# Digital Repression 2021 in Myanmar

### **October 2021**

*   **အောက်တိုဘာ (၆) -** UEC မှ ရွေးကောက်ပွဲ အသုံးပြုရန်ဟုဆိုကာ IT ဆက်စပ်ပစ္စည်းများ ဝယ်ယူရန်အတွက် တင်ဒါ ခေါ်ယူခဲ့။
    
*   **အောက်တိုဘာ (၈) -** မင်းတပ်နှင့် မတူပီတွင် အင်တာနက်နှင့် ဖုန်းလိုင်း ထပ်တိုးဖြတ်တောက်ခြင်းများ ပြုလုပ်ခဲ့။
    

### **September 2021**

*   **စက်တင်ဘာ (၅) -** ထားဝယ်တွင် Telenor, Ooredoo, MBT Wifi များ ၂ နာရီကျော်ကြာ ပြတ်တောက်ခံရပြီး MPT နှင့် Mytel ဖုန်းလိုင်းများကိုတော့ ဖြတ်တောက်ခြင်း မရှိခဲ့။
    
*   **စက်တင်ဘာ (၁၄) -** စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်း တို့တွင် မြို့နယ် အချို့ တွင် အင်တာနက်လိုင်းများ ဖြတ်တောက်ခံရပြီး အချို့မြို့နယ်များတွင် ဖုန်းလိုင်းများပါ ဖြတ်တောက်ခဲ့။
    
*   **စက်တင်ဘာ (၁၅) -** စစ်ကောင်စီ၏ ကြားဖြတ်ဖမ်းယူစက်များတပ်ဆင်ရန် ဖိအားပေးမှုကြောင့် တယ်လီနော်အနေဖြင့် မြန်မာနိုင်ငံတွင် ဆက်လက်ရပ်တည်ရန် မဖြစ်နိုင်ကြောင်း စာထုတ်ပြန်။
    
*   **စက်တင်ဘာ (၂၃) -** စစ်ကောင်စီမကွေးတိုင်း (ဂန့်ဂေါ၊မြိုင်၊ထီးလင်း) နှင့် ချင်းပြည်နယ်ရှိ ( ထန်တလန်၊ဖလမ်း၊ တီးတိန်၊ တွန်းဇံ၊ မတူပီ၊ ကန်ပက်လက်၊ ပလက်ဝ၊ မင်းတပ်) မြို့နယ်များကို မိုဘိုင်းဖုန်းအင်တာနက်လိုင်းများပြတ်တောက်ခဲ့။
    
*   **စက်တင်ဘာ (၂၅) -** စစ်ကောင်စီ၏ MOFA မှ အင်တာနက်ပြတ်တောက်မှုများသည် NUG နှင့် PDF တို့က တာဝါတိုင်များအား  ဖျက်ဆီးမှုကြောင့်ဟု စွပ်စွဲ။
    
*   **စက်တင်ဘာ (၂၆) -** စစ်ကိုင်းတိုင်း ပင်လယ်ဘူး၊ ဝန်းသို၊ ကောလင်းဒေသများတွင် အင်တာနက်နှင့် ဖုန်းလိုင်း ထပ်တိုးဖြတ်တောက်(စက်တင်ဘာလကုန်အထိ အင်တာနက်ဖြတ်တောက် ခံရသည့်မြို့နယ် ၂၅ မြို့နယ်အထိရှိလာ)
    

### **August 2021**

*   **ဩဂုတ် (၁) -** ဩဂုတ်လအစတွင် မြဝတီနှင့်ချိတ်ဆက်သည့်အင်တာနက်ဆက်ကြောင်းပြတ်သည့် အကြောင်းပြချက်ဖြင့် လိုအပ်သည်ထက် ပြင်ဆင်ချိန်ကြာမြင့်သော အင်တာနက် နှေးကွေးမှု ကြုံတွေ့ခဲ့ရ။
    
*   **ဩဂုတ် (၂၀) -** ကချင်ပြည်နယ်တွင် အင်တာနက်ဖြတ်တောက်မှု ပြန်လည်ပြုလုပ်၊
    

### **July 2021**

*   **ဇူလှိုင် (၅) -** MPT , Mytel တို့ရဲ့ အကူအညီဖြင့် အင်တာနက်နှင့် မိုဘိုင်းစောင့်ကြည့်မှုနှင့် Telecom မှ မြန်မာ၊ နိုင်ငံခြားသားများ အလုပ်အမှုဆောင်များ၏ ပြည်ပ ထွက်ခွာခွင့် စောင့်ကြည့်တားမြစ်သော သတင်းများ ပျံ့နှံ့ခဲ့။
    
*   **ဇူလှိုင် (၈) -** Telenor Myanmar မှ လဘနွန်ပိုင် M1 Group သို့ လွှဲပြောင်းရောင်းချခဲ့။
    
*   **ဇူလှိုင် (၉) -** စကစမှ လက်ရှိ Telecom အသုံးပြုမှု ဈေးနှုန်းများကို ပြောင်းလဲရန် ညွှန်ကြားခဲ့။
    
*   **ဇူလှိုင် (၁၄) -** အမုန်းစကား ကာကွယ်တားဆီးရေး ဥပဒေမူကြမ်း ရေးဆွဲရေး ကော်မတီ ပြင်ဆင်ဖွဲ့စည်းခြင်း အမိန့်ကြော်ငြာစာ ပြန်လည်ပျံ့နှံ့လာ။
    

### **June 2021**

*   **ဇွန် (၄) -** NUG ရဲ့ သတင်းစာရှင်းလင်းပွဲချိန်နဲ့ အချိန်ကိုက် အင်တာနက် ပြတ်တောက်ခဲ့။
    

### **May 2021**

*   **မေ (၂၅) -** Website ပေါင်း ၁၂၀၀ ကျော်ကို ပြန်ဖွင့်ပေးခဲ့၊ အသုံးများသော Social Medai များ မပါဝင် ပိတ်ထားဆဲ။
    

### **April 2021**

*   **ဧပရယ် (၁) -** Wireless  အင်တာနက် ဝန်ဆောင်မှုများ အားလုံးကို ရပ်ဆိုင်းခဲ့။
    
*   **ဧပရယ် (၂၇) -** ပုဂ္ဂလိကဘဏ်တချို့၏ အွန်လိုင်းဝန်ဆောင်မှုများအား မိုဘိုင်းအင်တာနက်များဖြင့် VPN ပိတ်စေ၍ ပြန်လည်အသုံးပြုနိုင်ခဲ့။
    
*   **ဧပရယ် (၂၈) -** Fiber Internet(FTTH) ကို ၂၄ နာရီ အသုံးပြုနိုင်အောင် ပြန်လည်ဖွင့်ပေးခဲ့၊ Social Media များအား VPN ခံ၍သာ အသုံးပြုနိုင်။
    

### **March 2021**

*   **မတ် (၁) -** ဆန်ကျင်လှုပ်ရှားသူများအား စကစမှ ဆိုက်ဘာစောင့်ကြည့်မှုများ ပြုလုပ်နေသည် ဆိုသည့် အစီရင်ခံစာကို Now York Times တွင် ဖော်ပြခဲ့။
    
*   **မတ် (၅) -** တပ်မတော်သားများမှ ဆန္ဒပြသူများကို ခြမ်းခြောက်သည့် Video များ Tik Tok တွင်ဖြန့်ခဲ့။
    
*   **မတ် (၁၅) -** မြန်မာတနိုင်ငံလုံး မိုဘိုင်း အင်တာနက်သုံးသူများကို စတင်ပိတ်ဆို့။
    
*   **မတ် (၂၄) -** ဒေါ်အောင်ဆန်းစုကြည်၏ ရုံးချိန်းအား အင်တာနက်ပြတ်တောက်မှုကြောင့် April 1 သို့ရွှေ့ဆိုင်း။
    

### **February 2021**

*   **ဖေဖော်ဝါရီ (၁) -** မြန်မာပြည်သူတွေ အမှောင်ကျရောက်သွားတဲ့နေ့ စစ်ကောင်စီမှ အာဏာသိမ်း။
    
*   **ဖေဖော်ဝါရီ (၃) -** ချင်းပြည်နယ်၊ ရခိုင်အင်တာနက် Shoutdown အဆုံးသတ်၊ မြန်မာတစ်နိုင်ငံလုံး လူမှုကွန်ယက်များ အပိတ်ခံရ။
    
*   **ဖေဖော်ဝါရီ (၆) -** စကစမှ မြန်မာတနိုင်ငံလုံး အင်တာနက်ကို နာရီ ၃၀ ပိတ်ရန်ညွှန်ကြား။
    
*   **ဖေဖော်ဝါရီ (၈) -** **လူမှုကွန်ယက်များ အသုံးပြုရန် လိုအပ်သော VPN များကို စစ်ကောင်စီမှ စတင်ပိတ်ဆို့။**
    
*   **ဖေဖော်ဝါရီ (၉) -** Cyber Law Draft ထုတ်ပြီး သဘောထားမှတ်ချက်များ တောင်းခံ။
    
*   **ဖေဖော်ဝါရီ (၁၂) -** ကုလသမဂ္ဂ လူအခွင့်အရေးကောင်စီ၏ ၂၉ ကြိမ်မြောက် အထူးအစည်းအဝေးမှာ နိုင်ငံပေါင်း ၃၉ နိုင်ငံမှ အင်တာနက်နှင့် social media ဆိုင်ရာ ကန့်သတ်ချက်များကို ချက်ချင်း ဖယ်ရှားပေးရန် တောင်းဆိုခဲ့။
    
*   **ဖေဖော်ဝါရီ (၁၃) -** Covid – 19 Information Sharing Website တွေအပါအဝင် Website ပေါင်း ၃၀ ကျော် အပိတ်ခံရ။
    
*   **ဖေဖော်ဝါရီ (၁၅) -** ရက်ပေါင်း ၇၀ ကျော်ကြာအောင် ည ၁ နာရီမှ မနက် ၉ နာရီအထိ အင်တာနက်ပိတ်ခဲ့၊အီလက်ထရောနစ် ဆက်သွယ်ရေး ဥပဒေကို ပြင်ဆင်ခဲ့။
    
*   **ဖေဖော်ဝါရီ (၂၀) -** Wikipedia Website ကို ပိတ်ခဲ့။
    
*   **ဖေဖော်ဝါရီ (၂၂) -** မြန်မာတနိုင်ငံလုံး ည ၁ နာရီမှ နေ့လည် ၁၂ နာရီအထိ အင်တာနက် ပိတ်ခဲ့။
