Skip to main content

Command Palette

Search for a command to run...

Self Assessment

Updated
2 min read
Self Assessment

ဘယ်သူမပြု မိမိမှုပါ၊ ဘယ်လောက်ပဲ ဒစ်ဂျစ်တယ်လုံခြုံရေးနဲ့ပတ်သက်ပြီး နားလည်နေရင်တောင်မှ ကိုယ့်ဘာတွေလိုအပ်နေလဲ ဘယ်နေရာတွေမှာ ယိုပေါက်တွေရှိလဲဆိုတာ မကြာခဏစစ်ဆေးပေးဖို့လိုအပ်ပါတယ်။

Self Assessment ဆိုတာ ဒစ်ဂျစ်တယ် အားနည်းချက် ၊ ယိုပေါက်တွေကြောင့် ကိုယ့်ဆီကိုဖြစ်လာနိုင်တဲ့ Risk တွေကို ကာကွယ်နိုင်ဖို့နဲ့ လိုအပ်ချက်တွေကိုပြင်ဆင်နိုင်ဖို့ ကိုယ်တိုင်စနစ်တကျ ပြန်လည်ဆန်းစစ်ခြင်းကို ဆိုလိုပါတယ်။

သင်ဒီနေ့လုံခြုံရဲ့လား

ကိုယ်ရဲ့ လူမူကွန်ရက်အကောင့်တွေ hack ခံရမှာ၊ ကိုယ်ပြောဆိုဆက်သွယ်နေတာတွေကို ကြားဖြတ်နားထောင်နေမှာ၊ ကိုယ်ဆီက အရေးကြီး ဒေတာအချက်အလက်တွေ ပေါက်ကြားမှာ၊ အပြင်သွားရင် ဖုန်းပါသွားတာ ဖမ်းဆီးစစ်ဆေးခံရရင်း ဖုန်းထဲက အချက်အလက်တွေကြောင့်ချိန်းခြောက်ခံရတာ စသဖြင့် စိုးရိမ်ပူပန်စရာများနေပြီဆိုရင် ကိုယ်ရဲ့ ဒစ်ဂျစ်တယ်လုံခြုံရေး အခြေအနေကို ကိုယ်တိုင်စစ်ဆေးကြည့်သင့်ပါတယ်။

  • ဒစ်ဂျစ်တယ်လုံခြုံရေးနဲ့ပတ်သက်ပြီး သိသင့်သလောက်တော့သိတယ် ဒါပေမယ့် မလုပ်ဖြစ်ဘူး။

  • ဒစ်ဂျစ်တယ်လုံခြုံရေးနဲ့ပတ်သက်ပြီး ပြင်ဆင်သင့်သလောက် လုပ်ပါတယ် ဒါပေမယ့် စိတ်မချဘူး။

  • သူများတွေပြောထား မျှဝေထားတာတွေတော့ Share ထားတယ် ဒါပေမယ့် မကြည့်ဖြစ်ပါဘူး ဆိုရင် သင့်ရဲ့ ဒစ်ဂျစ်တယ်လုံခြုံရေးက စိုးရိမ်စရာရှိနေပါပြီ။

တနေ့ထက်တနေ့ ချိန်းခြောက်မှု ဖိနှိပ်မှုတွေများတဲ့ ကာလမှာ ကိုယ့်ရဲ့ ဒစ်ဂျစ်တယ်လုံခြုံရေးကို သေချာပြင်ဆင်ဆောင်ရွက်ဖို့လိုလာပါပြီ။ ဒေတာကြောင့် အသက်အန္တာရာယ်အထိ မထိခိုက်ဖို့လိုအပ်ပါတယ်၊ ဒါကြောင့် ကိုယ့်လုံခြုံရေးလိုအပ်ချက်တွေကို ကိုယ်တိုင်ဆန်းစစ်ပြီး ယိုပေါက်တွေရှိရင် ဖာထေးရပါမယ်။

မေးခွန်းထုတ်ပါ

  • ဘာတွေကိုပြင်ဆင်ချင်လဲ ၊ ဘာတွေကိုကာကွယ်ချင်လဲ။

  • ကိုယ့်မှာ ဘယ်လိုဒေတာတွေရှိတာလဲ

  • ဘယ်လို စက်ပစ္စည်းအမျိုးအစားတွေ အသုံးပြုထားလဲ

  • ဘယ်သူတွေနဲ့ ဘယ် Platform တွေကိုအသုံးပြီးပြောဆို ဆက်သွယ်နေလဲ

  • အဲ့ဒီ platform တွေကရော ဘယ်လောက်လုံခြုံလဲ အစရှိသဖြင့် မေးခွန်းများထုတ်ပါ။

ကိုယ့်ကိုကိုယ်မညာပဲ သေချာစစ်ဆေးပါ

ကိုယ်ရဲ့ လုပ်ငန်းဆောင်တာများနဲ့ ပတ်သက်ပြီး ကိုယ်သာအသိဆုံးဖြစ်တဲ့အတွက် သေချာအသေးစိပ်စစ်ဆေးဖို့လိုအပ်ပါတယ်။ဒစ်ဂျစ်တယ်အသိမှာပဲ ပြတ်ကျန်ခဲ့ပြီး ကိုယ့်ကိုကိုယ်ညာခြင်းသည် ကိုယ့်အတွက်သာမက မိမိအဖွဲ့သားတွေကိုပါ သက်ရောက်မှုရှိတယ်ဆိုတာကို သတိပြုပေးပါ။

ကိုယ့်အသုံးပြုနေတဲ့ Device များကို List လုပ်ပါ

လက်ရှိ ကိုယ်အသုံးပြုနေတဲ့ စက်ပစ္စည်းတွေကို စီစစ်ပြီး အဲ့ဒီစက်ပစ္စည်းတွေထဲမှာရှိတဲ့ ဒေတာ အချက်အလက်တွေကို ဆန်းစစ်ဖို့လိုပါတယ်၊ဖုန်းထဲမှာတော့ ဘာအချက်အလက်တွေရှိတယ် ၊ ဒါကြောင့် ဖုန်းရဲ့ လုံခြုံမှုကို ဘယ်လိုပြင်ဆင်မယ်၊ ဒေတာတွေကို ဖုန်း၊ကွန်ပျူတာတွေထဲမှာ သိမ်းဆည်းရန်နဲ့ တခြားနေရာတွေမှာ ရွေ့ပြောင်းသိမ်းဆည်းရန် စသဖြင့် စီစဉ်ဖို့လိုအပ်ပါတယ်။

Checklist ပြင်ဆင်ပါ

လုံခြုံရေးပြင်ဆင်မှုတွေကတော့

  • ဘာတွေကိုလုပ်ပြီးပြီ

  • ဘာတွေကတော့လုပ်ဖို့လိုအပ်နေသေးတယ်

  • ဘယ်နေရာတွေမှာ ပြင်ဆင်ချိန်ညှိဖို့ လိုအပ်ပေမယ့် မလုပ်တတ်သေးဘူး အစရှိသဖြင့် အတည်ပြု စစ်ဆေးနိုင်မယ့် Checklist တစ်ခု တည်ဆောက်ပါ။

လိုအပ်တာများကိုပြင်ဆင်၍ လုံခြုံရေးအသိမြင့်တင်ပါ

ကိုယ်မလုပ်ရသေးတဲ့ လုံခြုံရေး လိုအပ်ချက်တွေကို ကောက်နုတ်ပါ၊ ကိုယ်တိုင်လုပ်တက်ပါက ပြင်ဆင်ဆောင်ရွက်ပြီး မလုပ်တတ်သေးတဲ့ မလုပ်နိုင်တဲ့ အပိုင်းတွေရှိရင်ပဲဖြစ်ဖြစ် ဒစ်ဂျစ်တယ်လုံခြုံရေးနဲ့ ပတ်သတ်ပြီး မျှဝေထားသူများဆီမှ လေ့လာပါ တိုင်ပင်ဆွေးနွေးပါ မေးမြန်းနိုင်တဲ့ Channel များရှိပါက အကူအညီတောင်းခံပါ။ Digital Audit or Digital Assessment Quizzes လေးတွေကိုလည်းဖြေဆိုပေးပါ၊ လုပ်ဆောင်ပေးပါ။

အခြေခံပြင်ဆင်ထားသင့်သည့် အပိုင်းများ

ဘယ်အရာ ဘယ်နေရာမှာမဆို ဖြစ်မှ ကုသခြင်းထက် မဖြစ်ခင် ကြိုတင်ကာကွယ်တာအကောင်းဆုံးဖြစ်သည်။ နေ့စဉ်နဲ့အမျှ အင်တာနက်ပေါ်မှာ သွားလာလှုပ်ရှားနေကြသူများအဖို့ ဒစ်ဂျစ်တယ်လုံခြုံရေးနဲ့ လုံးဝကင်းကွာလို့မရပါဘူး။ ဒစ်ဂျစ်တယ်လုံခြုံရေးအရ ပြင်ဆင်ထားသင့်တဲ့ အပိုင်းများမှာ ယိုပေါက်ရှိ မရှိ မကြာခဏ ပြန်လည် စစ်ဆေးပြီး စနစ်တကျပြင်ဆင်ထားသင့်ပါတယ်။

  • Facebook အကောင့်လုံခြုံရေး

  • Google အကောင့်လုံခြုံရေး

  • Telegram အကောင့်လုံခြုံရေး

  • Signal အကောင့်လုံခြုံရေး

  • Browser လုံခြုံရေး

  • Simcard လုံခြုံရေး

  • Data လုံခြုံရေး

ဒါ့အပြင် အရေးပေါ်တစ်စုံတစ်ရာကြုံရပါက လုပ်ဆောင်ရန် အဆင့်များကိုလည်း ကိုယ့်နီးစပ်ရာ မိတ်ဆွေများရဲ့ အကူအညီဖြင့် ကြိုတင်အစီစဉ်ချထားသင့်ပါသည်။

ကိုယ်ရဲ့ လုံခြုံရေးကို Assessment လုပ်နိုင်ဖို့ အကြောင်းအရာတွေကို မျှဝေပေးလိုက်ပါတယ်။

ဒစ်ဂျစ်တယ်လုံခြုံရေးအသိဖြင့် မိမိ၏အချက်အလက်ကို ကာကွယ်နိုင်ပါ‌စေ။

#cctospringsecurity #digitalsecinfo

More from this blog

Digital Coup in Myanmar

စစ်ကောင်စီ မတရားအာဏာသိမ်းမှုရဲ့ ဒစ်ဂျစ်တယ်ဆိုင်ရာ အခွင့်အရေးများစွာကို ထင်ထင်ပေါ်ပေါ် ချိုးဖောက်ခဲ့မှုများကို လူတိုင်းလက်တွေ့ခံစားခဲ့ကြရတာပါ။ မြန်မာနိုင်ငံသူ/သားများ ရင်ဆိုင်ခဲ့ရတဲ့ ဒစ်ဂျစ်တယ်အမှောင်ထ

Mar 22, 20261 min read142
Digital Coup in Myanmar

တစ်နေရာမှ တစ်နေရာသို့ ရွေ့ပြောင်းထွက်ခွါရာမှာ လိုအပ်သော ပြင်ဆင်ချက်များ

တစ်နေရာမှ တစ်နေရာသို့ ရွေ့ပြောင်းထွက်ခွါရာမှာ လိုအပ်သော ပြင်ဆင်ချက်များ စစ်ကောင်စီရဲ့ စစ်မှုထမ်းဥပဒေကြေငြာပြီး နောက်မှ ပြည်ပ သို့ မိမိနေထိုင်ရာအရပ်မှ နယ်မြေသစ်တွေကို ထွက်ခွါသူတွေအများအပြားရှိလာပါတယ်။ Immigration ကိုဖြတ်ကျော်ရာမှာ လေဆိပ်မှာဖြစ်ဖြစ် နယ...

May 13, 20252 min read35
တစ်နေရာမှ တစ်နေရာသို့ ရွေ့ပြောင်းထွက်ခွါရာမှာ လိုအပ်သော ပြင်ဆင်ချက်များ

Public Wi-Fi ကို ဘယ်လိုလုံခြုံအောင်သုံးကြမလဲ?

𝗣𝘂𝗯𝗹𝗶𝗰 𝗪𝗶𝗳𝗶 တွေကို ဘာကြောင့် အလွယ်မသုံးသင့်တာလဲ ? ယနေ့လို Digital ခေတ်ကြီးထဲမှာ ကျွန်တော်တို့လူသားတွေအတွက် အင်တာနက်ဆိုတာက မရှိမဖြစ် လိုအပ်‌နေတဲ့အရာတစ်ခုဖြစ်နေပါပြီ။ တစ်ယောက်နဲ့တစ်ယောက်အသုံးပြုပုံခြင်းတော့ မတူညီကြပါဘူး။ တစ်ချို့က Remote Job ...

Apr 25, 20253 min read25
Public Wi-Fi ကို ဘယ်လိုလုံခြုံအောင်သုံးကြမလဲ?
D

digitalsecinfo

83 posts

Digital Security အစရှိတဲ့ နည်းပညာများအပြင် Feb 1, 2021 ခုနှစ် စစ်တပ်အာဏာစသိမ်းချိန်ကစပြီး လက်ရှိအချိန်ထိ Digital အခွင့်အရေးချိုးဖောက်ခံရမှုတွေကို တစုတစည်းတည်းလေ့လာနိုင်ရန်မျှဝေပေးမယ့် Blog ပဲဖြစ်ပါတယ်