What is Recuva?

I am a volunteer for civil society organizations (CSOs) aimed at improving their digital security and safe office operations.
Recuva ဟာ Windows ကွန််ပျုတာတွေမှာ ထည့်သွင်းအသုံးပြုနိုင်တဲ့ ဒေတာဆည်ယူရေး ဆော့ဝဲတစ်ခုဖြစ်ပါတယ်။ Computer, Hard Disk( hdd or ssd), SD card, Memory Stick စတဲ့ ဒေတာသိမ်းဆည်းနိုင်တဲ့ နေရာတွေထဲက မကြာသေးခင်က ဖျက်ဆီးလိုက်တဲ့ ဒါမှမဟုတ် မတော်တဆ ပျက်စီးသွားတဲ့ ဓာတ်ပုံ၊ ဗီဒီယို၊ အသံဖိုင်၊ အီးလ်မေးတွေ နဲ့ တခြားဖိုင် စတာတွေကို ပြန်လည်ဆည်ယူနိုင်ပါတယ်။
ဖျက်ဆီးလိုက်တဲ့ ဖိုင်တွေကို ပြန်လည်ဆည်ယူနိုင်တဲ့အပြင် ပြန်လည်ဆည်ယူလို့မရနိုင်အောင်လည်း Recuva app ထဲမှာ လုပ်ငန်းနဲ့ စစ်ရေးအဆင့်သုံး အပြီးတိုင်ဖျက်ဆီးခြင်း နည်းပညာပါဝင်ပြီး ဖျက်ဆီးထားတဲ့ ဖိုင်တွေကို ပြန်လည်ဆည်ယူနိုင်ခြင်းမရှိအောင်ပြင်ဆင်ပေးပါတယ်။ ဖိုင်တွေကို Overwrite လုပ်ကာ ဖျက်ဆီးနိုင်ပါတယ်။
Overwrite လုပ်ပြန်လည်ရေးသားလိုက်တဲ့အခါမှာ ဖိုင်ဟာ ပြန်လည်ဆည်ယူလို့မရတော့တာကြောင့် အရေးကြီးထိရှလွယ်ပြီး တခြားသူတွေလက်ထဲမရောက်ရှိစေလိုတဲ့ အချက်အလက်တွေကို သေချာစွာ ဖျက်ဆီးနိုင်ပါတယ်။
Recuva အား ကွန်ပျူတာတွင်းသို့ ထည့်သွင်းခြင်း

Recuva ဆော့ဖ်ဝဲကို Windows ကွန်ပျုတာအတွင်း ထည့်သွင်းဖို့ အတွက် ပထမအဆင့် Next ကိုနိုပ်ပါ။
အသုံးမပြုလိုတဲ့ ရွေးချယ်စရာတွေကို အမှန်ခြစ်ဖြုတ်ပြီးမှ install ကိုနိုပ်ကာ ကွန်ပျူတာအတွင်းသို့ ဆော့ဖ်ဝဲကို ထည့်သွင်းပါ။
Don’t show this wizard on startup ကို အမှန်ခြစ်ဖြုတ်ထားရင်တော့ ကွန်ပျူတာ ပါဝါဖွင့်ဖွင့်ခြင်းမှာ ဆော့ဖ်ဝဲလိုက်ပွင့် နေ့မှာမဟုတ်ပါဘူး။(ကွန်ပျူတာဖွင့်ချိန် ပိုမိုကြာမြင့်စေတာကြောင့် အမှန်ခြစ်တပ်ထားဖို့ အကြံမပြုပါဘူး)
ဆည်ယူမည့် ဖိုင်များအား ရွေးချယ်ခြင်း

ကိုယ်ပြန်လည်ဆည်ယူချင်တဲ့ ဖိုင်အမျိုးအစား သီးသန့်ရှိပါက ရွေးချယ်နိုင်ပါတယ်။ ကွန်ပျူတာထဲက ဖျက်ထားသမျှတွေကို ပြပေးစေချင်တယ်ဆိုရင် All Files ကို ရွေးချယ်ပြီး Next ကိုနိုပ်ပါ။
I’m not sure ကိုရွေးချယ်ထားရင် ကွန်ပျူတာအတွင်းက ရှိသမျှနေရာတွေက ရှာဖွေမှာ ဖြစ်တာကြောင့် စုံစုံလင်လင်မြင်ရနိုင်ပါတယ်။တကယ်လို့ ကိုယ်ဖျက်ခဲ့တဲ့ နေရာကို သေချာမှတ်မိတယ်ဆိုရင်လည်း in a specific location ကိုရွေးချယ်ပြီး browse ကတဆင့် နေရာကို ရွေးချယ်သတ်မှတ်ပေးနိုင်ပါတယ်။
Start ကိုနိုပ်ပြီး ဖိုင်ရှာဖွေခြင်းကို စတင်ပါ။တကယ်လို့ ဖျက်ထားတဲ့ဖိုင်များကို ရှာမတွေ့ခဲ့ဘူးဆိုရင် နောက်တစ်ကြိမ်ကြိုးစားတဲ့အခါ Enable Deep Scan ကို အမှန်ခြစ်ပြီး အသေးစိပ်ထပ်မံရှာဖွေနိုင်ပါတယ်။
ရှာဖွေတွေ့ရှိသော ဖိုင်များအားဆန်းစစ်ခြင်း

အဆင့် ၁ အနေနဲ့ ကွန်ပျူတာထဲက ဖျက်ထားတဲ့ ဖိုင်တွေကို အနှံ့စစ်ဆေးရှာဖွေပါတယ်။
အဆင့် ၂ အနေနဲ့ ဖိုင်တွေရဲ့ ပျက်စီးနေမှု အတိုင်းအတာကို ဆန်းစစ်ပါတယ်။
အဆင့် ၃ အနေနဲ့ ဖိုင်အတွင်းမှာ ပါဝင်တဲ့ အကြောင်းအရာတွေကို ဆန်းစစ်ပါတယ်။
ရှာဖွေတွေ့ရှိသော ဖိုင်များအား၏အခြေအနေ

အနှံ့ရှာဖွေခြင်းပြီးဆုံးပါက ရှာဖွေတွေ့ရှိသမျှ ဖျက်ထားတဲ့ဖိုင်တွေကို Recuva က ဖော်ပြပေးပါတယ်၊ ရှာဖွေတွေ့ရှိတဲ့ ဖိုင်တွေကို စစ်ဆေးရာမှာ state အပိုင်းဟာအရေးကြီးပါတယ်။ Excellent, Poor, Very Poor and Unrecoverable ဆိုပြီး data တွေကိုပြန်လည်ဆယ်ယူနိုင်ခြေအဆင့်တွေရှိပါတယ်။ Excellent ဆိုရင်တော့ ပြန်လည်ဆယ်ယူဖို့အဆင်ပြေတာဖြစ်ပြီး unrecoverable ဆိုရင်တော့ ပြန်လည်ဆယ်ယူနိုင်တော့မှာမဟုတ်ဘူးဆိုတာပါပဲ။
Recuva ဖြင့်ဖိုင်များဆည်ယူခြင်း

ဒီအဆင့်မှာ ပြန်လည်ဆယ်ယူမယ့်ဖိုင်ကို ဘယ်နေရာမှာ ဆယ်ယူသိမ်းဆည်းမလဲဆိုတာကို ရွေးချယ်ပေးရမှာဖြစ်ပါတယ်။ သတိထားဖို့က ဖိုင်ပြန်လည်ဆယ်ယူတဲ့အခါမှာ ဆယ်ယူမည့်ဖိုင်ကို မဖျက်ဆီးခင်က မူလသိမ်းဆည်းခဲ့တဲ့ နေရာမှာ မသိမ်းဆည်းသင့်ပါဘူး။ သိမ်းဆည်းမိပါကလည်း မပြည့်စုံစွာ ဆယ်ယူထားတဲ့ဖိုင်သာဖြစ်နေတက်ပါတယ်။ တကယ်လို့ ကိုယ်ပြန်ဆယ်ယူမယ့် ဖိုင်ဟာ အရင်က D:\ drive မှာသိမ်းဆည်းခဲ့တယ်ဆိုရင် အခုတော့ D:\ drive ကလွဲလို့ တစ်ခြားနေရာသစ်တစ်မှာ သိမ်းဆည်းသင့်ပါတယ်။ သိမ်းဆည်းဖို့ နေရာရွေးချယ်ပြီးပါက Ok ကိုနိုပ်ပါ။
ဖိုင်များကိုဆယ်ယူရခက်ခဲအောင်ဖျက်ဆီးခြင်း

Recuva မှာ ဖျက်လိုက်တဲ့ ဖိုင်တွေကို ဆယ်ယူနိုင်တဲ့အပြင် ပြန်လည်ဆယ်ယူနိုင်စွမ်းမရှိအောင်လည်း ဖျက်ထားတဲ့ဖိုင်တွေကို overwrite ပြုလုပ်ပြီး ပြန်လည်ရေးသားနိုင်ပါတယ်။ ဖိုင်တစ်ခုကို လုံးလုံးလျားလျား ပြန်မရနိုင်အောင် အကုန်ဖျက်ချင်တယ်ဆိုရင်တော့ ဖိုင်ကို mouse (R.C) နိုပ်ပြီး securely overwrite highlighted ကိုရွေးချယ်ပြီး ဖိုင်ကိုဖျက်ဆီးပြီးတာနဲ့ အတည်ပြုတဲ့ စာမျက်နှာကို တွေ့ရပါလိမ့်မယ်(Ok ကိုနိုပ်ပါ)။

ဖိုင်တစ်ခုထက်မက တစ်ကြိမ်တည်း overwrite ပြုလုပ်ချင်တယ်ဆိုရင်တော့ ဖိုင်တွေကို အမှန်ခြစ်နိုပ်ပြီးနောက် mouse (R.C) ကို နိုပ်ကာ ပေါ်လာတဲ့ secure overwrite checked ကိုရွေးချယ်ပါ။
ref:springsecurity






