Digital Repression 2022 in Myanmar
2022 ခုနှစ် ဒစ်ဂျယ်တယ်ရပ်ဝန်းဆိုင်ရာ ဖြစ်ပျက်ခဲ့မှုများ

December 2022
ဒီဇင်ဘာ (၈) - ERO၊ PDF တွေကို နည်းပညာထောက်ပံ့မည့် NDAA ကို US အောက်လွှတ်တော် အတည်ပြု။
ဒီဇင်ဘာ (၁၀) - ကရင်နီ၊ စစ်ကိုင်း၊ မကွေးမှတ်ပုံတင်သမားတွေ နယ်စပ်မြို့တွေထဲ ဝင်ခွင့်မရ။
ဒီဇင်ဘာ (၂၉) - ကလေး-သိုင်းငင်း-တီးတိန်လမ်းကို အရေးပေါ်ပိတ်။
ဒီဇင်ဘာ (၃၀) - မန္တလေးမြို့မှာ CDM အထူးကုဆရာဝန်ကြီး ၁ဦး အဖမ်းခံရပြှီး ပုဂ္ဂလိကဆေးရုံ ၅ခု အပိတ်ခံရ။
November 2022
နိုဝင်ဘာ (၁) - စစ်ကောင်စီ လက်အောက်ခံ ပို့/ဆောက်/ဆက် ဝန်ကြီးဋ္ဌာနမှ SIM Registration Management System တည်ဆောက်ရေးအတွက် တင်ဒါခေါ်ယူခဲ့ခြင်း။
နိုဝင်ဘာ (၃) - အချက်အလက် မမှန်သည့် Sim Cardများ ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၃၁ရက်နေ့ နောက်ဆုံးထားပြီး ပြန်လည်ပြင်ဆင်ကြရန် စစ်ကောင်စီလက်အောက်ခံ ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်ခဲ့ခြင်း၊ သတင်းသမားများကို သတ်ဖြတ်ပြီး အရေးယူမခံရသည့် စာရင်း Global Impunity Index တွင် ပထမဆုံးအကြိမ်အဖြစ် မြန်မာပါဝင်လာခြင်း၊ ) ဖုန်းအင်တာနက်လိုင်းများ ဖြတ်တောက်ခံထားရသည့် ဖားကန့်မြို့နယ်တွင် စစ်ကောင်စီက Mytel Wifi များ တပ်ဆင်နေခဲ့ခြင်း။
နိုဝင်ဘာ (၄) - ဝက်လက်မြို့နယ် နေရာတချို့တွင် Telenor လိုင်းများ ဖြတ်တောက်ထားခံရခြင်း၊ ဒီပဲယင်းမြို့နယ် နေရာတချို့တွင် Ooredoo လိုင်းများ ဖြတ်တောက်ထားခံရခြင်း။
နိုဝင်ဘာ (၉) - ရွှေကူမြို့တွင် MPT ဖုန်းလိုင်းဖြတ်တောက်ထားပြီး စစ်ကောင်စီစစ်ကြောင်း လှုပ်ရှားမှုရှိခဲ့ခြင်း။
နိုဝင်ဘာ (၁၃) - ကလေးတောင်ပိုင်းတွင် ည (၇) နာရီ (၄၅) မိနစ်ဝန်းကျင်မှစတင်ကာ Ooredoo ဖုန်းလိုင်းများ ပြတ်တောက်နေခဲ့ခြင်း။
နိုဝင်ဘာ (၁၄) - သနပ်ပင်မြို့ရှိ စစ်ဆေးရေးဂိတ်တွင် ဝိုင်ဖိုင်စက်အသုံးပြုပြီး ခရီးသွားများ ၏ ဖုန်းကိုစစ်ကာ စစ်တပ်က ခြိမ်းခြောက် ငွေညှစ်နေခဲ့ခြင်း။
နိုဝင်ဘာ (၁၉) - ယင်းမာပင်နယ် ဆင်တဲ၊ ပုပ္ပါး၊ရွာနောင် စသည့် နေရာများတွင် စစ်ကောင်စီက ရဟတ်ယာဉ်ဖြင့် စစ်အင်အား ဖြည့်တင်းစဉ်ကာလအတွင်း ဖုန်းလိုင်းအချို့ ပြတ်တောက်မှု ဖြစ်ဖော်ခဲ့ခြင်း။
နိုဝင်ဘာ (၂၀) - UNHCR ကဒ် လျောက်ထားခြင်းဆိုင်ရာ Facebook Page အတုထွက်ပေါ်ခဲ့ခြင်း၊ ရန်ကုန်မြို့ပြပြောက်ကျားအဖွဲ့ Yangon UG Association အဖွဲ့ဦးဆောင်သူများ၏အမည်ကို အသုံးပြုပြီး Thar Min Account ဖြင့် Facebook အသုံးပြုသူက YUA mission များကိုပြကာ Mission အသစ်များအတွက် ငွေကြေးလိမ်လည် ကောက်ခံမှုများပြုလုပ်ခဲ့ခြင်း။
နိုဝင်ဘာ (၂၃) - Interim Basic Education School (Thingangyun) တွင် တက်ရောက်နေသည့် ကျောင်းသူ ကျောင်းသားများ စာရင်းအချို့နှင့် Zoom Screen Shoot များ စစ်ကောင်စီ လော်ဘီ Account များတွင် ပျံ့နှံ့လာခြင်း။
နိုဝင်ဘာ (၂၄) - ကလေးတောင်ပိုင်းတွင် Ooredoo ဖုန်းလိုင်းများဖြတ်တောက်ခံထားရခြင်း။
နိုဝင်ဘာ (၂၅) - ပဲခူးတိုင်း၊ ကဝမြို့နယ်၊ ခမွန်ခံကြီးကျေးရွာတွင် နေထိုင်သူ အမျိုးသမီးငယ်တစ်ဦးအား Tik Tok တွင် မင်းအောင်လှိုင်အား လှောင်ပြောင်သည့် Video တင်သဖြင့်ဟု ဆိုကာ စစ်ကောင်စီတပ်များမှ ဖမ်းဆီးသွားခြင်း။
နိုဝင်ဘာ (၂၅) - ထီးလင်းနယ်မြောက်ပိုင်းမှာ mpt ဆက်သွယ်ရေးဖုန်းလိုင်းများပြတ်တောက်နေခဲ့ခြင်းတို့ ဖြစ်ခဲ့သည်။
October 2022
အောက်တိုဘာ (၁) - ချင်းပြည်နယ် တီးတိန်၊ ဖလမ်းမြိုနယ်နဲ့ စစ်ကိုင်းတိုင်းဒေသကြီး ကလေး၊ မော်လိုက်၊ ဟုမ္မလင်းမြိုနယ်တွင် စစ်ကောင်စီက ဖုန်းလိုင်းဖြတ်တောက်ခံခဲ့ရ။
အောက်တိုဘာ (၄) - ကချင်ပြည်နယ်၊ဗန်းမောက်မြိုနယ်တွင်အင်တာနက်လိုင်းသာမကဖုန်းလိုက်များပါဖြတ်တောက်ထားခဲ့ခြင်း။
အောက်တိုဘာ (၆) - ရန်ကုန်တိုင်း၊ တောင်ဒဂုံတွင် ဂျပန်နိုင်ငံသား မှတ်တမ်း ရုပ်ရှင်ရိုက်ကူးသူ Toru Kubota ကို စစ်အာဏာရှင် ဆန့် ကျင်ရေး ဆန္ဒပြသူများနှင့်အတူ ဇူလိုင်လ ၃၀ ရက်နေ့တွင် ဖမ်းဆီးပြီးနောက် အီလက်ထရောနစ်ဆက်သွယ်ရေးဥပဒေ အပါအဝင် ပုဒ်မများဖြင့် အောက်တိုဘာလ ၅ ရက်နေ့တွင် ထောင်ဒဏ် ၁၀ နှစ်ချမှတ်။
အောက်တိုဘာ (၇) - စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းတွင် နေ့လည် (၁) နာရီ ခန့်မှ စတင်ပြီး ဖုန်းလိုင်းများ ပြန်လည် ဖြတ်တောက်ခဲ့ခြင်း။
အောက်တိုဘာ (၉) - ချင်းပြည်နယ် မတူပီမြိုနှင့် ပလက်၀မြိုတွင် ဖုန်းလိုင်းများ ပြတ်တောက်ခဲ့ခြင်း (ချင်းပြည်နယ်သည် မြိုနယ် (၉) မြိုနယ် ရှိသည့်အနက် ဟားခါးမှ အပ ကျန် (၈) မြိုနယ်မှာ အင်တာနက်လိုင်းများ ဖြတ်တောက်ခံထားရသည်။ ) စစ်ကိုင်းတိုင်:၊ ဗန်းမောက်မြို့ပေါ်တွင် ဖုန်းလိုင်းများအားလုံး ဖြတ်တောက်ခံထားရပြီး မြို့တစ်ခုလုံးကို စစ်တပ်က လုံခြုံရေး အများအပြားဖြင့် ပိတ်ဆို့ထားကြောင်း သိရှိရသည်။
အောက်တိုဘာ (၁၀) - ကချင်ပြည်နယ် ချီဖွေဒေသတွင် MPT ဖုန်းလိုင်းများဖြတ်တောက်ခံထားရခြင်း။
အောက်တိုဘာ (၁၈) - Freedom House ၏ ၂၀၂၂ ခုနှစ် Freedom on net Report နှင့် FEM ၏ Freedom of The Net Net Myanmar Report ပါဖော်ပြချက်များအရ မြန်မာနိုင်ငံ၏ အင်တာနက်လွတ်လပ်ခွင့်အား သုံးသပ်ရာတွင် ပေးမှတ် (၁၀၀) အနက် ရမှတ် (၁၂) မှတ်သာ ရရှိသည့် အင်တာနက်လွတ်လပ်ခွင့် ဆိတ်သုန်းနေသည့် နိုင်ငံတစ်ခုအဖြစ်ပါဝင်နေခြင်း။
အောက်တိုဘာ (၂၇) - စစ်ကိုင်းတိုင်းဒေသကြီး ပုလဲမြိုနယ်တွင် မနက်ပိုင်းမှ စတင်ပြီး ဖုန်းလိုင်းများ ဖြတ်တောက်ခံထားရခြင်း။
September 2022
စက်တင်ဘာ (၅) - မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံထားသော ကာတာဆက်သွယ်ရေးကုမ္ပဏီ Ooredoo (ORDS.QA) က ဆက်သွယ်ရေးလုပ်ငန်းများကို မြန်မာစီးပွား ရေးသမား ဦးမျိုးမြင့်အုန်းပိုင် စင်ကာပူ The One Matrix Ventures (TOMV) ကုမ္ပဏီထံ သို့ ရောင်းချရန် စီစဉ်။
စက်တင်ဘာ (၈) - မြန်မာနိုင်ငံရှိ Ooredoo ဆက်သွယ်ရေးလုပ်ငန်းကို စင်ကာပူ Nine Communication ကုမ္ပဏီ ထံသို့ ရောင်းချရန် စာချုပ်ချုပ်ဆိုလိုက်ပြီး ရောင်းချမည့် ဆက်သွယ်ရေး လုပ်ငန်းတန်ဖိုးသည် အမေရိကန်ဒေါ်လာ ၅၇၆ သန်း ရှိကြောင်း Ooredoo ကုမ္ပဏီက တရားဝင် သတင်း ထုတ်ပြန် ကြေညာသည်။
စက်တင်ဘာ (၂၂) - စကစက လက်ကိုင်မိုဘိုင်းဖုန်းများကို စစ်ဆေးပြီး PDF Game Application ပါလျှင် အရေးယူရန် ကြော်ငြာ၊ အခကြေးငွေယူကြောငြာပေးသော လုပ်ငန်းရှင်များပါ အရေးယူရန် စကစ ညွှန်ကြား။
စက်တင်ဘာ (၂၃) - NUG နှင့် နွေဦးတော်လှန်ရေးအတွက် လက်မှတ်ဝယ်ခြင်း၊ လှူဒါန်းမှု ပေးသော Wave နှင့် K-pay အကောင့်ရာပေါင်းများစွာကို စစ်ကောင်စီက ပိတ်ပင်ပြီး လိုက်လံ ဖမ်း ဆီး။
စက်တင်ဘာ (၂၇) - မော်ဒယ်သရုပ်ဆောင် နန်းမွေ့စံတို့ကို အီလက်ထရောနစ် ဆက်သွယ် ဆောင် ရွက်ရေး ဥပဒေပုဒ်မ ၃၃ (က) ဖြင့် စစ်ခုံရုံးက ထောင်ဒဏ် ၆ နှစ်ချမှတ်။
August 2022
ဩဂုတ် (၃) - အင်းတော်မြိုမှာ အင်တာနက်အပြင် ဖုန်းလိုင်းပါ ဖြတ်တောက်ခံရ။
ဩဂုတ် (၅) - နန်းမွေစံနှင့် သဉ္ဇာဝင့်ကျော် တိုအား အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေး ဥပဒေ ပုဒ်မ ၃၃ (က) ဖြင့် အမှုဖွင့်ဖမ်းစီးခဲ့။
ဩဂုတ် (၈) - စစ်ကိုင်းတိုင်း၊ အရာတော်မြိုတွင်(သြဂုတ်၈ရက်)မှစတင်ကာ အက်တမ်ဖုန်းလိုင်း ပြတ်တောက်မှု ဖြစ်ပေါ်နေခြင်းဖြစ်ပြီး MPTဖုန်းလိုင်းလည်း ရံဖန်ရံခါ အဝင်မရခြင်းများ ဖြစ်ပေါ်ခဲ့။
ဩဂုတ် (၁၀) - SE-ME-WE 5 ထိခိုက်မှုကြောင့်ဟုဆိုကာ ဩဂုတ်လ (၁၀) ရက် ည (၁၁) နာရီ ဝန်းကျင်မှ စတင်ပြီး ဩဂုတ်လ (၁၁) ရက်နေ့ ညနေပိုင်းအထိ အင်တာနက် လိုင်းများ နှေးကွေးပျက်တောက်မှုများ မြန်မာနိုင်ငံတစ်ဝှမ်းလုံးတွင် ဖြစ်ပေါ်ခဲ့။
ဩဂုတ် (၁၅) - မိုဘိုင်း ငွေသွင်းထုတ် လုပ်သူများအားသိရှိနိုင်ရန် မိုဘိုင်းငွေကြေးဝန်ဆောင်မှု ကိုယ်စားလှယ်များအနေနှင့် လျှိဝှက်ဓာတ်ပုံရိုက်ထားရန် / ဆိုင်အတွင်း CCTV များတပ်ဆင်ထားရန် စသည့်အချက်အလက်များပါဝင်သည့် ဗဟိုဘဏ်၏ညွှန်ကြားစာ ပေါက်ကြားခဲ့။
ဩဂုတ် (၁၇) - ဖေ့ဘွတ်ခ် အစားထိုး လူမှုကွန်ရက် ပလက်ဖောင်းတစ်ခုကို ဖန်တီးနေကြောင်း စစ်ကောင်စီ သတင်းစာ ရှင်းလင်းပွဲတွင် ပြောဆိုခဲ့။
ဩဂုတ် (၂၁) - မြိုင်မြိုနယ်တောင်ပိုင်းတွင် ဖုန်းလိုင်းများ ဖြတ်တောက်ခံထားရ။
ဩဂုတ် (၂၈) - ရန်ကုန်တိုင်းအတွင်း ဓာတ်တိုင်းများတွင် ချည်နှောင်ချိတ်ဆက်ထားတော့ အင်တာနက်ကြိုးလိုင်းများအား စည်ပင်နှင့် လျှပ်စစ်မှ ဖြတ်တောက် ဖယ်ရှားမှုများ လုပ်ဆောင်ခြင်းကြောင့် အင်းစိန် လှိုင်သာယာ မြိုနယ်များ အပါအဝင် မြိုနယ်အချိုတွင် အင်တာနက်ဖြတ်တောက်။
ဩဂုတ် (30) - မောင်းတောမြောက်ပိုင်းတွင် ဖုန်းလိုင်းများ ပြတ်တောက် (ယခုလသည် ဖားကန့်အား အင်တာနက်ဖြတ်တောက်ထားသည့် တစ်နှစ်ပြည့်ကာလလဲဖြစ်သည်။)
July 2022
ဇူလှိုင် (၆) - စစ်ကောင်စီ၏ ဝါဒဖြန့်မီဒီယာ MRTV ၏ တိုက်ရိုက်ထုတ်လွင့်မှု များအတွက် အသုံးပြုနေသည့် Dacast Company ထုတ် Software အသုံးပြုမှုအား ဆက်လက်အသုံးပြုခွင့်ကို Dacast က ပိတ်ပင်ခဲ့ခြင်း။
ဇူလှိုင် (၁၁) - အာဏာသိမ်းစစ်ကောင်စီအနေဖြင့် မြန်မာနိုင်ငံတစ်ဝှမ်းလုံးရှိ မြိုကြီးများတွင် Facial Recognition ပါရှိသည့် တရုတ်နိုင်ငံထုတ်ကင်မရာများ တက်ဆင်ရန် ဆောင်ရွက်ခဲ့ခြင်း။
ဇူလှိုင် (၁၃) - Federal School အဖြစ်ဖွင့်လှစ်ထားသည့် KFU ကျောင်းအုပ် ဖမ်းဆီးခံရသည်ဟု ယမန် နံနက်ပိုင်းတွင် သတင်းများ ထွက်ပေါ်ပြီးနောက် ဆရာ/ဆရာမ (၂၀) ဦးထက်မနည်း ဆက်လက်ဖမ်းစီးခံရမှုများ ဖြစ်ပေါ်ခဲ့ခြင်း။
ဇူလှိုင် (၁၄) - Social Media တွင် ပြောဆိုရေးသားမှုများကိုပါ အရေးယူနေကြောင့် MRTV သတင်းတွင်ပါ ထည့်သွင်းဖော်ပြခြင်း။
ဇူလှိုင် (၁၉) - အင်တာနက် (၁၀) လ နီးပါး ဖြတ်တောက်ခံထားရသည့် ယောဒေသတွင် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေပြီး ဖုန်းလိုင်းများပါ ဖြတ်တောက်ပစ်ခဲ့ခြင်း။
ဇူလှိုင် (၂၀) - မြန်မာနိုင်ငံတွင် တတိယသုံးစွဲသူအများဆုံး Ooredoo ဆက်သွယ်ရေးကုမ္ပဏီ မြန်မာနိုင်ငံမှ ထွက်ခွာခဲ့ခြင်း၊ Kaung For You တွင် ကျောင်းတက်ခဲ့သည့် ပြည်မြိုမှ အသက်မပြည့်သေးသည့် (၇) တန်း ကျောင်းသား ငါးဦး ဖမ်းဆီးခံခဲ့ရခြင်း၊ US ၏ Video Platform တစ်ခုဖြစ်သည့် Vimeo က MRTV ၏ တိုက်တိုက်ထုတ်လွှင့်မှု အစီအစဉ်များကို ဖြုတ်ချခဲ့ခြင်း။
ဇူလှိုင် (၂၅) - ကိုဂျင်မီ၊ ကိုဇေယျာသော်၊ ကိုလှမျိုးအောင်၊ ကိုအောင်သူရဇော်တိုကို စစ်ကောင်စီက ကြိုးမိန့်ပေးသည့် သတင်းများ ထွက်ပေါ်ပြီး ညနေပိုင်းတွင် စစ်ကောင်စီတက်ဖွဲဝင်များက ပြည်သူများ၏ လက်ကိုင်ဖုန်းများကို စစ်ဆေးပြီး ပရိုဖိုင်အနက် ပြောင်းသူများကို ဖမ်းဆီးမှုများရှိခဲ့ပါသည်။
June 2022
ဇွန် (၃) - Telenor Myanmar အား Atom Myanmar အဖြစ် အမည်ပြောင်းလဲခဲ့ခြင်း။
ဇွန် (၇) - စစ်ကောင်စီရဲ့ အင်တာနက်ထိန်းချုပ်မှုအပေါ် အရေးယူဖို ကုလသမဂ္ဂအရာရှိတွေတိုက်တွန်းခဲ့ခြင်း။
ဇွန် (၁၀) - စစ်ကောင်စီ ထိန်းချုပ်ခံ ဗဟိုဘဏ်အနေဖြင့် NUG ၏ Digital ငွေကြေးဆိုင်ရာ သုံးစွဲမှုကို အတားအဆီးဖြစ်စေရန် ရည်ရွယ်ဟန်ရှိသည့် ကြေငြာချက်တစ်စောင်ထုတ်ပြန်။ ယင်းထုတ်ပြန်ချက်တွင် ၎င်းတို ခွင့်ပြုထားသည့် Mobile Pay နှင့် Mobile Wallet များသုံးစွဲခြင်းအား အရေးယူခံရနိုင်ကြောင်းပါရှိ။
ဇွန် (၁၈) - မိုင်တဲလ် ဆက်သွယ်ရေးလုပ်ငန်းမှ တဆင့် စစ်ခေါင်းဆောင်များ အဂတိ လိုက်စားမှုများရှိနေကြောင်းကို Justice for Myanmar အဖွဲကထုတ်ပြန်ခဲ့ခြင်း။
ဇွန် (၁၉) - NUG က ဒစ်ဂျစ်တယ်မြန်မာကျပ်-DMMKကိုစတင်မိတ်ဆက်၊ NUGPay သုံးစွဲနိုင်မည့်ရက်ကို မကြာမိ ကြေငြာခြင်း။
ဇွန် (၂၀) - Kaung For You Federal Private Schoolအယောင်ဆောင်၍ မိဘပြည်သူများထံ အလှူငွေလိမ်လည်တောင်းယူခဲ့သော ဖြစ်စဥ်တစ်ခုဖြစ်ပေါ်ခဲ့ကြောင်း Kaung For You ၏ Facebook စာမျက်နှာတွင်ဖော်ပြခဲ့ခြင်း။
ဇွန် (၂၆) - DMMK နှင့် တွဲဖက်အသုံးပြုနိုင်သည့် NUGpay အားစတင်သုံးစွဲနိုင်ပြီဖြစ်ကြောင်း NUG မှကြေငြာခြင်း။
May 2022
မေ (၇) - ဒါရိုက်တာ မောင်သီအပါအဝင် လူ၄ဦးကိုလူမှုကွန်ရက်တွင် ရေးသားမှုများကြောင့် ဖမ်းဆီးထိမ်းသိမ်းခြင်း ထိုအပြင် လော်ဘီအကောင့်များမှ တဆင့်လှုဆော်အရေးယူမှု ပြုလုပ်ခိုင်းခြင်းများအပေါ်တွင်လည်း လိုက်လံဖမ်းဆီးမှုများစွာရှိနေ၊ စစ်တွေမြို နိရဉ္စရာသတင်းဌာနကို စစ်ကောင်စီဝင်ရောက်ရှာဖွေခြင်းပြုလုပ်ခဲ့။
မေ (၁၃) - စစ်ကောင်စီအနေဖြင့် IMEI နံပါတ်များဖြင့် မှတ်ပုံတင် အခွန်ဆောင်ခိုင်းပြီး မိုဘိုင်းအသုံးပြုသူများကို ထိန်းချုပ်ရန်နှင့် ဝင်ငွေရလမ်းဖော်ဆောင်ရန် ပြင်ဆင်ခြင်း။
မေ (၁၄) - ယာဉ်စီးကမ်းဖောက်ဖျက်မှုများအား သိရှိစေရန်ဆိုသည့် အကြောင်းပြချက်ဖြင့် သွားလာလုပ်ရှားမှုများကို သိရှိနိုင်ရန်အတွက် မိုဘိုင်း App တစ်ခု ပြုလုပ်ရန် ပြင်ဆင်ခြင်း။
မေ (၁၆) - ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ PDF များ၏ (Facebook) လူမှုကွန်ရက်စာမျက်နှာများကို တိုက်ခိုက်ခြင်းများဖြစ်ပေါ်။
မေ (၁၇) - တော်လှန်ရေးကာလ အွန်လိုင်းအခြေပြု ပညာရေးဆိုင်ရာ သင်တန်းများတွင် သင်ကြားသူများနှင့် တက်ရောက်သူများအား အသွင်ယူစုံစမ်းရန် စစ်ကောင်စီလက်ပါးစေ လော်ဘီ အကောင့်များမှ လှုဆော်ခြင်း။
မေ (၁၈) - ဖယ်ခုံမြိုနယ်အတွင်း ဆင်ခြေဖုန်းဒေသများတွင် လျှပ်စစ်မီးနှင့် အင်တာနက်များ ဖြတ်တောက်ခံရခြင်း။
မေ (၁၉) - ဆောမြိုနယ်အတွင်း ကျေးရွာများတွင် စစ်ကြောင်းဖြတ်စဉ်ကာလတွင် အင်တာနက်ဖြတ်တောက်မှုများ ပြုလုပ်ခဲ့ခြင်း။
မေ (၂၄) - စစ်တပ်နှင့်တိုက်ပွဲဖြစ်နေသော ကန့်ဘလူ၊ မြင်းမူ၊ ကျွန်းလှ၊ မုံရွာ၊ ခင်ဦး၊ရေဦး၊ ကောလင်း အပါအဝင် စစ်ကိုင်း မြိုနယ်များတွင် ဖုန်းလိုင်းနှင့် အင်တာနက်လိုင်းများ ဖြတ်တောက် ခြင်းများပြုလုပ်ခဲ့ပါတယ်။
April 2022
ဧပရယ် (၁) - တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်ရှိ တောင်ပျောက်တိုက်နယ်တွင် စစ်ကောင်စီ စစ်ကြောင်းထိုးစဉ် အင်တာနက်ဖြတ်တောက်ခဲ့ပါတယ်။
ဧပရယ် (၈) - လမ်းလျှောက်သင်္ကြန်ပြုလုပ်ရန်အတွက် စစ်ကောင်စီမှ ပြည်မြို့ အင်တာနက် ဝန်ဆောင်မှု ကုမ္ပဏီများထံ ငွေကြေးအဓမ္မတောင်းယူ ခဲ့ပါတယ်။
ဧပရယ် (၉) - NUG ၊ CRPH ၊ မီဒီယာများနှင့် စစ်တပ်ဆန့်ကျင်သူ ပုဂ္ဂိုလ်၊ အဖွဲ့အစည်းများ၏ အင်တာနက်စာမျက်နှာများ ဖြုတ်ချပေးရန် စစ်ကောင်စီက ဆက်သွယ်ရေး အော်ပရေတာနှင့် ကုမ္ပဏီများသို့ ညွှန်ကြား၊ လုပ်ဆောင်မပေးပါက အရေးယူမည်ဟု ခြိမ်းခြောက်ခဲ့ပါတယ်။
ဧပရယ် (၁၇) - ခန္တီးနဲ့ ဟုမ္မလင်းကို အင်တာနက်ပြန်ဖွင့်ပေး ခဲ့ပါတယ်။
ဧပရယ် (၁၈) - ဖားကန့်မြို့နှင့် အနီးတဝိုက် ဧပြီလ (၄) ရက်နေ့မှ စပြီး Mytel Sim Card ဖြင့် အင်တာနက် ပြန်လည်အသုံးပြုနိုင်ခဲ့ပြီး ဧပြီလ (၁၈) ရက်နေ့ညတွင် ပြန်လည်ပြတ်တောက်ပစ်ခဲ့ပါတယ်။
ဧပရယ် (၂၄) - တယ်လီနော ပိုင်ရှင်အသစ်က ဆင်းကတ်များအား ပြန်လည်မှတ်ပုံတင်ခိုင်းနေပြီး မှတ်ပုံမတင်သည့် ကတ်အချို့ အထွက်ခေါ်ဆိုမှု ပိတ်ပင်ခံရမှုများရှိနေ ခဲ့ပါတယ်။
March 2022
မတ် (၂) - စစ်ကောင်စီ၏ Wave Money မှ တဆင့် တော်လှန်ရေးဆိုင်ရာ ထောက်ပံ့မှုများကို လိုက်လံဖမ်းဆီးမှုဆိုင်ရာ များကြောင့် တော်လှန်ရေး ရန်ပုံငွေ ကောက်ခံသည့်အဖွဲ့တစ်ချို့ခေတ္တရပ်နားကြောင်းကြေငြာခဲ့ရပါတယ်။
မတ် (၃) - မုံရွာ၊ စစ်ကိုင်း၊ ကလေး၊ ရွှေဘို (၄) မြိုနယ်မှ အပ စစ်ကိုင်းတိုင်းအတွင်းရှိ မြိုနယ်များအားလုံးနီးပါး အင်တာနက်ဖြတ်တောက်ခံရခဲ့ပါတယ်။
မတ် (၉) - တယ်လီနောထိပ်တန်းအရာရှိအချို မြန်မာပြည်မှ ထွက်ခွာခွင့်မရ ကြောင်း နော်ဝေးသတင်းများတွင် ဖော်ပြခဲ့ပါတယ်။
မတ် (၁၂) - ဖုန်းခေါ်ဆိုမှုများနှင့်မက်ဆေ့ချ်များကို တပြိုင်နက်စောင့်ကြည့် ကြားဖြတ်နားထောင်နိုင်သော Gateway များကို ဂျာမန်ကုမ္ပဏီထံမှ တယ်လီနော ဝယ်ယူတပ်ဆင်ထားသည်ဟု Justice for Myanmar မှ ထုတ်ဖော်ပြောကြားခဲ့ပါတယ်။
မတ် (၁၆) - ဖြတ်ကိရိယာများ မတပ်ဆင်လိုသဖြင့် တယ်လီနောမြန်မာကုမ္ပဏီကို ရောင်းချခြင်းဖြစ်ကြောင်း တယ်လီနောမှ ပြန်လည်ချေပမှုတွေရှိခဲ့ပါတယ်။
မတ် (၁၈) - တယ်လီနောရောင်းချမှုအတည်ပြု - စစ်တပ်ကျောထောက်နောက်ခံ ရွှေဗျိုင်းဖြူကုမ္ပဏီအနေဖြင့် အစုရှယ်ယာ (၈၀) ရာခိုင်နှုန်း ပိုင်ဆိုင်ပါတယ်။
မတ် (၂၄) - တယ်လီနောမြန်မာအား ဝယ်ယူခွင့်ရသည့် Investcom PTE ကုမ္ပဏီတွင် တပ်ချုပ်သမီးရှယ်ယာပါဝင်နေကြောင်းပါ။
February 2022
ဖေဖော်ဝါရီ (၂) - တောင်ကြီးမြို၌ စစ်ကောင်စီနှင့် PNO ပူးပေါင်းပြီး VPN အသုံးပြုခြင်း ရှိ၊ မရှိ ရှောင်တခင်စစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း MeKongNews သတင်းဋ္ဌာနမှ တင်ပြခဲ့။
ဖေဖော်ဝါရီ (၄) - မြန်မာစစ်တပ်၏ မိတ်ဖက်ကုမ္ပဏီ ရွှေဗျိုင်းဖြူသည် တယ်လီနော၏အဓိက ရှယ်ယာပိုင်ရှင်ဖြစ်လာနိုင်ကြောင်း သတင်းများစတင်ထွက်ပေါ်ခဲ့။
ဖေဖော်ဝါရီ (၅) - စဉ့်ကိုင်စျေးနှင့်မြင်းခြံ စံပြစျေးတွင် စျေးရောင်းသူ ၁၂ ဦးအပါအဝင် ပိုစ့်တင်သူ ၄၃ ဦးအား နစကမှ အရေးယူမှုများ ပြုလုပ်ခဲ့။
ဖေဖော်ဝါရီ (၇) - ဖုန်းအသုံးပြုသူများ၏ အသုံးပြုမှုမှတ်တမ်းနှင့် အချက်အလက်များအား စစ်တပ်မှ တောင်းယူခဲ့မှုများရှိနေပြီး တယ်လီနော အနေဖြင့် စစ်တပ်အားပေးအပ်ခဲ့ရမှုများရှိကြောင်း Myanmar Now သတင်းဋ္ဌာန၏ စုံစမ်းမှုများအရ သိရှိရ။
ဖေဖော်ဝါရီ (၈) - အင်တာနက် ဖြတ်တောက်ခံထားရသော မတူပီတွင် တာဝါတိုင်များ ဆီဖြည့်မလည်ပတ်နိုင်သဖြင့် ဖုန်းလိုင်းများပါ ထပ်မံပြတ်တောက်။
ဖေဖော်ဝါရီ (၁၂) - ရန်ကုန်မြို (၂၆) မြိုနယ်တွင် အင်တာနက်လိုင်းများ ဖြတ်တောက်မည်ဟု အတည်မပြုနိုင်သည့် သတင်းများပျံ့နှံပြီးနောက် ၇၅ နှစ်မြောက် ပြည်ထောင်စုနေ့တွင် ရန်ကုန်မြိုမြိုနယ်အတော်များများတွင် စစ်ကောင်စီက မနက် (၄) နာရီမှ ညနေ (၄) နာရီ ဝန်းကျင်အထိ စကစမှ မိုဘိုင်းဖုန်း အင်တာနက်အသုံးပြုမှုအား ဖြတ်တောက်ခဲ့ပြီး နေပြည်တော်အပါအဝင် မန္တလေးတိုင်း၊ ပဲခူးတိုင်း၊ ကရင်ပြည်နယ်၊ ရခိုင်ပြည်နယ်အပါအဝင် မြန်မာနိုင်ငံအနှံအပြားမှ မြိုကြီးများတွင် မိုဘိုင်း အင်တာနက်ဖြတ်တောက်ခံရမှုများ ကြုံတွေ့ရ။
ဖေဖော်ဝါရီ (၂၀) - မိုဘိုင်းဖုန်းအသုံးပြုမှုများအား 21/22/23 ရက်နေ့များတွင် ပြတ်တောက်နိုင်သည့်အတွက် စကစ ရဲတပ်စခန်းများတွင် ကြိုတင််ပြင်ဆင်ကြရန် လျှိဝှက်ညွှန်ကြားထား သည့် သတင်းများ ထွက်ပေါ်ခဲ့သော်လည်း မြိုကြီးများတွင် ပျက်တောက်မှုများ ဖြစ်ပေါ်ခဲ့။
ဖေဖော်ဝါရီ (၂၂) - ကရင်ပြည်နယ်၊ ကော့ကရိတ် မြိုနယ်၊ အံဖလေးရွာဒေသခံများ၏ လက်ကိုင်ဖုန်းများကို စစ်ကောင်စီတပ်ဖွဲဝင်များက သိမ်းဆည်းခဲ့ကြောင့် ဒေသသတင်းမီဒီယာ တစ်ခုဖြစ်သည့် သံလွင်ခတ်မှ ဖော်ပြခဲ့သည်။
ဖေဖော်ဝါရီ (၂၅) - မော်လိုက်မြိုတွင် Mpt, Ooredoo, Mytel ဖုန်းလိုင်းများဖြတ်မှု ဖြစ်ပေါ်ခဲ့ကြောင်း telegram Channel များတွင် တွေ့ရှိခဲ့ရပါသည်။






