Flowcrypt

Flowcrypt

Flowcrypt ဆိုတာ PGP- Pretty Good Privacy စနစ်ပါဝင် လုံခြုံအားကောင်းတဲ့ End-To-End ဝှက်စာစနစ်ပါဝင်တဲ့ Browser Extension နောက်တစ်ခုပါ။

  • နေ့စဉ်နှင့်အမျှ အသုံးပြုနေတဲ့ Email ကို လုံခြုံစွာပိုချင်လား?

  • ပေးပိုမျှဝေတဲ့ File တွေမှာရော လုံခြုံစိတ်ချချင်လား?

  • ပြီးတော့ Encryption အကြောင်းကို လုံးဝမသိပဲ ဘော်ဒါတွေကို လုံခြုံတဲ့ Email တွေပိုချင်လား?

အဲ့ဒါဆိုရင်တော့ သေချာပေါက် FlowCrypt အသုံးပြုနည်းကိုဖတ်ကြည့်ဖိုလိုပြီ။

Flowcrypt ဆိုတာ Email Encryption Sofware တစ်ခုပဲဖြစ်ပါတယ်။နေ့စဉ်ဘဝတွေရဲ့ ဆက်သွယ်မှုလို့ပြောတဲ့အခါ Gmail ကမသုံးမဖြစ် မပါမဖြစ်ပါပဲ။ Gmail (Google Workspace) က End to End Encryption ကို မထောက်ပံပေးပါဘူးဆိုတာ အားလုံးသိပြီးသားဖြစ်မှာပါ။

End to End Encryption အကြောင်းကို ၂၀၁၄ လောက်ကတည်းကပြောနေကြပေမယ့် ဒီနေ့အချိန်ထိ အကောင်အထည်ဖော်ပုံမရသေးပါဘူး။တကယ်လို့ အထောက်အပံ့ပေးမယ်ဆိုရင်တောင် Business Plan တွေအနေနဲ့ပဲရမယ့်သဘောမျိုးရှိပါတယ်။

တစ်ယောက်နဲ့တစ်ယောက် Gmail ကနေတစ်ဆင့် အပြန်အလှန်ပေးပို့မှုအတွက် End to End Encryption ပါဝင်ပြီး မိမိတို့ပေးပို့လိုတဲ့ စာတွေ၊ ပူးတွဲပေးပို့တဲ့ attached file ( eg. PDF, Docs, Sheets, Photos, Videos, etc...) တွေကို လုံခြုံအားကောင်းတဲ့ PGP Key ( Pretty Good Privacy) ပါဝင်တာမျိုးကို သုံးချင်တယ်ဆိုရင်တော့ Flowcrypt ကို အသုံးပြုနိုင်ပါတယ်။

Flowcrypt ကိုမိမိ အသုံးပြုတဲ့ Browser တွေဖြစ်တဲ့ (Chrome, Firefox, Brave) Browser တွေမှာ Browser extension အနေနဲ့ ထည့်သွင်းအသုံးပြုနိုင်ပါတယ်။ ( iOS, Android ဖြစ်သောမိမိဖုန်းမှာလည်း app ထည့်အသုံးပြုနိုင်ပါတယ်)

Flowcrypt ကိုစတင်အသုံးပြုခြင်း

  • Flowcrypt ကိုစတင်အသုံးပြုရန် Flowcrypt Website ကိုဝင်ရောက်ပြီး Get extension နှိပ်ပြီး ရယူနိုင်သလို၊ မိမိအသုံးပြုနေသော browser (Firefox, Chrome, Brave) ထဲကိုဖွင့်ပါ။

  • Setting ထဲသို့ဝင်ရောက်ကာ extension and theme နှိပ်ပါ။

  • Search Box တွင် Flowcrypt ကိုရိုက်ရှာပြီး download ရယူနိုင်ပါတယ်။

  • download ရယူပြီးပါက browser ရဲ့ ညာဘက်ထောင့်မှာ puzzle icon လေးကိုနိုပ်ပါ။

  • Flowcrypt ကို PIN လုပ်ပေးပါ။

Flowcrypt ကို Setup ပြုလုပ်ခြင်း

  1. Flowcrypt ကို Pin လုပ်ပြီးသည်နှင့် တစ်ပြိုင်နက်

  2. Sing in with Google ဆိုတဲ့ Window လေးပေါ်လာပါလိမ့်မယ်။

  3. မိမိ အသုံးပြုလိုတဲ့ Gmail ဖြင့် Sign in ဝင်ပါ

  4. နောက်စာမျက်နှာတစ်ခုမှာတော့ Gmail တွေကို Encrypt လုပ်နိုင်ဖို့အတွက် သင့်ရဲ့ Gmail ကနေ Flowcrypt Browser Extension အား Permission (ခွင့်ပြုချက်) တချို့ကို ပေးရမည်ဖြစ်ပါတယ်။

  5. Manage drafts and send email နဲ့ Read, Compose and Send email from your gmail account နှစ်ခုစလုံးကို အမှန်ခြစ်နှိပ်ပြီး Continue နှိပ်ပေးပါ။

  6. ပြီးရင်တော့ New Encryption Key ဆိုတာနဲ့ Use your own PGP ဆိုတာလေးကိုတွေ့ရမှာပါ။

  7. အခုမှ Flowcrypt ကိုစတင်အသုံးပြုမည်ဆိုပါက New Encryption Key ကိုနိုပ်ပါ။

  8. Password Strong Password ပေးဖို့လိုအပ်သလို ကိုယ်ပေးလိုက်တဲ့ Password ကမေ့လို့လုံးဝမရပါဘူး။ ကိုယ်ပေးလိုက်တဲ့ Password မေ့သွားခဲ့ရင် Recovery လုပ်လို့မရနိုင်တဲ့အတွက် မမေ့ဖို့အထူးလိုအပ်ပါတယ်( မေ့သွားရင်တော့ ဘုရားလည်းမကယ်နိုင်ပါဘူးနော် )

  9. Backup Encryption Private Key in Box နဲ့ Submit Corresponding pub Key ကိုအမှန်ခြစ်ရွေးပါ။

  10. ထိုနောက် Create and Save ကိုနိုပ်ပြီး Flowcrypt ကိုစတင်အသုံးပြုနိုင်ပြီဖြစ်ပါတယ်။

Public Key and Private Key

Encryption ရဲ့ သဘောတရားအရ လုံခြုံချင်တယ်ဆိုရင်တော့ တစ်ယောက်နဲ့တစ်ယောက် အပြန်အလှန် Key ချိန်းထားရန်လိုအပ်ပါသည်။ ဒီနေရာမှာ Public key ကတော့ လူတိုင်းကိုမျှဝေရပြီး Private Key ကိုတော့ လူအများကို လုံးဝမမျှဝေသင့်ပါဘူး။ မိမိရဲ့ Public Key နဲ့ Private နှစ်ခုလုံးကိုလည်း download လုပ်ပြီး လုံခြုံတဲ့နေရာမှာ သိမ်းထားဖို့လည်း လိုအပ်ပါတယ်။

မိမိအကောင့်ရဲ့ Public Key / Private Key များရယူရန်အတွက်

Browser ဒေါင့်ဆုံးက Flowcrypt ကိုသွားပါ။

Setting ကိုဝင်ပါ။

Additional Setting ကိုသွားပါ။

Public Key ကိုနှိပ်ပါ။

Public Key ကို Copy to Clipboard နဲ့ Copy ယူထားနိုင်သလို

Save Public Key to a file လုပ်ပြီးလည်း File အနေနဲ့ သိမ်းထားပြီး ဆက်သွယ်လိုသူများနှင့် မျှဝေထားနိုင်ပါတယ်။

Private Key ကိုလည်း ထိုနည်းလည်းကောင်းသိမ်းထားနိုင်ပါတယ်။ သို့ပေမယ့် လူအများကို မဝေမျှဖို့ အင်မတန်မှ အရေးကြီးပါတယ် ထပ်ပြောပါ့မယ် ကိုယ့် Private Key ကိုလုံးဝ လူအများကို မဝေမျှပါနဲ့။

Flowcrypt နှင့် Mail ပေးပို့ခြင်း နှင့် လက်ခံခြင်း

Flowcrypt နဲ့ဆိုရင် မိမိကြိုက်နှစ်သက်သူကို ဝှက်စာစနစ် အပြည့်အဝပါသော Encrypted Email ကို လူတိုင်းကိုပေးပို့နိုင်တယ်လို့ဆိုပါတယ်။ လူတိုင်းလို့ပြောတဲ့နေရာမှာ Flowcrypt အသုံးပြုသူဖြစ်စေ၊ Flowcrypt ကို အသုံးမပြုပဲ အခြားသော ဝှက်စာစနစ်ကို အသုံးပြုသူဖြစ်၊ ဘယ် ​​​​​Encryption ကိုမှ အသုံးပြုသောသူများကိုလည်း ပေးပို့နိုင်တယ်လို့ဆိုပါတယ်။ File size အများဆုံး 25MB အထိပေးပို့နိုင်ပြီး File အမျိုးအစားတော်တော်များများကို Flowcrypt နဲ့ပေးပို့နိုင်ပါတယ်။

Flowcrypt ရှိပြီးသားသူ အချင်းချင်းပေးပို့မယ်ဆိုလျှင်

  • Gmail ထဲသို့ဝင်ပါ၊ (ဒီနေရာမှာ Flowcrypt installed ပြုလုပ်ခဲ့တဲ့ Browser ထဲကနေ Flowcrypt Setup လုပ်ခဲ့တဲ့ Gmail ကိုဝင်ဖို့တော့လိုပါတယ်။)

  • Secure Compose ကိုနိုပ်ပါ။

  • ပြီးရင်တော့ မိမိပေးပို့လိုတဲ့သူရဲ့ Email ကို To မှာဖြည့်ပါ။

  • ပေးပို့လို့တဲ့သူရဲ့ Email အစိမ်းရောင်လေးဖြစ်တယ်ဆိုရင်တော့ အင်မတန်လွယ်ပါတယ်နော်။

  • ပေးပို့လိုတဲ့စာနဲ့ ပူးတွဲဖိုင်လေးတွေကို ရွေးပြီး Encrypt and Send ကိုနှိပ်ပြီးပေးပို့နိုင်ပါတယ်။

Flow Crypt ကနေ တစ်ခြားသော OpenPGP Software အသုံးပြုသူများသို့ Mail ပေးပို့ခြင်း

  1. ပထမဆုံးတစ်ချက်အနေနဲ့ မိမိပေးပို့မယ့်သူက မိမိအား သူနဲ့ Public Key ကို Email (သို့) တစ်ခြားသော Platform တစ်ခုခု ကနေ မျှဝေထားဖို့လိုပါတယ်။

  2. ဒုတိယအဆင့်အနေနဲ့ သူ့အား Encrypted Email ပေးပို့ရန် Secure Compose ကိုနိုပ်ပါ။

  3. သူရဲ့ Email Address ကိုရိုက်ထည့်ပါ။ သူရဲ့ Email Address နေရာမှာ မီးခိုးရောင် လေးပေါ်နေပါမယ်။ဆိုလိုရင်းက သူရဲ့ Public Key ကို မသိသေးဘူးဆိုတဲ့အဓိပ္ပါယ်ပါ။

  4. ပြီးရင်တော့ If they do use Encryption ဘေးက Add their Public Key ကိုနိုပ်ပါ။

  5. သူပေးပို့ထားတဲ့ Public Key ကို Copy ယူပြီး ဒီနေရာမှာ Paste လုပ်ဖို့လိုပါတယ်။ File နဲ့ဆိုရင်လည်း Load File ကိုနိုပ်ပြီး File ထည့်နိုင်ပါတယ်။

  6. ပြီးရင်တော့ Ok နိုပ်ပြီး Encryption Email စပို့နိုင်ပါပြီ။

ဒီအဆင့်တွေကို FlowCrypt အကောင့် Setting ရဲ့ Additional Setting ထဲက Contact Public Key တွေကို Import Public Keys များကြိုတင်လုပ်ထားနိုင်ပါတယ်။

Flowcrypt ဖြင့် လူတိုင်းအား Encryption Email ပေးပို့ခြင်း

ဝှက်စာစနစ်ပါဝင် extension များလုံးဝ အသုံးမပြုသူများကိုလည်း FlowCrypt နှင့် Encrypted Email များပေးပို့နိုင်ပါတယ်။ ဒီလိုပေးပို့မှုကိုတော့ပြုလုပ်တဲ့အခါမှာ Email ပေးပို့သူဘက်က Encrypted Password ပေးဖို့လိုအပ်ပြီး တစ်ဖက်လူ Email များကို ဖတ်ရန် တစ်နည်းအားဖြင့် ဝှက်စာဖြည်ရန်အတွက် ထို Password ကိုသိဖို့ လိုအပ်ပါတယ်။

  1. မိမိ Gmail သို့ဝင်ပါ။

  2. Secure Compose ကိုနိုပ်ပါ။

  3. ပေးပို့လိုသူရဲ့ Email Address ကိုရိုက်ထည့်ပါ၊ 'မီးခိုးရောင်' ဖြင့်ပေါ်လာလိမ့်မယ်။

  4. မိမိရေးလိုသော အကြောင်းအရာ၊ ဖိုင်များတွဲပြီးပါက Massage Password ကိုနိုပ်ပြီး Password ပေးပါ။

    (ဒီနေရာမှာပေးတဲ့ Password က မိမိ၏ Key အတွက်ပေးထားသော Password နှင့်မတူညီပဲ လူအများအားဝေမျှပေးသော Password ဖြစ်ရန်ဖြစ်ပါတယ်။)

  5. ပြီးပါက Encrypt, Sign and Send ကိုနိုပ်ပါ။

  6. မိမိပေးခဲ့သော Password ကို တစ်ဖက် email လက်ခံမယ့်သူအား ကိုယ်အသုံးပြုသော Signal or Other Communication app မှ မျှဝေထားပေးရမှာဖြစ်ပါတယ်။

  7. တစ်ဖက်လူမှ Encrypted ဖြစ်နေသော email ကိုဖွင့်ကြည့်ရန်အတွက် Click here to Open Message ကိုနိုပ်၍ Password ရိုက်ထည့်ကာ emial အားဖွင့်ဖတ်နိုင်ပါတယ်။

Flowcrypt Account Setting အားချိန်ညှိခြင်း

  • Account setting ကိုချိန်ညှိရန်အတွက် Browser ရဲ့ ညာဘက်ထောင့်ဆုံးမှာ Flowcrypt ကိုနိုပ်ပါ။

  • Additional setting ထဲတွင်လည်း မိမိ၏ Public Key / Private Key များအား Copy ယူ၍လည်းကောင်း ဖိုင်များဖြင့်လည်းကောင်း download ဆွဲ၍သိမ်းထားနိုင်ပါသည်။

  • Contact တွင် မိမိအပြန်အလှန်ပေးပို့လိုသူများရဲ့ Public Key များအား Import Public Key လုပ်ပြီး contact ထည့်ထားနိုင်ပါတယ်။

  • Inbox တွင် Email များစစ်ဆေးပြီး Email များပေးပို့နိုင်ပါတယ်။

  • Security တွင် မိမိပေးခဲ့သော Private Key Password ကိုချိန်းနိုင်သလို၊ ပေးခဲ့သော Password မှန်၊ မမှန်ကိုလည်း Test my pass phrase နိုပ်ပြီးစစ်ကြည့်နိုင်ပါတယ်။

  • Backup တွင် မိမိအကောင့်ရဲ့ Private Key အား Backup Option နိုပ်၍ မိမိ Gmail inbox တွင်လည်းသိမ်းနိုင်ပါတယ်။ Backup လုပ်ထားခြင်းဖြင့် ဒေတာပျောက်ဆုံးသွားတာမျိုး Password မေ့သွားတဲ့အခြေအနေများအတွက် အဆင်ပြေစေနိုင်ပါတယ်။ ဒီနေရာမှာ မိမိ Private Key ကို မိမိရဲ့ Gmail inbox မှာပြန်လည်သိမ်းခြင်းထက် တခြားလုံခြုံတဲ့ cloud drive မှာသီးခြားသိမ်းခြင်းကိုပို၍ အားပေးပါတယ်။

Flowcrypt ကို ဘယ်လိုပြန်ဖြုတ်မလဲ?

Flowcrypt ကို setup လုပ်ပြီးမှ ပြန်ဖြုတ်ချင်တယ်ဆိုရင်လည်း အလွယ်တကူပြန်ဖြုတ်နိုင်ပါတယ်။

  • မိမိအသုံးပြုနေတဲ့ Browser ကိုဝင်ပါ

  • ညာဘက်ထောင့်က Puzzle ကိုနိုပ်ပါ

  • Flowcrypt icon ဘေးက အစက် (၃) စက်ကိုနိုပ်ပါ

  • Chrome or Brave မှာဆိုရင် Remove from Chrome or Remove from Brave ကိုနိုပ်ရင် အဆင်ပြေပါပြီ။

  • Firefox ဆိုရင် Remove Extension ဆိုတာလေးနိုပ်ရင် Flowcrypt ကိုဖြုတ်ပြီးသွားပါပြီ။

https://flowcrypt.com/docs/getting-started/overview/flowcrypt-products.html

ref:springsecurity