# Power Bank တစ်လုံးဝယ်ရင် ဘာတွေကြည့်သင့်လဲ?

### **1\. Capacity**

Power Bank တစ်လုံးမှာ Battery ပမာဏဘယ်လောက်ပါလဲဆိုတာကို mAh နဲ့ဖော်ပြလေ့ရှိပါတယ် .. ဒီလိုဖော်ပြထားတဲ့ mAh တွေဟာလည်း အပြည့်သုံးလို့ရမှာမဟုတ်ပါဘူး

ဥပမာ – သင့်ဖုန်းက 5,000mAh Battery ပါလို့ 10,000mAh Power Bank ဝယ်ရင် အားအပြည့် ၂ ခါသွင်းလို့ရမယ်လို့ မှတ်ယူမိရင်မှားပါတယ်

Power Bank တွေဟာ ဖော်ပြထားတဲ့ Capacity အတိုင်း ဘယ်တော့မှအပြည့်အဝထုတ်ပေးနိုင်မှာမဟုတ်ပါဘူး .. ဘာလို့လဲဆိုတာတော့ အသေးစိတ်ရှင်းမပြတော့ပါဘူး .. ဒီ Link မှာ သွားဖတ်လို့ရပါတယ် – [https://blog.banggood.com/the-secret-marketing-trick-behind-powerbank-capacity-29982.html](https://blog.banggood.com/the-secret-marketing-trick-behind-powerbank-capacity-29982.html)

ဒါကြောင့် ကိုယ်အားသွင်းမယ့် Device တွေရဲ့ Battery Capacity ကိုတွက်ချက်ပြီး အဲ့ထက်ပိုများတဲ့ Capacity ပါဝင်တဲ့ Power Bank ကိုရွေးချယ်သင့်ပါတယ်

### **2\. Ports**

Power Bank တစ်လုံးမှာ အရေးအကြီးဆုံးက Port လို့ပြောလို့ရပါတယ် .. iPhone တွေမှာ Fast Charge ရချင်ရင် Power Delivery (PD) Support လုပ်တဲ့ Power Bank ကိုရွေးချယ်ရပါမယ်

PD ဟာ Type C နဲ့ အလုပ်,လုပ်တာကြောင့် Power Bank ရဲ့ Output Port မှာ Type C တစ်ပေါက်အနည်းဆုံး ပါရမှာဖြစ်ပြီး အဲ့ Type C ဟာလည်း 18W အထက်နှုန်းနဲ့ အားသွင်းပေးနိုင်ရမှာဖြစ်ပါတယ် (ပါလာတဲ့ Type C က Input Only ဆို မရဘူးနော် .. Input Only ဆို Power Bank ကို အားသွင်းလို့ပဲရပါမယ် .. Power Bank ကနေ တခြား Device ကို အားပြန်သွင်းပေးမယ်ဆိုရင် မရတော့ဘူး)

Laptop တွေပါ အားသွင်းချင်ရင်တော့ ကိုယ့် Laptop က ဘယ်လောက် Watt (W) နှုန်းနဲ့ အားသွင်းရလဲဆိုတာသိထားရပါမယ် .. 140W နှုန်းနဲ့အားသွင်းရတဲ့ Laptop ကို 22W ပဲထွက်တဲ့ Power Bank နဲ့ အားသွင်းရင်းသုံးနေမယ်ဆိုရင် အားကတက်မလာတဲ့အပြင် ကျပါကျနေမှာပါ (ကျတာတော့နှေးသွားမှာပေါ့လေ)

တခြား Accessories တွေပါ အားသွင်းချင်သေးတယ်ဆိုရင် Port များပြီး၊ Port စုံတဲ့ Power Bank မျိုး​ ရွေးချယ်ဖို့ မဖြစ်မနေလိုအပ်ပါတယ်

### **3\. Brand**

ဒီအချက်ကတော့ သိပ်စဥ်းစားစရာမလိုပါဘူး .. ပိုက်ဆံပေါတဲ့လူတွေအတွက် ပြောပြတာပါ .. ဈေးကြီးတဲ့ Brand တွေဟာ Battery Protection နည်းပညာ ကောင်းကောင်းသုံးပေးထားတာကြောင့် စိတ်ချရတယ်ပေါ့ဗျာ .. Recommend ပေးချင်တဲ့ Brand တွေကတော့ –

– Xiaomi

– Hyper Juice

– Satechi

– Native Union

– Anker

– Morphie

– Belkin

**#PHK #digitalsecinfo**
