Power Bank တစ်လုံးဝယ်ရင် ဘာတွေကြည့်သင့်လဲ?

I am a volunteer for civil society organizations (CSOs) aimed at improving their digital security and safe office operations.
Search for a command to run...

I am a volunteer for civil society organizations (CSOs) aimed at improving their digital security and safe office operations.
No comments yet. Be the first to comment.
စစ်ကောင်စီ မတရားအာဏာသိမ်းမှုရဲ့ ဒစ်ဂျစ်တယ်ဆိုင်ရာ အခွင့်အရေးများစွာကို ထင်ထင်ပေါ်ပေါ် ချိုးဖောက်ခဲ့မှုများကို လူတိုင်းလက်တွေ့ခံစားခဲ့ကြရတာပါ။ မြန်မာနိုင်ငံသူ/သားများ ရင်ဆိုင်ခဲ့ရတဲ့ ဒစ်ဂျစ်တယ်အမှောင်ထ

2026 ခုနှစ် ဒစ်ဂျယ်တယ်ရပ်ဝန်းဆိုင်ရာ ဖြစ်ပျက်ခဲ့မှုများ

တစ်နေရာမှ တစ်နေရာသို့ ရွေ့ပြောင်းထွက်ခွါရာမှာ လိုအပ်သော ပြင်ဆင်ချက်များ စစ်ကောင်စီရဲ့ စစ်မှုထမ်းဥပဒေကြေငြာပြီး နောက်မှ ပြည်ပ သို့ မိမိနေထိုင်ရာအရပ်မှ နယ်မြေသစ်တွေကို ထွက်ခွါသူတွေအများအပြားရှိလာပါတယ်။ Immigration ကိုဖြတ်ကျော်ရာမှာ လေဆိပ်မှာဖြစ်ဖြစ် နယ...

𝗣𝘂𝗯𝗹𝗶𝗰 𝗪𝗶𝗳𝗶 တွေကို ဘာကြောင့် အလွယ်မသုံးသင့်တာလဲ ? ယနေ့လို Digital ခေတ်ကြီးထဲမှာ ကျွန်တော်တို့လူသားတွေအတွက် အင်တာနက်ဆိုတာက မရှိမဖြစ် လိုအပ်နေတဲ့အရာတစ်ခုဖြစ်နေပါပြီ။ တစ်ယောက်နဲ့တစ်ယောက်အသုံးပြုပုံခြင်းတော့ မတူညီကြပါဘူး။ တစ်ချို့က Remote Job ...

2025 ခုနှစ် ဒစ်ဂျယ်တယ်ရပ်ဝန်းဆိုင်ရာ ဖြစ်ပျက်ခဲ့မှုများ

Power Bank တစ်လုံးမှာ Battery ပမာဏဘယ်လောက်ပါလဲဆိုတာကို mAh နဲ့ဖော်ပြလေ့ရှိပါတယ် .. ဒီလိုဖော်ပြထားတဲ့ mAh တွေဟာလည်း အပြည့်သုံးလို့ရမှာမဟုတ်ပါဘူး
ဥပမာ – သင့်ဖုန်းက 5,000mAh Battery ပါလို့ 10,000mAh Power Bank ဝယ်ရင် အားအပြည့် ၂ ခါသွင်းလို့ရမယ်လို့ မှတ်ယူမိရင်မှားပါတယ်
Power Bank တွေဟာ ဖော်ပြထားတဲ့ Capacity အတိုင်း ဘယ်တော့မှအပြည့်အဝထုတ်ပေးနိုင်မှာမဟုတ်ပါဘူး .. ဘာလို့လဲဆိုတာတော့ အသေးစိတ်ရှင်းမပြတော့ပါဘူး .. ဒီ Link မှာ သွားဖတ်လို့ရပါတယ် – https://blog.banggood.com/the-secret-marketing-trick-behind-powerbank-capacity-29982.html
ဒါကြောင့် ကိုယ်အားသွင်းမယ့် Device တွေရဲ့ Battery Capacity ကိုတွက်ချက်ပြီး အဲ့ထက်ပိုများတဲ့ Capacity ပါဝင်တဲ့ Power Bank ကိုရွေးချယ်သင့်ပါတယ်
Power Bank တစ်လုံးမှာ အရေးအကြီးဆုံးက Port လို့ပြောလို့ရပါတယ် .. iPhone တွေမှာ Fast Charge ရချင်ရင် Power Delivery (PD) Support လုပ်တဲ့ Power Bank ကိုရွေးချယ်ရပါမယ်
PD ဟာ Type C နဲ့ အလုပ်,လုပ်တာကြောင့် Power Bank ရဲ့ Output Port မှာ Type C တစ်ပေါက်အနည်းဆုံး ပါရမှာဖြစ်ပြီး အဲ့ Type C ဟာလည်း 18W အထက်နှုန်းနဲ့ အားသွင်းပေးနိုင်ရမှာဖြစ်ပါတယ် (ပါလာတဲ့ Type C က Input Only ဆို မရဘူးနော် .. Input Only ဆို Power Bank ကို အားသွင်းလို့ပဲရပါမယ် .. Power Bank ကနေ တခြား Device ကို အားပြန်သွင်းပေးမယ်ဆိုရင် မရတော့ဘူး)
Laptop တွေပါ အားသွင်းချင်ရင်တော့ ကိုယ့် Laptop က ဘယ်လောက် Watt (W) နှုန်းနဲ့ အားသွင်းရလဲဆိုတာသိထားရပါမယ် .. 140W နှုန်းနဲ့အားသွင်းရတဲ့ Laptop ကို 22W ပဲထွက်တဲ့ Power Bank နဲ့ အားသွင်းရင်းသုံးနေမယ်ဆိုရင် အားကတက်မလာတဲ့အပြင် ကျပါကျနေမှာပါ (ကျတာတော့နှေးသွားမှာပေါ့လေ)
တခြား Accessories တွေပါ အားသွင်းချင်သေးတယ်ဆိုရင် Port များပြီး၊ Port စုံတဲ့ Power Bank မျိုး ရွေးချယ်ဖို့ မဖြစ်မနေလိုအပ်ပါတယ်
ဒီအချက်ကတော့ သိပ်စဥ်းစားစရာမလိုပါဘူး .. ပိုက်ဆံပေါတဲ့လူတွေအတွက် ပြောပြတာပါ .. ဈေးကြီးတဲ့ Brand တွေဟာ Battery Protection နည်းပညာ ကောင်းကောင်းသုံးပေးထားတာကြောင့် စိတ်ချရတယ်ပေါ့ဗျာ .. Recommend ပေးချင်တဲ့ Brand တွေကတော့ –
– Xiaomi
– Hyper Juice
– Satechi
– Native Union
– Anker
– Morphie
– Belkin
#PHK #digitalsecinfo