# What is Recuva?

**Recuva ဟာ Windows ကွန််ပျုတာတွေမှာ ထည့်သွင်းအသုံးပြုနိုင်တဲ့ ဒေတာဆည်ယူရေး ဆော့ဝဲတစ်ခုဖြစ်ပါတယ်။** Computer, Hard Disk( hdd or ssd), SD card, Memory Stick စတဲ့ ဒေတာသိမ်းဆည်းနိုင်တဲ့ နေရာတွေထဲက မကြာသေးခင်က ဖျက်ဆီးလိုက်တဲ့ ဒါမှမဟုတ် မတော်တဆ ပျက်စီးသွားတဲ့ ဓာတ်ပုံ၊ ဗီဒီယို၊ အသံဖိုင်၊ အီးလ်မေးတွေ နဲ့ တခြားဖိုင် စတာတွေကို ပြန်လည်ဆည်ယူနိုင်ပါတယ်။

ဖျက်ဆီးလိုက်တဲ့ ဖိုင်တွေကို ပြန်လည်ဆည်ယူနိုင်တဲ့အပြင် ပြန်လည်ဆည်ယူလို့မရနိုင်အောင်လည်း **Recuva app ထဲမှာ လုပ်ငန်းနဲ့ စစ်ရေးအဆင့်သုံး အပြီးတိုင်ဖျက်ဆီးခြင်း နည်းပညာပါဝင်ပြီး ဖျက်ဆီးထားတဲ့ ဖိုင်တွေကို ပြန်လည်ဆည်ယူနိုင်ခြင်းမရှိအောင်ပြင်ဆင်ပေးပါတယ်။** ဖိုင်တွေကို Overwrite လုပ်ကာ ဖျက်ဆီးနိုင်ပါတယ်။

Overwrite လုပ်ပြန်လည်ရေးသားလိုက်တဲ့အခါမှာ ဖိုင်ဟာ ပြန်လည်ဆည်ယူလို့မရတော့တာကြောင့် အရေးကြီးထိရှလွယ်ပြီး တခြားသူတွေလက်ထဲမရောက်ရှိစေလိုတဲ့ အချက်အလက်တွေကို သေချာစွာ ဖျက်ဆီးနိုင်ပါတယ်။

### Recuva အား ကွန်ပျူတာတွင်းသို့ ထည့်သွင်းခြင်း

![](https://cdn.hashnode.com/res/hashnode/image/upload/v1728966696580/9662ffb7-570c-4777-9dda-3ebb49a8bf87.jpeg align="center")

* Recuva ဆော့ဖ်ဝဲကို Windows ကွန်ပျုတာအတွင်း ထည့်သွင်းဖို့ အတွက် ပထမအဆင့် Next ကိုနိုပ်ပါ။
    
* အသုံးမပြုလိုတဲ့ ရွေးချယ်စရာတွေကို အမှန်ခြစ်ဖြုတ်ပြီးမှ install ကိုနိုပ်ကာ ကွန်ပျူတာအတွင်းသို့ ဆော့ဖ်ဝဲကို ထည့်သွင်းပါ။
    
* Don’t show this wizard on startup ကို အမှန်ခြစ်ဖြုတ်ထားရင်တော့ ကွန်ပျူတာ ပါဝါဖွင့်ဖွင့်ခြင်းမှာ ဆော့ဖ်ဝဲလိုက်ပွင့် နေ့မှာမဟုတ်ပါဘူး။**(ကွန်ပျူတာဖွင့်ချိန် ပိုမိုကြာမြင့်စေတာကြောင့် အမှန်ခြစ်တပ်ထားဖို့ အကြံမပြုပါဘူး)**
    

### ဆည်ယူမည့် ဖိုင်များအား ရွေးချယ်ခြင်း

![](https://cdn.hashnode.com/res/hashnode/image/upload/v1728966742320/5361fca3-0d65-49e3-a2c6-149ba22c6bb7.jpeg align="center")

* **ကိုယ်ပြန်လည်ဆည်ယူချင်တဲ့ ဖိုင်အမျိုးအစား သီးသန့်ရှိပါက ရွေးချယ်နိုင်ပါတယ်။** ကွန်ပျူတာထဲက ဖျက်ထားသမျှတွေကို ပြပေးစေချင်တယ်ဆိုရင် All Files ကို ရွေးချယ်ပြီး Next ကိုနိုပ်ပါ။
    
* I’m not sure ကိုရွေးချယ်ထားရင် ကွန်ပျူတာအတွင်းက ရှိသမျှနေရာတွေက ရှာဖွေမှာ ဖြစ်တာကြောင့် စုံစုံလင်လင်မြင်ရနိုင်ပါတယ်။တကယ်လို့ ကိုယ်ဖျက်ခဲ့တဲ့ နေရာကို သေချာမှတ်မိတယ်ဆိုရင်လည်း in a specific location ကိုရွေးချယ်ပြီး browse ကတဆင့် နေရာကို ရွေးချယ်သတ်မှတ်ပေးနိုင်ပါတယ်။
    
* Start ကိုနိုပ်ပြီး ဖိုင်ရှာဖွေခြင်းကို စတင်ပါ။တကယ်လို့ ဖျက်ထားတဲ့ဖိုင်များကို ရှာမတွေ့ခဲ့ဘူးဆိုရင် **နောက်တစ်ကြိမ်ကြိုးစားတဲ့အခါ Enable Deep Scan ကို အမှန်ခြစ်ပြီး အသေးစိပ်ထပ်မံရှာဖွေနိုင်ပါတယ်။**
    

### ရှာဖွေတွေ့ရှိသော ဖိုင်များအားဆန်းစစ်ခြင်း

![](https://cdn.hashnode.com/res/hashnode/image/upload/v1728966778705/52be5818-5571-4fa8-9b0a-59378095deb7.jpeg align="center")

* အဆင့် ၁ အနေနဲ့ ကွန်ပျူတာထဲက ဖျက်ထားတဲ့ ဖိုင်တွေကို အနှံ့စစ်ဆေးရှာဖွေပါတယ်။
    
* အဆင့် ၂ အနေနဲ့ ဖိုင်တွေရဲ့ ပျက်စီးနေမှု အတိုင်းအတာကို ဆန်းစစ်ပါတယ်။
    
* အဆင့် ၃ အနေနဲ့ ဖိုင်အတွင်းမှာ ပါဝင်တဲ့ အကြောင်းအရာတွေကို ဆန်းစစ်ပါတယ်။
    

### ရှာဖွေတွေ့ရှိသော ဖိုင်များအား၏အခြေအနေ

![](https://cdn.hashnode.com/res/hashnode/image/upload/v1728966792150/32386483-f1e3-4fb3-80d1-d7b2f2d95821.jpeg align="center")

အနှံ့ရှာဖွေခြင်းပြီးဆုံးပါက ရှာဖွေတွေ့ရှိသမျှ ဖျက်ထားတဲ့ဖိုင်တွေကို Recuva က ဖော်ပြပေးပါတယ်၊ ရှာဖွေတွေ့ရှိတဲ့ ဖိုင်တွေကို စစ်ဆေးရာမှာ state အပိုင်းဟာအရေးကြီးပါတယ်။ Excellent, Poor, Very Poor and Unrecoverable ဆိုပြီး data တွေကိုပြန်လည်ဆယ်ယူနိုင်ခြေအဆင့်တွေရှိပါတယ်။ **Excellent ဆိုရင်တော့ ပြန်လည်ဆယ်ယူဖို့အဆင်ပြေတာဖြစ်ပြီး unrecoverable ဆိုရင်တော့ ပြန်လည်ဆယ်ယူနိုင်တော့မှာမဟုတ်ဘူးဆိုတာပါပဲ။**

### Recuva ဖြင့်ဖိုင်များဆည်ယူခြင်း

![](https://cdn.hashnode.com/res/hashnode/image/upload/v1728966814985/53f242b2-1dcc-477d-848e-c39d6cde538f.jpeg align="center")

ဒီအဆင့်မှာ ပြန်လည်ဆယ်ယူမယ့်ဖိုင်ကို ဘယ်နေရာမှာ ဆယ်ယူသိမ်းဆည်းမလဲဆိုတာကို ရွေးချယ်ပေးရမှာဖြစ်ပါတယ်။ **သတိထားဖို့က ဖိုင်ပြန်လည်ဆယ်ယူတဲ့အခါမှာ ဆယ်ယူမည့်ဖိုင်ကို မဖျက်ဆီးခင်က မူလသိမ်းဆည်းခဲ့တဲ့ နေရာမှာ မသိမ်းဆည်းသင့်ပါဘူး။ သိမ်းဆည်းမိပါကလည်း မပြည့်စုံစွာ ဆယ်ယူထားတဲ့ဖိုင်သာဖြစ်နေတက်ပါတယ်။** တကယ်လို့ ကိုယ်ပြန်ဆယ်ယူမယ့် ဖိုင်ဟာ အရင်က D:\\ drive မှာသိမ်းဆည်းခဲ့တယ်ဆိုရင် အခုတော့ D:\\ drive ကလွဲလို့ တစ်ခြားနေရာသစ်တစ်မှာ သိမ်းဆည်းသင့်ပါတယ်။ သိမ်းဆည်းဖို့ နေရာရွေးချယ်ပြီးပါက Ok ကိုနိုပ်ပါ။

### ဖိုင်များကိုဆယ်ယူရခက်ခဲအောင်ဖျက်ဆီးခြင်း

![](https://cdn.hashnode.com/res/hashnode/image/upload/v1728966853600/09a975de-dd8f-403c-b5ba-c3f90b2bc542.jpeg align="center")

**Recuva မှာ ဖျက်လိုက်တဲ့ ဖိုင်တွေကို ဆယ်ယူနိုင်တဲ့အပြင် ပြန်လည်ဆယ်ယူနိုင်စွမ်းမရှိအောင်လည်း ဖျက်ထားတဲ့ဖိုင်တွေကို overwrite ပြုလုပ်ပြီး ပြန်လည်ရေးသားနိုင်ပါတယ်။** ဖိုင်တစ်ခုကို လုံးလုံးလျားလျား ပြန်မရနိုင်အောင် အကုန်ဖျက်ချင်တယ်ဆိုရင်တော့ ဖိုင်ကို mouse (R.C) နိုပ်ပြီး securely overwrite highlighted ကိုရွေးချယ်ပြီး ဖိုင်ကိုဖျက်ဆီးပြီးတာနဲ့ အတည်ပြုတဲ့ စာမျက်နှာကို တွေ့ရပါလိမ့်မယ်(Ok ကိုနိုပ်ပါ)။

![](https://cdn.hashnode.com/res/hashnode/image/upload/v1728966882552/a53bc92c-0547-478c-985e-54aa6e8dd555.jpeg align="center")

ဖိုင်တစ်ခုထက်မက တစ်ကြိမ်တည်း overwrite ပြုလုပ်ချင်တယ်ဆိုရင်တော့ ဖိုင်တွေကို အမှန်ခြစ်နိုပ်ပြီးနောက် mouse (R.C) ကို နိုပ်ကာ ပေါ်လာတဲ့ secure overwrite checked ကိုရွေးချယ်ပါ။

ref:springsecurity
