Side loading

I am a volunteer for civil society organizations (CSOs) aimed at improving their digital security and safe office operations.
ရင်တွေဘာတွေနာ ရင်တွေဘာတွေနာ
\===================================
EU မှာ 2024 က စပြီး Side Loading စရတော့မှာပါ။
Side loading ဆိုတာ Apple App Store တင် မဟုတ်ဘဲ အခြား Third Party App Stores တွေကနေ Apps တွေ Download လုပ်လို့ရမှာဖြစ်ပါတယ်။
EU ရဲ့ နောက်ထပ် ကန့်သတ်ချက်တစ်ခုဖြစ်ပါတယ်။
အခုလို Side Loading ကြောင့် Privacy, Malware, Scams, Data Tracking တွေ Users တွေထိခိုက်နိုင်တယ်ဆိုတာ Apple က သတိပေးထားပြီးဖြစ်ပါတယ်။
ပထမဆုံးအနေနဲ့ အခုလို Apple က လမ်းဖွင့်ပေးလိုက်တာဖြစ်ပါတယ်။ Developers တွေလည်း App Store က Apps တွေမဟုတ်ရင် Apple ကို 15-30% fees တွေပေးစရာမလိုတော့ပါဘူး။
Apple က သူ့ ခြံဝန်းထဲမှာ အေးဆေး လုံခြုံစွာနေတဲ့ Company ပါ။ iOS userတွေလည်း အသားကျနေတာ ကြာပါပြီ။
ခဏခဏ ပြောဖူးပါတယ်. ဒီအစိုးရတွေက Company တစ်ခုကို ဟိုလိုလုပ်ရမယ် ဒီလိုလုပ်ရမယ်ဆိုတာတွေက အများကြီး အာဏာရှင်ဆန်ပါတယ်။ EU ကြောင့်ဘဲ အခု USB-C ပြောင်းခဲ့ရပြီးပါပြီ၊ နောက်ထပ်ဘာတွေတောင်းဆိုနေအုံးမလဲဆိုတာ မပြောနိုင်ပါဘူး။
Source: Macrumors






