ဆိုက်ဘာလုံခြုံရေးဥပဒေသစ်နှင့် အသက်ရှုကျပ်လာသော မြန်မာ့ဒစ်ဂျစ်တယ်ရပ်ဝန်း

I am a volunteer for civil society organizations (CSOs) aimed at improving their digital security and safe office operations.
Search for a command to run...

I am a volunteer for civil society organizations (CSOs) aimed at improving their digital security and safe office operations.
No comments yet. Be the first to comment.
In this series, we will share about digital coup in myanmar
2025 ခုနှစ် ဒစ်ဂျယ်တယ်ရပ်ဝန်းဆိုင်ရာ ဖြစ်ပျက်ခဲ့မှုများ
စစ်ကောင်စီ မတရားအာဏာသိမ်းမှုရဲ့ ဒစ်ဂျစ်တယ်ဆိုင်ရာ အခွင့်အရေးများစွာကို ထင်ထင်ပေါ်ပေါ် ချိုးဖောက်ခဲ့မှုများကို လူတိုင်းလက်တွေ့ခံစားခဲ့ကြရတာပါ။ မြန်မာနိုင်ငံသူ/သားများ ရင်ဆိုင်ခဲ့ရတဲ့ ဒစ်ဂျစ်တယ်အမှောင်ထ

2026 ခုနှစ် ဒစ်ဂျယ်တယ်ရပ်ဝန်းဆိုင်ရာ ဖြစ်ပျက်ခဲ့မှုများ

တစ်နေရာမှ တစ်နေရာသို့ ရွေ့ပြောင်းထွက်ခွါရာမှာ လိုအပ်သော ပြင်ဆင်ချက်များ စစ်ကောင်စီရဲ့ စစ်မှုထမ်းဥပဒေကြေငြာပြီး နောက်မှ ပြည်ပ သို့ မိမိနေထိုင်ရာအရပ်မှ နယ်မြေသစ်တွေကို ထွက်ခွါသူတွေအများအပြားရှိလာပါတယ်။ Immigration ကိုဖြတ်ကျော်ရာမှာ လေဆိပ်မှာဖြစ်ဖြစ် နယ...

𝗣𝘂𝗯𝗹𝗶𝗰 𝗪𝗶𝗳𝗶 တွေကို ဘာကြောင့် အလွယ်မသုံးသင့်တာလဲ ? ယနေ့လို Digital ခေတ်ကြီးထဲမှာ ကျွန်တော်တို့လူသားတွေအတွက် အင်တာနက်ဆိုတာက မရှိမဖြစ် လိုအပ်နေတဲ့အရာတစ်ခုဖြစ်နေပါပြီ။ တစ်ယောက်နဲ့တစ်ယောက်အသုံးပြုပုံခြင်းတော့ မတူညီကြပါဘူး။ တစ်ချို့က Remote Job ...

2025 ခုနှစ် ဒစ်ဂျယ်တယ်ရပ်ဝန်းဆိုင်ရာ ဖြစ်ပျက်ခဲ့မှုများ

အခန်း(၁၆)ခန်း၊ ပုဒ်မ(၈၈)ခု ပါဝင်သော “ဆိုက်ဘာလုံခြုံရေးဥပဒေ”ကို ၂၀၂၅ ခုနှစ် ဇန်နဝါရီလ(၁)ရက်နေ့စွဲဖြင့် အာဏာ သိမ်းစစ်ကောင်စီက ပြဋ္ဌာန်းလာသည်။ မြန်မာအင်တာနက်ပရောဂျက်(MIP)၏ ကနဦးလေ့လာချက်အရ အသစ်ထွက်ပေါ်လာသည့်“ဆိုက်ဘာလုံခြုံရေးဥပဒေ”သည် လူထု၏ကောင်းကျိုးထက် အသုံးပြုသူများအားဖိနှိပ်ရန် ရည်ရွယ်ချက်များနှင့်ရေးဆွဲထားသောပုဒ်မများစွာ ပါဝင်သည့်ဥပဒေတစ်ရပ်ဖြစ်နေသည်ကို တွေ့ရသည်။
အာဏာသိမ်းကာလတစ်လျှောက် ဒစ်ဂျစ်တယ်လွတ်လပ်ခွင့်နှင့်လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်များအပေါ်တွင် ပြင်းထန်စွာဖိနှိပ်လာသောစစ်ကောင်စီပြဋ္ဌာန်းသည့် “ဆိုက်ဘာလုံခြုံရေးဥပဒေ”တွင် ပြည်တွင်းအင်တာနက်သုံးစွဲသူများအပေါ် ပိုမိုပြင်းထန်သော စောင့်ကြည့်ဖိနှိပ်မှုများလုပ်ဆောင်နိုင်သည့် အချက်အလက်များစွာ ပါဝင်နေသည်ကို တွေ့ရသည်။ ထို့အပြင် ဆိုက်ဘာလုံခြုံရေးဥပဒေ ပုဒ်မ (၃)(ခ) အရ ပြည်ပရောက်နိုင်ငံသားများကိုလည်း ယင်းဥပဒေဖြင့်အရေးယူနိုင်ရန် ထည့်သွင်းပြဋ္ဌာန်းထားသည်ကို တွေ့ရသည်။
လက်တွေ့နှင့်ကင်းကွာနေသော ဆိုက်ဘာလုံခြုံရေးဥပဒေ၏ရည်ရွယ်ချက်
“ဆိုက်ဘာလုံခြုံရေးဥပဒေ”၏ **ပုဒ်မ(၅) ပုဒ်မခွဲ(င)**တွင် “ဆိုက်ဘာအရင်းအမြစ်ကိုအခြေခံသေ**ာ ဒစ်ဂျစ်တယ်စီးပွားရေးစနစ်ကိုအထောက်အကူပြုနိုင်စေရန်”**ဟုဖော်ပြထားသော်လည်း အာဏာသိမ်းကာလတစ်လျှောက်လုံး၌ စစ်ကောင်စီသည် ဒစ်ဂျစ်တယ်ရပ်ဝန်းအား ပြင်းထန်စွာဖိနှိပ်ခဲ့သည်။
လူမှုကွန်ရက်များအား ပိတ်ပင်ခြင်း၊ အင်တာနက်ဖြတ်တောက်ခြင်နှင့်ဗီပီအဲန်(VPN)များအား ပိတ်ပင်ခြင်းအပါအဝင် အင်တာနက်ပေါ်မှပြောဆိုရေးသားမှုများကိုပါ စောင့်ကြည့်ဖမ်းဆီးနေခြင်းများကြောင့် မြန်မာနိုင်ငံ၏ ဒစ်ဂျစ်တယ်အုတ်မြစ်ကောင်းတို့မှာ သိသာစွာယိုင်နဲ့သွားခဲ့သည်။ ဒစ်ဂျစ်တယ်ရပ်ဝန်းအား တည်မှီဆောင်ရွက်ရသောလုပ်ငန်းများသည်လည်း သိသာစွာထိခိုက်ခဲ့ရသည်ကို ထင်ရှားစွာမြင်တွေ့ခဲ့ရသည်။
ကျယ်ပြန့်သောစောင့်ကြည့်မှုများကို အသက်သွင်းခြင်း
“ဆိုက်ဘာလုံခြုံရေးဥပဒေ”အသစ်အရ အင်တာနက်သုံးစွဲသူများသည် ယခင်ထက်ပိုမိုသော စောင့်ကြည့်မှတ်တမ်းယူမှုများနှင့်ရင်ဆိုင်လာရမည်ဖြစ်သည်။
စစ်ကောင်စီ၏“ဆိုက်ဘာလုံခြုံရေးဥပဒေ”အသစ် **ပုဒ်မ(၃၃)**အရ နိုင်ငံအတွင်း အသုံးပြုသူတစ်သိန်းနှင့်အထက်ရှိသော ဒစ်ဂျစ်တယ်ပလက်ဖောင်းဝန်ဆောင်မှုလုပ်ငန်းများသည် အသုံးပြုသူများ၏ကိုယ်ရေးအချက်အလက်များအပြင် အသုံး ပြုမှုမှတ်တမ်းများနှင့် ဦးစီးဌာနမှ အခါအားလျော်စွာ သတ်မှတ်သောအချက်အလက်များကို (၃)နှစ်အထိ ထိန်းသိမ်းထားရမည်ဖြစ်သည်။
ထို့အပြင် ပုဒ်မ(၃၄)ပါ ဖော်ပြချက်အရ ယင်းသိမ်းဆည်းထားသည့်အချက်အလက်များကို တည်ဆဲဥပဒေတစ်ရပ်ရပ်အရ အခွင့်အာဏာရရှိထားသော ပုဂ္ဂိုလ် သို့မဟုတ် အဖွဲ့အစည်းက စာဖြင့် တောင်းခံလာလျှင် ထုတ်ပေးရမည်ဟု ပြဋ္ဌာန်းထား သည်။ ယင်းပြဋ္ဌာန်းချက်အရ တရားရုံး၏တစ်စုံတစ်ရာသော ခွင့်ပြုချက်ကိုပင် ရယူစရာမလိုဘဲ အသုံးပြုသူ၏အချက်အလက်များကို စစ်ကောင်စီလက်အောက်ခံအဖွဲ့အစည်းများစွာက အလွယ်တကူတောင်းခံနိုင်သောအနေအထားဖြစ်နေသည်ကို တွေ့နိုင်သည်။
အထက်ပါ ဥပဒေပြဋ္ဌာန်းချက်များအရ စစ်ကောင်စီဥပဒေအောက်တွင် ပေါ်ပေါက်လာနိုင်သည့် လူမှုကွန်ရက်ဝန် ဆောင်မှုအပြင် ပြည်တွင်းအခြေပြု ဒစ်ဂျစ်တယ်ပလက်ဖောင်းဝန်ဆောင်မှုများသည် သုံးစွဲသူများ၏ကိုယ်ရေးအချက်အလက်နှင့်သုံးစွဲမှုမှတ်တမ်းများနှင့်ဦးစီးဌာနမှ အခါအားလျှော်စွာသတ်မှတ်သောအချက်အလက်များကို အနည်းဆုံး (၃)နှစ် သိမ်း ဆည်းထားမည် ဖြစ်သည်။
စစ်ကောင်စီ၏တင်းကြပ်မှုများတွင် သုံးစွဲသူများကိုသာမက ဒစ်ဂျစ်တယ်ပလက်ဖောင်းဝန်ဆောင်မှုပေးသူများကိုလည်း တင်းကြပ်နိုင်သောဥပဒေပုဒ်မများ ထည့်သွင်းပြဋ္ဌာန်းထားသည်ကို တွေ့ရသည်။
ပုဒ်မ(၄၃)ပါ ပြဋ္ဌာန်းချက်များအရ စစ်ကောင်စီသည် ဒစ်ဂျစ်တယ်ပလက်ဖောင်းဝန်ဆောင်မှုလုပ်ငန်း (သို့မဟုတ်) အီလက်ထရောနစ်သတင်းအချက်အလက်ကို ယာယီပိတ်ခြင်း၊ ဒစ်ဂျစ်တယ်ပလက်ဖောင်းဝန်ဆောင်မှုလုပ်ငန်းနှင့်ပတ်သက်သောပစ္စည်းများကို ယာယီထိန်းချုပ်ခြင်းအပြင် အပြီးတိုင်ပိတ်သိမ်းအရေးယူနိုင်သည်အထိ ပြဋ္ဌာန်းထားသည်ကိုတွေ့ရသည်။
ပိုမိုတင်းကြပ်လာသည့် ဗွီပီအန်(VPN)အသုံးပြုနိုင်မှုအခြေအနေ
စစ်ကောင်စီ၏“ဆိုက်ဘာလုံခြုံရေးဥပဒေ” **ပုဒ်မ(၄၄)**အရ အမျိုးသားဆိုက်ဘာနယ်အတွင်း ဗီပီအန်(VPN)ကို ထူထောင်ခြင်း (သို့မဟုတ်) ဗီပီအန်(VPN)ဝန်ဆောင်မှုပေးခြင်း ပြုလုပ်လိုသူသည် သတ်မှတ်ချက်နှင့်အညီ ဝန်ကြီးဌာန၏ခွင့်ပြုချက်ကို ရ ယူရမည်ဟု ဖော်ပြထားသည်။
အထက်ပါပြဋ္ဌာန်းချက်အရ မကြာမီအချိန်အတွင်း ဆိုက်ဘာလုံခြုံရေးဥပဒေအရ ခွင့်ပြုပေးထားသည့် ဗီပီအဲန်(VPN) ဝန်ဆောင်မှုလုပ်ငန်းများ ထွက်ပေါ်လာနိုင်ဖွယ်ရှိသည်။
“ဆိုက်ဘာလုံခြုံရေးဥပဒေ” ပုဒ်မ (၃၃) ပါ ပြဋ္ဌာန်းချက်အရ သုံးသပ်ကြည့်ပါက ယင်းဗီပီအဲန်(VPN)ဝန်ဆောင်မှုလုပ် ငန်းများသည် အသုံးပြုသူ၏ကိုယ်ရေးအချက်အလက်အပါအဝင် သုံးစွဲမှုမှတ်တမ်းများကို သိမ်း ထားမည်ဖြစ်သည်။
“ဆိုက်ဘာလုံခြုံရေးဥပဒေ”အရ ဗီပီအန်(VPN)ဆိုသည်မှာ ကွန်ရက်တစ်ခုနှင့်တစ်ခုချိတ်ဆက်ရာတွင် လုံခြုံမှုရှိစေရန် နည်းပညာတစ်ရပ်ရပ်ကိုအသုံးပြု၍ မူလကွန်ရက်အတွင်း ထပ်ပိုးကွန်ရက်အဖြစ် သီးသန့်ထူထောင်ထားသည့်စနစ်ကို ဆို လိုသည်ဟုဖွင့်ဆိုထားသော်လည်း “ဆိုက်ဘာလုံခြုံရေးဥပဒေ”အောက်တွင် တည်ထောင်လာနိုင်ချေရှိသည့် ဗီပီအန်(VPN) ဝန်ဆောင်မှုများသည် အသုံးပြုသူ၏ကိုယ်ရေးအချက်အလက်ကို ကာကွယ်ပေးနိုင်မှု လုံးဝမရှိနိုင်ပေ။
ပုဒ်မ(၇၀)အရ ခွင့်ပြုချက်မရှိပဲ ဗီပီအန်(VPN)ထူထောင်ပါက အနည်းဆုံး(၁)လမှ အများဆုံး(၆)လအထိ ထောင်ဒဏ်ဖြစ်စေ၊ ကျပ်(၁၀)သိန်းမှ (၁၀၀)သိန်းအထိ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်စလုံးဖြစ်စေကျခံရနိုင်သည်ဟု ဖော်ပြထားသည်ကို တွေ့ရသည်။
မရှင်းလင်းသည့် ဖွင့်ဆိုချက်များနှင့် ဘေးသင့်စေနိုင်သော ထောင်ဒဏ်
“ဆိုက်ဘာလုံခြုံရေးဥပဒေ” **ပုဒ်မ(၇၂)**အရ အများပြည်သူကြည့်ရှုခြင်းငှာ မသင့်လျှော်သော သတင်းအချက်အလက်များကို အီလက်ထရောနစ်နည်းပညာဖြင့် ဖြန့်ချိခြင်း၊ ဖြန့်ဝေခြင်း၊ ပေးပို့ခြင်း၊ ကူးယူစေခြင်း (သို့မဟုတ်) ရောင်းချခြင်များအတွက် ထောင်ဒဏ် အနည်းဆုံး တစ်လမှ ခြောက်လ၊ ဒဏ်ငွေ အနည်းဆုံး ကျပ်(၁၀)မှ သိန်း(၁၀၀)အထိ ချမှတ်နိုင်သည့်အပြင် ဒဏ်နှစ်ရပ်လုံး ချမှတ်နိုင်သည်ဟု ထည့်သွင်းဖော်ပြထားသည်ကိုတွေ့ရသည်။
အများပြည်သူ ကြည့်ရှုခြင်းငှာ မသင့်လျှော်သောဆိုသည့် အသုံးအနှုန်းအား ဖွင့်ဆိုချက်အခန်းတွင် ရှာဖွေကြည့်ရာတွင် တိကျသည့် ဖွင့်ဆိုချက်ဖော်ပြထားသည်ကို မတွေ့ရပေ။ ယဉ်ကျေးမှုမှသည့် နိုင်ငံရေး၊ လူမှုရေးဆိုင်ရာအခြေအနေအသီးသီးအတွက် လိုသလိုဖွင့်ဆိုနိုင်သည့် ဖွင့်ဆိုချက်ဖြစ်ပေရာ အင်တာနက်သုံးစွဲသူများအတွက် အလွန်အန္တရာယ်များသည့် ပုဒ်မတစ်ခုဖြစ်နေသည်။
ယင်းဥပဒေပါ ပုဒ်မ(၆၀)၊ (၆၂)၊ (၆၄)၊ (၆၆)၊ (၈၆)၊ (၇၁)နှင့် (၇၂)တို့ကိုလည်း ရဲအရေးပိုင်ပုဒ်မများအဖြစ် ဖော်ပြထား သည်ကို တွေ့ရသည်။ ထို့ကြောင့် လိုင်စင်ရယူခြင်းမရှိပဲ ဆိုက်ဘာလုံခြုံရေးဆိုင်ရာလုပ်ငန်းဆောင်ရွက်သူများသည် ရဲအရေးပိုင်ပုဒ်မများဖြင့် တရားစွဲခံရနိုင်ခြေရှိသည်ကို တွေ့ရှိရသည်။
ဥပဒေအသေးစိတ်သုံးသပ်မှုကို ကြည့်ရှုနိုင်ရန် :
https://www.myanmarinternet.info/my/post/cyber_law_in_myanmar
Ref:SpringRevolutionSecurity