# StarLink ကို ဘယ်လိုသုံးကြမလဲ?

မြန်မာနိုင်ငံတွင် ယခုအခါ အဖိနှိပ်ခံ ပြည်သူများအနေဖြင့် စစ်ပွဲများအတွင်း ပြင်ပလောကနှင့် အဆက်အသွယ်မပြတ်တောက်စေရန် ရရာ ဆက်သွယ်ရေးနည်းလမ်းများကို ကြိုးစားရှာဖွေကြရာမှ ဂြိုလ်တုအင်တာနက် ဝန်ဆောင်မှုများသည် ရွေးချယ်စရာများထဲမှတစ်ခု ဖြစ်လာပါတယ်။

အဲဲဒီထဲကမှ Starlink သည် အသုံးပြုရအလွယ်ကူဆုံးနှင့် ဝန်ဆောင်ခ အထိုက်အလျောက်သက်သာသောကြောင့် ပြည်တွင်းအခြေအနေများ အရ အသင့်တော်ဆုံးဖြစ်နေတယ်လိုယူဆနိုင်ပါတယ်။

**Satellite Dish** - ဂြိုလ်တုမှ အင်တာနက်ကော်နက်ရှင်းကို လက်ခံသည့်စက်ပစ္စည်းဖြစ်သည်။

**Cables** - ပုံးထဲတွင် ကေဘယ်လ်ကြိုးပါဝင်သည်။ တစ်ကြိုးမှာ နက်ဝက်ကြိုးဖြစ်ပြီး တစ်ကြိုးမှာ ပါဝါ‌ပေးရန်ဖြစ်သည်။

**Starlink Mesh Wifi Router** - Satellite Dish မှ ထုတ်လွင့်သည့် အင်တာနက်ကို Signal ဖမ်းယူရန်အတွက် မူလ Router ဖြစ်တယ်။

**Mount / Base** - ခေါင်မိုးအပြား သို့ ရေပြင်ညီ နေရာတွင် ထောင်ပြီးအသုံးပြုမယ်ဆိုရင် ဒီအောက်ခံဒေါက်ကို အသုံးပြုနိုင်ပါတယ်။

**Ethernet Adapter (box ထဲမှာ မပါပါ၊ သီးသန့်မှာရမှာဖြစ်ပါတယ်)** - အခြား router များ သို့ အခြား စက်ပစ္စည်းများနှင့် ချိတ်ဆက်အသုံးပြုမည်ဆိုပါက မူလ router နှင့် ကြားမှ ချိတ်ဆက်ပေးမည့် လိုအပ်သည့်(မဖြစ်မနေ) adapter ဖြစ်ပါတယ်။

### **Starlink ရပြီဆို ဘာစလုပ်ရမလဲ ? Register မလုပ်ရသေးရင် ဘယ်လိုလုပ်ရမလဲ?**

Starlink device ကိုယ်လက်ထဲရောက်လာပြီဆိုရင် - အရင်ဆောင်ရွက်ရမှာက Activation process ဖြစ်ပါတယ်။

သူ့ process မှာတော့ register လုပ်ထားပြီးသား Starlink device နဲ့ register မလုပ်ရသေးတဲ့ device ဆိုပြီး နေရာနဲ့လိုက်ပြီး ကွာခြားမှုရှိနိုင်ပါတယ်။

![](https://cdn.hashnode.com/res/hashnode/image/upload/v1702014546155/0e5092df-1b0c-4ff0-a409-4b6ac5743456.jpeg align="center")

Activation အတွက် KIT Number က အရေးကြီးပါတယ်။

KIT Number ကို Starlink ဗူးခွံပေါ် သို့ ပြေစာပေါ်မှာ ရေးထားဖို့ မပျောက်ပျက်ဖို့ အရေးကြီးပါတယ်။

Activation ပြုလုပ်ပုံ (Register မလုပ်ရသေးပါက)

Starlink Account ဖွင့်ဖို့လိုအပ်ပါတယ်။အကောင့်အရင်ဖွင့်ပါ။

https://www.starlink.com/activate ကိုသွားလုပ်ရမှာပါ၊ အဲဒီမှာ KIT Number တွေက KIT နဲ့ စပါတယ် (Eg: KITP00001234)၊

**KIT Number ပျောက်နေတယ် မသိမ်းထားမိဘူးဆိုရင် Serial No: ကိုထည့်လို့ရပါတယ် ဒါကို ဗန်း(Dish) ရဲ့ တိုင်အောက်မှာရှာလို့ရပါတယ်။**

Email အကောင့်တစ်ခုလိုမှာဖြစ်ပါတယ်၊ တတ်နိုင်ရင် ဘာနဲ့မှ မချိတ်ဆက်ထားတဲ့ Email ဖြစ်တာ အကောင်းဆုံးပါ၊ (email အတွက် skiff.com ကိုညွှန်းပါတယ်) payment ဆောင်ရွက်ဖို့အတွက် နိုင်ငံခြား bank account တစ်ခုလိုမှာဖြစ်ပါတယ်၊ ( ထိုင်းနိုင်ငံမှာ Starlink မရသေးပါဘူး၊ ထိုင်းအကောင့်နဲ့ ဆိုပြသာနာရှိနိုင်ပါတယ်)။

**သတိထားဖို့က Account မရသေးရင် ဗန်း (Dish) နဲ့ router ကို ပလက်ပေါက်မထိုးပါနဲ့**

### **Activation ပြုလုပ်ပုံ ( Registerမလုပ်ရသေးပါက)**

![](https://cdn.hashnode.com/res/hashnode/image/upload/v1702014787635/b4e50bb6-9889-494c-b40e-f16a8f0d00db.jpeg align="center")

![](https://cdn.hashnode.com/res/hashnode/image/upload/v1702014802444/acbf2033-0c9d-4c17-ad51-908d345bdd92.jpeg align="center")

1. Service ကိုရွေးချယ်ပါ၊ 599$ တန်ဆိုရင် ဒါ Residential ကိုရွေးပြီး Starlink တရားဝင်တဲ့ နေရာရဲ့ လိပ်စာကို ထည့်ဖို့လိုမှာပါ၊ Phillipines ၊korea နှင့် US လိပ်စာဖြစ်ဖို့လိုပါတယ်။
    
2. ဘဏ်အချက်အလက်တွေဖြည့်ဖို့ လိုပါတယ်။ Wise Account အသုံးပြုဖို့ ညွှန်းပါတယ် (တချို့နေရာတွေမှာ Wise တွေကန့်သက်တာရှိ မရှိစုံစမ်းပြီးမှအသုံးပြုပါ)
    
    **စင်္ကာပူ ဘဏ်အကောင့်တွေကလည်း စောင့်ကြည့်ခံနေရတဲ့ အနေအထားပါ။**
    
3. အားလုံးပြည့်စုံလို့ Email ထဲသို့ Order Confirmation ဝင်လာပြီဆို Activate ဖြစ်သွားပါပြီ။
    

### **Register လုပ်ပြီးမှာယူထားသော Starlink များ အား Activate ပြုလုပ်ခြင်း။**

![](https://cdn.hashnode.com/res/hashnode/image/upload/v1702039197857/a1cdb199-6243-44d8-9f64-910bf50a7c04.png align="center")

Register လုပ်ထားပြီးသား Starlink များသည် Account ရှိပြီးသား၊ ဘဏ်ကတ်ထည့်ပြီးသားဖြစ်တဲ့အတွက် Phone Application တွင် Set-up လုပ်ခြင်း အဆင့်မှစတင် Activate လုပ်ရပါတယ်။Starlink ကိုချိတ်ပါ ၊ WiFi အမည်နဲ့ WiFi Password ပြောင်းပါ။

ပြီးရင် Service Plan ကို Standard မှနေ၍ Mobile Regional/ Mobile Global သို့ပြောင်းရန် လိုအပ်ပါတယ်။ **South East Asia? Asia** မှ ဝယ်ထားသည့်အလုံးများဆိုရင် **Mobile Regional Plan** ကိုရွေးချယ်ရမှာဖြစ်ပြီး **US** အလုံးများဆိုရင် **Mobile Global Plan** ကိုအသုံးပြုရမှာဖြစ်ပါတယ်။

### **Starlink တပ်ဆင်ခြင်း ( Activation/ Registration လုပ်ငန်းစဉ်ပြီးမှ တပ်ဆင်သည့် လုပ်ငန်းစဉ် အဆင့်ကို လုပ်ဆောင်ပါ)**

![](https://cdn.hashnode.com/res/hashnode/image/upload/v1702044622415/4dc8f5b2-6ba2-47dc-bb2f-a3e720d0b257.webp align="center")

ကောင်းကင်ကို သေချာမြင်ရသည့် အကာအကွယ်မဲ့ ရှင်းလင်းသောနေရာတွင် Dish ကိုတပ်ဆင်ပါ မြင့်လေကောင်းလေဖြစ်ပါတယ်။

နက်ဝက်ကြိုးခေါင်းသည် Starlink ကုမ္မဏီကိုယ်ပိုင်ဒီဇိုင်းနှင့် ထုတ်လုပ်ထားသောပုံစံဖြစ်တဲ့အတွက် အပြင်မှာ ဝယ်၍ မရပါ။( Type C ခေါင်းမဟုတ်ပါ သို့သော် ကြိုးမှာ အများဆုံး RJ45 နက်ဝက်ကြိုးဖြစ်တာမို့ အဖြုတ်အတပ်ကို မကြာခဏ ပြုလုပ်ရမည့် အခြေအနေများရှိပါက ကြိုးကိုညှပ်၍ RJ45 နက်ဝက်ကြိုးကို အဖြုတ်အတပ်ပြုလုပ်ထားပြီး ကြိုးခေါင်းကို ဗန်းတွင် အသေတပ်ထားနိုင်ပါတယ်)

Router အသုံးပြုရန်အတွက် ပါဝါလိုအပ်ပါတယ် Dish က router မှတဆင့် ပါဝါရရှိတာဖြစ်ပါတယ်၊ router ကနေ ပါဝါတပ်လိုက်တာနဲ့ Satellite Dish က သူ့အလိုလိုလှည့်ပြီး တပ်ဆင်ထားသည့် အနေအထားကို ကောင်းကင်နဲ့ ချိန် မှာဖြစ်ပါတယ်၊ Starlink ၏ Ethernet adapter ကို အခြား router များအသုံးပြုမယ်ဆိုပါက network switch အပေါက်ပါတဲ့အတွက် မဖြစ်မနေအသုံးပြုရမှာဖြစ်ပါတယ်။

Plan ပြောင်းပြီးနောက် Sign-in သို့သွားပြီး forgort password လုပ်ပါ။ Email ထဲသို့ password reset link ရောက်လာပါက password ပြောင်းပါ။ ထို့နောက် Google play store နှင့် App store တို့မှ Starlink App ကို ဒေါင်းပါ။(**အင်တနက်မရှိသည့် ဒေသသို့သွားမည်ဆိုပါက download ဆွဲပြီးသား app ကို OTG Stick များဖြင့် ယူသွားရန်လိုအပ်ပါတယ်**)

### **Starlink App နှင့် Set-up ပြုလုပ်ခြင်း**

![](https://cdn.hashnode.com/res/hashnode/image/upload/v1702045450484/76e5c360-6f93-416e-a2da-95ff8a050577.webp align="center")

App တွင် Sign in ဝင်ပါ၊

WiFi ဖွင့်ပြီး STARLINK WiFi ကိုချိတ်ပါ၊

CREATE NETWORK အမည်ဖြင့် Page ကျလာပါက မိမိကြိုက်နှစ်သက်ရာအမည် ပြောင်းပါ Password ပေးပါ။

Starlink ဗန်းက Satellite ရှိရာကို မိမိဘာသာ ချိန်ညှိပါလိမ့်မည်။(စတင်အသုံးပြုနိုင်ပြီဖြစ်သည်)

Ref&CC: SpringRevolutionSecurity

​​
