Skip to main content

Command Palette

Search for a command to run...

Digital Repression 2023 in Myanmar

2023 ခုနှစ် ဒစ်ဂျယ်တယ်ရပ်ဝန်းဆိုင်ရာ ဖြစ်ပျက်ခဲ့မှုများ

Updated
13 min read
Digital Repression 2023 in Myanmar

2023 ခုနှစ် ဒစ်ဂျယ်တယ်ရပ်ဝန်းဆိုင်ရာ ဖြစ်ပျက်ခဲ့မှုများ

December 2023

  • ဒီဇင်ဘာ (၁) - ပလက်ဝမြို့နယ်တစ်ခုလုံးတွင် ဖုန်းလိုင်းပါ ဖြတ်တောက်ခံရခြင်း။

  • ဒီဇင်ဘာ (၂) -  မူဆယ်တွင် ဖုန်းလိုင်းများ ပြတ်တောက်နေခဲ့ခြင်း။

  • ဒီဇင်ဘာ (၃) - မုန်းမြို့တွင် MPT အင်တာနက် ၊ ဖုန်းလိုင်း နှင့် လျှပ်စစ်မီးများ ပြတ်တောက်နေခဲ့ခြင်း၊ ထန်တလန်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးလက်အောက်ရှိ နည်းပညာအထောက်အကူပြုဌာန ဖြစ်သည့် Team ZNETကထန်တလန်မြို့တွင် အင်တာနက်ကွန်ရက်ကို ပြည်သူ့အုပ်ချုပ်ရေးဌာနအချို့သို့ စတင်ပံ့ပိုးခြင်း၊ ဒီမောဆိုးမြို့နယ် အနောက်ဘက်ခြမ်းရှိတာဝါတိုင်များတွင် လည်ပါတ်ရန် ဆီမလုံလောက်သဖြင့် တစ်နေ့တွင် ပျမ်းမျှ အင်တာနက်နှင့် ဖုန်း (၆) နာရီသာ ရရှိခဲ့ခြင်း။

  • ဒီဇင်ဘာ (၅) - ရခိုင်သတင်းဌာနများ၏ သတင်းများအပေါ် မှတ်ချက်ရေး၊ မျှဝေခြင်း ပြုလုပ်ပါက အရေးယူမည်ဟုဆိုခဲ့ခြင်း။

  • ဒီဇင်ဘာ (၆) - စစ်ကိုင်း၊ မကွေး၊ ကရင်နီနဲ့ ကရင်ပြည်အတွင်း မြို့နယ်(၄၀)ကျော်က (၆၁)နေရာမှာ ကိုယ်ပိုင် အင်တာနက် တပ်ဆင်ပြီးလို့ NUG နည်းပညာ ဝန်ကြီးပြောကြားခဲ့ခြင်း၊ တောင်ကြီးမြို့တွင် MPT ဖုန်းလိုင်များ ညပိုင်း ပြတ်တောက်ခဲ့ခြင်း။

  • ဒီဇင်ဘာ (၇) - ရခိုင်ပြည်နယ်ပေါက်တောမြို့နယ်တွင် ဖုန်းနှင့်အင်တာနက်လိုင်းများ ပြတ်တောက်ခဲ့ခြင်း

  • ဒီဇင်ဘာ (၉) - စစ်တပ်ထောက်ခံ သတင်းဋ္ဌာန တစ်ခုဖြစ်သည့် Myanmar National Post မှ Facebook အား ပိတ်ပင်ရန် လှုံ့ဆော်ခဲ့ခြင်း

  • ဒီဇင်ဘာ (၁၁) - ဖုန်းတာဝါတိုင်များတွင် စက်သုံးဆီပြတ်လပ်ပြီး ကျောက်တော်မြို့နယ်တွင် အင်တာနက်လိုင်းများ ပြတ်တောက်ခဲ့ခြင်း

  • ဒီဇင်ဘာ (၁၇) - ရခိုင်ပြည်နယ် အမ်းမြို့နယ်တွင် စစ်ကောင်စီက ဆက်သွယ်ရေးလိုင်းများ ဖြတ်တောက်ထားခဲ့ခြင်း

  • ဒီဇင်ဘာ (၁၉) - တာဝါတိုင်များတွင် ဆီမဖြည့်နိုင်သည့်အတွက် ရခိုင် ကျေးလက်ဒေသများတွင် ဖုန်းလိုင်း ၉၀ ရာခိုင်နှုန်းကျော် အသုံးပြု၍ မရဖြစ်နေခြင်း

  • ဒီဇင်ဘာ (၂၃) - သံဖြူဇရပ်မြို့နယ်ရှိ အမျိုးသား လေးဦးအား လူမှုကွန်ယက်တွင် အကြမ်းဖက်မှု အားပေးလှုံဆော်ခြင်း၊ ငွေကြေးထောက်ပံ့ခြင်းများ ပြုလုပ်သည်ဆိုကာ စစ်အုပ်စုမှ ဖမ်းဆီးခဲ့ခြင်း

  • ဒီဇင်ဘာ (၂၅) - NUG နွေဦးဘဏ်၏ မန္တလေးမြို့ ဆက်ဆံရေးမန်နေဂျာ “ပန်ထွာ” ဆိုသူ ဖမ်းဆီးခံရပြီး ၎င်းအမျိုးသမီးနဲ့ ချိတ်ဆက်ပြီး ဝယ်ယူထား သူတွေရဲ့ Kpay အကောင့်တွေနဲ့ AYA ဘဏ် အကောင့်များအား စစ်အုပ်စုမှ လိုက်လံ စုံစမ်းနေခဲ့ခြင်း

  • ဒီဇင်ဘာ (၂၇) - နမ္မတူတွင် အင်တာနက် နှင့် ဖုန်းလိုင်းများ ပြတ်တောက်ခဲ့ခြင်း

  • ဒီဇင်ဘာ (၂၉) -၂၀၂၃ ခုနှစ် ဒီဇင်ဘာလ(၂၄)ရက်မှစတင်၍ “မဲခေါင်သတင်း(Mekong News)”သတင်းအေဂျင်စီ၏လုပ်ငန်းလိုင် စင်အား ပိတ်သိမ်းလိုက်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ဒီဇင်ဘာလ(၂၉)ရက်တွင် ကြေညာ ခဲ့ခြင်း

  • ဒီဇင်ဘာ (၃၀) - ကျောက်မဲမြို့နယ်၊ မိုင်းငေါ့မြို့၊ နမ့်တွေရွာ ဘက်တွင် ဖုန်းလိုင်းများ ဖြတ်တောက်ထားခြင်း

  • ဒီဇင်ဘာ (၃၁) - နတ်သံကွင်း၊ ပဲနွယ်ကုန်းနဲ့ မုန်းဒေသတဝိုက်အပါအဝင် စစ်တောင်းမြစ်အရှေ့ဘက်ခြမ်းဒေသ နေရာအများအပြားမှာ အင်တာနက်နှင့် ဖုန်းလိုင်းများ ဖြတ်တောက်ထားခြင်း တို့ဖြစ်ပါတယ်။

November 2023

  • နိုဝင်ဘာ (၂) - ကော့ကရိတ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်များတွင် စစ်ရေး ပြင်းထန်ပြီး ဖုန်းလိုင်းများ ဖြတ်တောက်ခံထားရခြင်း။

  • နိုဝင်ဘာ (၃) - လောက်ကိုင်မြို့တွင် ဖုန်းလိုင်းနှင့် အင်တာနက် လိုင်းများ ပြတ်တောက်ခြင်း

  • နိုဝင်ဘာ (၅) - ကောလင်းမြို့ကို လျှပ်စစ်မီး ဖြတ်တောက်ထားသလို ဖုန်းနဲ့ အင်တာနက်တွေ ဖြတ်တောက်ခဲ့ခြင်း။

  • နိုဝင်ဘာ (၁၀) - မွန်ပြည်နယ်တွင် လူမှုကွန်ရက် အသုံးပြုသူမျာအား ဖမ်းဆီးမှု ပိုမိုများပြားလာခြင်း၊ မန္တလေးတွင် ပေါ်တာဆွဲနေသည်ဟု လူမှုကွန်ယက်တွင် ရေးသားသူ (၁၂) ဦး ဖမ်းဆီးခံရခြင်း။

  • နိုဝင်ဘာ (၁၁) - လူမူကွန်ယက်တွင်ရေးသားသူ (၄) ဦးအား နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်ရည်ရွယ်သည်ဆိုကာ ဖမ်းဆီးအရေးယူခဲ့ကြောင့် MOI ကြေငြာခဲ့ခြင်း။

  • နိုဝင်ဘာ (၁၃)- ကချင်ပြည်နယ်တွင် မြစ်ကြီးနားမြို့အပါအဝင် မြို့နယ် (၁၈) ခုလုံးတွင် ဖိုက်ဘာအင်တာနက်နှင့် မိုဘိုင်းအင်တာနက်လိုင်းများ ပြတ်တောက်ခြင်း၊ ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ မြို့နယ်များအားလုံးကို စစ်ကောင်စီဘက်မှ ဖုန်းလိုင်းများ ဖြတ်တောက်ထားခြင်း။

  • နိုဝင်ဘာ (၁၅) - လူမှုကွန်ယက် အကောင့်များမှ ပြောဆိုရေးသားမှုများနှင့် ပါသက်ပြီး ရန်ကုန်နှင့် မန္တလေးမြို့တွင် နေထိုင်သူအမျိုးသမီးတစ်ဦးစီအား ဖမ်းဆီးထိန်းသိမ်းကြောင်း စစ်ကောင်စီထုတ်ပြန်ခဲ့ခြင်း။

  • နိုဝင်ဘာ (၁၆) - ကချင်ပြည်နယ်၊ မြစ်ကြီးနားမြိုနယ်ရှိ  ရိုးမ (Yoma) ဘဏ်ခွဲအား  အင်တာနက်လိုင်း အခက်အခဲများကြောင့် ယာယီပိတ်ထားမည်ဟု ယင်းဘဏ်မှ ကြေငြာခဲ့ခြင်း။

  • နိုဝင်ဘာ (၁၉) - စစ်ကောင်စီက အင်တာနက် ဖြတ်တောက်ထားသော မြို့နယ် ၅ ခုတွင် အမေရိကန်ဒေါ်လာ ၅ သိန်း အသုံးပြု၍ အင်တာနက် ကောင်းမွန်စွာ သုံးနိုင်ရေး ဆောင်ရွက်မည်ဟု NUG ဆက်သွယ်ရေး ဝန်ကြီးပြောဆိုခဲ့ခြင်း။

  • နိုဝင်ဘာ (၂၁) - တိုက်ပွဲတွေ ဖြစ်ပွားနေသည့် မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်ထဲက ကျေးရွာပေါင်း  ၂၀ လောက်တွင် ဖုန်းလိုင်းများ ပြတ်တောက်ခြင်း။

  • နိုဝင်ဘာ (၂၂) - ကရင်နီ(ကယား)ပြည် လွိုင်ကော်တွင် ဖုန်းလိုင်းအားလုံး ဖြတ်တောက်ထားခြင်း၊ နိုင်ငံအတွင်း ဂြိုလ်တုအင်တာနက် ဝန်ဆောင်မှုများ တရားမဝင်သုံးစွဲနေသဖြင့် လိုင်စင်ရယူရန် လိုအပ်ဟု ပို့/ဆက်ဝန်ကြီးဌာန အသိပေးခဲ့ခြင်း၊ ဖုန်းလိုင်းဖြတ်တောက်ခံနေရတဲ့ ကရင်နီပြည်မှာ ပထမဦးဆုံး တော်လှန်စီးပွားအဖြစ် Starlink အင်တာနက် ကဖေးဖွင့်လှစ်ခဲ့ခြင်း။

  • နိုဝင်ဘာ (၂၈) - စစ်ကောင်စီ၏ ထုတ်ပြန်ချက်အရ နိုဝင်ဘာ (၁) ရက်နေ့မှ (၂၈) ရက်နေ့အတွင်း အွန်လိုင်းပေါ်မှ ပြောဆိုမှုများကြောင့် ဖမ်းဆီးခံရသူ (၆၁) ဦးရှိခဲ့ခြင်း။

  • နိုဝင်ဘာ (၂၉) - ဦးသိန်းစိန် အစိုးရလက်ထက် ​ပြန်​ကြား​ရေးဝန်​​​ကြီး​ဟောင်း ဦးရဲထွဋ်အား ၎င်း၏လူမှုကွန်ယက်​ပေါ်တွင် ​​​ပြောဆို​ရေးသားမှုများ​ကြောင့် ​ထောင် (၁၀)နှစ်ချခဲ့ခြင်း တို့ပဲဖြစ်ပါသည်။

October 2023

  • အောက်တိုဘာ (၃) - မော်လမြိုင်အပါအဝင် မြို့နယ်ပေါင်း ၂၀ မှာ စမ်းသပ်သန်းခေါင်စာရင်း စတင်ကောက်ယူခဲ့ခြင်း။

  • အောက်တိုဘာ (၄) - Freedom House ၏ Freedom on the Net အစီအရင်ခံစာရအ မြန်မာနိုင်ငံသည် အင်တာနက်လွပ်လပ်ခွင့် ဒုတိယအဆိုးဆုံးနိုင်ငံအဖြစ်ဖော်ပြခံခဲ့ရခြင်း၊သံလွင်တိုင်း သတင်းဋ္ဌာန၏ ဖော်ပြချက်အရ နှစ်လအတွင်း အွန်လိုင်းပေါ်ဝေဖန်တဲ့ အကောင့်ပိုင်ရှင် ၁၀၀ ကျော် ဖမ်းဆီးအမှုဖွင့်ခံရခြင်း၊ဇန်လန်းသတင်းဋ္ဌာန၏ ဖော်ပြချက်အရ ချင်းပြည်နယ် တီးတိန်မြို့တွင် မိုဘိုင်းအင်တာနက်လိုင်းများ ပြန်လည်ဖွင့်ထားခဲ့ခြင်း။

  • အောက်တိုဘာ (၇) - ရေကြည်မြို့တွင် မီတာပုံးဖြုတ်သိမ်းခံရမှုကို မကျေနပ်၍ လူမှုကွန်ယက်ပေါ် ရေးတင်သည့် ကျောင်းဆရာမ ၁၀ ဦး ဖမ်းဆီးခံခဲ့ရခြင်း၊ အင်တာနက် အွန်လိုင်းပေါ်မှတဆင့် တရားမဝင်စီးပွားရေးလုပ်ငန်းမျိုးစုံကို လုပ်ကိုင်နေသည့် မြန်မာနိုင်ငံထဲမှ တရုတ်နိုင်ငံသား ၂,၃၀၀ ကျော်ကို မြန်မာဘက်က လွှဲပြောင်းပေးခဲ့ရခြင်း။

  • အောက်တိုဘာ (၈) - လူမှုကွန်ယက်ပေါ်မှာ ရေးသားမှုတွေနဲ့ ပြောဆိုဆက်သွယ်မှုတွေကြောင့် ဖမ်းဆီးခံရသူ ၁၃၀၀ ကျော်ရှိလာခဲ့ခြင်း။ ဧရာ၀တီတိုင်း မြို့နယ်သုံးခုမှာ PDF စွပ်စွဲချက်နဲ့ အဖမ်းခံရသူတွေများလာ။

  • အောက်တိုဘာ (၁၀) - SIM Card များ စနစ်တကျ မှန်ကန်စွာ မှတ်ပုံတင်သုံးစွဲနိုင်ရေး အသိပေးကြေညာချက် ထပ်မံထုတ်ပြန်ခဲ့ခြင်း။

  • အောက်တိုဘာ (၁၆) - စစ်ကိုင်းတိုင်း၊ ကလေးမြို့မှာ အောက်တိုဘာ ၁၆ ရက်နေ့ ညပိုင်းကစပြီး အောက်တိုဘာ ၁၇ ရက်နေ့ မနက်ပိုင်းအထိ ဖုန်းလိုင်းနဲ့ အင်တာနက်လိုင်းများ ပြတ်တောက်နေခဲ့ခြင်း။

  • အောက်တိုဘာ (၁၇) - စစ်ကိုင်းတိုင်း ကန့်ဘလူ၊ ကျွန်းလှ၊ အရာတော် မြို့နယ်များတွင်အင်တာနက်လိုင်းများ ပြန်လည်ဖွင့်ထားခဲ့ခြင်း။

  • အောက်တိုဘာ (၁၈) - စစ်ကောင်စီကို ဆက်သွယ်ရေးပစ္စည်းများ ရောင်းချခဲ့သည့် ND SatCom GmbH အမည်ရှိ ဂျာမန်ကုမ္ပဏီအား ဂျာမနီနိုင်ငံ၊ ရေ့စ်ဘင်စဘာ့ဒ်မြို့ရှိ အစိုးရရှေ့နေရုံးမှ ရာဇဝတ်ကြောင်းအရ စုံစမ်းစစ်ဆေးမှုကို စတင်လုပ်ဆောင်ခဲ့ခြင်း။

  • အောက်တိုဘာ (၂၀) - စစ်ကိုင်းဘက်နေရာအတော်များများတွင် Atom ဖုန်းများဖြင့် အင်တာနက် ပြန်လည်သုံးစွဲနိုင်။ တန့်ဆည်တွင် MPT ဖုန်းဖြင့် အင်တာနက် ပြန်လည်အသုံးပြုနိုင်ခဲ့ခြင်း။

  • အောက်တိုဘာ (၂၁) - ဧရာ၀တီတိုင်း၊ ဘိုကလေးမြိုတွင် အောက်တိုဘာလအတွင်း စစ်ကောင်စီကို ဆန့်ကျင်သည့်စာများ လူမှုကွန်ယက်(facebook)တွင် ရေးသားသည်ဟုစွပ်စွဲကာ အမျိုးသား ၂ ဉီးအားဖမ်းဆီးခဲ့ခြင်း၊ နိုင်ငံသားများ၏ ကိုယ်ရေးအချက်အလက်များအား စစ်ကောင်စီ ဆက်တိုက်ကောက်ယူမှုများပြုလုပ်နေခြင်း။

  • အောက်တိုဘာ (၂၄) - အောက်တိုဘာ (၂၀) မှ (၂၄) ရက်အတွင်း လူမှုကွန်ယက်မှတဆင့် စစ်ကောင်စီကို ဝေဖန်သူ (၉) ဦး ဖမ်းဆီးခံခဲ့ရခြင်း။

  • အောက်တိုဘာ (၂၇) - မြင်းမူမြိုနယ် နေရာတော်တော်များတွင် ည (၁၁) နာရီ ဝန်းကျင်မှ စတင်ပြီး Ooredoo ဖုန်းလိုင်းများပြက်တောက်ခဲ့ခြင်း။

  • အောက်တိုဘာ (၂၉) - ရှမ်းပြည်နယ် မြောက်ပိုင်း၊ သိန္နီမြို့တွင် ဖုန်းလိုင်းများ ပြတ်တောက်ခြင်း၊ ဦးသိန်းစိန် အစိုးရလက်ထက်တွင် ပြန်ကြားရေးဝန်ကြီးဟောင်းအဖြစ် တာဝန်ယူခဲ့သော ဦးရဲထွဋ်အား ၎င်း၏ ဆိုရှယ်မီဒီယာ ပိုစ့်များကြောင့် ဖမ်းဆီးခြင်း၊ စစ်တွေ အခြေစိုက် DMG သတင်းဌာနအား စစ်ကောင်စီက ဝင်ရောက်စီးနင်း၊ သတင်းထောက် တစ်ဦးနှင့် ညစောင့်တစ်ဦးအား ဖမ်းဆီးသွားခဲ့ခြင်းတို့ပဲ ဖြစ်ပါတယ်။

September 2023

  • စက်တင်ဘာ (၁) - မန္တလေးမြို့ရှိ လမ်းဘေးစျေးဆိုင်များတွင် CCTV ကင်မရာများ မဖြစ်မနေတပ်ဆင်ရန် စစ်ကောင်စီ ဖိအားပေး။ ဩဂုတ်လ ၂၄ ရက်နေ့တွင် အရပ်ဝတ်စစ်သားများ၊ ရဲများနှင့် စည်ပင်ဝန်ထမ်းများက အောင်မြေသာစံမြို့နယ်အတွင်း လမ်းမဘေးတစ်လျှောက်ရှိ ဈေးဆိုင်ခန်းများကို တစ်ဆိုင်ဝင်တစ်ဆိုင်ထွက်ဖြင့် သတိပေးစာများပေးခဲ့​ကြောင်းသိရသည်။

  • စက်တင်ဘာ (၂) - ပဲခူးတိုင်း(အရှေ့ခြမ်း)၊ စစ်တောင်းမြစ်ဝှမ်းတစ်လျှောက်ရှိ မြို့နယ်များဖြစ်သည့် ဖြူး၊ ကျောက်တံခါး၊ မုန်း၊ ကျောက်ကြီးနှင့် ရေတာရှည် ဒေသများတွင် တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီက အင်တာနက်လိုင်းများ ဖြတ်တောက်ထားသည်မှာ တစ်လဝန်းကျင်ရှိပြီဖြစ်သည်။ MRTV Application အား မိုဘိုင်းဖုန်းများတွင် Download လုပ်အသုံးပြုနိုင်ပြီ ဖြစ်ကြောင်း စစ်ကောင်စီ၏ လော်ဘီ တယ်လီဂရမ် ချန်နယ်များမှမျှဝေခဲ့သည်။

  • စက်တင်ဘာ (၃) - စစ်ကောင်စီက တပ်များအတွင်း စစ်သားများ စိတ်ခွန်အားဖြစ်ရေး၊ စိတ်ဓာတ်မြင့်မားရေး၊ ယုံကြည်ချက်နှင့် ခံယူချက် မြင့်မားရေး အတွက် Tik Tok သရုပ် ဖော်ပြိုင်ပွဲများ ပြုလုပ်ခိုင်းသည်။ မြန်မာစစ်တပ်ကို အကြမ်းဖက်အဖွဲအဖြစ် အာဆီယံလူထုဖိုရမ်က ကြေညာခဲ့သည်။

  • စက်တင်ဘာ (၅) - စစ်ကောင်စီဩဇာခံ သတင်းစာနဲ့ ရုရှားနိုင်ငံတကာသတင်းဌာန SPUTNIK တို့အကြား သတင်းအချက်အလက်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ခြင်း သဘာတူစာချုပ်ချုပ်ဆိုခဲ့သည်။

  • စက်တင်ဘာ (၆) - မိုခါမုန်တိုင်းဘေးဒဏ် ကျရောက်နေသည့် ရခိုင်ပြည်နယ်အတွင်း အခြေအနေများကို သွားရောက် မှတ်တမ်းတင်နေစဉ် မေ ၂၃ ရက်က စစ်တွေမြို့၌ ဖမ်းဆီး ခံလိုက်ရသည့် Myanmar Now ဓာတ်ပုံသတင်းထောက် ကိုစိုင်းဇော်သိုက်ကို စစ်ကောင်စီက ထောင်အနှစ် (၂၀) ချခဲ့သည်။

  • စက်တင်ဘာ (၉) - စစ်ကောင်စီမှ စာအုပ်ထုပ်ဝေသူများအား ထုတ်လုပ်သည့် စာအုပ် (၅) အုပ်အား ပြန်ကြားရေးဝန်ကြီးဋ္ဌာနသို့ ပေးပို့ရန် ကြေငြာခဲ့သည်။

  • စက်တင်ဘာ (၁၂) - နိုင်ငံသားစိစစ်ရေးကတ်တွေကို စမတ်ကတ်ပြောင်းဖို့ ရန်ကုန်မြို့ရှိ ရပ်ကွက်တချို့တွင် ကိုယ်ရေးမှတ်တမ်းများ ကောက်နေကြောင်းသိရသည်။

  • စက်တင်ဘာ (၁၃) - Telenor အားလက်ပြောင်းဝယ်ယူခဲ့ရာတွင် ရှယ်ယာ အများဆုံးပါဝင်သည့် လုပ်ငန်းတစ်ခုအဖြစ် ထင်ရှားသည့် ရွှေဗျိုင်းဖြူ ကုမ္ပဏီပိုင်ရှင် ဦးသိန်းဝင်းဇော်အား ဖမ်းဆီးထိန်းသိမ်းထားသည်။

  • စက်တင်ဘာ (၁၄) - စစ်ကောင်စီတပ်ဖွဲ့များ စစ်ကြောင်းထိုးသည့်အခါ သက်ဆိုင်ရာ မြိုနယ်တွေအလိုက် ဖုန်းလိုင်းတွေ ဖြတ်တောက်ထားရန် လော်ဘီချန်နယ်များမှ လှုံ့ဆော်ခဲ့သည်။

  • စက်တင်ဘာ (၁၆) - အင်္ဂပူတွင် ဖုန်းဆင်းကဒ်နံပါတ်မှတစ်ဆင့် တည်နေရာများကို စစ်ကောင်စီလက်အောက်ခံ တပ်ဖွဲ့များက တောင်းယူနေကြောင်းသိရသည်။

  • စက်တင်ဘာ (၁၈) - ကချင်ပြည်နယ်၊ ​ြမစ်ကြီးနားမြို့ပေါ်တွင် စက်တင်ဘာ ၁၈ ရက် မနက်ပိုင်းမှ စတင်ကာ အင်တာနက် နှင့်လျှပ်စစ်မီးများပြတ်တောက်ခဲ့ပြီး နေ့လယ် ၁နာရီကျော်ခန့်မှသာ ပြန်လည်ရရှိခဲ့သည်။

  • စက်တင်ဘာ (၁၉) - ရခိုင်ပြည်နယ် တောင်ပိုင်း မာန်အောင်မြို့မှာနေထိုင်တဲ့ အသက် ၅၀ ခန့်အရွယ် ဦးစည်သူအောင်အား စစ်ကောင်စီကိုဝေဖန်မှုဖြင့် ၅၀၅ (က) ဖြင့်အမှုဖွင့်ကာ ဖမ်းဆီးခဲ့သည်။

  • စက်တင်ဘာ (၂၀) - မှတ်ပုံတင်နှင့် e-ID စနစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် တရုတ်-မြန်မာ ပူးပေါင်းလုပ်ဆောင်လာခဲ့သည်။ စက်တင်ဘာ (၂၀)  သီလဝါအထူးစီးပွားရေးဇုန်စီမံခန့်ခွဲမှုကော်မတီနဲ့ အကောက်ခွန်ဦးစီးဌာနတို့ပူးပေါင်းပြီး ကုန်သေတ္တာယာဉ်နှင့် အလုံပိတ်ယာဉ်များဖြင့် ကုန်ပစ္စည်းသယ်ယူပိုဆောင်ရာတွင် စောင့်ကြည့်စစ်ဆေးရေစနစ် Logistic Surveillance System (E-Lock)ကို စတင်ဆောင်ရွက်ခဲ့သည်။

  • စက်တင်ဘာ (၂၁) - လူဦးရေကိန်းဂဏန်းများမှန်ကန်စေရန် ပြည်လုံးကျွတ်သန်းခေါင်စာရင်း ကောက်ယူရေး အကြိုစမ်းသပ်ဆောင်ရွက်မှုကို ယခုနှစ် အောက်တိုဘာလတွင် ကောက်ယူရန်စီစဉ်နေကြောင်းသိရသည်။

  • စက်တင်ဘာ (၂၂) - ရန်ကုန်တိုင်း၊ တွံတေးမြိုလယ်ခေါင် စစ်ဆေးရေးဂိတ်တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်က လုံခြုံရေးတိုးမြှင့်ကာ မြို၏ အချက်အချာကျသည့်နေရာများ၌ CCTVကင်မရာများ တပ်ဆင်လိုက်ကြောင်းသိရသည်။

  • စက်တင်တာ (၂၃) - ဦးမြင့်ကြိုင်သည် ဇီဝအချက်အလက် မှတ်တမ်းတင်သည့် ဘိုင်အိုမက်ထရစ် နည်းပညာအကြောင်း လေ့လာရန် Beijing Hisign နည်းပညာ ကုမ္ပဏီသို့လည်း သွားရောက်ခဲ့သည်။ ဧရာဝတီသတင်းဋ္ဌာန၏ အဆိုအရ စစ်ကောင်စီသည် တရုတ်နိုင်ငံအား သန်းခေါင်စာရင်း ကောက်ယူရေးနှင့် မြန်မာတွင် အီလက်ထရောနစ် ခွဲခြားစိတ်ဖြာမှုစနစ် အတွက် အကူအညီတောင်းခံထားသည်။

  • စက်တင်ဘာ (၂၄) - ရန်ကုန်ရှိ မြို့နယ်အချို့တွင် မှတ်ပုံတင် စမတ်ကတ် (Smart card) မလုပ်ရသေးသူများ ခရီးသွားပါက ရပ်ကွက် အုပ်ချုပ်ရေးမှူး နှင့် လဝက ရုံးထောက်ခံချက် တောင်းခံနေရသည်။ စစ်ကောင်စီကို အွန်လိုင်ပေါ်တွင် ဝေဖန်သဖြင့် စက်တင်ဘာလ (၁၆) ရက်နေ့မှ (၂၂) ရက်နေ့အထိ တစ်ပါတ်အတွင်း လူ (၂၀) ကျော်ဖမ်းဆီးခံရသည်။

  • စက်တင်ဘာ (၂၆) - SIM Card များကို မှတ်ပုံတင်ရောင်းချခြင်းနှင့် လွှဲပြောင်းရာတွင်ပြန်လည်မှတ်ပုံတင်ခြင်းမရှိပါက ဆက်သွယ်ရေးဥပဒေပုဒ်မ ၇၂ အရ အရေးယူသွားဟု ကြေငြာခဲ့သည်။ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်တွင် စက်တင်ဘာ ၂၆ရက် နေ့လယ်ပိုင်းမှစပြီး အင်တာနက်လိုင်း ပြန်လည်ရရှိခဲ့သည်။

August 2023

  • ဩဂုတ် (၁) - ဗန်းမောက်မြို့နယ်အတွင်း ဝန်ဆောင်မှုပေးနေသော (MPT) အပါအဝင် ဆက်သွယ်ရေးအော်ပရေတာများ အနေဖြင့် အင်တာနက်ဆက်သွယ်မှု ဖြတ်တောက်ခြင်းများ ထပ်မံပြုလုပ်ပါက ၎င်းတို့ပိုင် အခြေခံအဆောက်အုံများ အပေါ် ပြင်းပြင်းထန်ထန် အရေးယူသွားမည်ဟု Banmauk Revolution Facebook စာမျက်နှာမှ ထုတ်ပြန်ခဲ့ခြင်း။

  • ဩဂုတ် (၃) - ပေါင်မြို့နယ်တွင် (Biometric) ဒေတာ အချက်အလက်များ ဆက်လက်ကောက်ယူခြင်း။

  • ဩဂုတ် (၅) - စစ်ကောင်စီလက်အောက်ရှိ ဝန်ထမ်းနှင့် မိသားစုဝင်များကို ပန်းရောင် မှတ်ပုံတင်ကဒ်မှ စမတ်ကဒ် ပုံစံပြောင်း လုပ်ဆောင်ပေးရန် စစ်ကောင်စီ ကြိုးစားနေခြင်း၊တယ်လီကွန်များမှ ဝန်ဆောင်မှု ပေးသည့် SMS စာတိုပေးပို့မှုမှတဆင့် ငွေကြေးလိမ်လည်ရန် ရည်ရွယ်သည့် လင့် (Link) များပါဝင်သည့် စာတိုများပျံ့နှံ့ခဲ့ခြင်း။

  • ဩဂုတ် (၈) - ကမာရွတ်မြိုနယ်၊ လှည်းတန်းလမ်းမ၊ လှည်းတန်းစိန်ဂေဟာရှေ့နှင့် ဆင်မလိုက်လမ်းဆုံ၊ လူကူးတံတားပေါ်တို့တွင် အကြမ်းဖက်စစ်တပ်နှင့် ရဲ၊ အရပ်ဝတ်များမှ ဖြတ်သွားဖြတ်လာ ပြည်သူများကို ဖုန်း၊ အိတ်၊ ထီးနီပါမပါ စစ်ဆေးမှုများပြုလုပ်ခဲ့ခြင်း၊  ပဲခူးတိုင်း၊ ဖြူးမြိုနယ် ၊ အောက်ကြာအင်းကျေးရွာကို စစ်တပ်က ဝင်ရောက်စီးနင်းချိန် တိုက်ပွဲများဖြစ်ပွားခဲ့ပြီး ယင်းအချိန်တွင် ဖုန်းလိုင်းနှင့် အင်တာနက်လိုင်းများကို စစ်တပ်က ဖြတ်တောက်ထားခဲ့ခြင်း။

  • ဩဂုတ် (၁၄) - မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်၊ အောင်နန်းရိပ်သာအရှေ့ရပ်ကွက်၊ လမ်း၈၀နှင့် ၈၁ လမ်းကြား၊ လမ်း ၃၀ ပေါ်ရှိ အောင်မြန်မာ စာရေးကိရိယာဆိုင်ပိုင်ရှင် မဲခေါင်သတင်းဌာန၏ သတင်းတပုဒ်တွင် Comment ရေးခြင်းနှင့် စစ်အာဏာရှင် ဆန့်ကျင်ရေး ပို့စ်များ Share ခြင်း၊ ရေးသားခြင်းများ ပြုလုပ်နေသည်ဟုဆိုကာ စစ်ကောင်စီဝါဒဖြန့် ဟန်ငြိမ်းဦး တယ်လီဂရမ်ချန်နယ်တွင် သြဂုတ် ၁၃ ရက်နေ့ နံနက်ပိုင်းက ဖြန့်ဝေရေးသားခဲ့ပြီးနောက် ဆိုင်ပိုင်ရှင်အပါ အမျိုးသမီး ၄ ဦး ဖမ်းဆီးခံရခဲ့ခြင်း။

  • ဩဂုတ် (၁၅) - BBC သတင်းဋ္ဌာန၏ ဖော်ပြချက်အရ စစ်ကောင်စီကို ပုတ်ခတ်ရေးသားခြင်း၊ PDF များကို အားပေးစကားရေးသားခြင်း၊ PDF သင်းတန်းဆင်းဖြစ်ခြင်း၊ အာဏာသိမ်းမှု ဆန့်ကျင်ခြင်း စသည့် အကြောင်းအရာများဖြင့် ဖမ်းဆီခံရသူ ဩဂုတ်လအတွင်း (၂၉) ဦးထက်မနဲ ရှိနေပြီး အမျိုးသမီး (၇) ထက်မနည်းပါဝင်ခြင်း၊ အမျိုးသမီးအားလုံးမှာ လူမှုကွန်ရက်တွင် မှတ်ချက်ရေးသားမှုများကြောင့် ဖမ်းဆီးခံရခဲ့ခြင်း။

  • ဩဂုတ် (၁၆) - တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် Biometric အချက်အလက်များကို ဦးတည်အုပ်စုများ အလိုက်ကောက်ယူလျက်ရှိရာ ၂၀၂၃ ခုနှစ်၊ ဩဂုတ် ၁၀ ရက်အထိ လူဦးရေ ခုနစ်သိန်းကျော် ကောက်ယူပြီးစီးထားခဲ့ခြင်း၊ ကောက်ယူပြီးစီးခဲ့သည့် အိမ်ထောင်စု ၁၄ ဒသမ ၈ သန်းကျော်ကို e-ID Server အတွင်း ဖြည့်သွင်းပြင်ဆင်အတည်ပြုပြီးလျှင် ရွေးကောက်ပွဲကျင်းပနိုင်ရေးအတွက် တိကျမှန်ကန်သည့် မဲစာရင်း ရရှိမည်ဖြစ်ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်က ပြောကြားခဲ့ခြင်း၊ စစ်တပ် အားပေးထောက်ခံသည့် တယ်လီဂရမ်ချန်နယ်များမှ နေရပ်လိပ်စာ၊ ဓာတ်ပုံများနှင့်တကွတင်ကာ ဖမ်းဆီးရန် လှုံ့ဆော်မှုများကြောင့် မန္တလေးမြို့တွင် သြဂုတ် ၉ ရက်မှ ၁၅ ရက်အထိ ဖမ်းဆီးခံရသူ ၁၆ ဦးထိ ရှိလာခဲ့ခြင်း။

  • ဩဂုတ် (၁၉) - ကျင့်ဝတ်ဝိနည်းနှင့်မညီသော ရဟန်းများအတွက် ပြည်သူ လှူဒါန်းသော ဆွမ်းစားလျှင် သံရည်ပူ ကဲ့သို့ ဖြစ်လိမ့်မည်ဟု ဝေဖန်ထောက်ပြခဲ့သော "ဘာမှမမျှော်လင့်နဲ့" (Don’t expect anything!) အမည်ရှိ ရုပ်ရှင်ဇာတ်လမ်းအား Isi Dhamma YouTube Channel နှင့် Tiktok တို့တွင် လွှင့်တင်ခဲ့ပြီး လူမှုကွန်ရက်စာမျက်နှာများတွင် ပျံ့နှံ့ခဲ့ပြီးနောက် ဇာတ်လမ်းပါဝင်သူ ၁၄ ဦးကို စစ်တပ်က ဖမ်းဆီးခဲ့ခြင်း၊ Business To Business(B2B) ပလန်လျှောက်ထားပေးမည်ဟု ကြော်ငြာထားသည့် ဆိုရှယ်မီဒီယာ စာများနှာများမှနေ၍ လာရောက်ဆက်သွယ်သူများအား Andy Desk၊ Team Viewer စသည့် Application များအား မိုဘိုင်းဖုန်းနှင့် ကွန်ပျူတာများထဲသို့ ထည့်သွင်းခိုင်းပြီး KBZ Pay၊ Wave Pay များမှ ငွေကြေးများ ခိုးယူခြင်း။

  • ဩဂုတ် (၂၃) - စစ်တပ်မှ အာဏာသိမ်းပြီးနောက် လျှပ်စစ်မီးပြတ်တောက်သည့် ကိစ္စနှင့်ပတ်သက်၍ စစ်ကောင်စီကို ဝေဖန်ပြောဆိုခဲ့သော Hip Hop အဆိုတော် ဗျူဟာအား အင်းစိန် စစ်ခုံရုံးမှ ထောင်ဒဏ် အနှစ် ၂၀ ချမှတ်လိုက်ခြင်း။

  • ဩဂုတ် (၂၄) - စစ်ကောင်စီက မှတ်ပုံတင်ရှိသူတိုင်း စမတ်ကဒ်ပြုလုပ်ရန် ဖိအားပေးလျက်ရှိပြီး မပြုလုပ်သူများကို အရေးယူမည်ဟု ခြိမ်းခြောက်ခဲ့ခြင်း။

  • ဩဂုတ် (၂၉) - ရိုဟင်ဂျာတွေအပေါ် ဆန့်ကျင်တဲ့ အမုန်းတရားဖြန့်ဝေတာတွေ ဟန့်တားရာမှာ Facebook အနေဖြင့် အချိန်မီဟန့်တားနိုင်ခြင်းမရှိဟုဆိုကာ ရိုဟင်ဂျာများမှ အိုင်ယာလန်နိုင်ငံတွင် Meta Company အား တရားစွဲဆိုခဲ့ခြင်းတို့ပဲဖြစ်ပါတယ်။

July 2023

  • ဇူလိုင်လ (၁) - တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြိုနယ် မြိုနယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ဦးစီးဋ္ဌာနက ဋ္ဌာနဆိုင်ရာဝန်ထမ်းများအား ဇီဝအချက်အလက် (Biomatic Data) များ ကောက်ယူခဲ့ခြင်း။

  • ဇူလိုင်လ (၃) - မြန်မာ့အလင်း သတင်းစာကို ရုရှား၊ တရုတ်နှစ်ဘာသာဖြင့် ပူးတွဲထုတ်လုပ်ခဲ့ခြင်း။ ဖုန်းနှင့်အင်တာနက်လိုင်းများဖြတ်တောက်ပြီး စစ်တပ်က မိုးဗြဲမြိုကို ဆက်လက်ထိုးစစ်ဆင်ခဲ့ခြင်း။ရှမ်းပြည်နယ် မြောက်ပိုင်း ၊နောင်ချိုမြိုနယ်ရှိ ဋ္ဌာနဆိုင်ရာဝန်ထမ်းများနှင့် မိသားစုဝင်များ၏ ကိုယ်ရေးအချက်အလက်နှင့် ဇီဝဆိုင်ရာအချက်အလက်များ ကောက်ယူခြင်း။

  • ဇူလိုင်လ (၅) - Facebook လူမှုကွန်ရက်တွင် အလုပ်ရမည်ဟု ကြော်ငြာထားသဖြင့် ဆက်သွယ်၍ သွားရောက် လျှောက်ထားရာမှ စစ်တပ်ထဲသို အတင်းအကျပ် သွပ်သွင်းခံရမှုများရှိခဲ့ခြင်း။စစ်ကိုင်းတိုင်းအတွင်းရှိ မုံရွာမြိုနယ်အပါအဝင်မြိုနယ်အများစုတွင် MPTဖုန်းလိုင်းများပြတ်တောက်ခံရခြင်း။

  • ဇူလိုင်လ (၆) - ဖုန်းဆင်းကတ်များ ၃ လအတွင်း  မှတ်ပုံမတင်ပါက အပြီးပိတ်သိမ်းမည်ဟု စစ်ကောင်စီ ထပ်မံကြေညာခဲ့ခြင်း။ ပဲခူးတိုင်းဒေသကြီး တောင်ငူမြိုနယ်ရှိ တောင်ငူတက္ကသိုလ်ရှိ ပါမောက္ခချုပ် နှင့် ဒုတိယပါမောက္ခချုပ်များအပါအဝင် ဝန်ထမ်းများ၏ ကိုယ်ရေးအချက်အလက်နှင့် ဇီဝဆိုင်ရာအချက်အလက်များ ကောက်ယူခဲ့ခြင်း။ကယား(ကရင်နီ) ပြည်နယ်အား စစ်ကောင်စီတပ်မှ ပုဂ္ဂလိကပိုင် ဖုန်းလိုင်းများ ဖြတ်တောက်ထားပြီး စစ်ကောင်စီ လက်အောက်ခံ ဖုန်းလိုင်းဖြစ်သည့် Mytel သာ အသုံးပြုလိုရနေခဲ့ခြင်း။

  • ဇူလိုင်လ (၇) - မြန်မာနိုင်ငံတွင် မြိုနယ် ၅၀ ထက်မနည်း အင်တာနက်နဲ့ ဖုန်းလိုင်းဆက်သွယ်ရေးစနစ်များ ဖြတ်တောက်ခံထားရသည်မှာ တစ်နှစ်ကျော်ရှိဟု VOA သတင်းဋ္ဌာနမှ ဖော်ပြခံရခဲ့ခြင်း။ နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (က)နဲ့ အမှုဖွင့် ဖမ်းဆီးခံထားရတဲ့ သတင်းစာဆရာ ဦးကျော်မင်းဆွေ၊ သရုပ်ဆောင် မေပန်းချီ၊ သရုပ်ဆောင် မြတ်သူသူနှင့် အဆိုတော် မေလသံစဉ် နှင့် ရွှေရည်သိန်းတန် တို ပြန်လည်လွတ်မြောက်လာခဲ့ခြင်း။

  • ဇူလိုင်လ (၈) - ဒီဗွီဘီ (DVB) နှင့် မဇ္ဈိမ (Mizzima) ရုပ်သံလိုင်းများအား ကြွေးကျန်ရှိနေတယ်ဆိုသည့် အကြောင်းပြချက်ဖြင့် အမှုဖွင့်တရားစွဲဖို ပြင်ဆင်နေကြောင်း စစ်ကောင်စီ ပြန်ကြားရေးဝန်ကြီးဌာနမှ ထုတ်ဖော်ပြောကြားခဲ့ခြင်း။

  • ဇူလိုင်လ (၁၁) - ကလေးမြိုနယ်တွင် Ooredoo , Atom (ယခင် Telenor) ဖုန်းလိုင်းများ ဖြတ်တောက်ထားခဲ့ခြင်း။

  • ဇူလိုင်လ (၁၄) - မြိတ်မြိုတွင် လူတစ်ဦးချင်းစီ၏ Biometric Data များအား Enrollment Device ဖြင့် စာရင်း ကောက်ယူဆောင်ရွက်လျက်ရှိပြီး QR Code ပါသည့် Unique ID နံပါတ် ပြန်လည်ထုတ်ပေးခဲ့ခြင်း။ မီဇိုရမ်ပြည်နယ်ရှိ မြန်မာစစ်ဘေးရှောင်တွေရဲ့ ဇီ၀ဆိုင်ရာအချက်အလက်တွေကို ဒေသတွင်းအာဏာပိုင်တွေနှင့် အရပ်ဘက်အဖွဲအစည်းများပူးပေါင်း ကောက်ယူနေခဲ့ခြင်း၊ အွန်လိုင်းစနစ်နဲ့ဈေးရောင်းချခြင်းကို အရေးကြီးဝန်ဆောင်မှုလုပ်ငန်းအဖြစ်သတ်မှတ်ပြီး စီးပွားရေးနဲ့ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ကိုင်တွယ်မည်ဟု စစ်ကောင်စီ ထုတ်ပြန်ခဲ့ခြင်း။

  • ဇူလိုင်လ (၁၅) -  မြိတ်မြိုတွင် Biometric Data စာရင်းကောက်ယူဆောင်ရွက်လျက်ရှိပြီး Unique ID နံပါတ် (၉၀၀)ဦးကျော် ထုတ်ပေးခဲ့ပြီးဖြစ်သည်။

  • ဇူလိုင်လ (၁၈) -  မွန်ပြည်နယ်ပေါင်မြိုနယ်ရှိ ဌာနဆိုင်ရာဝန်ထမ်းများနှင့်မိသားစုများအား (Biometric) ဒေတာ အချက်အလက်များ ကောက်ယူခဲ့ခြင်း။

  • ဇူလိုင်လ (၂၁)  - ဒဂုံမြိုသစ်(မြောက်ပိုင်း)မြိုနယ်တွင် နိုင်ငံသားတစ်ဦးချင်း၏ ကိုယ်ရေးအချက်အလက် (Biographic) နှင့် ဇီဝဆိုင်ရာ အချက်အလက်(Biometric)ကောက်ယူခဲ့ခြင်း။

  • ဇူလိုင်လ (၂၄) - မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ညောင်ဦးမြိုနယ်တွင် ဇီဝဆိုင်ရာ အချက်အလက် ကောက်ယူစိစစ်ခြင်းနှင့် Unique ID ထုတ်ပေးခြင်းလုပ်ငန်းများ ဆက်လက်ဆောင်ရွက်နေပြီး  ၂၄၀၀ ဦးထိစာရင်းကောက်ယူမှုပြီးစီးခဲ့ခြင်း။

  • ဇူလိုင်လ (၂၆) -  စစ်ကောင်စီ ဝန်ကြီး ဦးမြင့်ကြိုင် မြန်မာ-အိန္ဒိယ နှစ်နိုင်ငံကြား e-ID စနစ်လုပ်ငန်း ပူးပေါင်းဆောင်ရွက်နိုင်ခဲ့ခြင်း တို့ပဲဖြစ်ပါတယ်။

June 2023

  • ဇွန်လ (၂) - ဧရာဝတီတိုင်း ၊ ကျုံပျော်မြို စစ်ကောင်စီ စစ်ဆေးရေးဂိတ်တွင် အမျိုးသားများအား မိုဘိုင်းဖုန်းအပါအဝင် လွယ်အိတ်နှင့် ပိုက်ဆံအိတ်များကို စစ်ဆေးခဲ့ခြင်း။

  • ဇွန်လ (၃) - မင်းကင်းမြို့နယ် MPT ဖုန်းလိုင် များပြတ်တောက်ထားမှု တစ်လပြည့်မြောက်ခဲ့ခြင်း။

  • ဇွန်လ (၁၀) - စစ်ကောင်စီက ဧရာဝတီတိုင်းမ် သတင်းဌာနကို လုပ်ငန်းလိုင်စင် ပိတ်သိမ်းခဲ့ခြင်း။

  • ဇွန်လ (၁၀) - ကရင်နီပြည်နယ်တွင် Starlink အင်တာနက်အသုံးပြုနိုင်ပြီဟု Free Burma Rangers အဖွဲမှ ပြောကြားခဲ့ခြင်း။

  • ဇွန်လ (၁၂) - ပဲခူးတိုင်းဒေသကြီး လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဋ္ဌာန အနေဖြင့် Biometric Data ကောက်ယူနိုင်ရေးအတွက် သင်တန်းပြုလုပ်ခဲ့ခြင်း။

  • ဇွန်လ (၁၉) - NUG က Spring Development Bank ကို စတင်မိတ်ဆက်လာပြီး Blockchain/Crypto နည်းပညာများအပေါ် အခြေခံလည်ပတ်သွားမည်ဟု ပြောကြားထားခဲ့ခြင်း။

  • ဇွန်လ (၂၃) - ဇွန်လ ၁၄ ရက်ကနေ ၂၁ ရက်အထိ တစ်ပတ်အတွင်း လူမှုကွန်ရက် ဆိုရှယ်မီဒီယာမှာ စစ်ကောင်စီကို ဆန့်ကျင် ရေးသားသူ ၅၀ ဦးကို ဖမ်းဆီးအရေးယူထားတယ်လို့ စစ်ကောင်စီထုတ်ပြန်ထားခဲ့ခြင်း။

  • ဇွန်လ (၂၇) - လွိင်ကော် မြိုနယ်တဝိုက်တွင် ဖုန်းလိုင်းနှင့် အင်တာနက်လိုင်းများ ပြတ်တောက်နေခဲ့ခြင်း။Sim Card များ ပြန်လည်မှတ်ပုံတင်ရာတွင် အခက်အခဲများ တွေ့ကြုံနေရကြောင်း ဆိုရှယ်မီဒီယာအသုံးပြုသူများမှ ၎င်းတို့၏ အတွေ့အကြုံများကို ပြန်လည်ရေးသားများရှိခဲ့ပါတယ်။

May 2023

  • မေ (၂) - ၂၀၂၄ ခုနှစ် အောက်တိုဘာလတွင် လူဦးရေနဲ့ အိမ်ထောင်စု သန်းခေါင်စာရင်းများကို လက်ကိုင်ဖုန်းနှင့် တက်ဘလက် (Tablet) များအသုံးပြုပြီး ကောက်ယူသွားမည်ဟု စစ်ကောင်စီလက်အောက်ခံလူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာနက မေလ၂ရက်နေ့စွဲနဲ့ ကြေညာခဲ့ခြင်း။

  • မေ (၅) - ATOM ဖုန်းသုံးစွဲသူများအား ပြန်လည်မှတ်ပုံတင်မှုများ ပြုလုပ်နိုင်ရန် ရောက်ရှိသည့်နေရာနှင့် အနီးဆုံးရှိ Atom Digital Store ဆိုင်များ၏ တည်နေရာကို ညွှန်ပြသည့် အချက်အလက်များ ပါဝင်သည့် SMS စာတိုများအား SMS မှတဆင့်ပေးပို့ခဲ့ခြင်း (ယင်းလုပ်ဆောင်ချက်သည် သုံးစွဲသူများ၏ တည်နေရာကို ခြေရာခံစောင့်ကြည့်နေသည်ဟု ယုံကြည်ရသည်။)

  • မေ (၆) - နယ်စည်းမခြားသတင်းသမားများအဖွဲ့ (RSF) မှ ထုတ်ပြန်သည့် သတင်းမီဒီယာလွတ်လပ်ခွင့် အညွှန်းကိန်းအရအရ ကမ္ဘာ့နိုင်ငံပေါင်း (၁၈၀) တွင် မြန်မာနိုင်ငံအနေဖြင့် အဆင့် ၁၇၃ နေရာတွင် ရောက်ရှိနေခြင်း။

  • မေ (၉) - မုံရွာမြို့တွင် မိုဘိုင်းအင်တာနက် လိုင်းများအသုံးပြုရ အခက်အခဲများ ဖြစ်ပေါ်ခဲ့ပြီး ညနေ (၄) နာရီခွဲ ဝန်းကျင်မှ စတင်ပြီး MPT အင်တာနက်လိုင်းများ ပြတ်တောက်သွားကာ အခြားသော မိုဘိုင်း အင်တာနက် လိုင်းများမှာအခက်အခဲများ ဖြစ်ပေါ်ခဲ့ခြင်း။

  • မေ (၁၃) - ချင်းပြည်နယ်ရှိ ပြည်သူအချို့အနေဖြင့် စစ်ကောင်စီ၏ အင်တာနက်လိုင်းများ ဖြတ်တောက်ထားမှုကြောင့် ဆက်သွယ်ရေးဆိုင်ရာ အခက်အခဲများဖြစ်ပေါ်ပြီး မိုခါမုန်တိုင်းသတင်းများ အချိန်နှင့်တပြေးညီ မသိရဖြစ်ပေါ်ခဲ့ခြင်း။

  • မေ (၂၄) - လျှပ်စစ်မီးပြတ်တောက်မှုနှင့် ပါတ်သက်ပြီး လူမှုကွန်ယက်မှ တဆင့် ဝေဖန်ခဲ့သည့် ဟစ်ဟော့ အဆိုတော် ဗျူဟာ ၎င်း၏ နေအိမ်တွင် ဖမ်းဆီးခံရခဲ့ခြင်း။

April 2023

  • ဧပရယ် (၂) - ဟင်္သာတမြို့တွင် Social Media များမှ ရေးသားသော အချက်အလက်များကို အခြေခံပြီး PDF ထောက်ပံ့သည်ဟု စွပ်စွဲကာ နေအိမ်ငါးလုံးကို ချိတ်ပိတ်ခဲ့ပါတယ်။

  • ဧပရယ် (၃) - ရန်ကုန်လေဆိပ်အတွင်း ပြေးဆွဲလိုသည့် အငှားယာဉ်များအား မိုဘိုင်း Application မှတဆင့် စီးနင်းသူများ၏ သွားလာခဲ့မှုများကို ခြေရာခံနိုင်သည့် Grab ကုမ္ပဏီဖြင့် ချိတ်ဆက်ရန် စစ်ကောင်စီ မှ ဖိအားပေးခဲ့‌ပြီး လုံခြုံရေးအတွက်ဟု အကြောင်းပြခဲ့ပါတယ်။ ချင်းပြည်နယ်အတွင်းရှိ မြို့နယ်များဖြစ်သော မင်းတပ်၊ မတူပီ နှင့် ကန်ပက်လက် မြို့နယ် များတွင် မိုဘိုင်းဖုန်း ဆက်သွယ်မှုများ ဖြတ်တောက်ထားသည်မှာ (၄) လ ကျော်ကြာမြင့်လာပြီဖြစ်ပါတယ်။ Electronic မှတ်ပုံတင်စနစ် ပြုလုပ်ရန် Biometric Data ကောက်ယူရေးကြေညာချက်အား Naypyitaw Council ၏ Facebook စာမျက်နှာပေါ်တွင် ကြေငြာခဲ့ပါတယ်။

  • ဧပရယ် (၄) - NUG နှင့်ဆက်သွယ်ပြီး တရားမဝင်ပညာသင်ကြားရေးပြုလုပ်သည်ဟုဆိုကာ အမျိုးသမီး ၁၃ ဦးအပါအဝင် ၁၅ ဦးကို ဖမ်းဆီးထားဟု စစ်ကောင်စီထုတ်ပြန်ခဲ့ပါတယ်။

  • ဧပရယ် (၁၂) - ပဇီကြီးရွာ လေကြောင်းတိုက်ခိုက်ခံရမှုအတွက် ၎င်းတို့၏ Social Media Account များမှဝမ်းနည်းကြောင်းရေးသားခြင်း ၊ Profile အမဲများ ပြောင်းလဲခြင်းအတွက် တေးသံရှင် မေလသံစဉ်၊ သတင်းစာဆရာ ဦးကျော်မင်းဆွေ၊ သရုပ်ဆောင် မေပန်းချီ နှင့် ရွှေရည်သိန်းတို့ အပါအဝင် ၁၁ ဦး ဖမ်းဆီးခံရပြီး ၅၀၅ နဲ့ အမှုဖွင့်ခံထားရပါတယ်။

  • ဧပရယ် (၁၇) - ဟားခါးမြို့တွင် Telenor နှင့် MPT ဝိုင်ဖိုင်လိုင်းများ ဧပြီ (၁၇) နေ့မှ စတင်ပြီး အသုံးပြုမရ ဖြစ်နေပါတယ်။

  • ဧပရယ် (၂၄) - တော်လှန်ရေး ရန်ပုံငွေ စုဆောင်းနိုင်ရန် ရည်ရွယ်ထုတ်လုပ်ထားသည့် PDF ဂိမ်းများ ဆော့ကစားပါက ဥပဒေအရ အရေးယူခံရနိုင်ကြောင်း စစ်ကောင်စီထုတ် သတင်းစာမှ တဆင့် ကြော်ငြာခဲ့ပါတယ်။

March 2023

  • မတ် (၁) - အကြမ်းဖက်မှုတိုက်ဖျက်ရေး နည်းဥပဒေ ကို စစ်ကောင်စီ ထုတ်ပြန်ပြီး ယင်းဥပဒေတွေ အခန်း (၁၄) တွင် အီလက်ထရောနစ် သတင်းအချက်အလက် ကြားဖြတ်ဖမ်းယူခြင်း ဆိုင်ရာ ကိစ္စရပ်များကို ထည့်သွင်း ပြဋ္ဌာန်းခဲ့ခြင်း၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ဖွင့်လှစ်ထားသည့် အွန်လိုင်း စာသင်ကျောင်းများတွင် အပ်နှံသော ကျောင်းသားမိဘများကို အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေပုဒ်မဖြင့် အရေးယူသွားမည်ဟု စစ်ကောင်စီ ခြိမ်းခြောက်းခဲ့ခြင်း။

  • မတ် (၂) - စစ်ကောင်စီ၏ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာနအပါအဝင် ကုမ္ပဏီ ၂ ခုကို နိုင်ငံတွင်း လူ့အခွင့်အရေးချိုးဖောက်မှုများအတွက် အမေရိကန်ကုန်သွယ်ရေးဌာန စက်မှုနှင့်လုံခြုံရေးဗျူရို (BIS)က အမည်ပျက်စာရင်းသွင်းခဲ့ခြင်း၊Access Now နှင့် KeepItOn အဖွဲ့တို့၏ အစီရင်ခံစာအ၇ ၂၀၂၂ ခုနှစ်အတွင်း အင်တာနက်ဖြတ်တောက်မှု အများဆုံးနိုင်ငံတွေထဲ မြန်မာပါဝင်းခဲ့ခြင်း။

  • မတ် (၄) - ချင်းပြည်နယ် မတူပီ မြို့တွင် ဇန်နဝါရီလ ၇ ရက်နေ့မှစတင်၍ စစ်ကောင်စီက တယ်လီဖုန်းလိုင်း ဖြတ်တောက်ခဲ့ခြင်းကြောင့် ဒေသခံပြည်သူများ သတင်းအမှောင်ချခံနေရပြီး ရိက္ခာဝယ်ယူနိုင်မှု ပိုမိုခက်ခဲလာခြင်း။

  • မတ် (၅) - စစ်အုပ်ချုပ်ရေးဒေသဖြစ်သည့် တနင်္သာရီမြို့နယ်တွင် တစ်ပတ်အတွင်း ပြည်သူအများအပြားဖမ်းဆီးခံရပြီး တော်လှန်ရေးတွင် ပါဝင်သူများနှင့် “ဆက်သွယ်ခြင်း / အလှုငွေ မှတ်တမ်း တွေရှိခြင်းတို့ကြောင့် ဖမ်းဆီးခံရသူ အများအပြား ပါဝင်နေခဲ့ခြင်း။

  • မတ် (၇) - ခင်ဦးဒေသခံပျောက်ကျားတပ်ဖွဲ့ (Khin U Local Guerrilla Force) Facebook စာမျက်နှာမှ မျှဝေသည့် အကြောင်းအရာများကို ပြန်လည်မျှဝေသည်ဟုဆိုကာ လက်လီအရောင်းဆိုင် အလုပ်လုပ်ကိုင်နေသည့် မဇင်မို့မို့ဖြူ အားစစ်ကောင်စီမှ ဖမ်းဆီးခဲ့ခြင်း။

  • မတ် (၉) - စစ်ကောင်စီက ဖေ့ဘုတ်ပေါ်တွင် ၎င်းတို့နှင့် ဆန့်ကျင်သည့် အကြောင်းအရာများ မျှဝေသည်ဆိုသော စွတ်စွဲချက်ဖြင့် ပဲခူးတိုင်း​၊ ပြည်မြို့ရှိ အမျိုးသမီး တစ်ဦးနှင့် ဧရာဝတီတိုင်း ပုသိမ်မြို့ရှိ အမျိုးသမီးတစ်ဦးတို့အား ဖမ်းဆီးထိန်းသိမ်းခဲ့ကြောင်း Chindwin News Agency သတင်းတွင် ဖော်ပြထားခြင်း။

  • မတ် (၁၂) - အကြမ်းဖက်စစ်ကောင်စီ ထိန်းချုပ်ခံ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း ညွှန်ကြားရေးမှုးချုပ် မျိုးဆွေအား မက္ကဆီကိုနိုင်ငံတွင် မတ်လ ၁၁ မှ ၁၆ အထိ ကျင်းပမည့် ICANN ၏ ၇၆ ကြိမ်မြောက် ICANN ညီလာခံ တက်ရောက်ရန် ဖိတ်ကြားခြင်းခံရခြင်း၊ စစ်ကောင်စီ၏ လိုက်လံဖမ်းဆီးမှုကြောင့် ထွက်ပြေးတိမ်းရှောင်နေရသည့် နိရဉ္စရာသတင်းဌာနအယ်ဒီတာချုပ်အား ဆယ်သွယ်ရေးဥပဒေဖြင့် ထပ်မံအမှုဖွင့်ခဲ့ခြင်း။

  • မတ် (၁၃) - ဖုန်း ဆင်းကတ်များ ပြန်လည်မှတ်ပုံမတင်လျှင် ရက် (၃၀) အတွင်း ပိတ်သိမ်းမည်ဟု စစ်ကောင်စီ လက်အောက်ခံ ဆက်သွယ်ရေး ညွန်ကြားမှုဦးစီးဌာနက မတ်လ (၁၃) ရက်နေ့ညပိုင်းက ထုတ်ပြခြင်း။

  • မတ် (၁၅) - စစ်ဆင်ရေး လုပ်ဆောင်နေသည့်​ နေရာများတွင် ဖုန်းလိုင်းများ ဖြတ်တောက်ရန် စစ်ကောင်စီ လော်ဘီအကောင့်မှ လှုံ့ဆော်ခြင်း။

  • မတ် (၁၇) - FOEIM ကျောင်းသားစာရင်း ပေါက်ကြားမှု၏ နောက်ဆက်တွဲ သက်ရောက်မှုအနေဖြင့် ကျောင်းသားမိဘ (၄) ဦး ဖမ်းဆီခံရခဲ့ခြင်း။

  • မတ် (၂၁) - စစ်ကောင်စီကို အစိုးရနဲ့ပုဂ္ဂလိကကုမ္ပဏီတွေက ထောက်လှမ်းရေးနည်းပညာ ရောင်းချတာ၊ ဝန်ဆောင်မှုပေးတာ၊ လွှဲပြောင်းတာနဲ့ တင်ပို့တာတွေကို ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီက တားမြစ်ရမယ်လို့ မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂအထူးကိုယ်စားလှယ် တွမ် အင်ဒရူး (Tom Andrews) က ပြောကြားခဲ့ခြင်း။

February2023

  • ဖေဖော်ဝါရီ (၁) - ဖမ်းဆီးခံရသူများ၏ မိုဘိုင်းဖုန်းများအား ဝင်ရောက်စစ်ဆေးပြီးနောက် ရရှိလာသည့် လိင်အသားပေးဓာတ်ပုံများအား စစ်လော်ဘီ အကောင့်များမှ ဖြန့်ဝေ မှုများပြုလုပ်ခဲ့ခြင်း၊NUG ရဲ့ အမြင့်ဆုံးတာဝန်ရှိသူ ယာယီသမ္မတကြီး ဒူးဝါလရှီးလ၏ Facebook page hack ခံခဲ့ရခြင်း။

  • ဖေဖော်ဝါရီ (၃) - စစ်အာဏာသိမ်း (၂) နှစ်တာ ကာလအတွင်း လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်ချိုးဖောက်မှုများအား အချိန်မှတ်တမ်းတစ်ခု အား FEM အဖွဲ့မှ ထုတ်ပြန်ခဲ့ခြင်း၊စစ်ကိုင်းတိုင်း၊ ဟုမ္မလင်း မြို့နယ် တွင် စစ်ရဟတ်ယာဉ်တစ်စီး ပစ်ချခံရသည်ဟု သတင်းများ ထွက်ပေါ်ပြီးနောက် ဟုမ္မလင်းမြို့နယ် ရွှေပြည်အေးမြို့သစ်ဘက်တွင် ဖုန်းလိုင်းများ ပြတ်တောက်နေခဲ့ခြင်း။

  • ဖေဖော်ဝါရီ (၆) - အမျိုးသား ညီညွတ်ရေး အစိုးရ (NUG)က ၎င်းတို့ စိုးမိုးထားသော နယ်မြေတချို့တွင် အင်တာနက်ရအောင် ဆောင်ရွက် ထားနိုင်ပြီဖြစ်ကြောင်း ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် နည်းပညာဝန်ကြီးဌာန ဝန်ကြီး ဦးထင်လင်းအောင်မှ Global Town Hall အစီအစဉ်တွင် ထည့်သွင်းပြောသွားခဲ့ခြင်း။

  • ဖေဖော်ဝါရီ (၇) - မရမ်းကုန်းမြို့နယ်ရှိ MPT Exchange ရုံးမီးလောင်မှု ဖြစ်ပွားပြီး MPT ဖုန်းလိုင်းများနှင့် ဖိုက်ဘာ အင်တာနက် လိုင်းများ မနက် (၁၀) နာရီ ဝန်းကျင်မှ ညနေပိုင်းအထိ သုံးစွဲရ အခက်အခဲများ ဖြစ်ပေါ်ခဲ့ခြင်း။

  • ဖေဖော်ဝါရီ (၁၃) - အီလက်ထရောနစ် မဲပေးစနစ်အား စစ်ကောင်စီ စမ်းသပ်ခြင်းလုပ်ဆောင်ခြင်းများ ပြုလုပ်ခဲ့။

  • ဖေဖော်ဝါရီ (၂၁) - FOEIM ကျောင်းသား ၃၀၀ ကျော်စာရင်းများပေါက်ကြားမှု ငွေညှစ်ခြိမ်းခြောက်မှုများ အပါအဝင် နောက်ဆက်တွဲ ပြဿနာများမိဘများရင်ဆိုင်နေရခြင်း။

  • ဖေဖော်ဝါရီ (၂၅) - လေဆိပ်သို့ ပို့ထားသည့် စီဒီအမ် နှစ်သိန်းကျော်နာမည်စာရင်း The Fifth Column ရရှိထား ယင်း ချန်နယ်မှတဆင့် အမည်စာရင်းတွင် ပါဝင်ခြင်း ရှိမရှိ မေးမြန်းနိုင်ကြောင်း ကြေငြာခဲ့ခြင်း။

January 2023

  • ဇန်နဝါရီ (၁) - တောင်ကြီးမြို့‌မှ "Aye Aye Soe” ဖေ့ဘွတ်ခ် အကောင့်ပိုင်ရှင် မအေးသွယ်(ခ) မအေးအေးစိုး အပါအဝင် ဖေ့ဘွတ်ခ် သုံးစွဲသူ ၅ ဦးကို အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေ၊ အီလက်ထရောနစ် ဆက်သွယ်ရေး ဥပဒေ ပုဒ်မတွေနဲ့ အရေးယူခံထားရခဲ့ခြင်း။မော်လမြိုင်မှာ တော်လှန်ရေးလုပ်သူရဲ့ လူမှုကွန်ရက်မှာ မှတ်ချက်ပေးရုံနဲ့ ဖမ်းဆီးတာတွေရှိလာခဲ့ခြင်း။

  • ဇန်နဝါရီ (၂) - အွန်လိုင်း Token ရယူမှု စနစ် အဆင့်မြှင့်တင်ရန် ဟူသော အကြောင်းပြချက်ဖြင့် မြန်မာတစ်နိုင်ငံလုံးရှိ Passport ထုတ်ပေးရေး ရုံးများ ပိတ်ထားခဲ့ခြင်း။

  • ဇန်နဝါရီ (၄) - ကချင်(ဖားကန့်)နဲ့ စစ်ကိုင်း ( မြင်းမူ ၊ ဆားလင်းကြီး ၊ အရာတော် ၊ ယင်းမာပင် ၊ မင်းကင်း ၊ကန့်ဘလူ၊ကသာ၊ ကောလင်း၊ ဘုတလင်၊ ရေဦး၊ ဒီပဲယင်း၊ ခင်ဦး၊ အင်းတော်၊ ကျွန်းလှ) မြို့နယ်တချို့မှာ Atom/Mytel Sim Card များဖြင့် အင်တာနက်လိုင်းပြန်ရခဲ့ခြင်း။

  • ဇန်နဝါရီ (၅) - BBC နှင့် Mizzima Facebook Page စာမျက်နှာအောက်ရှိ ဒေသခံများ၏ Comment များအရ မိုဘိုင်းအင်တာနက် လိုင်းများ ဇန်နဝါရီ (၅) ရက်နေ့တွင် ပြန်ပိတ်သွားခဲ့ခြင်း။

  • ဇန်နဝါရီ (၇) - စစ်ကောင်စီက မတူပီတစ်မြို့လုံးရှိ တယ်လီဖုန်းလိုင်း ဖြတ်တောက်ခဲ့ခြင်းကြောင့် ဒေသခံပြည်သူများ သတင်းအမှောင်ချ ခံထားရသည်။

  • ဇန်နဝါရီ (၁၀) - နေပြည်တော် ၊ ရန်ကုန် ၊ မန္တလေးတို့ တွင် ယခုရက်ပိုင်းအတွင်း အင်တာနက်၊ ဝိုင်ဖိုင် လိုင်းများနှေးသည့်အပြင် VPN ချိတ်ဆက်မှုတွင်လည်း အခက်အခဲများဖြစ်ပေါ်ခဲ့ခြင်

  • ဇန်နဝါရီ (၁၅) - NASDAQ စာရင်းဝင် Israeli အခြေစိုက် Cognyte Software လုပ်ငန်းအနေဖြင့် (Myanmar Posts and Telecommunications (MPT) ထံသို့ နိုင်ငံတကာဥပဒေနှင့် Israeli တို့ကို ချိုးဖောက်မှုဖြစ်ဖွယ်ရှိသည့် ကြားဖြတ်စောင့်ကြည့်မှုဆိုင်ရာ ပစ္စည်းများကို ၂၀၂၀ ဒီဇင်ဘာလ ရောင်းချခဲ့ကြောင်းကို Justific For Myanmar အဖွဲ့အနေဖြင့် ၂၀၂၃ ခုနှစ် ဇန်နဝါရီ (၂) ရက်နေ့ နေ့စွဲဖြင့် ပေါက်ကြားလာခဲ့သည့် အချက်အလက်များပေါ် အခြေခံပြီး ယခုလ ဇန်နဝါရီလ (၁၅) ရက်နေ့တွင် သတင်းထုတ်ပြန်ခဲ့ခြင်း။ စစ်ကောင်စီ၏ လျှို့ဝှက်အစည်းအဝေး မှတ်တမ်းတစ်ခု ပေါက်ကြားလာခဲ့ပြီး ယင်းအစည်းအဝေးမှတ်တမ်းပါ အချက်အလက်များအရ စစ်ကောင်စီ အနေဖြင့် Facebook, PDF Game  နှင့် Application Link များအား Operator များမှ တဆင့် ပိတ်ပင်ခြင်း၊စစ်ကောင်စီ လက်အောက်ခံ ပို့ဆောက်ဆက် ဝန်ကြီး ဋ္ဌာနအနေဖြင့် Google, Facebook တို့ထံ ကန့်ကွက်စာများ ပေးပို့ခြင်း တို့ကို ဆောင်ရွက်ခဲ့သည့်အပြင် ၊ဆက်လက်လုပ်ဆောင်မည့်ကိစ္စရပ်များထဲတွင် SMS များမှ တဆင့် စစ်ကောင်စီလက်အောက်ခံ ပြည်ထဲရေး ဝန်ကြီးဋ္ဌာန၏ ကြေငြာချက်များကို ပေးပို့ခြင်း၊ လူဦးရေ စာရင်း ကောက်ယူစဉ် တော်လှန်ရေး သမားများကို စုံစမ်းဖော်ထုတ်ခြင်း၊ လူမှုကွန်ယက်များအား HACKING လုပ်တိုက်ခိုက်မှုများပြုလုပ်ခြင်း တို့ ပြုလုပ်လာနိုင်ကြောင်းတွေ့ရှိခဲ့ခြင်း။

  • ဇန်နဝါရီ (၁၉) - ကိုဂျင်မီ အသုံးပြုခဲ့သည့် Viber နှင့် Signal Account များ မီစိမ်းနေသည်ဟု မိတ်ဆွေများထံမှ ပြန်လည်ကြားသိရကြောင်း မနီလာသိန်း၏ FB Account တွင် ဖော်ပြခဲ့ခြင်း။

  • ဇန်နဝါရီ (၂၄) - တပ်ကြပ်ကြီး ဖိုးစည်၊ ဘညွှန့်၊ ဟန်ငြိမ်းဦး စသည့် စစ်ကောင်စီ လော်ဘီ Telegram Channel များ ကျသွားသဖြင့် အသစ်ပြန်လည် ဖွင့်လှစ်အသုံးပြုခဲ့ခြင်း။

  • ဇန်နဝါရီ (၃၀) - စ်ကောင်စီအနေဖြင့် SMS မှ တဆင့် "အကြမ်းဖက်မှုနှင့်ဆိုင် သော Post ၊ Share ၊ Like ၊ Comment တင် ခြင်းများသည် ဥပဒေအရ အရေးယူခံရနိုင်ကြောင်း CCCT (အကြမ်းဖက်မှု တိုက်ဖျက်ရေး ဗဟို ကော်မတီ) မှ အသိပေး အပ်ပါသည်"၊ "အကြမ်းဖက်အဖွဲ့အစည်းများအား ထောက်ပံ့ခြင်းသည် ဥပဒေအရအရေးယူခံရနိုင်သည်" ဆိုသည့် စာတိုများ ပေးပို့ပြီး Social Media သုံးစွဲသူများကို ခြိမ်းခြောက်နေ။ ရန်ကုန်မြို့ရှိ Wifi/Internet လိုင်း အတော်များများ ညဦးပိုင်းမှ စတင်ပြီး လိုင်းများ ကျဆင်းကာ အသုံးပြုရ အခက်အခဲများ ဖြစ်ပေါ်ခဲ့ခြင်းများ ဖြစ်ပေါ်ခဲ့ပါသည်။

More from this blog

Digital Coup in Myanmar

စစ်ကောင်စီ မတရားအာဏာသိမ်းမှုရဲ့ ဒစ်ဂျစ်တယ်ဆိုင်ရာ အခွင့်အရေးများစွာကို ထင်ထင်ပေါ်ပေါ် ချိုးဖောက်ခဲ့မှုများကို လူတိုင်းလက်တွေ့ခံစားခဲ့ကြရတာပါ။ မြန်မာနိုင်ငံသူ/သားများ ရင်ဆိုင်ခဲ့ရတဲ့ ဒစ်ဂျစ်တယ်အမှောင်ထ

Mar 22, 20261 min read142
Digital Coup in Myanmar

တစ်နေရာမှ တစ်နေရာသို့ ရွေ့ပြောင်းထွက်ခွါရာမှာ လိုအပ်သော ပြင်ဆင်ချက်များ

တစ်နေရာမှ တစ်နေရာသို့ ရွေ့ပြောင်းထွက်ခွါရာမှာ လိုအပ်သော ပြင်ဆင်ချက်များ စစ်ကောင်စီရဲ့ စစ်မှုထမ်းဥပဒေကြေငြာပြီး နောက်မှ ပြည်ပ သို့ မိမိနေထိုင်ရာအရပ်မှ နယ်မြေသစ်တွေကို ထွက်ခွါသူတွေအများအပြားရှိလာပါတယ်။ Immigration ကိုဖြတ်ကျော်ရာမှာ လေဆိပ်မှာဖြစ်ဖြစ် နယ...

May 13, 20252 min read35
တစ်နေရာမှ တစ်နေရာသို့ ရွေ့ပြောင်းထွက်ခွါရာမှာ လိုအပ်သော ပြင်ဆင်ချက်များ

Public Wi-Fi ကို ဘယ်လိုလုံခြုံအောင်သုံးကြမလဲ?

𝗣𝘂𝗯𝗹𝗶𝗰 𝗪𝗶𝗳𝗶 တွေကို ဘာကြောင့် အလွယ်မသုံးသင့်တာလဲ ? ယနေ့လို Digital ခေတ်ကြီးထဲမှာ ကျွန်တော်တို့လူသားတွေအတွက် အင်တာနက်ဆိုတာက မရှိမဖြစ် လိုအပ်‌နေတဲ့အရာတစ်ခုဖြစ်နေပါပြီ။ တစ်ယောက်နဲ့တစ်ယောက်အသုံးပြုပုံခြင်းတော့ မတူညီကြပါဘူး။ တစ်ချို့က Remote Job ...

Apr 25, 20253 min read25
Public Wi-Fi ကို ဘယ်လိုလုံခြုံအောင်သုံးကြမလဲ?
D

digitalsecinfo

83 posts

Digital Security အစရှိတဲ့ နည်းပညာများအပြင် Feb 1, 2021 ခုနှစ် စစ်တပ်အာဏာစသိမ်းချိန်ကစပြီး လက်ရှိအချိန်ထိ Digital အခွင့်အရေးချိုးဖောက်ခံရမှုတွေကို တစုတစည်းတည်းလေ့လာနိုင်ရန်မျှဝေပေးမယ့် Blog ပဲဖြစ်ပါတယ်

digital coup