Skip to main content

Command Palette

Search for a command to run...

Digital Repression 2024 in Myanmar

2024 ခုနှစ် ဒစ်ဂျယ်တယ်ရပ်ဝန်းဆိုင်ရာ ဖြစ်ပျက်ခဲ့မှုများ

Updated
20 min read
Digital Repression 2024 in Myanmar
D

I am a volunteer for civil society organizations (CSOs) aimed at improving their digital security and safe office operations.

December 2024

  • ဒီဇင်ဘာ (၂) - ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ်တွင် တစ်ရက်လျှင် အင်တာနက် (၃) နာရီခန့်သာရရှိခဲ့ခြင်း

  • ဒီဇင်ဘာ (၃) - အွန်လိုင်း ငွေလိမ်ဂိုဏ်များ ခိုးသုံးနေသည့် အင်တာနက် ကေဗယ်ကြိုးများ မြန်မာနှင့် လာအိုနယ်စပ် များတွင် တွေ့ရှိခဲ့ဟု ထိုင်းနိုင်ငံမှ ပြောကြားခဲ့ခြင်း။ မြန်မာဘက်က စိတ်ကြွဆေးမှောင်ခိုသူတွေသုံးတဲ့ Starlink အချက်အလက်ရဖို့ Stralink Company ထံအိန္ဒိယတောင်းခံခဲ့ခြင်း၊ ဒီဇင်ဘာ (၃) ဗန်းမော်မြို့တွင် Mytel အင်တာနက်လိုင်းပြန်လည်ရရှိခဲ့ခြင်း၊ ဒီဇင်ဘာ (၃) ပြင်ဦးလွင်မြို့တွင် ရေဒီယိုလှိုင်းနှောက်စက် Jammer များတပ်ဆင် စမ်းသပ်နေမှုကြောင့် ဖုန်းလိုင်းနှင့် အင်တာနက်လိုင်းများပေါ်လိုက်၊ ပျောက်လိုက်ဖြစ်နေခဲ့ခြင်း။

  • ဒီဇင်ဘာ (၄) - ပြည်ပထွက်ခွာသူတွေ ရန်ကုန်လေဆိပ်မှာ ကျပ်သိန်းဆယ်ချီ စစ်ကောင်စီလက်အောက်ခံတွေကို လာဘ်ထိုးနေရဟု CJ Platform media မှရေးသားခဲ့ခြင်း၊ ရခိုင်မှာ နိုဝင်ဘာ ၁၆ ရက်နေ့ ညနေပိုင်းအချိန်မှစ၍ မြို့အားလုံးနီးပါး ဖုန်းလိုင်း ထပ်မံပြတ်တောက်ခဲ့ခြင်း၊ ကချင်ပြည်နယ်တွင် ဆန်၊ စားသောက်ကုန်၊ ဆေးဝါး၊ စက်သုံးဆီ၊ လျှပ်စစ်မီး၊ အင်တာနက်လိုင်းများကို တရုတ်ဘက်က ဖြတ်တောက်ထားခဲ့ခြင်း။

  • ဒီဇင်ဘာ (၅) - တနင်္သာရီတိုင်းတွင် အက်တမ်ဖုန်းလိုင်း ဖိုက်ဘာကြိုး ပြန်ဆက်ခွင့်ရရန် စစ်ကောင်စီ၏ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနကို တင်ပြခဲ့ခြင်း။

  • ဒီဇင်ဘာ (၇) - မိုဘိုင်းဖုန်း အော်ပရေတာများမှ အင်တာနက် ဒေတာ အသုံးပြုခများ တိုးမြှင့် ကောက်ခံ။ အာဏာမသိမ်းခင် ကာလထက် (၃) ဆခန့် မြင့်တက်လာခဲ့ခြင်း၊ ချင်းပြည်နယ်နဲ့ စစ်ကိုင်းတိုင်းမှာ စစ်ကောင်စီရဲ့ ဆက်သွယ်ရေးလုပ်ငန်းစုဖြစ်တဲ့ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း အမ်ပီတီ (MPT) တယ်လီဖုန်းလိုင်းကလွဲပြီး ကျန်တဲ့ တယ်လီဖုန်းလိုင်းနဲ့ အင်တာနက်လိုင်းတွေ ပြတ်တောက်နေခဲ့ခြင်း။

  • ဒီဇင်ဘာ (၁၀) - KIA နှင့် စစ်ရေးပဋိပက္ခပြင်းထန်နေသည့် ဗန်မော်တွင် ဖုန်းလိုင်းများလဲ ပြတ်တောက်နေခြင်း၊ ဖုန်းအော်ပရေတာတွေဆီကနေ ဝယ်ယူသုံးစွဲရတဲ့ လစဉ် အင်တာနက်ပက်ကေ့ချ်တွေကို ဒေတာသုံးစွဲခွင့်ပမာဏ လျှော့ချလိုက်ပြီး အကန့်အသတ်မဲ့ ပက်ကေ့ချ်ရောင်းချမှုတွေရှိနေခဲ့ခြင်း။

  • ဒီဇင်ဘာ (၁၁) - တောင်ကြီးမြို့နယ်တွင် ဒီဇင်ဘာလ အစောပိုင်းမှ စတင်၍ ဖုန်းလိုင်း၊ အင်တာနက်လိုင်း နှင့် လျှပ်စစ်မီး ပြတ်တောက်ခြင်း ပိုမိုဆိုးရွားလာခဲ့ခြင်း၊ ခန္တီးမြို့ရှိ Starlink အင်တာနက်ဆိုင်တွင် လူငယ်များအား ဝင်ရောက်ဖမ်းဆီးပြီး စစ်ကောင်စီနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့က ငွေကျပ် သိန်း (၅၀) ဖြင့် ပြန်ရွေးခိုင်းခဲ့ခြင်း၊ မိုးကုတ်မြို့ လုံခြုံရေးအတွက် ဟုဆိုကာ TNLA က အင်တာနက်ပိတ်ထားတာ တစ်လခန့်ရှိလာခဲ့ခြင်း။

  • ဒီဇင်ဘာ (၁၂) - ရခိုင်တွင် ဖုန်းလိုင်းပြတ်တောက်နေ၍ NGO/INGO များမှာ ဒေသတွင်းလုပ်ငန်း လည်ပတ်နိုင်မှုခက်ခဲခဲ့ခြင်း၊ Facebook အစားထိုး စစ်ကောင်စီ၏ MySpace Social Media Platform အား အသုံးပြုရန် ပြန်လည် ဆွဲဆောင်မှုများ လုပ်ဆောင်လာခဲ့ခြင်း။

  • ဒီဇင်ဘာ (၁၆) - တာချီလိတ်တွင် ဝါတော် (၂၇) ဝါရှိ ဘုန်းတော်ကြီးတစ်ပါးအား Facebook ပေါ်တွင် ရေးသားပြောဆိုမှုများကြောင်း ပုဒ်မ (၅၀၅) ဖြင့် ဖမ်းဆီးခဲ့ခြင်း၊ မိုးကုတ်မြို့တွင် အင်တာနက်၊ ဖုန်းလိုင်းတွေ ပြန်ဖွင့်ပေးမယ့် အချိန်ကို ပြောဖို့ခက်တယ်လို့ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) က ပြောခဲ့ခြင်း။

  • ဒီဇင်ဘာ (၁၉) - ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်၊ ကံပေါက်ကျေးရွာတွင် အင်တာနက်နှင့် ဖုန်းလိုင်းများ ပြတ်တောက်ခဲ့ခြင်း။

  • ဒီဇင်ဘာ (၂၀) - လိုင်စင်မရှိပဲ ရုပ်ရှင်ပြသပါက (၃) နှစ်မှ (၅) နှစ်အထိ ထောင်ဒဏ်ကျခံရနိုင်သည့် ဥပဒေပြဋ္ဌာန်းချက်များပါဝင်သည့် မြန်မာနိုင်ငံ ရုပ်ရှင်ဥပဒေကို စစ်ကောင်စီ ပြင်ဆင်တည်ပြုခဲ့ခြင်း။

  • ဒီဇင်ဘာ (၂၂) - ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ တရားစွဲဆိုထားခြင်းခံရသူ လကျ်ာစွန်းဝါဒီ မိုက်ကယ်ကျော်မြင့်သည် ဆက်သွယ်ရေးပုဒ်မ ၆၆(ဃ)ဖြင့် ဒီဇင်ဘာလ ၆ရက်နေ့က ထောင်ဒဏ် တနှစ် ချမှတ်ခံခဲ့ရခြင်း။

  • ဒီဇင်ဘာ (၂၃) - တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နယ် အရှေ့တောနယ်ဒေသသို့ စစ်ကောင်စီတပ်ဖွဲ့ဝင်များ စစ်ကြောင်းထိုးဝင်ရောက်လာချိန်များတွင် ဖုန်းလိုင်းများဖြတ်တောက်ခဲ့ခြင်း။

  • ဒီဇင်ဘာ (၂၄) - ရန်ကုန်အထွက် ဇီးရိုးမိုင်ဂိတ်တွင် ရခိုင်မှတ်ပုံတင် ကိုင်ဆောင်သူများကို မှတ်ပုံတင်နှင့် ဖုန်းများ စစ်ဆေးခဲ့ခြင်း။ ရခိုင်တွင် တပြည်နယ်လုံးအတိုင်းအတာအနေဖြင့် မိုဘိုင်းဖုန်းလိုင်းပြတ်တောက်နေမှုမှာ ၁ လကျော်အထိ ကြာမြင့်လာခဲ့ခြင်း၊ တနင်္သာရီတိုင်းဒေသကြီး၊ လောင်းလုံးမြို့နယ်၊ ကျောက်နီမော်ရွာတွင် တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီ ဖုန်းလိုင်းဖြတ်တောက်ထားခဲ့ခြင်း။

  • ဒီဇင်ဘာ (၂၇) - ရန်ကုန်၊ ရွှေပြည်သာမြို့နယ်မှ စက်ရုံများတွင် ဝန်ထမ်းအလုပ်လျှောက်သူတွေဟာ အီလက်ထရောနစ် မှတ်ပုံတင် (eID ) စာရွက်ပါမှ အလုပ်ခန့်ခံရခြင်း။

  • ဒီဇင်ဘာ (၂၉) - Atom ဖုန်းလိုင်းများထားဝယ်တွင် ပြန်လည်ရရှိ ခဲ့ခြင်း။

  • ဒီဇင်ဘာ (၃၁) - ယခုလအတွင်း လူမှုကွန်ယက်ပေါ်တွင် ပြောဆိုရေးသားမှုများကြောင့် ဖမ်းဆီးခံရသူ အနည်းဆုံး (၇) ဦးခန့်ရှိခဲ့ခြင်း စတဲ့ ဒစ်ဂျစ်တယ် ဖိနှိပ်မှု ဖြစ်စဉ်တွေရှိနေခဲ့ပါတယ်။

November 2024

  • နိုဝင်ဘာ(၂) - ဆင်းကဒ်အသစ်များဖြင့် #WhatsApp, #Signal, နှင့် #Telegram အကောင့်အသစ်ဖွင့် ခြင်းများကို ကန့်သတ်ရန် စစ်ကောင်စီက တယ်လီကွန်း ဝန်ဆောင်မှု ပေးသူများကို ညွှန်ကြားခဲ့ခြင်း၊ မြန်မာသတင်းသမားတွေ ဖိနှိပ်ခံရမှုအပေါ် ကူညီပေးဖို့ နိုင်ငံတကာကို NUG တိုက်တွန်းခဲ့ခြင်း။

  • နိုဝင်ဘာ (၄) - ချင်းပြည်နယ်တွင် ဖုန်းနှင့် အင်တာနက်လိုင်း ဖြတ်တောက်ခံထားရမှုကြောင့် လူမှုစီးပွား အခက်အခဲများစွာ နှင့်ရင်ဆိုင်နေရခဲ့ခြင်း။

  • နိုဝင်ဘာ (၅) - စစ်ကောင်စီသည် ရွေးကောက်ပွဲတွင် အသုံးပြုရန်အတွက် အီလက်ထရွန်နစ်မဲပေးစက်(MEVM) အသုံးပြုခြင်းဆိုင်ရာ နည်းပြသင်တန်းများ စစ်ကောင်စီ ဖွင့်လှစ်လာခဲ့ခြင်း၊

    Blacklist စာရင်းဝင်သူများ ပြည်ပထွက်ခွာခွင့် မပြုရေး သေချာ စီစစ်ရန် လဝက ဝန်ကြီး ညွှန်ကြားခဲ့ခြင်း။

  • နိုဝင်ဘာ (၇) - ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့က စီးပွားရေးလုပ်ငန်းရှင်တချို့ကို ကိုးကန့်တပ်မတော် (MNDAA) ခေါ်ယူစစ်ဆေးပြီး ဖုန်းများကိုပါ စစ်ဆေးခဲ့ခြင်း၊ ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားတွေရဲ့ အချက်အလက်တွေပေးဖို့ မြန်မာစစ်ခေါင်းဆောင်က ထိုင်းဝန်ကြီးချုပ် ထံ တောင်းဆိုခဲ့ခြင်း၊ ရခိုင်ပြည်နယ်တစ်ခုလုံးတွင် စစ်တွေ တစ်မြို့ထဲသာ ဖုန်းလိုင်းရခဲ့ခြင်း။

  • နိုဝင်ဘာ (၈) - မြန်မာနိုင်ငံအတွင်း ရှုပ်ထွေးသည့် စည်းမျဉ်းများကြောင့် နိုင်ငံခြားငွေ လက်ခံရာတွင် အသုံးများသည့် နိုင်ငံတကာငွေကြေး လုပ်ငန်းနှစ်ခု ဖြစ်သည့် အာဖရိကအခြေစိုက် Perfect Money နှင့် အမေရိကန်အခြေစိုက် Payoneer ကုမ္ပဏီတို့က မြန်မာနိုင်ငံသားများအတွက် ဝန်ဆောင်မှုရပ်ဆိုင်းခဲ့ခြင်း။

  • နိုဝင်ဘာ (၉) - အွန်လိုင်းမှ စစ်ကောင်စီအား ထောက်ခံလေ့ရှိသူ ငါးမင်ဆွေ စစ်ခေါင်းဆောင် မင်းအောင်လှိုင်အား ဝေဖန်မှုဖြင့် ဖမ်းဆီးခံခဲ့ရခြင်း။

  • နိုဝင်ဘာ (၁၁) - ရခိုင်ပြည်နယ် ဂွမြို့နယ်ရှိ ကမ်းခြေရွာများတွင် ဖုန်းနှင့်အအင်တာနက်လိုင်းများ ပြတ်တောက်နေခဲ့ခြင်း။

  • နိုဝင်ဘာ (၁၂) - NUG အနေဖြင့် VPN တစ်ခု စတင်ဖြန့်ဝေခဲ့ခြင်း၊ နောင်ချိုတွင် ဖုန်းနှင့် အင်တာနက်လိုင်းများ ပြတ်တောက်နေခဲ့ခြင်း။

  • နိုဝင်ဘာ (၁၄) - မိုးကုတ်မှာ လေကြောင်းတိုက်ခိုက်ခံရပြီးနောက် TLNA က ဖုန်းနှင့်အင်တာနက်လိုင်းများ ဖြတ်တောက်ခဲ့ခြင်း။

  • နိုဝင်ဘာ (၁၅) - UIDကတ်အတုလုပ်​​သည်ဟုဆိုကာ လူ ၂၃ ဦးကို စစ်ကောင်စီအမှုဖွင့်ခဲ့ခြင်း၊ အင်တာနက်ပြတ်တောက်နေသည့် မိုးညှင်းမြို့တွင် Starlink အင်တာနက်စက်များအား စစ်ကောင်စီက လိုက်လံသိမ်းဆည်းမည်ဟု သတင်းများ ထွက်ပေါ်ပြီး အင်တာနက်ဝန်ဆောင်မှုပေးနေသည့် လုပ်ငန်းများ ရပ်နားခဲ့ခြင်း။

  • နိုဝင်ဘာ (၁၆) - မကွေးတိုင်း၊ စလင်းမြို့နယ်၊ ဆင်ဖြူကျွန်းမြို့အနီး မြောက်ရှားတောရွာမှာ ကင်းပတ်နေတဲ့ စစ်ကောင်စီတပ်သားများရှေ့ ဖုန်းပြောဆိုသဖြင့်ဆိုကာ အမျိုးသမီးတစ်ဦးအား ဖမ်းဆီးသွားခဲ့ခြင်း။

  • နိုဝင်ဘာ(၁၉) - ကချင်ပြည်နယ်အတွင်း ဖုန်းနဲ့အင်တာနက်လိုင်းတွေ ဖြတ်တောက်ထားတာကြောင့် ကုန်စည်စီးဆင်းမှု နှောင့်နှေးနေပြီး ကုန်ဈေးနှုန်းမြင့်တက်ခဲ့ခြင်း၊ လားရှိုးမြို့တွင် ဖုန်းလိုင်းနှင့်အင်တာနက်လိုင်းများ တဖြည်းဖြည်းပြန်ကောင်းလာပြီဟု MNDAA ပြောခဲ့ခြင်း။

  • နိုဝင်ဘာ(၂၀) - ၂၀၂၅ ခုနှစ် ဇန်နဝါရီ ၁ ရက်ကစပြီး e-Commerce Registration System ကနေတဆင့် လျှောက်ထားလာတဲ့ လုပ်ငန်းတွေကိုတော့ စားသုံးသူရေးရာ ဦးစီးဌာနက မြေပြင်စစ်ဆေးပြီးမှသာ ကုန်သွယ်ရေးဦးစီးဌာနက online sales လုပ်ငန်း မှတ်ပုံတင် ချပေးမည်ဟု ပြောခဲ့ခြင်း၊ ကုလသမဂ္ဂသို့ တင်သွင်းသည့် EU ၏ နှစ်ပတ်လည် ဆုံးဖြတ်ချက်တွင် မြန်မာနိုင်ငံ၏ လက်ရှိ အင်တာနက် ဖြတ်တောက်မှုများကိုအဆုံးသတ်ရန် ထည့်သွင်းတောင်းဆိုခဲ့ခြင်း၊ စစ်ကောင်စီက ၄င်းကို ထောက်ခံသူများဖြင့် မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ ကိုနိုဝင်ဘာလ (၂၀) ရက်နေ့တွင်ဖွဲ့စည်းခဲ့ခြင်း။

  • နိုဝင်ဘာ (၂၁) - တရုတ်၏ စစ်ကောင်စီထံ အကူအညီပေးမည့် စီမံကိန်းများတွင် ရာနှင့်ချီသည့် ရဲကားများ၊ စစ်ဆေးရေးဂိတ်များတွင် မျက်နှာသွင်ပြင်မှတ်တမ်းတိုက်ဆိုင် စစ်ဆေးသည့်စနစ်များ အကူအညီပေးရန်များ ပါဝင်ဟု မြန်မာနောင်း (Myanmar Now) ရေးသားခဲ့ခြင်း။

  • နိုဝင်ဘာ (၂၂) - စစ်ကောင်စီ လက်အောက်ခံ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ ဖွဲ့စည်းမှုကို MPCM ရှုံ့ချ ကန့်ကွက်ခဲ့ခြင်း။

  • နိုဝင်ဘာ (၂၅) - ရခိုင်ပြည်နယ်တွင် အင်တာနက်လိုင်း၊ ဖုန်းလိုင်းများ ပြတ်တောက်ခြင်းနှင့် လုံခြုံရေးအပြည့်အဝ မပေးနိုင်တော့ခြင်းတို့ကြောင့် ဘဏ်စနစ်လုံးဝ ရပ်တန့်သွားခဲ့ခြင်း။

  • နိုဝင်ဘာ (၂၆) - ရေဖြူ-ထားဝယ် လမ်းပိုင်းတွင် အင်တာနက် ဖိုက်ဘာကြိုးများ ပြတ်တောက်နေခြင်းကြောင့် တနင်္သာရီတိုင်းတွင် Atom ဖုန်းလိုင်းများ ပြတ်တောက်ခဲ့ခြင်း။

  • နိုဝင်ဘာ (၂၇) - မင်းအောင်လှိုင်အား စော်ကားသည့် အပြုအမူပါ Video အား အွန်လိုင်ပေါ် ဖြန့်ဝေသည်ဆိုကာ ရွှေပြည်သာမြို့နယ်၊ အ.ထ.က ၂ ၊ G-9 Bခန်း ကျောင်းသားခေါင်းဆောင် မောင်ဖြိုးမြတ် ကို ဖမ်းဆီးခဲ့ခြင်း။

  • နိုဝင်ဘာ (၂၉) - SHWE ZAN အမည်ဖြင့် လူမှုကွန်ယက်ပေါ်တွင် AA အဖွဲ့အား ထောက်ခံသည် စာများ ရေးသားသဖြင့် အငြိမ်းစားရဲမှူးကို ပုဒ်မ (၅၀၅) ဖြင့်အမှုဖွင့်ခဲ့ခြင်း။

  • နိုဝင်ဘာ (၃၀) - ယခုလအတွင်း လူမှုကွန်ယက်ပေါ်တွင် ပြောဆိုရေးသားမှုများကြောင့် ဖမ်းဆီးခံရသူ အနည်းဆုံး (၁၇) ဦးခန့်ရှိခဲ့ခြင်း စတဲ့ ဖိနှိပ်မှုဖြစ်စဉ်တွေရှိနေခဲ့တာပဲ ဖြစ်ပါတယ်။

October 2024

  • အောက်တိုဘာ (၁) - သန်းခေါင်စာရင်း ကောက်ယူရန်အတွက် အောက်တိုဘာလ ၁ ရက်နေ့ကနေ ၁၅ ရက်နေ့အထိ နေအိမ်မှာ အိမ်ထောင်ဦးစီး ဒါမှမဟုတ် အိမ်ထောင်စု အကြောင်းဖြေကြားနိုင်မည့်သူ အိမ်မှာနေဖို့ စစ်ကောင်စီ ဖိအားပေးခဲ့ခြင်း ။ သန်းခေါင်းစာရင်း ကောက်ယူပေးဖို့ ဆရာ/ဆရာမတွေ ဖိအားပေးခြိမ်းခြာက် ခံနေရခြင်း။

  • အောက်တိုဘာ (၂) - စစ်ကောင်စီလေကြောင်းရန်ကြောင့် လားရှိုးမှာ ဖုန်းနဲ့ အင်တာနက်လိုင်းတွေ MNDAA ဖြတ်ထားဟု မြို့ခံများပြောခဲ့ခြင်း

  • အောက်တိုဘာ (၃) - မြန်မာနိုင်ငံမှ အလည်နိုင်ငံကူးလက်မှတ် PV ဖြင့် ပြည်ပအလုပ်အတွက် လေဆိပ်မှ ထွက်ခွာ ခွင့်မပြုဟု စစ်ကောင်စီက ဒုတိယအကြိမ် ထပ်မံကြေညာခဲ့ခြင်း။ ကချင်ပြည်နယ်တခုလုံး ဖုန်းလိုင်းနဲ့ အင်တာနက်လိုင်းတွေ ပြတ်တောက်နေတာ ၂ လကျော်ရှိလာပြီဖြစ်ခြင်း။

  • အောက်တိုဘာ (၄) - ရှမ်းမြောက် လားရှိုးတွင် စက်တင်ဘာလမှ အောက်တိုဘာ (၄) ရက်အထိ လေကြောင်းတိုက်ခိုက်မှု (၁၄) ကြိမ် ဖြစ်ခဲ့ပြီး ဒေသခံ (၈) ဦး သေဆုံးကာ (၅၅) ဦး ထိခိုက်ဒဏ်ရာရခဲ့ခြင်း ။ မင်းအောင်လှိုင် စစ်အုပ်စုပြုတ်ကျမည်ကို တရုတ်ကမလိုလားကြောင်း လျှို့ဝှက်အစည်းအဝေးမှတ်တမ်းက ဖော်ပြနေခဲ့ခြင်း။ စစ်ရေးသတင်းပေါက်ကြားမှုမဖြစ်ဖို့ဆိုတဲ့ အကြောင်းပြချက်နဲ့ ပြည်သူတွေသုံးနေတဲ့ Starlink အင်တာနက်ကို ၁ လပိတ်ဖို့ NUG စာထုတ်ခဲ့ခြင်း ။

  • အောက်တိုဘာ (၆) - လားရှိုးမြို့နယ်အတွင်း စစ်ကောင်စီရဲ့ လေကြောင်းရန် ကာကွယ်ရန်အတွက်ဆိုကာ ကိုးကန့်တပ်မတော် (MNDAA) က အင်တာနက်လိုင်း ဖြတ်တောက်ထားခဲ့ခြင်း။ ကချင်ပြည်နယ်အတွင်း ဖုန်းလိုင်း၊ အင်တာနက်လိုင်း ပြတ်တောက်ပြီး စစ်ရှောင်များ သတင်းအချက်အလက် ရရှိမှု အခက်အခဲဖြစ်ပေါ်နေခဲ့ခြင်း။ သီပေါတိုက်ပွဲမှာ သတင်းရယူနေစဉ် လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခံရမှုကြောင့် ရွှေဖီမြေနဲ့သံလွင်ခတ်သတင်းထောက်၂ဦး ထိခိုက်ဒဏ်ရာရခဲ့ခြင်း။

  • အောက်တိုဘာ (၇) - လားရှိုးတွင် ကိုးကန့်တပ်မတော် (MNDAA) က အင်တာနက်သုံးစွဲမှု ထပ်မံ ကန့်သတ်ပြီးနောက် လားရှိုးမြို့ လုံခြုံရေး အခြေအနေနဲ့ ပတ်သက်တဲ့ သတင်းတု/သတင်းအမှားတွေ ပိုမိုပျံ့နှံလာဟု ရွှေဖီမြေ သတင်းဋ္ဌာန ပြောခဲ့ခြင်း။

  • အောက်တိုဘာ (၈) - ဒေါက်တာဇော်မြင့်မောင်နာရေးက ပြန်လာတဲ့ ဆိုင်ကယ်တွေနဲ့ ဖုန်းတွေကို စစ်တပ်က ပစ်မှတ်ထား ဖမ်းဆီးစစ်ဆေးနေခဲ့ခြင်း။

  • အောက်တိုဘာ (၉) - ရခိုင်-မြန်မာ တေးသံရှင်နှင့် ပိုးထည်တိုက်ပိုင်ရှင် မဆုမြတ်ထက်ကို နေအိမ်တွင် စစ်တပ်က လာရောက် ဖမ်းဆီးခဲ့ခြင်း။

  • အောက်တိုဘာ (၁၀) - ဆက်သွယ်ရေး ဖြတ်တောက်ခံရတဲ့ မြို့ ကိုးဆယ်ကျော်မှာ သတင်းအချက်အလက်သိရဖို့ ခက်ခဲနေ ဟု RFA မှ ရေးသားဖော်ပြခဲ့ခြင်း။

  • အောက်တိုဘာ (၁၅) - ရခိုင်ပြည် ဖုန်းလိုင်း၊ အင်တာနက်လိုင်း ဆက်သွယ်ရေး လုံးဝ ပြတ်တောက်သွားခဲ့ခြင်း။ စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်းမြို့နယ်အားလည်း ဖုန်းလိုင်းအားလုံး ဖြတ်တောက်ထားသည်မှာ (၅) လကျော်ရှိလာခဲ့ခြင်း။

  • အောက်တိုဘာ (၁၆) - Freedom House ရဲ့ နှစ်စဉ် အင်တာနက်လွတ်လပ်ခွင့် Freedom on the Net အစီရင်ခံစာအရ တရုတ်နဲ့ မြန်မာ အင်တာနက်လွတ်လပ်ခွင့် အချိုးဖောက်ဆုံး ပူးတွဲနိုင်ငံအဖြစ်ရပ်တည်ခဲ့ခြင်း။ Freedom House ရဲ့ Freedom on the Net အစီရင်ခံစာအရ အင်တာနက်လွတ်လပ်ခွင့် တိုင်းတာမှုတွင် အမှတ် (၁၀၀) အနက် (၉) မှတ်သာရ။ ပြီးခဲ့သည့် နှစ်ထက် တစ်မှတ် ထပ်မံလျော့ကျခဲ့ခြင်း။

  • အောက်တိုဘာ (၁၇) - မြိတ်ခရိုင်အတွင်းရှိ ကျွန်းစုမြို့နယ်နှင့်မောတောင်မြို့မှအပ ကျန်ဒေသများတွင် MPT ဖုန်းလိုင်းနှင့် အင်တာနက်လိုင်းများ ပြတ်တောက်နေခဲ့ခြင်း

  • အောက်တိုဘာ (၁၈) - ရှမ်းပြည်နယ် ပင်လောင်းမြို့နယ်တွင်လည်း ဖုန်းလိုင်းနှင့် အင်တာနက်လိုင်းများ ပြတ်တောက်နေခဲ့ခြင်း

  • အောက်တိုဘာ (၂၀) - ပြန်လည်လွတ်မြောက်လာသည့် နိုင်ငံရေးအကျဉ်းသားများကို စစ်ကောင်စီက ဥပဒေမဲ့ပြန်လည်ဖမ်းဆီးနေဟု မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) ပြောခဲ့ခြင်း ထိုသို့ပြုလုပ်ခြင်းသည် လူတစ်ဦး၏ လွတ်လပ်စွာသွားလာခွင့်၊ ထုတ်ဖော်ပြောဆိုခွင့်ကို ပိတ်ပင်တားဆီးခြင်းဖြစ်ပြီး လူ့အခွင့်အရေးကို ဆိုးရွားစွာချိုးဖောက်ခြင်းဖြစ်သည်ဟု PPNM ဆိုခဲ့ခြင်း။

  • အောက်တိုဘာ (၂၁) - မြိတ်၊ တနင်္သာရီနှင့် ပုလောတွင် MPT ဖုန်းလိုင်းနှင့် အင်တာနက်လိုင်းများ ပြတ်တောက်ခဲ့ခြင်း။ မိမိပိုင်နိုင်ငံသားစိစစ်ရေးကဒ်၊ Mobile SIM Card၊ Mobile Payment Account နှင့် Bank Account များအား မသက်ဆိုင်သူထံ အခကြေးငွေဖြင့် ရောင်းချခြင်း၊ ငှားရမ်းအသုံးပြုစေခြင်းများ ဆောင်ရွက်ပါက အရေးယူမည်ဟု ထုတ်ပြန်ခဲ့ခြင်း။

  • အောက်တိုဘာ (၂၄) - နောင်ချိုမြို့နယ်တွင် ဖုန်းနှင့် အင်တာနက်လိုင်းများ ဖြတ်တောက်ခံထားရပြီး နေစဥ် လူနေရပ်ကွက်နှင့် ကျေးရွာများ လေကြောင်းမှ ဗုံးကြဲ တိုက်ခိုက်ခံနေရသဖြင့် အရပ်သား သေဆုံးမှုများ ရှိနေကြောင်း TNLA က ထုတ်ပြန်ထားခဲ့ခြင်း

  • အောက်တိုဘာ (၂၅) - စစ်အာဏာရှင်ဟောင်း ဦးသန်းရွှေ၏ သားမက်ဖြစ်သူ ဒေါက်တာနေစိုးမောင်အား ပြည်ကြီးတံခွန်မြို့မရဲစခန်းတွင် ဖမ်းဆီးထိန်းသိမ်းထားဟု စစ်ကောင်စီ သတင်းထုတ်ပြန်ခဲ့ခြင်း။ ပင်လည်ဘူးရှိ စစ်ကောင်စီတပ်သားများထံ ရဟတ်ယာဉ်ဖြင့် ပို့ပေးသော Starlink စက် တော်လှန်ရေးအင်အားစုထံ ရောက်သွားခဲ့ခြင်း နှင့် အင်တာနက်ပိတ်ထားမိသည့် စစ်ကောင်စီလည်း Starlink သုံးနေရခဲ့ခြင်း။

  • အောက်တိုဘာ (၂၆) - ပြင်ဦးလွင်မြို့တွင် ဖုန်းနှင့် အင်တာနက်လိုင်းအချို့ ပြတ်တောက်ခဲ့ခြင်း

  • အောက်တိုဘာ (၂၈) - ဖုန်းလိုင်း၊ အင်တာနက်လိုင်း ဖြတ်တောက်ခံထားရသည် ရခိုင်ပြည်အတွင်း သတင်းအချက်အလက် မှန်မှန်ကန်ကန် သိရရန် ရခိုင်သတင်းသမားအချို့က “အာရက္ခဒတ်ချ်- ARAKKADESH” အမည်ဖြင့် သတင်းဂျာနယ်ထုတ်ဝေခဲ့ခြင်း။ ကချင်ပြည်နယ် မြစ်ကြီးနားတွင် စစ်ကောင်စီက Starlink Wifi စက်များ လိုက်လံသိမ်းယူခဲ့ခြင်း။

  • အောက်တိုဘာ (၂၉) - လားရှိုးမြို့ပေါ်တွင် ဖုန်းလိုင်းဖြတ်တောက်ခံထားရသဖြင့် မြို့ပြင် ၁၆မိုင်အကွာသို့သွားကာ ဖုန်းပြော နေရခဲ့ခြင်း။

  • အောက်တိုဘာ (၃၀) - မြန်မာရုပ်ရှင်ဇာတ်ကားကို ဝေဖန်ရေးသားခဲ့တဲ့ ကိုရှိုင်းထက်အောင်(ခ) ဗွီးထက်ကူးမားကို နိုင်ငံတော်တည်ငြိမ်အေးချမ်းရေး ပျက်ပြားအောင် လူမှုကွန်ရက်စာမျက်နှာကနေ လှုံ့ဆော်ဝါဒဖြန့်တယ်ဆိုပြီး စစ်ကောင်စီက ဖမ်းဆီးခဲ့ခြင်း။

  • အောက်တိုဘာ (၃၁) - သတင်းသမားတွေသတ်ဖြတ်ခံရမှု CPJ အစီရင်ခံစာထဲ မြန်မာပါဝင်ခဲ့ခြင်း။

  • အောက်တိုဘာလအတွင်း လူမှုကွန်ယက်ပေါ်တွင် ပြောဆိုရေးသားမှုများကြောင့် ဖမ်းဆီးခံရသူ အနည်းဆုံး (၂၈) ဦးခန့်ရှိခဲ့ခြင်း စတဲ့ဖိနှိပ်မှုဖြစ်စဉ် တွေပဲဖြစ်ပါတယ်။

September 2024

  • စက်တင်ဘာ (၁) - ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့မှာ ဖုန်းနဲ့ အင်တာနက်လိုင်းတွေ ပြတ်တောက်နေတာ နှစ်လကျော် ရှိလာခဲ့ခြင်း၊ စစ်အုပ်စုက သပိတ်ကျင်းနယ်အား ဖုန်းနဲ့ အင်တာနက် လိုင်းတွေ ဖြတ်တောက်ထားခဲ့ခြင်း။

  • စက်တင်ဘာ (၂) - ရွှေကုက္ကိုလ် လောင်းကစားနဲ့ ကျားဖြန့်မြို့သစ်ဆီ ဖိုက်ဘာကေဘယ်ကြိုး ခိုးသွယ်ဖို့ လုပ်ဆောင်နေသူ ထိုင်းနိုင်ငံသားတစ်ဦးကို ထိုင်း ဆိုက်ဘာရဲတပ်ဖွဲ့ကဖမ်းဆီးခဲ့ခြင်း၊ ရခိုင်ပြည်နယ်၊ မာန်အောင်ကျွန်းကို စစ်ကောင်စီ အင်တာနက် စတင်ဖြတ်တောက်ထားခဲ့ခြင်း။

  • စက်တင်ဘာ (၄) - မိုးကုတ်မြို့တွင် TLNA က Starlink အင်တာနက်ဖြင့် အင်တာနက် အခမဲ့ အသုံးပြုခွင့်ပေးခဲ့ခြင်း။

  • စက်တင်ဘာ (၇) - လားရှိုးမြို့တွင် အင်တာနက်၊ ဖုန်းလိုင်းနှင့် လျှပ်စစ်မီးပြန်ရခဲ့ခြင်း၊ ချင်းမှာ ဟားခါးကလွဲပြီး မြို့နယ်အားလုံး ဖုန်းနဲ့ အင်တာနက်လိုင်းတွေ ဖြတ်တောက်ခံထားရခဲ့ခြင်း၊ ရေးမြို့နယ်အတွင်း ကျေးရွာများတွင် နှစ်ဖက်တိုက်ပွဲများ မကြာခဏ ဖြစ်ပွားနေပြီး ဖုန်းလိုင်းနှင့် အင်တာနက်လိုင်းများလည်း ဖြတ်တောက်ခံနေရခဲ့ခြင်း။

  • စက်တင်ဘာ (၁၀) - DVB TV News YouTube channel ဟက်လုပ်ခြင်းခံခဲ့ရခြင်း၊ မိုးကုတ်မြို့ စီမံအုပ်ချုပ်ရေးကောင်စီက ပုဂ္ဂလိက စတားလင့် အင်တာနက် လုပ်ကိုင်ခွင့် တိုးချဲ့ပေးလို့ အသုံးပြုခတွေ ဈေးနှုန်းကျဆင်းလာခဲ့ခြင်း၊ တာချီလိတ်မြို့နယ်တွင် ရေကြီးပြီး ဖုန်း၊ အင်တာနက်နှင့် လျှပ်စစ်မီးလိုင်းမျာ ပြတ်တောက်ခဲ့ခြင်း။

  • စက်တင်ဘာ (၁၁) - သျှမ်းပြည်တောင်ပိုင်း တောင်ကြီး၊ ညောင်ရွှေ၊ ရွှေညောင်၊ အောင်ပန်း ၊ကလော အစရှိသည့်မြို့များတွင်ရေကြီးမှုများဆက်တိုက်ဖြစ်ပေါ်နေပြီး ဖုန်းလိုင်းများ ပြတ်တောက်နေခဲ့ခြင်း။

  • စက်တင်ဘာ (၁၃) - ရှမ်းမြောက် လားရှိုးမြို့ အပါအဝင် နေရာအများစုတွင် ဖုန်းလိုင်းနှင့် အင်တာနက်လိုင်းများ ပြန်လည်ပြတ်တောက်ခဲ့ခြင်း၊ မြစ်ကြီးနားမှာ IP Starနဲ့ Star Link တပ်ဆင်ထားတဲ့ ဆိုင်တစ်ချို့နဲ့ ဟိုတယ်ကို စစ်ဆေးရေးတင်းကြပ်ပြီး ဖမ်းဆီးတာတွေရှိနေခဲ့ခြင်း။

  • စက်တင်ဘာ (၁၅) - ညောင်လေးပင်ခရိုင်နှင့် တောင်ငူခရိုင်အတွင်းရှိ နယ်မြေများတွင် ဆက်သွယ်ရေး ဖြတ်တောက်ခံရသည့်အတွက် ကယ်ဆယ်ရေးလုပ်ငန်းများ နှောင့်နှေးဟု ဒေသခံနှင့်နယ်မြေတာဝန်ရှိသူများ ပြောခဲ့ခြင်း။

  • စက်တင်ဘာ (၁၆) - Data for Myanmar အဖွဲ့၏ အဆိုအရ စစ်အာဏာသိမ်းမှု စတင်ပြီးနောက် အွန်လိုင်းပေါ်မှ စစ်တပ်ဆန်ကျင် ရေးသားမှုများနှင့် ဒီမိုကရေစီလှုပ်ရှားမှုများကို ထောက်ခံရေးသားမှုများကြောင့် လူဦးရေ (၁၆၉၁) ဦး အဖမ်းခံရခဲ့ခြင်း၊ အင်းလေးကန်တွင် ရေကြီးပြီး ဖုန်းနှင့်အင်တာနက်လိုင်းများ​ပြတ်တောက်ခဲ့ခြင်း၊ စက်တင်ဘာ (၁၆) ရခိုင်မှာ ဖုန်းလိုင်းနှင့် အင်တာနက် ပြတ်တောက်နေဆဲဖြစ်၍ မုန်တိုင်းသတင်း မသိရသလို လူမှုစီးပွားလည်ပတ်ခြင်းမှာ ထိခိုက်နေကြခဲ့ခြင်း၊ ရှမ်းအရှေ့ မိုင်းဆတ်၊ မိုင်းတုံ ခရိုင် (၂)ခု မှာ ရေကြီးပြီး ဆက်သွယ်ရေးလိုင်းများ ပြတ်တောက်ခဲ့ခြင်း။

  • စက်တင်ဘာ (၁၇) - စစ်ပွဲနှင့်ရေဘေးကြောင့် ရှမ်းပြည်တွင် GSM ဖုန်းလိုင်းများ ပြတ်တောက်ပြီး CDMA Sim Card များအရောင်းအဝယ်ပြန်ဖြစ်ခြင်း၊

  • စက်တင်ဘာ (၁၈) - ရေနစ်မြုပ်နေသည့် မင်းပြားမြို့နယ်အတွင်းရှိ ကျေးရွာများတွင် ဖုန်းလိုင်း ၊ အင်တာနက်လိုင်းများ ဖြတ်တောက်ခံထားရသည့်အတွက် ကူညီကယ်ဆယ်ရေးလုပ်ငန်းများလည်း ရောက်ရှိရန် ခက်ခဲနေခဲ့ခြင်း၊ စက်တင်ဘာ (၁၈) KBZ pay ဖြင့် ရေဘေးအလှူငွေ ထည့်ဝင်သည့် KBZpay အကောင့်များအား ငွေကြေးချဝါချတယ်ဆိုပြီး KBZ ဘဏ်ပိတ်ပင်ခဲ့ခြင်း၊ အင်တာနက်နှင့် ဖုန်းလိုင်း ဖြတ်တောက်ခံရခြင်းတို့ကြောင့် ရေကြီးခြင်း၊ တောင်ပြိုခြင်းနှင့် မြေပြိုခြင်းများနှင့် တွေ့ကြုံနေရသည့် ရှမ်းတောင်တွင် အရေးပေါ် ကူညီကယ်ဆယ်ရေးများ မရရှိကြောင်း ပအိုဝ်းလူငယ်အစည်းအရုံး (PYO) ပြောခဲ့ခြင်း၊ စက်တင်ဘာ (၁၈) ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ် အနန်ကွင်းတွင် စစ်ကောင်စီနှင့် တော်လှန်ရေးတပ်ဖွဲ့များ ကြားတိုက်ပွဲများပြင်းထန်လာပြီးနောက် ကျေးရွာ (၁၀) ရွာထက်မနဲ ဖုန်းလိုင်းနှင့် အင်တာနက်လိုင်းများပြတ်တောက်ခဲ့ခြင်း။

  • စက်တင်ဘာ (၂၂) - ပဲခူးတိုင်းအနောက်ခြမ်း၊ ပေါင်းတည်မြို့က ရေဘေးသင့်ရန်ပုံငွေဂီတဖျော်ဖြေပွဲမှာ သီချင်းဆိုတဲ့ စစ်ကောင်စီဗိုလ်မှူးဓါတ်ပုံကို လူမှုကွန်ယက်သို့ တင်သဖြင့်ဟုဆိုကာ မြို့ခံလေးဦးဖမ်းစီးခံရခဲ့ခြင်း၊ အာဏာသိမ်းပြီးနောက် အမျိုးသမီးများအပေါ် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုအပါအဝင် အကြမ်းဖက်မှုမျိုးစုံဖြစ်ပွားမှု ပိုမိုတိုးပွားလာကြောင်း Burmese Women Union ပြောခဲ့ခြင်း။

  • စက်တင်ဘာ (၂၃) - ယာဂိ မုန်တိုင်းကြောင့် ပျက်စီသွားသည့် ဆက်သွယ်ရေးစခန်း ၁၅၀၀ ခန့်တွင့် ၁၀၀၀ ခန့်အား ပြန်လည် ပြင်ဆင်ပြီးဟု စစ်ကောင်စီ ထုတ်ပြန်ခဲ့ခြင်း။

  • စက်တင်ဘာ (၂၄) - အွန်လိုင်းလောင်းကစားဂိမ်းများကြောင့် ငွေကြေးဆုံးရှုံးမှုများ ဖြစ်ပေါ်နေသည်ကိုတွေ့ရသဖြင့် ကရင်နီပြည်နယ်အတွင်း တော်လှန်ရေးတပ်ဖွဲ့များအား အွန်လိုင်းဂိမ်း ကစားမှုများအပေါ် ကန့်သတ်ခဲ့ခြင်း။

  • စက်တင်ဘာ (၂၆) - ရေဖြူမြို့နယ်အတွင်းရှိ ဇာဒီ ကျေးရွာတွင် Atom နှင့် Mytel ဖုန်းလိုင်းများ ပြန်ရခဲ့ခြင်း၊ မူဆယ်မှာ တရုတ်နိုင်ငံသား ၁၉၀ ကျော်အပါအဝင် ကျားဖြန့်လုပ်ကိုင်သူ ၅၀၀ ကျော် ဖမ်းဆီးရမိခဲ့တယ်လို့ စစ်ကောင်စီပြောခဲ့ခြင်း။

  • စက်တင်ဘာ (၂၈) - ကချင်ပြည်နယ်တွင် Starlink အင်တာနက် တပ်ဆင်မှုများပြားလာပြီး အင်တာနက် အသုံးပြုခ စျေးနှုန်းများ ကျဆင်းလာခြင်း။

  • စက်တင်ဘာ (၃၀) - ယခုလအတွင်း လူမှုကွန်ယက်ပေါ်တွင် ပြောဆိုရေးသားမှုများကြောင့် ဖမ်းဆီးခံရသူ အနည်းဆုံး ( ၅၇ ) ဦးခန့်ရှိ ခဲ့ခြင်း စတဲ့ ဒစ်ဂျစ်တယ်ဖိနှိပ်မှု ဖြစ်စဉ်တွေ ဖြစ်ခဲ့တာပဲဖြစ်ပါတယ်။

August 2024

  • ဩဂုတ်လ (၁) - ကျောက်မဲတွင် ဖုန်းလိုင်းနှင့်အင်တာနက်လိုင်းမျာ ပြတ်တောက်နေခဲ့ခြင်း။ စစ်ကောင်စီက ပြည်ပမှ ပြန်လာသူများကို ပြန်ထွက်ခွင့်ကန့်သတ်လာပြီး ပြည်ပသို့ ပြန်လည်ထွက်ခွာမည့် အလုပ်သများ (၄၀) ကျော်အား ထွက်ခွာခွင့်ပိတ်ခဲ့ခြင်း။ ဖိနှိပ်မှု၊ ခြိမ်းခြောက်မှုပေါင်းစုံကို ရင်ဆိုင်နေရတယ်လို့ မြန်မာသတင်းစာဆရာများအစည်းအရုံး (IMJA) ပြောကြားခဲ့ခြင်း။

  • ဩဂုတ်လ (၂) - ပို့ကုန် ကုမ္ပဏီ (၁၂) ခုကို ပို့ကုန်ရငွေ အမေရိကန်ဒေါ်လာ ၁၇ ဒသမ ၄၂ သန်း အား နှစ်ပါတ်အတွင်း ပေးသွင်းရန် စာထုတ်ခဲ့ခြင်း။ စစ်ကောင်စီ ဗဟိုဘဏ်က လိုင်စင်မရှိပဲ တရားမဝင် ဒီဂျစ်တယ်ငွေကြေးများ ရောင်းဝယ်လဲလှယ်ခြင်း၊ နိုင်ငံခြားငွေ စကားခြင်း ဟွန်ဒီလုပ်ငန်းဆောင်ရွက်ခြင်းကြောင့်ဟုဆိုရာ လူပုဂ္ဂိုလ် (၉၃) ဦးအား အရေးယူခဲ့ခြင်း။ ရှမ်းမြောက်မြို့နယ်အများစုတွင် ဖုန်းလိုင်းနှင့် အင်တာနက်လိုင်းများ ပြတ်တောက်နေသည်မှာ တစ်ပါတ်ခန့် ရှိလာခဲ့ခြင်း။

  • ဩဂုတ်လ (၃) - စစ်ကိုင်းတိုင်းဒေသကြီး၊ အင်းတော်မြို့မှာ အင်တာနက်အပြင် ဖုန်းလိုင်းပါ ဖြတ်တောက်ခံရခဲ့ခြင်း။

  • ဩဂုတ်လ (၄) - လားရှိုး အခြေစိုက် “၀” ဆက်ဆံရေးရုံးက ဒေသခံပြည်သူများအား င်္ဂြိုလ်တုဝိုင်ဖိုင် အခမဲ့ လာရောက် အသုံးပြုနိုင်ကြောင်း ဖိတ်ခေါ်ခဲ့ခြင်း။

  • ဩဂုတ်လ (၅) - ရေးမြို့နယ်ရှိ ကျေးရွာများတွင် ဇူလိုင်လမှ စတင်ပြီး ဖုန်းလိုင်းမကြာခန ဖြတ်တောက်ခံနေရခဲ့ခြင်း။ ကချင်ပြည်နယ် မိုးညှင်း၊ ဖားကန့် ဒေသများတွင် အင်တာနက်ဖြတ်တောက်ထားမှုကြောင့် Ipstar (သို့) Starlink ရှိရာမြို့နယ်များသို့ သွားရောက်သုံးစွဲနေရ။ သုံးစွဲလိုသူများပြားသည့်အတွက် တစ်ရက်လျှင် လူတစ်ဦး (၁) နာရီသာ အသုံးပြုနိုင်ခြင်း။

  • ဩဂုတ်လ (၆) - အင်တာနက်နှင့် ဖုန်းလိုင်း ပြတ်တောက်နေသော ဖားကန့်တွင် ဝိုင်ဖိုင် (Wifi) အသုံးပြုခမှာ တစ်နာရီလျှင် မြန်မာငွေ (၃၀၀၀၀) အထိ မြင့်တက်ခဲ့ခြင်း။

  • ဩဂုတ်လ (၇) - လွတ်လပ်သော မြန်မာသတင်းမီဒီယာကောင်စီ (IPCM)နှင့် KNU- ကရင်အမျိုးသား အစည်းအရုံး တို့ တွေ့ဆုံဆွေးနွေးပြီး “KNU နယ်မြေ၌ သတင်းမီဒီယာ မူဝါဒဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး” ပူးတွဲကြေညာချက်ထုတ်ပြန်ခဲ့ခြင်း။

  • ဩဂုတ်လ (၈) - ရွေးကောက်ပွဲကျင်းပနိုင်ရေး ကူညီပေးရန် ထိုင်းအစိုးရကို စစ်ကောင်စီတောင်းဆိုခဲ့ခြင်း။

  • ဩဂုတ်လ (၉) - အင်တာနက် ရာဇဝတ်မှုဆိုင်ရာမူကြမ်း ကုလမှာ သဘောတူညီမှုရခဲ့ခြင်း။ မှတ်ပုံတင်ခြင်းမပြုပဲ အွန်လိုင်းစနစ်ဖြင့် ရောင်းချသော ကုန်စည်နှင့် ဝန်ဆောင်မှု လုပ်ငန်းများအား အရေးယူမည်ဟု စီးပွားကူးသန်းမှ ထုတ်ပြန်ခဲ့ခြင်း။

  • ဩဂုတ်လ (၁၀) - လားရှိုးမြို့တွင် အင်တာနက်နှင့် ဖုန်းလိုင်း ဖြတ်တောက်ခံထားရမှုကြောင့် ဒေသခံများအနေဖြင့် ဖုန်းပြောဆိုရန် (၁၂) မိုင်ခန့်အထိ သွားနေရခဲ့ခြင်း။ အူရီဒူးမြန်မာကို ဒေါ်လာ ၅၇၆ သန်းဖြင့် Nine Communications သို့ရောင်းချခဲ့ခြင်း။

  • ဩဂုတ်လ (၁၁) - နမ့်ဆန် နှင့် နမ္မတူတွင် ဖုန်းလိုင်းနှင့် အင်တာနက်လိုင်းများ ပြတ်တောက်နေသည့်အပြင် KBZ Pay အကောင့်များပါ ကျနေသည့်အတွက် ငွေကြေးထုတ်ယူရန် အခက်အခဲဖြစ်ခဲ့ခြင်း။

  • ဩဂုတ်လ (၁၂) - လားရှိုးမြို့ခံများအတွက် Starlink အင်တာနက်ဖြင့် ချိတ်ဆက်၍ MNDAA က အင်တာနက်ဝန်ဆောင်မှု အခမဲ့ပေးခဲ့ခြင်း။ ရှမ်းပြည်နယ် သီပေါမြို့နယ်တွင် မြို့တွင်းတိုက်ပွဲများဖြစ်ပွားပြီး ဖုန်းလိုင်းများ ဆက်သွယ်ရန် ခက်ခဲနေခဲ့ခြင်း။

  • ဩဂုတ်လ (၁၃) - အင်တာနက်ပြတ်တောက်နေသည့် ရှမ်းမြောက်မြို့နယ်များတွင် အင်တာနက်ကို တစ်နာရီ (၅၀၀၀) ကျပ်အထိ ပေးပြီး အသုံးပြုနေရခဲ့ခြင်း။

  • ဩဂုတ်လ (၁၅) - အင်တာနက်ပြတ်တောက်နေသည့် ကရင်နီတွင် ငွေထုတ်ယူနှုန်းအနေနဲ့ လွိုင်ကော်မှာ ၄ ရာခိုင်နှုန်းဝန်းကျင်နဲ့ ဒီးမော့ဆို၊ ဖရူဆို၊ ဖားဆောင်း၊ ဘော်လခဲတို့မှာ ၂၀ ရာခိုင်နှုန်းအထိ ပေးနေရခဲ့ခြင်း။ ရခိုင်ပြည်နယ်၊ ဂွမြို့နယ်၊ ကျိန္တလီမြို့တွင် ဖုန်းလိုင်းနှင့် အင်တာနက်လိုင်းများ ဖြတ်တောက်ထားခဲ့ခြင်း။

  • ဩဂုတ်လ (၁၇) - စစ်ကိုင်းတိုင်းအတွင်းရှိ ဒီပဲရင်းတွင် တိုက်ပွဲများပြင်းထန်နေပြီး ဖုန်းလိုင်းများ ဖြတ်တောက်ခံထားရခဲ့ခြင်း။

  • ဩဂုတ်လ (၁၈) - စစ်ကောင်စီကို လူမှုကွန်ရက်ပေါ်တွင်ဝေဖန် ရေးသားသည်ဟုဆိုကာ မြန်အောင်မြို့နယ်မှ အမျိုးသမီးတစ်ဦးဖမ်းဆီးခံရခဲ့ခြင်း။ လာရှိုးမြို့နေရာအချို့တွင် Mytel ဖုန်းလိုင်းပြန်လည်ရရှိခဲ့ခြင်း။

  • ဩဂုတ်လ (၂၀) - VPN ထူထောင်ခွင့်ပေးရန် UMFCCI မှ တစ်ကိုယ်ကောင်းဆန်သော စီးပွားရေးသမားများ လူမှုကွန်ယက်အသုံးပြုခွင့်မရရန် ပိတ်ပင်ထားသော စစ်ကောင်စီထံ တောင်းဆိုခဲ့ခြင်း။ ကချင်ပြည်နယ် မြို့နယ်အချို့တွင် မိုဘိုင်းဖုန်းလိုင်းများ ပြန်လည်ရရှိခဲ့ခြင်း။

  • ဩဂုတ်လ (၂၂) - ငွေသားအသုံးပြုမှုကို လျှော့ချရန် အတွက် စစ်ကောင်စီက နိုင်ငံဝန်ထမ်းလစာများကို ဒစ်ဂျစ်တယ်နည်းလမ်းဖြင့် ပေးရန် စီစဉ်ခဲ့ခြင်း။ ကျိုက်ထိုတွင် စစ်ကောင်စီတပ် စီးနင်းပစ်ခတ်မှုကြောင့် DVB CJ သတင်းထောက် ကိုဝင်းထွဋ်ဦး(ခ)ဖိုင်ဇယ် နှင့် အလွတ်တန်း သတင်းထောက် ကိုထက်မြတ်သူတို့ သေဆုံးခဲ့ခြင်း။

  • ဩဂုတ်လ (၂၃) - စက်တင်ဘာလ ၃၁ ရက်နေ့ ညသန်းခေါင်းယံမှ စတင်ပြီး စာရင်းစစ်/စာရင်းကောက် (၄၂,၀၀၀)ခန့်ဖြင့် တစ်အိမ်တက်ဆင်း သန်းခေါင်စာရင်း ကောက်ယူသွားမည်ဖြစ်ဟု စစ်ကောင်စီ ထုတ်ပြန်ခဲ့ခြင်း။

  • ဩဂုတ်လ (၂၄) - ဟုမ္မလင်းမြို့မှာ ဖုန်းလိုင်းနဲ့ ဝိုင်ဖိုင် အင်တာနက်လိုင်း ပိတ်ထားတာ ၁လနီးပါးရှိနေခဲ့ခြင်း။

  • ဩဂုတ်လ (၂၅) - တယ်လီဂရမ် အမှုဆောင်အရာရှိချုပ် ပါဗယ် ဒူရော့ဗ်ကို ပြင်သစ်ရဲတပ်ဖွဲ့က ပဲရစ်မြို့တောင်ပိုင်းက လေဆိပ်တစ်ခုမှာဖမ်းဆီးခဲ့ခြင်း။

  • ဩဂုတ်လ (၂၈) - Visit Passport အသစ်ဖြင့် နိုင်ငံခြားထွက်ခွာမည့်သူ အများစုလေဆိပ်မှ ထွက်ခွာခွင့်မရခဲ့ခြင်း။ ရှမ်းပြည်နယ် မြောက်ပိုင်း သီပေါတွင် လေယာဉ်ဖြင့် ဗုံးကျဲခံရပြီးနောက် ဖုန်းလိုင်းများ ပြန်လည် ပြတ်တာက်ခဲ့ခြင်း။​ စစ်မှုထမ်း ခေါ်ဆောင်ရေးအတွက် ဆက်သွယ်ရန် ထုတ်ပြန်ထားသော ဖုန်းနံပါတ်များသို့ ဆက်သွယ်နှောက်ယှက်သည့် ဖုန်းနံပါတ်များအား ပိတ်သိမ်းအရေးယူမည်ဟု ကြေငြာခဲ့ခြင်း။

  • ဩဂုတ်လ (၂၉) - Dawei Watch သတင်းဌာနမှ သတင်းထောက် ကိုမျိုးမြင့်ဦးကို ထောင်ဒဏ် တစ်သက်တစ်ကျွန်း၊ ကိုအောင်ဆန်းဦးကို ထောင်ဒဏ် အနှစ် ၂၀ မြိတ်မြို့ စစ်ခုံရုံးက ချမှတ်ခဲ့ခဲ့ခြင်း။ Tiktok လူမှုကွန်ရက် ပိုမို အသုံးပြုရန် စစ်ကောင်စီဝါဒဖြန့်သူများ လုပ်ဆောင်လာခဲ့ခြင်း။

  • ဩဂုတ်လ (၃၀) - လွတ်လပ်သောမြန်မာသတင်းမီဒီယာကောင်စီ (IPCM) မှ Dawei Watch သတင်းသမား ၂ ဦးအား ထောင်ဒဏ် တသက်တကျွန်းနှင့် နှစ် ၂၀ ချမှတ် ခံရခြင်းကိုကန့်ကွက် ရှုံ့ချခဲ့ခြင်း။ ဩဂုတ်လ (၃၀) ကချင်ပြည်နယ်၊ ဖားကန့် ရပ်ကွက်အချို့မှာ ATOM(Telenor) ဖုန်းလိုင်း ပြန်လည်ရရှိခဲ့ခြင်း။

  • ဩဂုတ်လ (၃၁) - ယခုလအတွင်း လူမှုကွန်ယက်ပေါ်တွင် ပြောဆိုရေးသားမှုများကြောင့် ဖမ်းဆီးခံရသူ အနည်းဆုံး ( 52 ) ဦးခန့်ရှိခဲ့ခြင်း စတဲ့ ဒစ်ဂျစ်တယ်ဖိနှိပ်မှု ဖြစ်စဉ်တွေ ဖြစ်ခဲ့တာပဲဖြစ်ပါတယ်။

July 2024

  • ဇူလိုင်(၁) - မိုးကုတ်တွင် စစ်ပွဲကြောင့် အင်တာနက်နှင့် ဖုန်းလိုင်းများ ပြတ်တောက်ခဲ့ခြင်း။ မြစ်ကြီးနားမြို့တွင်ရေကြီးပြီး ဖုန်းနှင့် အင်တာနက်လိုင်းများ ပြတ်တောက်နေခဲ့ခြင်း။ ပြည်ပ အခြေစိုက် မီဒီယာများဖြစ်သည့် Mizzima၊ The Irrawaddy ၊ Khit Thit နှင့် Myanmar Now တို့ကို အရေးယူဆောင် ရွက်နိုင်ရေး စစ်ကောင်စီ၏ ဝန်ကြီးဌာနများဖြစ်သော ပြည်ထဲရေး၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး၊ လူဝင်ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး ဌာနများက ပူးပေါင်းဆောင်ရွက်နေသည်ဟု ပြန်ကြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့ခြင်း။

  • ဇူလိုင်လ (၂) - ရန်ကုန်မြို့၊ တောင်ဒဂုံမြို့နယ်မှာ စစ်ကောင်စီလက်ပါးစေ ပျူစောထီးအဖွဲ့ဝင်နဲ့ လူမိုက်တွေ ပူးပေါင်းပြီး ဖုန်းထဲ VPN ရှိမရှိ စစ်ဆေးပြီး ခြိမ်းခြောက်ငွေညှစ်ခဲ့ခြင်း။

  • ဇူလိုင်လ (၃) - စဉ့်ကူးမြို့နယ်ထဲတွင် ဖုန်း၊ အင်တာနက်နဲ့ လျှပ်စစ်မီး လိုင်းများ စစ်အုပ်စုက ဖြတ်တောက်ထားခဲ့ခြင်း

  • ဇူလိုင်လ (၅) - လားရှိုးမြို့တွင် ဖုန်းလိုင်းနှင့် အင်တာနက်လိုင်းများ ဆက်သွယ်ရ ခက်ခဲနေခဲ့ခြင်း။

  • ဇူလိုင်လ (၆) - သပိတ်ကျင်းမြို့နယ်တွင် စစ်တပ်က ဖုန်းလိုင်းနှင့် အင်တာနက်လိုင်းများ ဖြတ်တောက်ထားခဲ့ခြင်း။

  • ဇူလိုင်လ (၈) -၂၀၂၅ တွင် ရွေးကောက်ပွဲ ကျင်းပနိုင်ရေး အရှိန်အဟုန်မြှင့် လုပ်ဆောင်နေကြောင်း စစ်ကောင်စီ ပြောကြားခဲ့ခြင်း။

  • ဇူလိုင်လ (၉) - ဗဟိုဘဏ်က ငွေသားထုတ်ယူခွင့် ကန့်သတ်ဖြင့် လုပ်ငန်းရှင်များ အခက်အခဲဖြစ်ပေါ်ခဲ့ခြင်း။

  • ဇူလိုင်လ (၁၀) - လောက်ကိုင်မြို့မှာ တရုတ်ဖုန်းနှင့် အင်တာနက်လိုင်းများ ပြတ်တောက်နေခဲ့ခြင်း။ မိုးမိတ်တွင် တိုက်ပွဲများ ပြင်းထန်နေပြီး ဖုန်းလိုင်းနဲ့ အင်တာနက်လိုင်းများ ဖြတ်တောက်ခံထားရခြင်း။

  • ဇူလိုင်လ (၁၁) - ပြီးခဲ့သည့်လ (၂၄) ရက်နေ့က မိုဘိုင်းအင်တာနက်ပြန်လည်ရရှိခဲ့သော ပူတာအို မြို့တွင် ဖုန်းနှင့် အင်တာနက်လိုင်းများ ပြန်လည်ပြတ်တောက်ခဲ့ခြင်း။

  • ဇူလိုင်လ (၁၂) - ရှမ်းပြည်မြောက်ပိုင်း၊ လားရှိုးမြို့တွင် အင်တာနက်လိုင်းပြတ်တောက်မှုများ ဖြစ်ပေါ်လာခဲ့ခြင်း။

  • ဇူလိုင်လ (၁၅) - မြန်မာနိုင်ငံတွင် Signal Communication App အသုံးပြုမှုအား ပိတ်ပင်ခဲ့ခြင်း။ သံတွဲတွင်တိုက်ပွဲဆက်လက်ပြင်းထန်နေပြီး စစ်ကောင်စီဗုံးကြဲခြင်းကြောင့် တာဝါတိုင်ကျိုးကာ ဖုန်းလိုင်းများ ပြတ်တောက်နေခဲ့ခြင်း။

  • ဇူလိုင်လ (၁၆) - စစ်ကောင်စီက မိုးမိတ်မြို့ကို ဖုန်းလိုင်းနှင့် အင်တာနက်လိုင်းအချို့ ဖြတ်တောက် ထားခဲ့ခြင်း။

  • ဇူလိုင်လ (၁၇) - ကြည့်မြင်တိုင် တစ်ဖက်ကမ်း၊ အောက်ရုံ/စက်ဆန်း ရပ်ကွက်တွင် နေအိမ်များထဲထိဝင်ရောက်ပြီး ဖုန်းထဲတွင် VPN ရှိမရှိ စစ်ဆေးခဲ့ခြင်း။

  • ဇူလိုင်လ (၁၈) - ကလေးတောင်ပိုင်းတွင် Ooredoo ဖုန်းလိုင်းများ ပြတ်တောက်ခဲ့ခြင်း။

  • ဇူလိုင်လ (၁၉) - အင်တာနက်နှင့် ဖုန်းလိုင်း ဖြတ်တောက်ခံရသော ရခိုင်တွင် ငွေသားရှားပါလာပြီး kpay မှ ငွေထုတ်ယူလျှင် (၁၈) ရာခိုင်နှုန်းအထိ လဲလှယ်ခပေးနေရခဲ့ခြင်း။

  • ဇူလိုင်လ (၁၉) - တိုက်ပွဲပြင်းထန်နေတဲ့ မိုးကုတ်မြို့မှာ ဖုန်းနဲ့ အင်တာနက်လိုင်းများ လုံးဝ ပြတ်တောက်ခဲ့ခြင်း။

  • ဇူလိုင်လ (၂၀) - Signal ပိတ်လိုက်ခြင်းကြောင့် ပြည်သူ့တို့ ဆက်သွယ်ရေးလမ်းကြောင်း ပိုခက်ခဲလာခဲ့ခြင်း။ TNLA ထိန်းချုပ်နယ်မြေများဖြစ်သည့် နမ္မတူ၊နမ့်ဆန်၊ နမ့်ခမ်း စသည့်ဒေသများတွင် ဖုန်းလိုင်း၊ အင်တာနက်လိုင်းများ ပြတ်တောက်ခဲ့ခြင်း။

  • ဇူလိုင်လ (၂၂) - အွန်လိုင်းမှ အစားအသောက်၊ အလှကုန်၊ ဆေးဝါး၊ ဆေးပစ္စည်းနှင့် လူသုံးကုန်များရောင်းချမှုများကို တရားမဝင် ကုန်သွယ်မှု အဖြစ် သတ်မှတ်ပြီး ဖမ်းဆီးရန် စစ်ကောင်စီက ညွှန်ကြားခဲ့ခြင်း။ ကချင်ပြည်နယ်မှာ ဇူလိုင် ၂၁ ရက် မနေ့မနက် ဆယ်နာရီခန့်ကစလို့ ဖုန်းလိုင်းနဲ့ အင်တာနက် ဆက်သွယ်ရေးတွေအားလုံး ပြတ်တောက်နေခဲ့ခြင်း။ မိုးကုတ်က တိုက်ပွဲ ဖြစ်ပွားတဲ့ နေရာတွေမှာ စစ်ကောင်စီတပ်က ဖုန်းလိုင်း ဖွင့်ပေးပြီး ကြားဖြတ် နားထောင်မှုတွေ ရှိနေခဲ့ခြင်း။

  • ဇူလိုင်လ (၂၄) - ငွေလိမ်လုပ်ငန်းများကို ဖြိုဖျက်နိုင်ရေး နှိမ်နင်းနိုင်ရေးအတွက် ထိုင်းက ရွှေတြိဂံနယ်မြေကို ဖုန်းနှင့်အင်တာနက်လိုင်းဖြတ်တောက်ခဲ့ခြင်း။

  • ဇူလိုင်လ (၂၆) - မြန်မာနိုင်ငံ ဒေသအများအပြားတွင် အင်တာနက်ဖြတ်တောက်ထားသော စစ်ကောင်စီက E-government အကောင်အထည်ဖော်ဆောင်ရေးအစည်းအဝေးလုပ်ခဲ့ခြင်း။ ချင်းပြည်နယ် ၊ တီးတိန်တွင် အင်တာနက်နှင့် လျှပ်စစ်မီးပြန်လည်ရရှိခဲ့ခြင်း။

  • ဇူလိုင်လ (၂၉) - မန္တလေးတိုင်း၊ မိုးကုတ်မြို့မှာ တော်လှန်ရေး ထောက်ခံသူ အယောက် ၄၀၀ ကို စစ်ကောင်စီတပ်က ကိုယ်ရေးမှတ်တမ်းပြုစုထားပြီး စတင်ဖမ်းဆီးနေပြီလို့ စစ်တပ်ထောက်ခံသူတွေက ရေးသားဖြန့်ဝေခဲ့ခြင်း။

  • ဇူလိုင်လ (၃၁) - ယခုလအတွင်း လူမှုကွန်ယက်ပေါ်တွင် ပြောဆိုရေးသားမှုများကြောင့် ဖမ်းဆီးခံရသူ အနည်းဆုံး (၂၃ ) ဦးခန့်ရှိခဲ့ခြင်း အစရှိသဖြင့် ဒစ်ဂျစ်တယ်ဖိနှိပ်မှု ဖြစ်စဉ်တွေ ဖြစ်ခဲ့တာပဲဖြစ်ပါတယ်။

June 2024

  • ဇွန်လ - (၂) စစ်ကောင်စီက လျှပ်စစ်မီးဖြတ်တောက်ထားသည့် သံတွဲမြို့တွင် မီးမရရှိ၍ ပြည်သူများ၏ လူမှုဘ၀ အခြေအနေ ဆိုးဝါးနေပြီး ဖုန်းတစ်လုံး အားသွင်းရန် ကျပ် ၁၀၀၀ နီးပါးပေးနေရခဲ့ခြင်း

  • ဇွန်လ - (၃) မြန်မာနိုင်ငံတွင် Facebook အား ပိတ်ပင်ပြီး စစ်ကောင်စီက ၎င်းတို့ ဖန်တီးထားသည့် myspace ဖြင့် အစားထိုးရန် ကြိုးပမ်းနေခဲ့ခြင်း

  • ဇွန်လ - (၄) VPN ပိတ်ပင်ရေး ပရောဂျက်ကို ဗိုလ်မှူးချုပ်လူမွန် ဦးဆောင်ပြီး Mascots Technologies & Telecommunication ကုမ္ပဏီ နှင့် တရုတ်ပညာရှင်များ ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်း။ လူမှုကွန်ယက်စာမျက်နှာ ဖေ့ဘုတ် Page များမှ သတင်းမှာ ထုတ်ပြီး ငွေကြေးတည်ငြိမ်မှုပျက်ပြားစေရန် ရည်ရွယ်ချက်ရှိရှိဆောင်ရွက်နေဟု ဗဟိုဘဏ် စာထုတ်ခဲ့ခြင်း။ နိုင်ငံခြားငွေကြေးကစားနေသူများနှင့် ဟွန်ဒီလုပ်ငန်းဆောင်ရွက်လျက်ရှိသည့် လူပုဂ္ဂိုလ် (၃၉)ဦးတို့၏ ဘဏ်ငွေစာရင်များနှင့် Pay Account များအား ဗဟိုဘဏ်က ယာယီဆိုင်းငံ့ခဲ့ခြင်း။

  • ဇွန်လ - (၆) တော်လှန်‌ရေးအင်အားစုတွေအတွက် သီးသန့် VPN (Virtual Private Network) ဆော့ဖ်ဝဲ တစ်ခုကို မကြာခင်မှာ အသုံးပြုနိုင်တော့မယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ပြောခဲ့ခြင်း။

  • ဇွန်လ - (၈) စစ်အုပ်စု၏ ထိန်းချုပ်မှုအောက်မှ ကင်းလွတ်သော နေရာများတွင် လွတ်လပ်သော အင်တာနက်ကွန်ယက် အစားထိုး တည်ဆောက်နိုင်ရေး ကြိုးပမ်းဆောင်ရွက်သွားမည်ဟု NUG ထုတ်ပြန်ခဲ့ခြင်း။

  • ဇွန်လ - (၁၀) အမြန်လမ်း Check Point များတွင် ယာဉ်စစ်ရာမှာ ဖုန်းထဲရှိ VPN များပါ စစ်ဟု Rangoon Scout Network Telegram Channel မှ ဖော်ပြခဲ့ခြင်း။ မန္တလေးမှာ ဖုန်းစစ်ပြီး VPN တွေ့ရင် သိန်းနဲ့ချီပြီး ငွေညှစ်မှုများ ဖြစ်ပေါ်နေဟု ရွှေဖီမြေ သတင်းဋ္ဌာက ဖော်ပြခဲ့ခြင်း။

  • ဇွန်လ - (၁၁) လားရှိုးတွင် VPN အသုံးပြုသူများအား ဖမ်းဆီးမည်ဟု စစ်ကောင်စီ စစ်သားများ ခြိမ်းခြောက်နေကြောင်း ရွှေဖီမြေ သတင်းဋ္ဌာနက ဖော်ပြခဲ့ခြင်း

  • ဇွန်လ - (၁၂) တောင်ကုတ်မြို့နယ်ကို စစ်ကောင်စီက အင်တာနက်နှင့် ဖုန်းလိုင်းများ ဖြတ်တောက်ထားခဲ့ခြင်း။ ဒစ်ဂျစ်တယ်ငွေသားအသုံးပြုရေး ဗဟိုဘဏ်စာထုတ်ခဲ့ခြင်း။

  • ဇွန်လ - (၁၃) တောင်သာမြို့ စစ်ဆေးရေး ဂိတ်များတွင် ဖုန်း VPN စစ်ဆေးနေကြောင်း Magway Regional Scout Network Telegram Channel မှ ဖော်ပြခဲ့ခြင်း။ငွေကြေးဖောင်းပွမှုကြောင့် ဝန်ထမ်းများအား လစာတိုးမြှင့်ပေးသည့် သတင်းများကို လူမှုကွန်ယက်ပေါ်တင်သည့် လုပ်ငန်းရှင်များအား နိုင်ငံတော်ကို မတည်မငြိမ်ဖြစ်စေရန်၊ ငွေကြေးဖောင်းပွမှုနှင့် ကျပ်ငွေတန်ဖိုးထိုးကျစေရန်၊ အကြည်ညိုပျက်စေရန် လုပ်ဆောင်သည်ဟုဆိုကာ ပုဒ်မ (၅၀၅) ဖြင့် အရေးယူခဲ့ခြင်း။

  • ဇွန်လ - (၁၇) မန္တလေးနှင့် တောင်ကြီးတွင် ဖုန်းထဲ VPN ထည့်ထားသူတွေကို ဖမ်းဆီးနေတယ်လို့ လူမှုကွန်ယက်ပေါ် Post တင်သူတွေကို စစ်ကောင်စီက ဖမ်းဆီးအရေးယူခဲ့ခြင်း။ ထိုင်းတာဝါတိုင်များမှ တဆင့် ရယူသုံးစွဲနေသည့် ဖုန်းလိုင်းများ မြဝတီမြို့တွင် ဖြတ်တောက်ခဲ့ခြင်း။

  • ဇွန်လ - (၁၈) ပုသိမ်တွင်စစ်ကောင်စီမှ VPN သုံးမသုံးစစ်ဆေးပြီး ဖမ်းဆီးမှုများပြုလုပ်နေခဲ့ခြင်း။ ချင်းပြည်နယ် မတူပီတွင် မြို့သိမ်းတိုက်ပွဲဖြစ်ပွားနေပြီး ဖုန်းလိုင်းများ ဖြတ်တောက်ခဲ့ခြင်း။

  • ဇွန်လ - (၁၉) လက်ရှိ အင်တာနက်ပိတ်ပင်မှုများတွင် တရုတ်ကမ္ပဏီများ ပါဝင်နေကြောင်း JFM မှ ဖော်ထုတ်ခဲ့ခြင်း။

  • ဇွန်လ - (၂၂) ညောင်တုန်းတွင် လက်ကိုင်ဖုန်းအတွင်း VPN အသုံးပြုမှု စစ်ဆေးစဉ် လူငယ်တစ်ဦးကို စစ်ကောင်စီတပ်မှ ပစ်ခတ်ဖမ်းဆီးခဲ့ခြင်း။ NLD ၏ တရားဝင်ဝက်ဆိုက်စာမျက်နှာ လောင်းကစားဝက်ဆိုက်အဖြစ် ပြောင်းလဲနေခဲ့ခြင်း။

  • ဇွန်လ - (၂၃) မော်လမြိုင်ကျွန်းမြို့တွင် စစ်ကောင်စီကို ဆန့်ကျင်သည့်စာများ လူမှုကွန်ရက်ပေါ် တင်သည် ဟုဆိုကာ အမျိုးသားတစ်ဦးဖမ်းဆီးခံရခဲ့ခြင်း

  • ဇွန်လ - (၂၄) ၂၀၂၄ ခုနှစ် စက်တင်ဘာလ (၃၀) ရက်နေ့တွင် ပြည်လုံးကျွတ် သန်းခေါင်စာရင်းကောက်မည်ဟု စစ်ကောင်စီ ကြေညာခဲ့ခြင်း။ ပူတာအိုတွင် ဖုန်းအင်တာနက်လိုင်းများ ပြန်ရခဲ့ခြင်း။

  • ဇွန်လ - (၂၅) စစ်ကောင်စီ၏ အင်တာနက် ဖြတ်တောက်မှုကြောင့် မြိုင်မြို့နယ်အတွင်းရှိ လူထုအနေဖြင့် သတင်းအချက်အလက်ရရှိမှု ပျက်တောက်နေခဲ့ခြင်း။ စစ်ကောင်စီနှင့်တိုက်ပွဲများ ပြင်းထန်လာပြီးနောက် ကျောက်မဲတွင် ဖုန်းလိုင်းများ ဆက်သွယ်ရန် ခက်ခဲခဲ့ခြင်း။

  • ဇွန်လ - (၂၆) နောင်ချိုတွင် တယ်လိီနော ဖုန်းလိုင်းတစ်ခုသာ ဆက်သွယ်နိုင်ခဲ့ခြင်း။

  • ဇွန်လ - (၂၉) ရှမ်းမြောက် မြို့နယ်အများစုတွင် လျှပ်စစ်မီးနှင့် ဖုန်းလိုင်း ပြတ်တောက်နေခဲ့ခြင်း။

  • ဇွန်လ - (၃၀) ချီဖွေသွားသည့်လမ်း ရှငှော် ရှိ MPT တာဝါတိုင်အား ဆီဖြည့်ရန် ခွင့်မပြုသဖြင့် ဖုန်းလိုင်းများ ပြတ်တောက်နေကြောင်း ဟိုပင်လျှပ်စစ်ဋ္ဌာန၏ ဖေ့ဘုတ်စာမျက်နှာမှရေးသားခဲ့ခြင်း။ ဇွန်လအတွင်း လူမှုကွန်ယက်ပေါ်တွင် ပြောဆိုရေးသားမှုများကြောင့် ဖမ်းဆီးခံရသူ အနည်းဆုံး (၃၇ ) ဦးခန့်ရှိခဲ့ခြင်း အစရှိသဖြင့် ဒစ်ဂျစ်တယ်ဖိနှိပ်မှု ဖြစ်စဉ်တွေ ဖြစ်ခဲ့တာပဲဖြစ်ပါတယ်။

May 2024

  • မေလ - (၁) အမျိုးသားများ ပြည်ပထွက် အလုပ်လုပ်ခွင့်ကို စစ်ကောင်စီ ပိတ်ပင်ခဲ့ခြင်း

  • မေလ - (၃) NUG က “စာနယ်ဇင်းလွတ်လပ်ခွင့်နှင့် သတင်းမီဒီယာဆိုင်ရာ အမျိုးသားညီညွတ်ရေးအစိုးရ၏ သဘောထားရပ်တည်ချက်” ထုတ်ပြန်ခဲ့ခြင်း။

  • လွတ်လပ်သောမြန်မာသတင်းမီဒီယာကောင်စီ (IPCM) မှ သတင်းမီဒီယာကျင့်ဝတ်ထုတ်ပြန်ခဲ့ခြင်း။

  • ၂၀၂၄ ခုနှစ် RFS မီဒီယာညွှန်းကိန်းအရ မြန်မာ့မီဒီယာ လွတ်လပ်ခွင့်သည့် နိုင်ငံပေါင်း (၁၈၀) အနက် (၁၇၁) နိုင်ငံတွင် ရပ်တည်နေခဲ့ခြင်း။

  • မေလ - (၄) ဖေဖော်ဝါရီ (၁) ရက်နေ့ အာဏာ သိမ်းခံရပြီးနောက်စစ်ကောင်စီက သတင်းသမားများစွာကို ဖမ်းဆီးခဲ့​ပြီး ယခုအချိန်အထိ သတင်းသမား (၅၂) ဦးမှာ အကျဉ်းထောင်များတွင် ရှိနေပြီး သတင်းမီဒီယာ (၁၉) ခု လိုင်စင်ရုပ်သိမ်းခံခဲ့ရကြောင်း လွတ်လပ်သော သတင်းမီဒီယာ ကောင်စီ (IPCM) ၏ ထုတ်ပြန်ချက်တွင်​ဖော်ပြခဲ့ခြင်း။

  • မေလ - (၆) DMG သတင်းထောက်နှင့် ရုံးဝန်ထမ်းအား ယခင်ဖွင့်ထားသည့် ဆက်သွယ်ရေးဥပေဒပုဒ်မကနေ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ဖြင့် ပြောင်းလဲ အမှုဖွင့်ခဲ့ခြင်း။

  • မကွေးတိုင်း ပေါက်မြို့နယ်တွင် ဖုန်းလိုင်းနှင့် အင်တာနက်လိုင်းများ ဆက်သွယ်ရ ခက်ခဲနေခဲ့ခြင်း။

  • မေလ - (၈) ထားဝယ်ခရိုင်တွင် ဖုန်းနှင့် အင်တာနက် ဆက်သွယ်ရေးလိုင်းများလည်း မကြာခဏ ပြတ်တောက်‌နေခဲ့ခြင်း။

  • မေလ - (၉) မြန်မာ့ယဉ်ကျေးမှုနှင့် ဆန့်ကျင်သည့် ပြကွင်းပြကွက်ပါသည့် ထုတ်လုပ်ပြသမှုများအား အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေးဥပဒေ ပုဒ်မ (၃၃) ဖြင့် အရေးယူနေပြီဖြစ်ကြောင်း မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးမှ ကြေငြာခဲ့ခြင်း။

  • မေလ - (၁၀) ရွှေကုက္ကိုလ်ကို ပေးထားသော ဖုန်းနှင့် အင်တာနက်လိုင်းများကို ထိုင်းဘက်က ဖြတ်တောက်ခဲ့ခြင်း။

  • မိုဘိုင်းဆက်သွယ်ရေး ဖြတ်တောက်ခံရတဲ့မြို့နယ် ကိုးဆယ်နီးပါးရှိနေဟု အသံအဖွဲ့မှပြောခဲ့ခြင်း။

  • မေလ - (၁၃) UID နံပါတ်အတုများ ကိုင်ဆောင်အသုံးပြုပါက ဥပဒေနှင့်အညီ အရေးယူခံရ မည်ဟု လဝက အသိပေးကြေညာခဲ့ခြင်း။

  • မေလ - (၁၄) ပြည်ပထွက်ခွာသူများအနေဖြင့် UID နံပါတ်များ ပြုလုပ်ထားကြရန် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန(လဝက) မှ ကြေငြာခဲ့ခြင်း။

  • မေလ - (၁၅) “အချစ်ခံကြည့်”သီချင်း သရုပ်ဆောင် သရုပ်ဆောင်ဗညားဘုန်းပြည့်နဲ့ရွှေဆုတို့ကိုတော့ ပုဇွန်တောင်ရဲစခန်းက အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေးဥပဒေ ပုဒ်မ - ၃၃(က)ဖြင့် အမှုဖွင့်အရေးယူခဲ့ခြင်း။

  • မေလ - (၁၇) KeepItOn အစီရင်ခံစာအရ ၂၀၂၃ ခုနှစ် မြန်မာနိုင်ငံ၏ အင်တာနက်ဖြတ်တောက်မှုသည့် ကမ္ဘာ့နိုင်ငံများအားလုံးတွင် ဒုတိယ အများဆုံးဖြစ်ခဲ့ခြင်း။

  • မေလ - (၂၁) သံတွဲကို စစ်ကောင်စီက ဖုန်းလိုင်း၊ အင်တာနက် ဖြတ်ထားသည့်အပြင် လျှပ်စစ်မီးပါ ဖြတ်တောက်ခဲ့ခြင်း။

  • မေလ - (၂၂) ပြည်တွင်းပြည်ပ ခရီးသွားလာမှုများတွင် EID ကဒ်များ ပြသရန် ဖိအားပေးလာမှုကြောင့် EID ကဒ်များ ပိုမို လုပ်ဆောင်လာကြခဲ့ခြင်း။

  • အရှေ့တောင်အာရှဒေသတွင်း အွန်လိုင်း ရာဇဝတ်လုပ်ငန်းတွေမှာ စောချစ်သူဦးဆောင်တဲ့ ကရင် BGF/KNA က တာ၀န်ရှိကြောင်း Justice for Myanmar (JFM) က ထုတ်ပြန် ခဲ့ခြင်း။

  • မေလ - (၂၄) ဘီးလင်းက မစောတံတား မိုင်းခွဲခံရပြီးနောက် မော်လမြိုင်အပါအဝင် ပြည်နယ်အတွင်းက မြို့နယ်တချို့မှာ ဖုန်းလိုင်းနဲ့အင်တာနက်လိုင်းတချို့ ပြတ်တောက်ခဲ့ခြင်း။

  • မေလ - (၂၅) အမေရိကန်‌ ဒေါ်လာအပါအဝင် Digital ငွေကြေးများအား တရားမဝင် ရောင်း/ဝယ်ခြင်း၊ လဲလှယ်ခြင်းများပြုလုပ်ပါက ငွေကြေးခဝါချမှုဥပဒေအပါအဝင် အခြားငွေကြေးဥပဒေများဖြင့်ပါ အရေးယူမည်ဟု ဗဟိုဘဏ် ကြေငြာခဲ့ခြင်း။

  • မေလ - (၂၇) လူမှုကွန်ယက်စာမျက်နှာမှတဆင့် ငွေလွှဲလုပ်ငန်း လုပ်ဆောင်နေသည့် Page (16) ခုအား အရေးယူရန် ဆောင်ရွက်နေကြောင်း ဗဟိုဘဏ် ထုတ်ပြန်ခဲ့ခြင်း။

  • မေလ - (၂၉) မြန်မာနိုင်ငံ နယ်စပ်ဒေသ ငွေလိမ်လုပ်ငန်းတွေမှာ Starlink အသုံးပြုမှုတွေရှိခဲ့ခြင်း။

  • ဝိုင်းမော်မြို့ကို စစ်ကောင်စီက လျှပ်စစ်မီးဖြတ်တောက်ခဲ့ခြင်း။

  • မေလ - (၃၀) Online Social Media Platform များဖြစ်သည့် Facebook၊ Viber ၊ Telegram မှ ID အတုများဖြင့် ငွေလဲလှယ်နှုန်းများ တိုးမြှင့်ကောက်ခံနေသောကြောင့် ငွေလဲနှုန်း မတည်ငြိမ်ဖြစ်ဟု ဗဟိုဘဏ်မှ စာထုတ်ခဲ့ခြင်း။

  • VPN များ သုံးစွဲမရစေရန် စစ်ကောင်စီ စတင်ပြုလုပ်ခဲ့ခြင်း။

  • မေလ - (၃၁) ကချင်ပြည်နယ်မှာ Atom (Telenor) နဲ့ Ooredoo ဖုန်းလိုင်းပြတ်‌တောက်ခဲ့ခြင်း။

  • ယခုလအတွင်း လူမှုကွန်ယက်ပေါ်တွင် ပြောဆိုရေးသားမှုများကြောင့် ဖမ်းဆီးခံရသူ အနည်းဆုံး (၁၆) ဦးခန့်ရှိခဲ့ခြင်း စတဲ့ ဖိနှိပ်မှုဖြစ်စဉ်တွေပါဝင်ခဲ့ပါတယ်။

April 2024

  • ဧပြီ (၂) - ကချင်ပြည်နယ်အတွင်းက မြို့နယ်အချို့မှာ ဖုန်းအော်ပရေတာ လိုင်းတချို့ ပြန်လည်ပြတ်တောက်ခဲ့ခြင်း။

  • ဧပြီ (၄) - မြန်မာ့ယဉ်ကျေးမှုနှင့် ဆန့်ကျင်သော တေးသီချင်းဗီဒီယိုများကို လူမှုကွန်ရက်ပေါ်တွင် လွှင့်တင်သူများအား ဥပဒေနှင့်အညီ အမှုဖွင့်ဆောင်ရွက်လျက်ရှိ MOI ကြေငြာခဲ့ခြင်း။

  • ဧပြီ (၅) - တယ်လီနောအနေဖြင့် ၎င်း၏ လက်လွှဲရောင်းချမှု အစီအစဉ်အား ကသုတ်ကယက်ဖြင့် လုပ်ဆောင်ခဲ့ရခြင်းကြောင့် အရှုံးပေါ်ဟုဆိုကာ တရားစွဲဆိုရန်ပြင်ဆင်ခဲ့ခြင်း။

  • ဘီယာဗိုက် တေးသီချင်းဗီဒီယို ရိုက်ကူးထုတ်လွှင့်ပြသခဲ့သည့် အဆိုတော် မေသူ၊ ဟာသသရုပ်ဆောင် အိုကေ နှင့် အခြားသက်ဆိုင်သူများအား အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေးဥပဒေပုဒ်မ - ၃၃(က) ဖြင့် အမှုဖွင့်ခဲ့ခြင်း။

  • နယ်စပ်ဖြတ်သန်း သွားလာသူများ မှတ်ပုံတင်အပြင် UID လက်မှတ် ပါမှသာ နယ်စပ်ဖြတ်သန်း လက်မှတ်များ ပြုလုပ်ပေးတော့မည်ဟု စစ်ကောင်စီက အသိပေး ကြေညာခဲ့ခြင်း။

  • မလေးရှားအခြေစိုက် တာဝါတိုင် ဝန်ဆောင်မှု ကုမ္ပဏီ Axiata Group မြန်မာနိုင်ငံမှ ထွက်ခွာရန် ပြင်ဆင်ခြင်း။

  • ဧပြီ (၆) - မြ၀တီမြို့တွင် မြန်မာဖုန်းလိုင်းများအားလုံး ပြတ်တောက်ခဲ့ခြင်း။

  • ဧပြီ (၈) - စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်ကို ဖုန်းနှင့်အင်တာနက်လိုင်း ပြတ်တောက်ထားခဲ့ခြင်း။

  • ဧပြီ (၉) - ကရင်ပြည်နယ်၊ မြဝတီမြို့တွင် အင်တာနက်လိုင်း ပြတ်တောက်မှု ပိုမိုဆိုးရွားလာခဲ့ခြင်း။

  • ဧပြီ (၁၀) - MPT နှင့်ဖက်ဆက်လုပ်ကိုင်နေသည့် ဂျပန်ဆက်သွယ်ရေး လုပ်ငန်းစု KDDI အရှုံးပေါ်ကြောင်း ထုတ်ပြန်ခဲ့ခြင်း။

  • ဧပြီ (၁၅) - အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အသုံးပြုသည့် Website များ သက်တမ်းကုန်ဆုံးကာ ဝင်​ရောက်ကြည့်ရှုမရသည့် အခြေအနေများ ဖြစ်ပေါ်ခဲ့လာခြင်း

  • စစ်ကောင်စီ စာသင်ကျောင်းများတွင် ပညာသင်ကြားခဲ့သည့် ကျောင်းသားများသည် ပြည်သူ့အခြေပြုကျောင်းတွင် ကျောင်းပြောင်းပညာသင်လိုပါက ဒဏ်ကြေးပေးဆောင်ရမည်ဟု ရေဦးမြို့နယ်ပညာရေးဘုတ်အဖွဲ့ ကြေညာခဲ့ခြင်း။

  • ဧပြီ (၁၆) - မီဒီယာ လွတ်လပ်ခွင့်အပေါ် ဝိရောဓိ ဖြစ်စေသည့် အချက်အလက်များပါဝင်သည့် မီဒီယာကျင့်ဝတ်ဆိုင်ရာညွှန်ကြားချက်ကို ကရင်နီပြည် ကြားကာလ အုပ်ချုပ်ရေးကောင်စီမှ ထုတ်ပြန်ခဲ့ခြင်း။

  • ဧပြီ (၁၇ ) - ပေါက်မြို့ရှိ ပင်မ MPT ရုံးတွင် ဆီပြတ်လတ်ပြီး မင်းတပ်မြို့ပေါ်နှင့် နယ်ဘက်များ၊ ကျောက်ထုနှင့် ယောနယ်များ တွင် MPT ဖုန်းလိုင်းများ ပြတ်တောက်ခဲ့ခြင်း။

  • ဧပြီလ (၂၀) - CDM စာရင်းပါသူများအား တာချီလိတ်အမှတ်(၁) တံတားမှ ဖြတ်သန်းခွင့် ပိတ်ပင်ခဲ့ခြင်း။

  • ဧပြီလ (၂၁) - ပြင်ပ သတင်းမီဒီယာများ သတင်းရယူခြင်း နှင့်ပါတ်သက်၍ အသိပေးကြေငြာချက် KNU ထုတ်ပြန်ခဲ့ခြင်း။

  • ဧပြီလ (၂၂) - နိုင်ငံဒေသအချို့တွင် အင်တာနက်နှင့် ဖုန်းလိုင်းဖြတ်ခံထားရချိန် MPT နှင့် တရုတ်ကုမ္ပဏီ(XH Smart Tech)တို့ ပေါင်း၍ eSIM ဝန်ဆောင်မှု ပေးမည်ဆိုခဲ့ခြင်း။

  • တရုတ်၏ နှိမ်နင်းမှုများကြောင့် အွန်လိုင်း ငွေလိမ်လည်ဂိုဏ်းများ ကရင် ပြည် နယ်သို့ ရွှေ့ပြောင်းနေကြောင်း USIP ၏ အစီရင်ခံစာတွင် ဖော်ပြခဲ့ခြင်း။

  • ဧပြီလ (၂၇) - ယခုရက်ပိုင်းအတွင်း ပြည်ပနိုင်ငံများမှ MPT Roaming ဝန်ဆောင်မှု အသုံးပြုသူများအနေဖြင့် အခက်အခဲများ ဖြစ်ပေါ်နေပြီး ထိုသို့ ဖြစ်ရခြင်းမှာ SE-ME-WE5 ချို့ယွင်းချက်ကြောင့်ဟု MPT မှဆိုခဲ့ခြင်း။

  • လွတ်လပ်သော မြန်မာသတင်းမီဒီယာကောင်စီမှ စစ်ပွဲဖြစ်ပွားနေရာ တိုင်းရင်းသားနယ်မြေနှင့် ဒေသအသီးသီးတွင် သတင်းသမားများ၏ လုံခြုံရေး သတင်းလွတ်လပ်ခွင့်နှင့် လွတ်လပ်စွာသတင်းရယူခွင့်ကိုတိုက်တွန်းသည့် ကြေငြာချက်တစ်စောင် ထုတ်ပြန်ခဲ့ခြင်း။

  • ဧပြီလ (၂၈) - "စောင့်ပတ်"သီချင်းနှင့်"စကားလေးတစ်ခွန်းပဲဖြေ ချစ်လား" သီချင်းနှင့်သက်ဆိုင်သူ အားလုံးကို အီလက်ထရောနစ် ဆက်သွယ်‌ဆောင်ရွက်ရေးဥပဒေဖြင့်အမှုဖွင့်အရေးယူခဲ့ခြင်း။

  • ဧပြီလ (၃၀) - ယခုလအတွင်း လူမှုကွန်ယက်ပေါ်တွင် ပြောဆိုရေးသားမှုများကြောင့် ဖမ်းဆီးခံရသူ အနည်းဆုံး (၂၀) ဦးခန့်ရှိခဲ့ခြင်း စတဲ့ ဒစ်ဂျစ်တယ်ရပ်ဝန်းဆိုင်ရာ ဖိနှိပ်မှုဖြစ်စဉ်များ ဖြစ်ပွားခဲ့ပါတယ်။

March 2024

  • မတ်လ (၁) - မြစ်ကြီးနားအပါအဝင် ကချင်ပြည်နယ်ရှိ မြို့အားလုံးနီးပါး တယ်လီဖုန်းလိုင်းနှင့် အင်တာနက်လိုင်းများ ပြတ်တောက်နေခဲ့ခြင်း။

  • မတ်လ (၂) - မြန်မာနိုင်ငံ ကော့သောင်းဘက်သို့ ထိုင်းနိုင်ငံ ရနောင်းဘက်မှ ဖြန့်ကျက် ရောင်းချထားသည့် တရားမဝင် အင်တာနက် Wifi များအား ထိုင်းစစ်တပ်နှင့်ရဲအပါအဝင် ပူးပေါင်းအဖွဲ့က ရှာဖွေ ဖမ်းဆီးခဲ့ခြင်း၊ ရန်ကုန်တိုင်းအတွင်းရှိ အချို့မြို့နယ်များတွင် ပြီးခဲ့သည့်ရက်ပိုင်းမှ စတင်ပြီး Mobile Data နှင့် Wifi အင်တာနက်လမ်းကြောင်း လိုင်းကျမှုများဖြစ်ပေါ်ခဲ့ခြင်း၊မွန်ပြည်နယ် ၊ ရေးမြို့နယ်၊ ရေးချောင်းဖျားဒေသရှိ ကျေးရွာပေါင်း ၂၀ ခန့်တွင် အင်တာနက် ဖြတ်တောက်ခံထားရသည်မှာ (၂) လခန့် ရှိလာခြင်း။

  • မတ်လ (၄) - ကလေးတောင်ပိုင်းတွင် ဖုန်းလိုင်းများ ပြတ်တောက်ခဲ့ခြင်း။

  • မတ်လ (၅) - တကောင်းမြို့တွင် အင်တာနက်နှင့် ဖုန်းလိုင်းအချို့ ပြတ်တောက်နေခဲ့ခြင်း။

  • မတ်လ (၈) - ရှမ်းပြည်နယ် တောင်ပိုင်း ၊ ပအိုဝ်း ဒေသတွင် ဖုန်းလိုင်း၊ အင်တာနက်လိုင်း ဖြတ်တောက်ခြင်းတွေကို ပိုပြီး ရင်ဆိုင်လာရဟု တောင်ကြီးနွေဦး တယ်လီဂရမ်ချန်နယ်မှ ဖော်ပြခဲ့ခြင်း

  • မတ်လ (၉) - ကျောက်မဲဧရိယာအတွင်း ဆက်သွယ်ရေးတာဝါတိုင်များ ဆီမဖြည့်နိုင်တဲ့အတွက် ဖုန်းလိုင်းအချို့ သုံးမရဖြစ်နေခဲ့ခြင်း

  • မတ်လ (၁၁) - ကရင်‌ပြည်နယ်၊ မြဝတီမြို့နယ်၊ သင်္ကန်းညီနောင်မြို့မှာ ဖုန်းလိုင်းနှင့် အင်တာနက်လိုင်းများ ပြတ်တောက်ခဲ့ခြင်း

  • မတ်လ (၁၃) - အသံအဖွဲ့၏ လေ့လာတွေ့ရှိချက်အရ ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလကုန်အထိ မြို့နယ်ပေါင်း (၈၀) နီးပါး ဖုန်းလိုင်းနှင့်အင်တာနက် ဖြတ်တောက်ခံထားရခဲ့ခြင်း၊ ဆက်သွယ်ရေးကွန်ရက်ကိုအသုံးပြု၍ ရုပ်ရှင်ကားထုတ်လွှင့်ပြသခြင်းလုပ်ငန်း လုပ်ကိုင်ခွင့်မှတ်ပုံတင်လက်မှတ် လျှောက်ထားရန် အသိပေးကြေညာခဲ့ခြင်း။

  • မတ်လ (၁၅) - နိုင်ငံကူးလတ်မှတ်များ လျှောက်ထားရာတွင် UID နံပါတ်များပါ ယူဆောင်လာရန် နိုင်ငံကူးလက်မှတ်ရုံးမှ ထုတ်ပြန်ခဲ့ခြင်း၊ ငွေလဲနှုန်း တည်ငြိမ်မှု မရှိရန် လှုံ့ဆော်နေသည်ဟုဆိုကာ လူမှု ကွန်ယက် စာမျက်နှာအချို့ကို တရားစွဲမည်ဟု စစ်ကောင်ဆီ ဗဟိုဘဏ်မှ ခြိမ်းခြောက်ခဲ့ခြင်း။

  • မတ်လ (၁၇) - မြန်မာပြည်သူများနှင့် ဒီမိုကရေစီအရေးအအတွက် တိုက်ပွဲဝင်နေသည့် တိုင်းရင်းသား တော်လှန်ရေးအဖွဲ့မျာအတွက် အခမဲ့အင်တာနက်ပံ့ပိုးပေးရန် အီလွန်မတ်စ်ကို ယန်ဟီးလီ တောင်းဆိုခဲ့ခြင်း။

  • မတ်လ (၁၈) - အမ်းမြို့တွင် ဖုန်းလိုင်းများ ဖြတ်တောက်ထားခဲ့ခြင်း။

  • မတ်လ (၂၀) - တနင်္သာရီမြို့နယ် မော‌တောင်မြို့တွင် ယခုလကစပြီး ဖုန်းလိုင်းနှင့် အင်တာနက်ပြတ်တောက်မှု ပိုများလာခဲ့ခြင်း၊ တနင်္သာရီတိုင်း၊ ထားဝယ်အကျဉ်းထောင်တွင် တယ်လီဖုန်းတွေ့ရှိဖြင့်ဟုဆိုကာ နိုင်ငံရေးအကျဉ်းသားများ အပါအဝင် အကျဉ်းသား စုစုပေါင်း ၂၀ ကျော် ရိုက်နှက် တိုက်ပိတ်ခံရခဲ့ခြင်း။

  • မတ်လ (၂၃) - လိုင်စင်ပါစည်းကမ်းဖောက်ဖျက်သည်ဆိုကာ Fiber Link Myanmar၊ Kiss Telecom Group၊ FPT Myanmar နှင့် Myanmar Cyber ကုမ္ပဏီလေးခုအား လိုင်စင်များကို အပြီးရုပ်သိမ်းရန် စစ်ကောင်စီ စီစဉ်ခဲ့ခြင်း။

  • မတ်လ (၂၆) - မင်းတပ်၊ ကျောက်ထု နှင့် ရောနယ်များတွင် MPT ဖုန်းလိုင်းများ ပြတ်တောက်နေဟု Magway Region Scout Network Telegram Channel မှ ဖော်ပြခဲ့ခြင်း။

  • မတ်လ (၂၈) - အမုန်းစကားလှုံ့ဆော်မှု မြန်မာစစ်တပ်ပါဝင်တဲ့အထောက်အထား IIMM ထုတ်ပြန်ခဲ့ခြင်း။

  • မတ်လ (၃၁) - MOI နှင့် မြန်မာ့အလင်း သတင်းစာ တယ်လီဂရမ်၏ ထုတ်ပြန်မှုများအရ မတ်လအတွင် လူမှုကွန်ယက်တွင် ပြောဆို ရေးသားမှုများကြောင်း ဖမ်းဆီးခံရသူ (၃၀) ခန့်ရှိခဲ့ခြင်း တို့ပဲဖြစ်ပါတယ်။

February 2024

  • ဖေဖော်ဝါရီ (၁) - Telenor ကုမ္ပဏီအား ဝယ်ယူခဲ့သူ ဖြစ်သည့် ဦးသိန်းဝင်းဇော် (ရွှေဗျိုင်းဖြူ ကုမ္ပဏီ အုပ်စုအား တည်ထောင်သူ) အမေရိကန်နိုင်ငံ၏ ဆန်ရှင် ချမှတ်ခြင်းခံရခဲ့ခြင်း။ ရန်ကုန်တွင် အသံတိတ်သပိတ်အား ဖုန်းနှင့် မှတ်တမ်းတင်သည့် လူငယ်အချို့ ဖမ်းဆီးခံရခဲ့ခြင်း။

  • ဖေဖော်ဝါရီ (၃) - Myanmar Tourism Bank (MTB) အနေဖြင့် Mytel Pay နှင့် ပူးပေါင်းက ဒီဂျစ်တယ် ငွေကြေး ဝန်ဆောင်မှု ပေးရန် လုပ်ဆောင်နေခဲ့ခြင်း။

  • ဖေဖော်ဝါရီ (၅) - ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ် ဘုရင့် နောင်လမ်း (ပင်လုံလမ်းနှင့် တပင်ရွှေထီးလမ်းကြား) ရှိ ဖိုင်ဘာကေဘယ်ကြိုးများနှင့် ဝိုင်ဖိုင်ကြိုးများအား ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်းမှ ဖယ်ရှားခဲ့ခြင်း။မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ မြင်းခြံမြို့နယ်၊ ကန်စွယ်ကျေးရွာသို့ စစ်ကောင်စီ တပ်ဖွဲ့ဝင်များ ဝင်ရောက်ပြီး ကျေးရွာသူ ကျေးရွာသား (၅၀၀) ခန့် ၏ ဖုန်းများအား သိမ်းယူသွားကြောင်း မြင်းခြံလူထုလှုပ်ရှားမှုကော်မတီ မှ ပြောဆိုခဲ့ခြင်း။

  • ဖေဖော်ဝါရီ (၆) - ပဲခူးတိုင်းဒေသကြီး၊ ဝေါမြို့နယ်အတွင်းရှိ မြစ်ကျိုး၊ လက်ပံ၊ အညာစု၊ ဆင်ရွာ၊ အထက်ဝိုင်းပတ်ကျေးရွာ များတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များအနေဖြင့် နေအိမ်များထဲအထိ ဝင်ရောက်ပြီး ဖုန်းများ စစ်ဆေးခဲ့ခြင်း။

  • ဖေဖော်ဝါရီ (၈) - (၂) လကျော်ကြာ ဖြတ်တောက်ခံထားရသည့် ကွတ်ခိုင်တွင် ဖုန်းလိုင်းနဲ့ အင်တာနက်လိုင်း ပြန်ရခဲ့ခြင်း။

  • ဖေဖော်ဝါရီ (၉) - မြောက်ခင်ရမ်းရွာမှ မီးရှို့သတ်ဖြတ်ခံရသူများအတွက် အွန်လိုင်းမှ ဆုတောင်ပေးသူ မန္တလေးမြို့မှ အမျိုးသမီးငယ်တစ်ဦး ဖမ်းဆီးခံရခဲ့ခြင်း။ ကောလင်းတွင် ဖုန်းနှင့် အင်တာနက်လိုင်းများ စစ်တပ်က ဖြတ်တောက်ထားခဲ့ခြင်း။

  • ဖေဖော်ဝါရီ (၁၀) - ဦးသိန်းဝင်းဇော် (ရွှေဗျိုင်းဖြူ ကုမ္ပဏီ အုပ်စုအား တည်ထောင်သူ) အမေရိကန်နိုင်ငံ၏ ဆန်ရှင် ချမှတ်ခြင်းခံရခြင်း မတိုင်မီတင် Atom ရှယ်ယာများကို လွှဲပြောင်းခဲ့ခြင်း။

  • ဖေဖော်ဝါရီ (၁၃) - စစ်တွေ မင်းချောင်းတံတားကို စစ်တပ်က မိုင်းခွဲဖျက်ဆီးပြီး ဖုန်းနှင့် အင်တာနက်လိုင်းများ ဖြတ်တောက်ထားခဲ့ခြင်း။

  • ဖေဖော်ဝါရီ (၁၆) - ရွေးကောက်ပွဲ ပြုလုပ်ရန် အကြောင်းပြချက်ဖြင့် ဧရာဝတီတိုင်းဒေသကြီး၊ပုသိမ်မြို့၊ အမှတ် (၅)ရပ်ကွက် တွင် smart card များပြုလုပ်ရန် အိမ်ထောင်စုလူဦးရေစာရင်းနှင့် မြေပြင်လူဦးရေစာရင်း ကောက်ယူခဲ့ခြင်း။

  • ဖေဖော်ဝါရီ (၁၇) - စစ်တွေမြို့တွင် အင်တာနက်နှင့် ဖုန်းလိုင်းအားလုံးဖြတ်တောက်ထားခဲ့ခြင်း။

  • ဖေဖော်ဝါရီ (၂၀) - ခရီးသွားလာသူများ၏ မိုဘိုင်းဖုန်းများအား စစ်ဆေးရန် စစ်ကောင်စီ၏ “ကျော်စွာ လော်ဘီချန်နယ်မှ လှုံ့ဆော်ခဲ့ခြင်း။

  • ဖေဖော်ဝါရီ (၂၁) - ကလေးတောင်ပိုင်းတွင် ဖုန်းလိုင်းများပြတ်တောက်ကြောင်း Sagaing Scout Telegram Channel မှတဆင့် သိရခဲ့ခြင်း။

  • ဖေဖော်ဝါရီ (၂၂) -၂၀၂၄ ခုနှစ် အောက်တိုဘာတွင် ပြည်လုံကျွတ် သန်ခေါင်းစာရင်းကောက်ယူပြီး ၂၀၂၄ ဒီဇင်ဘာတွင် ရှေ့ပြေးလူဦးရေစာရင်း ထုတ်ပြန်ရန် စစ်ကောင်စီ စီစဉ်နေခဲ့ခြင်း။ ထားဝယ်တွင် နိုင်ငံကူးလတ်မှတ် လျှောက်ထားသူများအား စမတ်ကဒ် လုပ်ဆောင်ရန် စစ်ကောင်စီ ဖိအားပေးခဲ့ခြင်း။ ပြီးခဲ့သည့် (၂) နှစ်အတွင်း Facebook ၊ TikTok နှင့် Telegram တို့တွင် ပြောဆိုရေးသားမှုများကြောင့် ဖမ်းဆီးခံရသူ (၁၅၀၀) နီးပါးရှိကြောင်း Data for Myanmar မှ ဖော်ပြခဲ့ခြင်း။

  • ဖေဖော်ဝါရီ (၂၇) - Mytel ဝန်ထမ်းမျာအား ကုမ္ပဏီတွင် တာဝန်ထမ်းဆောင်နေစဉ်အတွင်း စစ်မှုထမ်းဥပဒေမှ ယာယီ ကင်းလွတ်ခွင့်ပေး ခဲ့ခြင်းတို့ပဲဖြစ်ပါတယ်။

January 2024

  • ဇန်နဝါရီ (၄) - စစ်ကောင်စီကိုဆန့်ကျင်သည့် စာသားများ လူမှုကွန်ရက်တွင် တင်သည်ဟုဆိုကာ ဟင်္သာတမြို့ခံ အသက် ၇၀ အရွယ်အမျိုးသားတစ်ဦးဖမ်းဆီးခံခဲ့ရခြင်း။

  • ဇန်နဝါရီ (၄) - အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေး ဥပဒေဖြင့် အရေးယူခံခဲ့ရသည့် သရုပ်ဆောင် သင်ဇာဝင့်ကျော်(နှင့်) မော်ဒယ် နန်းမွေစံ လွတ်ငြိမ်းချမ်းသာဖြင့်ပြန်လည် လွတ်မြောက်သည်ဟု သတင်းများ ထွက်ပေါ်ခဲ့သော်လည်း လွတ်မြောက်မှု မရှိခဲ့ခြင်း။

  • ဇန်နဝါရီ (၅) - ပုသိပ်မြို့နေရာအချို့တွင် ဂျန်ဘာများ တပ်ဆင်မှုကြောင့် နေရာအချို့တွင် ဖုန်းနှင့် အင်တာနက်လိုင်းများ ပြတ်တောက်မှုများဖြစ်နေကြောင်း ဧရာဝတီတိုင်းမ် သတင်းဋ္ဌာန ဖော်ပြခဲ့ခြင်း

  • ဇန်နဝါရီ (၆) - ကွတ်ခိုင်တွင် ဖုန်းလိုင်းမျာပြတ်တောက်နေခဲ့ခြင်း။ ဂန့်ဂေါမြို့၊ စစ်ကောင်စီတပ်၏ Jumper များတပ်ဆင်ထားသည့် နေရာတွင် ဖုန်းလိုင်းများ မကြာခဏပြတ်တောက်ဟု ယောအလင်းတန်း မှ ဖော်ပြခဲ့ခြင်း။

  • ဇန်နဝါရီ (၉) - ပေါက်နှင့်ထီးလင်းကြားတွင် Fiber ကြိုးများ ပြတ်တောက်ခြင်းကြောင့် ဂန့်ဂေါတွင် MPT ဖုန်းလိုင်းများ ပြတ်တောက်နေကြောင်း ယောအလင်းတန်း ဖော်ပြခဲ့ခြင်း။ကလေးမြို့ အချို့နေရာများတွင် MPT နှင့် Atom ဖုန်းလိုင်းများပြန်လည် အသုံးပြု၍ရခဲ့ခြင်း

  • ဇန်နဝါရီ (၁၀) - ဆိုက်ဘာရာဇဝတ်မှုနှိမ်နင်းရေး ပူးပေါင်းဆောင်ရွက်ဖို့ တရုတ်အစိုးရာအား NUG နဲ့ KNU တိုက်တွန်းခဲ့ခြင်း။ဆုရမှတ်တမ်းရုပ်ရှင်ဒါရိုက်တာ ရှင်ဒေဝီကို အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေပုဒ်မ ၂ ခုဖြင့် စစ်ခုံရုံးက ထောင်ဒဏ် တစ်သက်တစ်ကျွန်း ချခဲ့ခြင်း။

  • ဇန်နဝါရီ (၁၃) - ဟိုင်းကြီးကျွန်းတွင် မှတ်ပုံတင်စမတ်ကဒ်မပြုလုပ်သည့် ဒေသခံ၅၀ ဦးကျော်ကို စစ်ဆေးရိုက်နှက်ကာငွေတောင်းခဲ့ခြင်း။

  • ဇန်နဝါရီ (၁၄) - ပေါက်တောနဲ့ ဘူးသီးတောင်၊ မောင်တောမြို့နယ်တွေမှာ အင်တာနက် ပြတ်တောက်ခဲ့ခြင်း။

  • ဇန်နဝါရီ (၁၆) - ရခိုင်ပြည်နယ်တစ်ခုလုံးတွင် ဖုန်းလိုင်း နှင့် အင်တာနက်လိုင်းများ ပြတ်တောက်နေခဲ့ခြင်းနှင့် Mytel ဆက်သွယ်ရေးတစ်ခုသာ ဆက်သွယ်၍ရနေခဲ့ခြင်း။အင်တာနက်ပေါ်တွင် နိုင်ငံရေးအရ တိုက်ခိုက်ပြောဆိုမှုများနှင့် လိင်အသားပေး ကိစ္စများတင်ခြင်းအပေါ် အရေးယူရန် စစ်ကောင်စီ ကော်မတီတစ်ရပ်ဖွဲ့စီး​ ၂၄ နာရီ စောင့်ကြည့်ရန် လုပ်ဆောင်နေ

  • ဇန်နဝါရီ (၁၉) - မင်းအောင်လှိုင် ရာထူးမှ ဆင်းရန်တောင်းဆိုသည့် ပေါက်ကိုယ်တော်ကို စစ်ကောင်စီစစ်‌ဆေးပြီးပြန်လွှတ်ခဲ့ခြင်း။ ကောလင်းတွင် ဖုန်း Wifi များ ပြန်ရနေသဖြင့် ဝန်ဆောင်မှု ပေးသူများကို စိစစ်ဖော်ထုတ်ရန် စစ်ကောင်စီလော်ဘီ တယ်လီဂရမ်ချန်နယ်တွင်ရေးသားခဲ့ခြင်း။

  • ဇန်နဝါရီ (၂၀) - ဖုန်းလိုင်း၊ အင်တာနက်လိုင်း ဖြတ်တောက်ပြီး လူ့အခွင့်အရေးချိုးဖောက်မှုများ အင်တိုက်အားတိုက်ကျူးလွန်ရန် စစ်ကောင်စီ ပြင်ဆင်နေဟု ညီနောင်သုံးဖွဲ့ ထုတ်ပြန်ခဲ့ခြင်း။

  • ဇန်နဝါရီ (၂၂) - မိုးမိတ်တွင် ဖုန်းနှင့် အင်တာနက်လိုင်းများ ပြတ်တောက်ခဲ့ခြင်း။

  • ဇန်နဝါရီ (၂၄) - ရန်ကုန်တွင် လျှပ်စစ်မီး ပျက်တောက်မှုကြောင့် အင်တာနက်လိုင်းများ ပိုမိုပြတ်တောက်လာခြင်း။

  • ဇန်နဝါရီ (၂၅) - ရခိုင်ပြည်နယ် အနှံ့တွင် အင်တာနက် ဖြတ်တောက်ခံရပြီး ဘဏ်လုပ်ငန်းများ ရပ်ဆိုင်း နေခဲ့ခြင်း စတာတွေပဲ ဖြစ်ပါတယ်။

More from this blog

Digital Coup in Myanmar

စစ်ကောင်စီ မတရားအာဏာသိမ်းမှုရဲ့ ဒစ်ဂျစ်တယ်ဆိုင်ရာ အခွင့်အရေးများစွာကို ထင်ထင်ပေါ်ပေါ် ချိုးဖောက်ခဲ့မှုများကို လူတိုင်းလက်တွေ့ခံစားခဲ့ကြရတာပါ။ မြန်မာနိုင်ငံသူ/သားများ ရင်ဆိုင်ခဲ့ရတဲ့ ဒစ်ဂျစ်တယ်အမှောင်ထ

Mar 22, 20261 min read143
Digital Coup in Myanmar

တစ်နေရာမှ တစ်နေရာသို့ ရွေ့ပြောင်းထွက်ခွါရာမှာ လိုအပ်သော ပြင်ဆင်ချက်များ

တစ်နေရာမှ တစ်နေရာသို့ ရွေ့ပြောင်းထွက်ခွါရာမှာ လိုအပ်သော ပြင်ဆင်ချက်များ စစ်ကောင်စီရဲ့ စစ်မှုထမ်းဥပဒေကြေငြာပြီး နောက်မှ ပြည်ပ သို့ မိမိနေထိုင်ရာအရပ်မှ နယ်မြေသစ်တွေကို ထွက်ခွါသူတွေအများအပြားရှိလာပါတယ်။ Immigration ကိုဖြတ်ကျော်ရာမှာ လေဆိပ်မှာဖြစ်ဖြစ် နယ...

May 13, 20252 min read35
တစ်နေရာမှ တစ်နေရာသို့ ရွေ့ပြောင်းထွက်ခွါရာမှာ လိုအပ်သော ပြင်ဆင်ချက်များ

Public Wi-Fi ကို ဘယ်လိုလုံခြုံအောင်သုံးကြမလဲ?

𝗣𝘂𝗯𝗹𝗶𝗰 𝗪𝗶𝗳𝗶 တွေကို ဘာကြောင့် အလွယ်မသုံးသင့်တာလဲ ? ယနေ့လို Digital ခေတ်ကြီးထဲမှာ ကျွန်တော်တို့လူသားတွေအတွက် အင်တာနက်ဆိုတာက မရှိမဖြစ် လိုအပ်‌နေတဲ့အရာတစ်ခုဖြစ်နေပါပြီ။ တစ်ယောက်နဲ့တစ်ယောက်အသုံးပြုပုံခြင်းတော့ မတူညီကြပါဘူး။ တစ်ချို့က Remote Job ...

Apr 25, 20253 min read25
Public Wi-Fi ကို ဘယ်လိုလုံခြုံအောင်သုံးကြမလဲ?
D

digitalsecinfo

83 posts

Digital Security အစရှိတဲ့ နည်းပညာများအပြင် Feb 1, 2021 ခုနှစ် စစ်တပ်အာဏာစသိမ်းချိန်ကစပြီး လက်ရှိအချိန်ထိ Digital အခွင့်အရေးချိုးဖောက်ခံရမှုတွေကို တစုတစည်းတည်းလေ့လာနိုင်ရန်မျှဝေပေးမယ့် Blog ပဲဖြစ်ပါတယ်