# ဆိုက်ဘာလုံခြုံရေးဥပဒေသစ်နှင့် အသက်ရှုကျပ်လာသော မြန်မာ့ဒစ်ဂျစ်တယ်ရပ်ဝန်း

အခန်း(၁၆)ခန်း၊ ပုဒ်မ(၈၈)ခု ပါဝင်သော “[ဆိုက်ဘာလုံခြုံရေးဥပဒေ”ကို ၂၀၂၅ ခုနှစ် ဇန်န](https://www.moi.gov.mm/laws/65588)ဝါရီလ(၁)ရက်နေ့စွဲဖြင့် အာဏာ သိမ်းစစ်ကောင်စီက ပြဋ္ဌာန်းလာသည်။ မြန်မာအင်တာနက်ပရောဂျက်(MIP)၏ ကနဦးလေ့လာချက်အရ အသစ်ထွက်ပေါ်လာသည့်“ဆိုက်ဘာလုံခြုံရေးဥပဒေ”သည် လူထု၏ကောင်းကျိုးထက် အသုံးပြုသူများအားဖိနှိပ်ရန် ရည်ရွယ်ချက်များနှင့်ရေးဆွဲထားသောပုဒ်မများစွာ ပါဝင်သည့်ဥပဒေတစ်ရပ်ဖြစ်နေသည်ကို တွေ့ရသည်။

အာဏာသိမ်းကာလတစ်လျှောက် ဒစ်ဂျစ်တယ်လွတ်လပ်ခွင့်နှင့်လွတ်လ[ပ်စွာထုတ်ဖော်ပြောဆိုခွင့](https://www.moi.gov.mm/laws/65588)်များအပေါ်တွင် ပြင်းထန်စွာဖိနှိပ်လာသောစစ်ကောင်စီပြဋ္ဌာန်းသည့် “ဆိုက်ဘာလုံခြုံရေးဥပဒေ”တွင် ပြည်တွင်းအင်တာနက်သုံးစွဲသူများအပေါ်  ပိုမိုပြင်းထန်သော စောင့်ကြည့်ဖိနှိပ်မှုများလုပ်ဆောင်နိုင်သည့် အချက်အလက်များစွာ ပါဝင်နေသည်ကို တွေ့ရသည်။ ထို့အပြင် ဆိုက်ဘာလုံခြုံရေးဥပဒေ ပုဒ်မ (၃)(ခ) အရ ပြည်ပရောက်နိုင်ငံသားများကိုလည်း ယင်းဥပဒေဖြင့်အရေးယူနိုင်ရန် ထည့်သွင်းပြဋ္ဌာန်းထားသည်ကို တွေ့ရသည်။

**လက်တွေ့နှင့်ကင်းကွာနေသော ဆိုက်ဘာလုံခြုံရေးဥပဒေ၏ရည်ရွယ်ခ**[**ျက်**](https://www.moi.gov.mm/laws/65588)

[“ဆိုက်ဘာလုံခြုံ](https://www.moi.gov.mm/laws/65588)ရေးဥပဒေ”၏ \*\*ပုဒ်မ(၅) ပုဒ်မခွဲ(င)\*\*တွင် **“ဆိုက**[**်ဘာအရင်းအမြစ်ကိုအခြေခံသေ**](https://www.moi.gov.mm/laws/65588)\*\*ာ ဒစ်ဂျစ်တယ်စီးပွားရေးစနစ်ကိုအထောက်အကူပြုနိုင်စေရန်”\*\*ဟုဖော်ပြထားသော်လည်း အာဏာသိမ်းကာလတစ်လျှောက်လုံး၌ စစ်ကောင်စီသည် ဒစ်ဂျစ်တယ်ရပ်ဝန်းအား ပြင်းထန်စွာဖိနှိပ်ခဲ့သည်။

**လူမှုကွန်ရက်များအား ပိတ်ပင်ခြင်း၊ အင်တာနက်ဖြတ်တောက်ခြင်**[**နှင့်ဗီပီအဲန်(VPN)များအာ**](https://www.moi.gov.mm/laws/65588)**း ပိတ်ပင်ခြင်းအပါအဝင် အင်တာနက်ပေါ်မှပြောဆိုရေးသားမှုများကိုပါ စောင့်ကြည့်ဖမ်းဆီးနေခြင်း**များကြောင့် မြန်မာနိုင်ငံ၏ ဒစ်ဂျစ်တယ်အုတ်မြစ်ကောင်းတို့မှာ သိသာစွာယိုင်နဲ့သွားခဲ့သည်။ ဒစ်ဂျစ်တယ်ရပ်ဝန်းအား တည်မှီဆောင်ရွက်ရသောလုပ်ငန်းများသည်လည်း သိသာစွာထိခိုက်ခဲ့ရသည်ကို ထင်ရှားစွာမြင်တွေ့ခဲ့ရသည်။

**ကျယ်ပြန့်သောစောင့်ကြည့်မှုများကို အသက်သွင်းခြင်း**

“ဆိုက်[ဘာလုံခြုံရေးဥပဒေ”အသ](https://www.moi.gov.mm/laws/65588)စ်အရ အင်တာနက်သုံးစွဲသူများသည် [ယခင်ထက်ပိုမိုသော စောင့်က](https://www.moi.gov.mm/laws/65588)ြည့်မှတ်တမ်းယူမှုများနှင့်ရင်ဆိုင်လာရမည်ဖြစ်သည်။

စစ်ကောင်စီ၏“ဆိုက်ဘာလုံခြုံရေးဥပဒေ”အသစ် \*\*ပုဒ်မ(၃၃)\*\*အရ နိုင်ငံ[အတွင်း အသုံးပြုသူတစ်](https://www.moi.gov.mm/laws/65588)သိန်းနှင့်အထက်ရှိသော ဒစ်ဂျစ်တယ်ပလက်ဖောင်းဝန်ဆောင်မှုလုပ်ငန်းများသည် အသုံးပြုသူများ၏**ကိုယ်ရေးအချက်အလက်များအပြင် အသုံး ပြုမှုမှတ်တမ်းများနှင့် ဦးစီးဌာနမှ အခါအားလျော်စွာ သတ်မှတ်သောအချက်အလက်များကို (၃)နှစ်အထိ ထိန်းသိမ်းထားရမည်**ဖြစ်သည်။

ထို့အပြင် ပုဒ်မ(၃၄)ပါ ဖော်ပြချက်အရ ယင်း**သိမ်းဆည်းထားသည့်**[**အချက်အလက်များကို တည်ဆဲဥပ**](https://www.moi.gov.mm/laws/65588)**ဒေတစ်ရပ်ရပ်အရ အခွင့်အာဏာရရှိထားသော ပုဂ္ဂိုလ် သို့မဟုတ် အဖွဲ့အစည်းက စာဖြင့် တောင်းခံလာလျှင် ထုတ်ပေးရမည်**ဟု ပြဋ္ဌာန်းထား သည်။ ယင်းပြဋ္ဌာန်းချက်အရ **တရားရုံး၏တစ်စုံတစ်ရာသော ခွင့်ပြုချက်ကိုပင် ရယူစရာမလိုဘဲ** အသုံးပြုသူ၏အချက်အလက်များကို စစ်ကောင်စီလက်အောက်ခံအဖွဲ့အစည်းများစွာက အလွယ်တကူတောင်းခံနိုင်သောအနေအထားဖြစ်နေသည်ကို တွေ့နိုင်သည်။

အထက်ပါ ဥပဒေပြဋ္ဌာန်းချက်များအရ **စစ်ကောင်စီဥပဒေအောက်တွင်** [**ပေါ်ပေါက်လာနိုင်သည့် လူမ**](https://www.moi.gov.mm/laws/65588)**ှုကွန်ရက်ဝန် ဆောင်မှုအပြင် ပြည်တွင်းအခြေပြု ဒစ်ဂျစ်တယ်ပလက်ဖောင်းဝန်ဆောင်မှုများသည် သုံးစွဲသူများ၏ကိုယ်ရေးအချက်အလက်နှင့်သုံးစွဲမှုမှတ်တမ်းများနှင့်ဦးစီးဌာနမှ အခါအားလျှော်စွာသတ်မှတ်သောအချက်အလက်များကို အနည်းဆုံး (၃)နှစ် သိမ်း ဆည်းထားမည်** ဖြစ်သည်။

စစ်ကောင်စီ၏တင်းကြပ်မှုများတွင် သုံးစွဲသူများကိုသာမက ဒစ်[ဂျစ်တယ်ပလက်ဖောင်းဝန်ဆောင](https://www.moi.gov.mm/laws/65588)်မှုပေးသူများကိုလည်း တင်းကြပ်နိုင်သောဥပဒေပုဒ်မများ ထည့်သွင်းပြဋ္ဌာန်းထားသည်ကို တွေ့ရသည်။

**ပုဒ်မ(၄၃)ပါ ပြဋ္ဌာန်းချက်များအရ စစ်ကောင်စီသည် ဒစ်ဂျစ်တယ**[**်ပလက်ဖောင်းဝန်ဆောင်မှုလု**](https://www.moi.gov.mm/laws/65588)**ပ်ငန်း (သို့မဟုတ်) အီလက်ထရောနစ်သတင်းအချက်အလက်ကို ယာယီပိတ်ခြင်း၊ ဒစ်ဂျစ်တယ်ပလက်ဖောင်းဝန်ဆောင်မှုလုပ်ငန်းနှင့်ပတ်သက်သောပစ္စည်းများကို ယာယီထိန်းချုပ်ခြင်းအပြင် အပြီးတိုင်ပိတ်သိမ်းအရေးယူနိုင်သည်အထိ ပြဋ္ဌာန်းထားသည်**ကိုတွေ့ရသည်။

**ပိုမိုတင်းကြပ်လာသည့် ဗွီပီအန်(VPN)အသုံးပြုနိုင်မှုအခြေအ**[**နေ**](https://www.moi.gov.mm/laws/65588)

[စစ်ကောင်စီ၏“ဆိုက်](https://www.moi.gov.mm/laws/65588)ဘာလုံခြုံရေးဥပဒေ” \*\*ပုဒ်မ(၄၄)\*\*အရ **အမျိုးသာ**[**းဆိုက်ဘာနယ်အတွင်း ဗီပီအန**](https://www.moi.gov.mm/laws/65588)**်(VPN)ကို ထူထောင်ခြင်း (သို့မဟုတ်) ဗီပီအန်(VPN)ဝန်ဆောင်မှုပေးခြင်း ပြုလုပ်လိုသူသည် သတ်မှတ်ချက်နှင့်အညီ ဝန်ကြီးဌာန၏ခွင့်ပြုချက်ကို ရ ယူရမည်**ဟု ဖော်ပြထားသည်။

အထက်ပါပြဋ္ဌာန်းချက်အရ မကြာမီအချိန်အတွင်း ဆိုက်ဘာလုံခြုံ[ရေးဥပဒေအရ ခွင့်ပြုပေးထား](https://www.moi.gov.mm/laws/65588)သည့် ဗီပီအဲန်(VPN) ဝန်ဆောင်မှုလုပ်ငန်းများ ထွက်ပေါ်လာနိုင်ဖွယ်ရှိသည်။

“ဆိုက်ဘာလုံခြုံရေးဥပဒေ” **ပုဒ်မ (၃၃) ပါ ပြဋ္ဌာန်းချက်အရ သ**[**ုံးသပ်ကြည့်ပါက ယင်းဗီပီအ**](https://www.moi.gov.mm/laws/65588)**ဲန်(VPN)ဝန်ဆောင်မှုလုပ် ငန်းများသည် အသုံးပြုသူ၏ကိုယ်ရေးအချက်အလက်အပါအဝင် သုံးစွဲမှုမှတ်တမ်းများကို သိမ်း ထားမည်**ဖြစ်သည်။

“ဆိုက်ဘာလုံခြုံရေးဥပဒေ”အရ  **ဗီပီအန်(VPN)ဆိုသည်မှာ ကွန်ရက**[**်တစ်ခုနှင့်တစ်ခုချိတ်ဆက်**](https://www.moi.gov.mm/laws/65588)**ရာတွင် လုံခြုံမှုရှိစေရန် နည်းပညာတစ်ရပ်ရပ်ကိုအသုံးပြု၍ မူလကွန်ရက်အတွင်း ထပ်ပိုးကွန်ရက်အဖြစ် သီးသန့်ထူထောင်ထားသည့်စနစ်ကို ဆို လိုသည်**ဟုဖွင့်ဆိုထားသော်လည်း “ဆိုက်ဘာလုံခြုံရေးဥပဒေ”အောက်တွင် တည်ထောင်လာနိုင်ချေရှိသည့် ဗီပီအန်(VPN) ဝန်ဆောင်မှုများသည် အသုံးပြုသူ၏ကိုယ်ရေးအချက်အလက်ကို ကာကွယ်ပေးနိုင်မှု လုံးဝမရှိနိုင်ပေ။

ပုဒ်မ(၇၀)အရ ခွင့်ပြုချက်မရှိပဲ ဗီပီအန်(VPN)ထူထောင်ပါက အ[နည်းဆုံး(၁)လမှ အများဆုံး](https://www.moi.gov.mm/laws/65588)(၆)လအထိ ထောင်ဒဏ်ဖြစ်စေ၊ ကျပ်(၁၀)သိန်းမှ (၁၀၀)သိန်းအထိ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်စလုံးဖြစ်စေကျခံရနိုင်သည်ဟု ဖော်ပြထားသည်ကို တွေ့ရသည်။

**မရှင်းလင်းသည့် ဖွင့်ဆိုချက်များနှင့် ဘေးသင့်စေနိုင်သော** [**ထောင်ဒဏ်**](https://www.moi.gov.mm/laws/65588)

[“ဆိုက်ဘာ](https://www.moi.gov.mm/laws/65588)လုံခြုံရေးဥပဒေ” \*\*ပုဒ်မ(၇၂)\*\*အရ  **အများပြည်သူကြည့်ရှ**[**ုခြင်းငှာ  မသင့်လျှော်သေ**](https://www.moi.gov.mm/laws/65588)**ာ သတင်းအချက်အလက်များကို အီလက်ထရောနစ်နည်းပညာဖြင့် ဖြန့်ချိခြင်း၊ ဖြန့်ဝေခြင်း၊ ပေးပို့ခြင်း၊ ကူးယူစေခြင်း (သို့မဟုတ်) ရောင်းချခြင်များအတွက်  ထောင်ဒဏ် အနည်းဆုံး တစ်လမှ ခြောက်လ၊ ဒဏ်ငွေ အနည်းဆုံး ကျပ်(၁၀)မှ သိန်း(၁၀၀)အထိ ချမှတ်နိုင်သည့်အပြင် ဒဏ်နှစ်ရပ်လုံး ချမှတ်နိုင်သည်**ဟု ထည့်သွင်းဖော်ပြထားသည်ကိုတွေ့ရသည်။

**အများပြည်သူ ကြည့်ရှုခြင်းငှာ  မသင့်လျှော်သော**ဆိုသည့် အသုံးအနှုန်းအား ဖွင့်ဆိုချက်အခန်းတွင် ရှာဖွေကြည့်ရာတွင် တိကျသည့် ဖွင့်ဆိုချက်ဖော်ပြထားသည်ကို မတွေ့ရပေ။ ယဉ်ကျေးမှုမှသည့် နိုင်ငံရေး၊ လူမှုရေးဆိုင်ရာအခြေအနေအသီးသီးအတွက် လိုသလိုဖွင့်ဆိုနိုင်သည့် ဖွင့်ဆိုချက်ဖြစ်ပေရာ အင်တာနက်သုံးစွဲသူများအတွက် အလွန်အန္တရာယ်များသည့် ပုဒ်မတစ်ခုဖြစ်နေသည်။

ယင်းဥပဒေပါ ပုဒ်မ(၆၀)၊ (၆၂)၊ (၆၄)၊ (၆၆)၊ (၈၆)၊ (၇၁)နှင့် [(၇၂)တို့ကိုလည်း ရဲအရေးပ](https://www.moi.gov.mm/laws/65588)ိုင်ပုဒ်မများအဖြစ် ဖော်ပြထား သည်ကို တွေ့ရသည်။ ထို့ကြောင့် လိုင်စင်ရယူခြင်းမရှိပဲ ဆိုက်ဘာလုံခြုံရေးဆိုင်ရာလုပ်ငန်းဆောင်ရွက်သူများသည် ရဲအရေးပိုင်ပုဒ်မများဖြင့် တရားစွဲခံရနိုင်ခြေရှိသည်ကို တွေ့ရှိရသည်။

ဥပဒေအသေးစိတ်သုံးသပ်မှုကို ကြည့်ရှုနိုင်ရန် :

[https://www.myanmarinternet.info/my/post/cyber\_law\_in\_myanmar](https://www.myanmarinternet.info/my/post/cyber_law_in_myanmar)

Ref:SpringRevolutionSecurity
