယ်။

More from this blog

Digital Coup in Myanmar

စစ်ကောင်စီ မတရားအာဏာသိမ်းမှုရဲ့ ဒစ်ဂျစ်တယ်ဆိုင်ရာ အခွင့်အရေးများစွာကို ထင်ထင်ပေါ်ပေါ် ချိုးဖောက်ခဲ့မှုများကို လူတိုင်းလက်တွေ့ခံစားခဲ့ကြရတာပါ။ မြန်မာနိုင်ငံသူ/သားများ ရင်ဆိုင်ခဲ့ရတဲ့ ဒစ်ဂျစ်တယ်အမှောင်ထ

Mar 22, 20261 min read143
Digital Coup in Myanmar

တစ်နေရာမှ တစ်နေရာသို့ ရွေ့ပြောင်းထွက်ခွါရာမှာ လိုအပ်သော ပြင်ဆင်ချက်များ

တစ်နေရာမှ တစ်နေရာသို့ ရွေ့ပြောင်းထွက်ခွါရာမှာ လိုအပ်သော ပြင်ဆင်ချက်များ စစ်ကောင်စီရဲ့ စစ်မှုထမ်းဥပဒေကြေငြာပြီး နောက်မှ ပြည်ပ သို့ မိမိနေထိုင်ရာအရပ်မှ နယ်မြေသစ်တွေကို ထွက်ခွါသူတွေအများအပြားရှိလာပါတယ်။ Immigration ကိုဖြတ်ကျော်ရာမှာ လေဆိပ်မှာဖြစ်ဖြစ် နယ...

May 13, 20252 min read35
တစ်နေရာမှ တစ်နေရာသို့ ရွေ့ပြောင်းထွက်ခွါရာမှာ လိုအပ်သော ပြင်ဆင်ချက်များ

Public Wi-Fi ကို ဘယ်လိုလုံခြုံအောင်သုံးကြမလဲ?

𝗣𝘂𝗯𝗹𝗶𝗰 𝗪𝗶𝗳𝗶 တွေကို ဘာကြောင့် အလွယ်မသုံးသင့်တာလဲ ? ယနေ့လို Digital ခေတ်ကြီးထဲမှာ ကျွန်တော်တို့လူသားတွေအတွက် အင်တာနက်ဆိုတာက မရှိမဖြစ် လိုအပ်‌နေတဲ့အရာတစ်ခုဖြစ်နေပါပြီ။ တစ်ယောက်နဲ့တစ်ယောက်အသုံးပြုပုံခြင်းတော့ မတူညီကြပါဘူး။ တစ်ချို့က Remote Job ...

Apr 25, 20253 min read28
Public Wi-Fi ကို ဘယ်လိုလုံခြုံအောင်သုံးကြမလဲ?
D

digitalsecinfo

83 posts

Digital Security အစရှိတဲ့ နည်းပညာများအပြင် Feb 1, 2021 ခုနှစ် စစ်တပ်အာဏာစသိမ်းချိန်ကစပြီး လက်ရှိအချိန်ထိ Digital အခွင့်အရေးချိုးဖောက်ခံရမှုတွေကို တစုတစည်းတည်းလေ့လာနိုင်ရန်မျှဝေပေးမယ့် Blog ပဲဖြစ်ပါတယ်