BSOD (Blue Screen of Death) ဘာကြောင့်ဖြစ်ရတာလဲ ?

I am a volunteer for civil society organizations (CSOs) aimed at improving their digital security and safe office operations.
Search for a command to run...

I am a volunteer for civil society organizations (CSOs) aimed at improving their digital security and safe office operations.
No comments yet. Be the first to comment.
စစ်ကောင်စီ မတရားအာဏာသိမ်းမှုရဲ့ ဒစ်ဂျစ်တယ်ဆိုင်ရာ အခွင့်အရေးများစွာကို ထင်ထင်ပေါ်ပေါ် ချိုးဖောက်ခဲ့မှုများကို လူတိုင်းလက်တွေ့ခံစားခဲ့ကြရတာပါ။ မြန်မာနိုင်ငံသူ/သားများ ရင်ဆိုင်ခဲ့ရတဲ့ ဒစ်ဂျစ်တယ်အမှောင်ထ

2026 ခုနှစ် ဒစ်ဂျယ်တယ်ရပ်ဝန်းဆိုင်ရာ ဖြစ်ပျက်ခဲ့မှုများ

တစ်နေရာမှ တစ်နေရာသို့ ရွေ့ပြောင်းထွက်ခွါရာမှာ လိုအပ်သော ပြင်ဆင်ချက်များ စစ်ကောင်စီရဲ့ စစ်မှုထမ်းဥပဒေကြေငြာပြီး နောက်မှ ပြည်ပ သို့ မိမိနေထိုင်ရာအရပ်မှ နယ်မြေသစ်တွေကို ထွက်ခွါသူတွေအများအပြားရှိလာပါတယ်။ Immigration ကိုဖြတ်ကျော်ရာမှာ လေဆိပ်မှာဖြစ်ဖြစ် နယ...

𝗣𝘂𝗯𝗹𝗶𝗰 𝗪𝗶𝗳𝗶 တွေကို ဘာကြောင့် အလွယ်မသုံးသင့်တာလဲ ? ယနေ့လို Digital ခေတ်ကြီးထဲမှာ ကျွန်တော်တို့လူသားတွေအတွက် အင်တာနက်ဆိုတာက မရှိမဖြစ် လိုအပ်နေတဲ့အရာတစ်ခုဖြစ်နေပါပြီ။ တစ်ယောက်နဲ့တစ်ယောက်အသုံးပြုပုံခြင်းတော့ မတူညီကြပါဘူး။ တစ်ချို့က Remote Job ...

2025 ခုနှစ် ဒစ်ဂျယ်တယ်ရပ်ဝန်းဆိုင်ရာ ဖြစ်ပျက်ခဲ့မှုများ

Blue Screen of Death ဆိုတာဘာလဲ?
Blue Screen of Death ဆိုတာ Microsoft Windows operating system ရဲ့ Error ပြသပေးတဲ့ screen ဖြစ်ပါတယ်။ အဲသည် Screen ပေါ်မှာ Windows operating system ရဲ့ System conflicts တွေနဲ့ ပြဿနာဖြစ်နိုင်ချေတွေကိုဖော်ပြပေးပါတယ်။
Blue screen လို့ခေါ်ရတဲ့အကြောင်းကတော့ အဲသည်လိုမျိုး Error တွေတက်လာတဲ့အခြေအနေမှာ Error message တွေကို အပြာရောင် Screen မျက်နှာပြင်နဲ့ ပြသပေးလို့ပဲဖြစ်ပါတယ်။
Blue Screen ဆိုတာ Computer နဲ့ System ပျက်စီးတာတွေကို နောက်ထပ်တိုးပြီးမဖြစ်ပွားအောင် ကာကွယ်ဖို့ သတိပေးချက်တစ်ခုဖြစ်တဲ့အတွက် Blue screen တက်ပြီဆိုရင် Blue Screen က Windows ကိုလုံးဝဆက်သုံးလို့မရအောင် ရပ်တန့်လိုက်ပါတယ်။
ပြန်ပြီးဆက်သုံးမယ်ဆိုရင်တော့ Computer ကို Reboot ပြန်လုပ်ပေးရပါတယ်။
Blue Screen ဘာကြောင့်တက်ရတာလဲ?
Blue Screen တက်ရတဲ့အကြောင်းအရင်းတွေကတော့ -
Driver – Computer မှာကိုယ်မောင်းလိုက်တဲ့ Driver က Computer ရဲ့ Hardware နဲ့ကိုက်ညီမှုမရှိရင် Blue Screen တက်နိုင်ပါတယ်။
Virus - ကိုယ့်ရဲ့ Computer မှာ Virus ဝင်ထားမယ်ဆိုရင် အဲသည် Virus က Windows Process တစ်ခုခု၊ Registry ဒါမှမဟုတ် System File တစ်ခုခုကို သွားပြီးအနှောင့်အယှက်ပေးနေမယ်ဆိုရင်လည်း Blue Screen တက်တတ်ပါတယ်။
Third-Party Softwares – Computer ထဲမှာ ကိုယ်အသစ်သွင်းလိုက်တဲ့ Software က Computer ရဲ့ စက်ပိုင်းဆိုင်ရာ ဒါမှမဟုတ် Driver Signature တွေနဲ့ ကိုက်ညီမှုမရှိခဲ့ရင်လည်း Blue Screen တက်နိုင်ပါတယ်။
Computer ရဲ့ Hardware ပိုင်းဖြစ်တဲ့အတွက် Hardware ပိုင်းအနေနဲ့ -
RAM – ကိုယ့် Computer မှာစိုက်ထားတဲ့ RAM က ပျက်နေမယ်၊ RAM ကြေးသွားတွေက ချေးတက်နေမယ်၊ Slot လွတ်နေမယ် ဒါမှမဟုတ် Motherboard ပေါ်က RAM Slot က ပျက်နေမယ်ဆိုရင် Blue Screen တက်နိုင်ပါတယ်။
RAM Error ဟုတ်မဟုတ်သိရဖို့အတွက် RAM လှဲစမ်းကြည့်နိုင်ပါတယ်။ RAM ကြေးသွားတွေချေးတက်နေရင်တော့ ခဲဖျက်နဲ့တိုက်ပြီး သန့်ရှင်းရေးပြုလုပ်နိုင်ပါတယ်။ အောက်ကပေးထားတဲ့ Link ထဲက Rebooter software နဲ့လည်း Computer ကို Restart လုပ်တဲ့အချိန် RAM loading ဆွဲနေတုန်း Blue Screen တက်၊ မတက် Automatic reboot လုပ်စေပြီးစမ်းလို့ရပါတယ်။
Link – https://www.passmark.com/downloads/rebooter.zip
Rebooter software settings – Maximum reboots: 20> Delay: 15> Auto load…> Start Cycle
Link – https://www.hdtune.com/download.html
Power supply unit – Power Supply က သူနဲ့တွဲဖက်ချိတ်ဆက်ထားတဲ့ Hardware တွေကိုပေးတဲ့ Voltage မလောက်တာ၊ Wattage မပြည့်တာ၊ တပ်ဆင်အသုံးပြုတဲ့ Hardware တွေက Power supply ရဲ့သတ်မှတ်ထားတဲ့ Wattage ကိုကျော်လွန်သွားတာတွေကြောင့် Blue Screen တက်တတ်ပါတယ်။
Motherboard – Motherboard ပေါ်က Sound controller, Network controller, USB Controller စတဲ့ Component တစ်ခုခုရဲ့ Error ကြောင့်လည်း Blue Screen တက်နိုင်ပါတယ်။ Motherboard ပေါ်မှာဆားပေါက်တာ၊ သံချေးကိုက်တာ၊ အစိုပြန်တာ၊ Circuit ပတ်လမ်းကြောင်းတွေမှာ ပြင်းထန်ခြစ်ရာရှိမရှိစစ်ဆေးရပါမယ်။ အဲတာတွေရှိနေရင် Warranty ရှိမယ်ဆိုရင်တောင် Warranty မရနိုင်တဲ့အတွက် အသစ်လှဲလှယ်ရတာမျိုးရှိပါတယ်။
CPU – CPU က Computer ထဲမှာ Reliable အဖြစ်ဆုံး Hardware ဖြစ်တဲ့အတွက် CPU မကောင်းလို့ Blue Screen တက်တာက ရှားတော့ရှားပါတယ်။ ဒါပေမဲ့ ဖြစ်နိုင်ချေလည်းရှိပါတယ်။ CPU ကို Overclocking လုပ်တဲ့အချိန်တွေမှာဖြစ်တတ်လေ့ရှိပါတယ်။ ပြီးတော့ CPU အောက်ခြေက ကြေးသွားတွေချေးကပ်နေရင်လည်းဖြစ်နိုင်ပါတယ်။
Peripherals – Computer မှာချိတ်ဆက်အသုံးပြုနေတဲ့ ဆက်စပ်ပစ္စည်း Accessories တွေဖြစ်တဲ့ Keyboard, Mouse, Memory Stick, External Hard Drive, Scanner, Printer စတာတွေမှာ Error ရှိရင်လည်း ဖြစ်တတ်ပါတယ်။
System Temperature – Computer ထဲက CPU နဲ့ GPU လိုမျိုး သက်ဆိုင်ရာ Component တွေကို အအေးပေးတဲ့ ပန်ကာ (Fan) တွေကကောင်းကောင်းအလုပ်မလုပ်ဘူး၊ ပြီးတော့ Fan အောက်က Heat sink နဲ့ CPU, GPU ကြားမှာရှိတဲ့ Thermal compound တွေကလည်း ခြောက်နေမယ်ဆိုရင် အပူစီးကူးနိုင်မှု မရှိတော့တဲ့အတွက် System Temperature တက်လာပြီး Blue Screen တက်တတ်ပါတယ်။
Computer မှာ မကြာခဏ Blue screen တက်နေပြီဆိုရင်တော့ စစ်ဆေးရမယ့်အပိုင်း အနေနဲ့ Software ပိုင်းနဲ့ Hardware ပိုင်းဆိုပြီး (၂) ပိုင်းရှိပါတယ်။
Blue Screen တက်နေတဲ့ Computer တစ်လုံးကို Software ပိုင်းကနေ ပထမဆုံးစပြီးစစ်ဆေးရပါမယ်။ Software ပိုင်းစစ်ဆေးပြီး အဆင်မပြေတော့မှပဲ Hardware ပိုင်းကိုပြောင်းပြီး စစ်ဆေးရပါမယ်။ Software ပိုင်းကို စပြီးစစ်ဆေးတဲ့အချိန် Software ပိုင်းနဲ့ပတ်သတ်ပြီး Error ကိစ္စတွေရှင်းအောင် Windows ကိုအသစ်ပြန်တင်ပြီးမှ ကျန်တဲ့ Hardware အစိတ်အပိုင်းတွေကို စစ်ဆေးရတာမျိုးရှိပါတယ်။