Skip to main content

Command Palette

Search for a command to run...

Digital Repression 2021 in Myanmar

2021 ခုနှစ် ဒစ်ဂျယ်တယ်ရပ်ဝန်းဆိုင်ရာ ဖြစ်ပျက်ခဲ့မှုများ

Updated
3 min read
Digital Repression 2021 in Myanmar

October 2021

  • အောက်တိုဘာ (၆) - UEC မှ ရွေးကောက်ပွဲ အသုံးပြုရန်ဟုဆိုကာ IT ဆက်စပ်ပစ္စည်းများ ဝယ်ယူရန်အတွက် တင်ဒါ ခေါ်ယူခဲ့။

  • အောက်တိုဘာ (၈) - မင်းတပ်နှင့် မတူပီတွင် အင်တာနက်နှင့် ဖုန်းလိုင်း ထပ်တိုးဖြတ်တောက်ခြင်းများ ပြုလုပ်ခဲ့။

September 2021

  • စက်တင်ဘာ (၅) - ထားဝယ်တွင် Telenor, Ooredoo, MBT Wifi များ ၂ နာရီကျော်ကြာ ပြတ်တောက်ခံရပြီး MPT နှင့် Mytel ဖုန်းလိုင်းများကိုတော့ ဖြတ်တောက်ခြင်း မရှိခဲ့။

  • စက်တင်ဘာ (၁၄) - စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်း တို့တွင် မြို့နယ် အချို့ တွင် အင်တာနက်လိုင်းများ ဖြတ်တောက်ခံရပြီး အချို့မြို့နယ်များတွင် ဖုန်းလိုင်းများပါ ဖြတ်တောက်ခဲ့။

  • စက်တင်ဘာ (၁၅) - စစ်ကောင်စီ၏ ကြားဖြတ်ဖမ်းယူစက်များတပ်ဆင်ရန် ဖိအားပေးမှုကြောင့် တယ်လီနော်အနေဖြင့် မြန်မာနိုင်ငံတွင် ဆက်လက်ရပ်တည်ရန် မဖြစ်နိုင်ကြောင်း စာထုတ်ပြန်။

  • စက်တင်ဘာ (၂၃) - စစ်ကောင်စီမကွေးတိုင်း (ဂန့်ဂေါ၊မြိုင်၊ထီးလင်း) နှင့် ချင်းပြည်နယ်ရှိ ( ထန်တလန်၊ဖလမ်း၊ တီးတိန်၊ တွန်းဇံ၊ မတူပီ၊ ကန်ပက်လက်၊ ပလက်ဝ၊ မင်းတပ်) မြို့နယ်များကို မိုဘိုင်းဖုန်းအင်တာနက်လိုင်းများပြတ်တောက်ခဲ့။

  • စက်တင်ဘာ (၂၅) - စစ်ကောင်စီ၏ MOFA မှ အင်တာနက်ပြတ်တောက်မှုများသည် NUG နှင့် PDF တို့က တာဝါတိုင်များအား  ဖျက်ဆီးမှုကြောင့်ဟု စွပ်စွဲ။

  • စက်တင်ဘာ (၂၆) - စစ်ကိုင်းတိုင်း ပင်လယ်ဘူး၊ ဝန်းသို၊ ကောလင်းဒေသများတွင် အင်တာနက်နှင့် ဖုန်းလိုင်း ထပ်တိုးဖြတ်တောက်(စက်တင်ဘာလကုန်အထိ အင်တာနက်ဖြတ်တောက် ခံရသည့်မြို့နယ် ၂၅ မြို့နယ်အထိရှိလာ)

August 2021

  • ဩဂုတ် (၁) - ဩဂုတ်လအစတွင် မြဝတီနှင့်ချိတ်ဆက်သည့်အင်တာနက်ဆက်ကြောင်းပြတ်သည့် အကြောင်းပြချက်ဖြင့် လိုအပ်သည်ထက် ပြင်ဆင်ချိန်ကြာမြင့်သော အင်တာနက် နှေးကွေးမှု ကြုံတွေ့ခဲ့ရ။

  • ဩဂုတ် (၂၀) - ကချင်ပြည်နယ်တွင် အင်တာနက်ဖြတ်တောက်မှု ပြန်လည်ပြုလုပ်၊

July 2021

  • ဇူလှိုင် (၅) - MPT , Mytel တို့ရဲ့ အကူအညီဖြင့် အင်တာနက်နှင့် မိုဘိုင်းစောင့်ကြည့်မှုနှင့် Telecom မှ မြန်မာ၊ နိုင်ငံခြားသားများ အလုပ်အမှုဆောင်များ၏ ပြည်ပ ထွက်ခွာခွင့် စောင့်ကြည့်တားမြစ်သော သတင်းများ ပျံ့နှံ့ခဲ့။

  • ဇူလှိုင် (၈) - Telenor Myanmar မှ လဘနွန်ပိုင် M1 Group သို့ လွှဲပြောင်းရောင်းချခဲ့။

  • ဇူလှိုင် (၉) - စကစမှ လက်ရှိ Telecom အသုံးပြုမှု ဈေးနှုန်းများကို ပြောင်းလဲရန် ညွှန်ကြားခဲ့။

  • ဇူလှိုင် (၁၄) - အမုန်းစကား ကာကွယ်တားဆီးရေး ဥပဒေမူကြမ်း ရေးဆွဲရေး ကော်မတီ ပြင်ဆင်ဖွဲ့စည်းခြင်း အမိန့်ကြော်ငြာစာ ပြန်လည်ပျံ့နှံ့လာ။

June 2021

  • ဇွန် (၄) - NUG ရဲ့ သတင်းစာရှင်းလင်းပွဲချိန်နဲ့ အချိန်ကိုက် အင်တာနက် ပြတ်တောက်ခဲ့။

May 2021

  • မေ (၂၅) - Website ပေါင်း ၁၂၀၀ ကျော်ကို ပြန်ဖွင့်ပေးခဲ့၊ အသုံးများသော Social Medai များ မပါဝင် ပိတ်ထားဆဲ။

April 2021

  • ဧပရယ် (၁) - Wireless  အင်တာနက် ဝန်ဆောင်မှုများ အားလုံးကို ရပ်ဆိုင်းခဲ့။

  • ဧပရယ် (၂၇) - ပုဂ္ဂလိကဘဏ်တချို့၏ အွန်လိုင်းဝန်ဆောင်မှုများအား မိုဘိုင်းအင်တာနက်များဖြင့် VPN ပိတ်စေ၍ ပြန်လည်အသုံးပြုနိုင်ခဲ့။

  • ဧပရယ် (၂၈) - Fiber Internet(FTTH) ကို ၂၄ နာရီ အသုံးပြုနိုင်အောင် ပြန်လည်ဖွင့်ပေးခဲ့၊ Social Media များအား VPN ခံ၍သာ အသုံးပြုနိုင်။

March 2021

  • မတ် (၁) - ဆန်ကျင်လှုပ်ရှားသူများအား စကစမှ ဆိုက်ဘာစောင့်ကြည့်မှုများ ပြုလုပ်နေသည် ဆိုသည့် အစီရင်ခံစာကို Now York Times တွင် ဖော်ပြခဲ့။

  • မတ် (၅) - တပ်မတော်သားများမှ ဆန္ဒပြသူများကို ခြမ်းခြောက်သည့် Video များ Tik Tok တွင်ဖြန့်ခဲ့။

  • မတ် (၁၅) - မြန်မာတနိုင်ငံလုံး မိုဘိုင်း အင်တာနက်သုံးသူများကို စတင်ပိတ်ဆို့။

  • မတ် (၂၄) - ဒေါ်အောင်ဆန်းစုကြည်၏ ရုံးချိန်းအား အင်တာနက်ပြတ်တောက်မှုကြောင့် April 1 သို့ရွှေ့ဆိုင်း။

February 2021

  • ဖေဖော်ဝါရီ (၁) - မြန်မာပြည်သူတွေ အမှောင်ကျရောက်သွားတဲ့နေ့ စစ်ကောင်စီမှ အာဏာသိမ်း။

  • ဖေဖော်ဝါရီ (၃) - ချင်းပြည်နယ်၊ ရခိုင်အင်တာနက် Shoutdown အဆုံးသတ်၊ မြန်မာတစ်နိုင်ငံလုံး လူမှုကွန်ယက်များ အပိတ်ခံရ။

  • ဖေဖော်ဝါရီ (၆) - စကစမှ မြန်မာတနိုင်ငံလုံး အင်တာနက်ကို နာရီ ၃၀ ပိတ်ရန်ညွှန်ကြား။

  • ဖေဖော်ဝါရီ (၈) - လူမှုကွန်ယက်များ အသုံးပြုရန် လိုအပ်သော VPN များကို စစ်ကောင်စီမှ စတင်ပိတ်ဆို့။

  • ဖေဖော်ဝါရီ (၉) - Cyber Law Draft ထုတ်ပြီး သဘောထားမှတ်ချက်များ တောင်းခံ။

  • ဖေဖော်ဝါရီ (၁၂) - ကုလသမဂ္ဂ လူအခွင့်အရေးကောင်စီ၏ ၂၉ ကြိမ်မြောက် အထူးအစည်းအဝေးမှာ နိုင်ငံပေါင်း ၃၉ နိုင်ငံမှ အင်တာနက်နှင့် social media ဆိုင်ရာ ကန့်သတ်ချက်များကို ချက်ချင်း ဖယ်ရှားပေးရန် တောင်းဆိုခဲ့။

  • ဖေဖော်ဝါရီ (၁၃) - Covid – 19 Information Sharing Website တွေအပါအဝင် Website ပေါင်း ၃၀ ကျော် အပိတ်ခံရ။

  • ဖေဖော်ဝါရီ (၁၅) - ရက်ပေါင်း ၇၀ ကျော်ကြာအောင် ည ၁ နာရီမှ မနက် ၉ နာရီအထိ အင်တာနက်ပိတ်ခဲ့၊အီလက်ထရောနစ် ဆက်သွယ်ရေး ဥပဒေကို ပြင်ဆင်ခဲ့။

  • ဖေဖော်ဝါရီ (၂၀) - Wikipedia Website ကို ပိတ်ခဲ့။

  • ဖေဖော်ဝါရီ (၂၂) - မြန်မာတနိုင်ငံလုံး ည ၁ နာရီမှ နေ့လည် ၁၂ နာရီအထိ အင်တာနက် ပိတ်ခဲ့။

More from this blog

Digital Coup in Myanmar

စစ်ကောင်စီ မတရားအာဏာသိမ်းမှုရဲ့ ဒစ်ဂျစ်တယ်ဆိုင်ရာ အခွင့်အရေးများစွာကို ထင်ထင်ပေါ်ပေါ် ချိုးဖောက်ခဲ့မှုများကို လူတိုင်းလက်တွေ့ခံစားခဲ့ကြရတာပါ။ မြန်မာနိုင်ငံသူ/သားများ ရင်ဆိုင်ခဲ့ရတဲ့ ဒစ်ဂျစ်တယ်အမှောင်ထ

Mar 22, 20261 min read142
Digital Coup in Myanmar

တစ်နေရာမှ တစ်နေရာသို့ ရွေ့ပြောင်းထွက်ခွါရာမှာ လိုအပ်သော ပြင်ဆင်ချက်များ

တစ်နေရာမှ တစ်နေရာသို့ ရွေ့ပြောင်းထွက်ခွါရာမှာ လိုအပ်သော ပြင်ဆင်ချက်များ စစ်ကောင်စီရဲ့ စစ်မှုထမ်းဥပဒေကြေငြာပြီး နောက်မှ ပြည်ပ သို့ မိမိနေထိုင်ရာအရပ်မှ နယ်မြေသစ်တွေကို ထွက်ခွါသူတွေအများအပြားရှိလာပါတယ်။ Immigration ကိုဖြတ်ကျော်ရာမှာ လေဆိပ်မှာဖြစ်ဖြစ် နယ...

May 13, 20252 min read35
တစ်နေရာမှ တစ်နေရာသို့ ရွေ့ပြောင်းထွက်ခွါရာမှာ လိုအပ်သော ပြင်ဆင်ချက်များ

Public Wi-Fi ကို ဘယ်လိုလုံခြုံအောင်သုံးကြမလဲ?

𝗣𝘂𝗯𝗹𝗶𝗰 𝗪𝗶𝗳𝗶 တွေကို ဘာကြောင့် အလွယ်မသုံးသင့်တာလဲ ? ယနေ့လို Digital ခေတ်ကြီးထဲမှာ ကျွန်တော်တို့လူသားတွေအတွက် အင်တာနက်ဆိုတာက မရှိမဖြစ် လိုအပ်‌နေတဲ့အရာတစ်ခုဖြစ်နေပါပြီ။ တစ်ယောက်နဲ့တစ်ယောက်အသုံးပြုပုံခြင်းတော့ မတူညီကြပါဘူး။ တစ်ချို့က Remote Job ...

Apr 25, 20253 min read25
Public Wi-Fi ကို ဘယ်လိုလုံခြုံအောင်သုံးကြမလဲ?
D

digitalsecinfo

83 posts

Digital Security အစရှိတဲ့ နည်းပညာများအပြင် Feb 1, 2021 ခုနှစ် စစ်တပ်အာဏာစသိမ်းချိန်ကစပြီး လက်ရှိအချိန်ထိ Digital အခွင့်အရေးချိုးဖောက်ခံရမှုတွေကို တစုတစည်းတည်းလေ့လာနိုင်ရန်မျှဝေပေးမယ့် Blog ပဲဖြစ်ပါတယ်