Skip to main content

Command Palette

Search for a command to run...

StarLink ကို ဘယ်လိုသုံးကြမလဲ?

Updated
3 min read
StarLink ကို ဘယ်လိုသုံးကြမလဲ?
D

I am a volunteer for civil society organizations (CSOs) aimed at improving their digital security and safe office operations.

မြန်မာနိုင်ငံတွင် ယခုအခါ အဖိနှိပ်ခံ ပြည်သူများအနေဖြင့် စစ်ပွဲများအတွင်း ပြင်ပလောကနှင့် အဆက်အသွယ်မပြတ်တောက်စေရန် ရရာ ဆက်သွယ်ရေးနည်းလမ်းများကို ကြိုးစားရှာဖွေကြရာမှ ဂြိုလ်တုအင်တာနက် ဝန်ဆောင်မှုများသည် ရွေးချယ်စရာများထဲမှတစ်ခု ဖြစ်လာပါတယ်။

အဲဲဒီထဲကမှ Starlink သည် အသုံးပြုရအလွယ်ကူဆုံးနှင့် ဝန်ဆောင်ခ အထိုက်အလျောက်သက်သာသောကြောင့် ပြည်တွင်းအခြေအနေများ အရ အသင့်တော်ဆုံးဖြစ်နေတယ်လိုယူဆနိုင်ပါတယ်။

Satellite Dish - ဂြိုလ်တုမှ အင်တာနက်ကော်နက်ရှင်းကို လက်ခံသည့်စက်ပစ္စည်းဖြစ်သည်။

Cables - ပုံးထဲတွင် ကေဘယ်လ်ကြိုးပါဝင်သည်။ တစ်ကြိုးမှာ နက်ဝက်ကြိုးဖြစ်ပြီး တစ်ကြိုးမှာ ပါဝါ‌ပေးရန်ဖြစ်သည်။

Starlink Mesh Wifi Router - Satellite Dish မှ ထုတ်လွင့်သည့် အင်တာနက်ကို Signal ဖမ်းယူရန်အတွက် မူလ Router ဖြစ်တယ်။

Mount / Base - ခေါင်မိုးအပြား သို့ ရေပြင်ညီ နေရာတွင် ထောင်ပြီးအသုံးပြုမယ်ဆိုရင် ဒီအောက်ခံဒေါက်ကို အသုံးပြုနိုင်ပါတယ်။

Ethernet Adapter (box ထဲမှာ မပါပါ၊ သီးသန့်မှာရမှာဖြစ်ပါတယ်) - အခြား router များ သို့ အခြား စက်ပစ္စည်းများနှင့် ချိတ်ဆက်အသုံးပြုမည်ဆိုပါက မူလ router နှင့် ကြားမှ ချိတ်ဆက်ပေးမည့် လိုအပ်သည့်(မဖြစ်မနေ) adapter ဖြစ်ပါတယ်။

Starlink device ကိုယ်လက်ထဲရောက်လာပြီဆိုရင် - အရင်ဆောင်ရွက်ရမှာက Activation process ဖြစ်ပါတယ်။

သူ့ process မှာတော့ register လုပ်ထားပြီးသား Starlink device နဲ့ register မလုပ်ရသေးတဲ့ device ဆိုပြီး နေရာနဲ့လိုက်ပြီး ကွာခြားမှုရှိနိုင်ပါတယ်။

Activation အတွက် KIT Number က အရေးကြီးပါတယ်။

KIT Number ကို Starlink ဗူးခွံပေါ် သို့ ပြေစာပေါ်မှာ ရေးထားဖို့ မပျောက်ပျက်ဖို့ အရေးကြီးပါတယ်။

Activation ပြုလုပ်ပုံ (Register မလုပ်ရသေးပါက)

Starlink Account ဖွင့်ဖို့လိုအပ်ပါတယ်။အကောင့်အရင်ဖွင့်ပါ။

https://www.starlink.com/activate ကိုသွားလုပ်ရမှာပါ၊ အဲဒီမှာ KIT Number တွေက KIT နဲ့ စပါတယ် (Eg: KITP00001234)၊

KIT Number ပျောက်နေတယ် မသိမ်းထားမိဘူးဆိုရင် Serial No: ကိုထည့်လို့ရပါတယ် ဒါကို ဗန်း(Dish) ရဲ့ တိုင်အောက်မှာရှာလို့ရပါတယ်။

Email အကောင့်တစ်ခုလိုမှာဖြစ်ပါတယ်၊ တတ်နိုင်ရင် ဘာနဲ့မှ မချိတ်ဆက်ထားတဲ့ Email ဖြစ်တာ အကောင်းဆုံးပါ၊ (email အတွက် skiff.com ကိုညွှန်းပါတယ်) payment ဆောင်ရွက်ဖို့အတွက် နိုင်ငံခြား bank account တစ်ခုလိုမှာဖြစ်ပါတယ်၊ ( ထိုင်းနိုင်ငံမှာ Starlink မရသေးပါဘူး၊ ထိုင်းအကောင့်နဲ့ ဆိုပြသာနာရှိနိုင်ပါတယ်)။

သတိထားဖို့က Account မရသေးရင် ဗန်း (Dish) နဲ့ router ကို ပလက်ပေါက်မထိုးပါနဲ့

Activation ပြုလုပ်ပုံ ( Registerမလုပ်ရသေးပါက)

  1. Service ကိုရွေးချယ်ပါ၊ 599$ တန်ဆိုရင် ဒါ Residential ကိုရွေးပြီး Starlink တရားဝင်တဲ့ နေရာရဲ့ လိပ်စာကို ထည့်ဖို့လိုမှာပါ၊ Phillipines ၊korea နှင့် US လိပ်စာဖြစ်ဖို့လိုပါတယ်။

  2. ဘဏ်အချက်အလက်တွေဖြည့်ဖို့ လိုပါတယ်။ Wise Account အသုံးပြုဖို့ ညွှန်းပါတယ် (တချို့နေရာတွေမှာ Wise တွေကန့်သက်တာရှိ မရှိစုံစမ်းပြီးမှအသုံးပြုပါ)

    စင်္ကာပူ ဘဏ်အကောင့်တွေကလည်း စောင့်ကြည့်ခံနေရတဲ့ အနေအထားပါ။

  3. အားလုံးပြည့်စုံလို့ Email ထဲသို့ Order Confirmation ဝင်လာပြီဆို Activate ဖြစ်သွားပါပြီ။

Register လုပ်ထားပြီးသား Starlink များသည် Account ရှိပြီးသား၊ ဘဏ်ကတ်ထည့်ပြီးသားဖြစ်တဲ့အတွက် Phone Application တွင် Set-up လုပ်ခြင်း အဆင့်မှစတင် Activate လုပ်ရပါတယ်။Starlink ကိုချိတ်ပါ ၊ WiFi အမည်နဲ့ WiFi Password ပြောင်းပါ။

ပြီးရင် Service Plan ကို Standard မှနေ၍ Mobile Regional/ Mobile Global သို့ပြောင်းရန် လိုအပ်ပါတယ်။ South East Asia? Asia မှ ဝယ်ထားသည့်အလုံးများဆိုရင် Mobile Regional Plan ကိုရွေးချယ်ရမှာဖြစ်ပြီး US အလုံးများဆိုရင် Mobile Global Plan ကိုအသုံးပြုရမှာဖြစ်ပါတယ်။

ကောင်းကင်ကို သေချာမြင်ရသည့် အကာအကွယ်မဲ့ ရှင်းလင်းသောနေရာတွင် Dish ကိုတပ်ဆင်ပါ မြင့်လေကောင်းလေဖြစ်ပါတယ်။

နက်ဝက်ကြိုးခေါင်းသည် Starlink ကုမ္မဏီကိုယ်ပိုင်ဒီဇိုင်းနှင့် ထုတ်လုပ်ထားသောပုံစံဖြစ်တဲ့အတွက် အပြင်မှာ ဝယ်၍ မရပါ။( Type C ခေါင်းမဟုတ်ပါ သို့သော် ကြိုးမှာ အများဆုံး RJ45 နက်ဝက်ကြိုးဖြစ်တာမို့ အဖြုတ်အတပ်ကို မကြာခဏ ပြုလုပ်ရမည့် အခြေအနေများရှိပါက ကြိုးကိုညှပ်၍ RJ45 နက်ဝက်ကြိုးကို အဖြုတ်အတပ်ပြုလုပ်ထားပြီး ကြိုးခေါင်းကို ဗန်းတွင် အသေတပ်ထားနိုင်ပါတယ်)

Router အသုံးပြုရန်အတွက် ပါဝါလိုအပ်ပါတယ် Dish က router မှတဆင့် ပါဝါရရှိတာဖြစ်ပါတယ်၊ router ကနေ ပါဝါတပ်လိုက်တာနဲ့ Satellite Dish က သူ့အလိုလိုလှည့်ပြီး တပ်ဆင်ထားသည့် အနေအထားကို ကောင်းကင်နဲ့ ချိန် မှာဖြစ်ပါတယ်၊ Starlink ၏ Ethernet adapter ကို အခြား router များအသုံးပြုမယ်ဆိုပါက network switch အပေါက်ပါတဲ့အတွက် မဖြစ်မနေအသုံးပြုရမှာဖြစ်ပါတယ်။

Plan ပြောင်းပြီးနောက် Sign-in သို့သွားပြီး forgort password လုပ်ပါ။ Email ထဲသို့ password reset link ရောက်လာပါက password ပြောင်းပါ။ ထို့နောက် Google play store နှင့် App store တို့မှ Starlink App ကို ဒေါင်းပါ။(အင်တနက်မရှိသည့် ဒေသသို့သွားမည်ဆိုပါက download ဆွဲပြီးသား app ကို OTG Stick များဖြင့် ယူသွားရန်လိုအပ်ပါတယ်)

App တွင် Sign in ဝင်ပါ၊

WiFi ဖွင့်ပြီး STARLINK WiFi ကိုချိတ်ပါ၊

CREATE NETWORK အမည်ဖြင့် Page ကျလာပါက မိမိကြိုက်နှစ်သက်ရာအမည် ပြောင်းပါ Password ပေးပါ။

Starlink ဗန်းက Satellite ရှိရာကို မိမိဘာသာ ချိန်ညှိပါလိမ့်မည်။(စတင်အသုံးပြုနိုင်ပြီဖြစ်သည်)

Ref&CC: SpringRevolutionSecurity

​​

1.9K views

More from this blog

Digital Coup in Myanmar

စစ်ကောင်စီ မတရားအာဏာသိမ်းမှုရဲ့ ဒစ်ဂျစ်တယ်ဆိုင်ရာ အခွင့်အရေးများစွာကို ထင်ထင်ပေါ်ပေါ် ချိုးဖောက်ခဲ့မှုများကို လူတိုင်းလက်တွေ့ခံစားခဲ့ကြရတာပါ။ မြန်မာနိုင်ငံသူ/သားများ ရင်ဆိုင်ခဲ့ရတဲ့ ဒစ်ဂျစ်တယ်အမှောင်ထ

Mar 22, 20261 min read143
Digital Coup in Myanmar

တစ်နေရာမှ တစ်နေရာသို့ ရွေ့ပြောင်းထွက်ခွါရာမှာ လိုအပ်သော ပြင်ဆင်ချက်များ

တစ်နေရာမှ တစ်နေရာသို့ ရွေ့ပြောင်းထွက်ခွါရာမှာ လိုအပ်သော ပြင်ဆင်ချက်များ စစ်ကောင်စီရဲ့ စစ်မှုထမ်းဥပဒေကြေငြာပြီး နောက်မှ ပြည်ပ သို့ မိမိနေထိုင်ရာအရပ်မှ နယ်မြေသစ်တွေကို ထွက်ခွါသူတွေအများအပြားရှိလာပါတယ်။ Immigration ကိုဖြတ်ကျော်ရာမှာ လေဆိပ်မှာဖြစ်ဖြစ် နယ...

May 13, 20252 min read35
တစ်နေရာမှ တစ်နေရာသို့ ရွေ့ပြောင်းထွက်ခွါရာမှာ လိုအပ်သော ပြင်ဆင်ချက်များ

Public Wi-Fi ကို ဘယ်လိုလုံခြုံအောင်သုံးကြမလဲ?

𝗣𝘂𝗯𝗹𝗶𝗰 𝗪𝗶𝗳𝗶 တွေကို ဘာကြောင့် အလွယ်မသုံးသင့်တာလဲ ? ယနေ့လို Digital ခေတ်ကြီးထဲမှာ ကျွန်တော်တို့လူသားတွေအတွက် အင်တာနက်ဆိုတာက မရှိမဖြစ် လိုအပ်‌နေတဲ့အရာတစ်ခုဖြစ်နေပါပြီ။ တစ်ယောက်နဲ့တစ်ယောက်အသုံးပြုပုံခြင်းတော့ မတူညီကြပါဘူး။ တစ်ချို့က Remote Job ...

Apr 25, 20253 min read28
Public Wi-Fi ကို ဘယ်လိုလုံခြုံအောင်သုံးကြမလဲ?
D

digitalsecinfo

83 posts

Digital Security အစရှိတဲ့ နည်းပညာများအပြင် Feb 1, 2021 ခုနှစ် စစ်တပ်အာဏာစသိမ်းချိန်ကစပြီး လက်ရှိအချိန်ထိ Digital အခွင့်အရေးချိုးဖောက်ခံရမှုတွေကို တစုတစည်းတည်းလေ့လာနိုင်ရန်မျှဝေပေးမယ့် Blog ပဲဖြစ်ပါတယ်