# Self Assessment

ဘယ်သူမပြု မိမိမှုပါ၊ ဘယ်လောက်ပဲ ဒစ်ဂျစ်တယ်လုံခြုံရေးနဲ့ပတ်သက်ပြီး နားလည်နေရင်တောင်မှ ကိုယ့်ဘာတွေလိုအပ်နေလဲ ဘယ်နေရာတွေမှာ ယိုပေါက်တွေရှိလဲဆိုတာ မကြာခဏစစ်ဆေးပေးဖို့လိုအပ်ပါတယ်။

Self Assessment ဆိုတာ ဒစ်ဂျစ်တယ် အားနည်းချက် ၊ ယိုပေါက်တွေကြောင့် ကိုယ့်ဆီကိုဖြစ်လာနိုင်တဲ့ Risk တွေကို ကာကွယ်နိုင်ဖို့နဲ့ လိုအပ်ချက်တွေကိုပြင်ဆင်နိုင်ဖို့ ကိုယ်တိုင်စနစ်တကျ ပြန်လည်ဆန်းစစ်ခြင်းကို ဆိုလိုပါတယ်။

### **သင်ဒီနေ့လုံခြုံရဲ့လား**

ကိုယ်ရဲ့ လူမူကွန်ရက်အကောင့်တွေ hack ခံရမှာ၊ ကိုယ်ပြောဆိုဆက်သွယ်နေတာတွေကို ကြားဖြတ်နားထောင်နေမှာ၊ ကိုယ်ဆီက အရေးကြီး ဒေတာအချက်အလက်တွေ ပေါက်ကြားမှာ၊ အပြင်သွားရင် ဖုန်းပါသွားတာ ဖမ်းဆီးစစ်ဆေးခံရရင်း ဖုန်းထဲက အချက်အလက်တွေကြောင့်ချိန်းခြောက်ခံရတာ စသဖြင့် စိုးရိမ်ပူပန်စရာများနေပြီဆိုရင် ကိုယ်ရဲ့ ဒစ်ဂျစ်တယ်လုံခြုံရေး အခြေအနေကို ကိုယ်တိုင်စစ်ဆေးကြည့်သင့်ပါတယ်။

* **ဒစ်ဂျစ်တယ်လုံခြုံရေးနဲ့ပတ်သက်ပြီး သိသင့်သလောက်တော့သိတယ် ဒါပေမယ့် မလုပ်ဖြစ်ဘူး။**
    
* **ဒစ်ဂျစ်တယ်လုံခြုံရေးနဲ့ပတ်သက်ပြီး ပြင်ဆင်သင့်သလောက် လုပ်ပါတယ် ဒါပေမယ့် စိတ်မချဘူး။**
    
* **သူများတွေပြောထား မျှဝေထားတာတွေတော့ Share ထားတယ် ဒါပေမယ့် မကြည့်ဖြစ်ပါဘူး ဆိုရင် သင့်ရဲ့ ဒစ်ဂျစ်တယ်လုံခြုံရေးက စိုးရိမ်စရာရှိနေပါပြီ။**
    

တနေ့ထက်တနေ့ ချိန်းခြောက်မှု ဖိနှိပ်မှုတွေများတဲ့ ကာလမှာ ကိုယ့်ရဲ့ ဒစ်ဂျစ်တယ်လုံခြုံရေးကို သေချာပြင်ဆင်ဆောင်ရွက်ဖို့လိုလာပါပြီ။ ဒေတာကြောင့် အသက်အန္တာရာယ်အထိ မထိခိုက်ဖို့လိုအပ်ပါတယ်၊ ဒါကြောင့် ကိုယ့်လုံခြုံရေးလိုအပ်ချက်တွေကို ကိုယ်တိုင်ဆန်းစစ်ပြီး ယိုပေါက်တွေရှိရင် ဖာထေးရပါမယ်။

### **မေးခွန်းထုတ်ပါ**

* **ဘာတွေကိုပြင်ဆင်ချင်လဲ ၊ ဘာတွေကိုကာကွယ်ချင်လဲ။**
    
* **ကိုယ့်မှာ ဘယ်လိုဒေတာတွေရှိတာလဲ**
    
* **ဘယ်လို စက်ပစ္စည်းအမျိုးအစားတွေ အသုံးပြုထားလဲ**
    
* **ဘယ်သူတွေနဲ့ ဘယ် Platform တွေကိုအသုံးပြီးပြောဆို ဆက်သွယ်နေလဲ**
    
* **အဲ့ဒီ platform တွေကရော ဘယ်လောက်လုံခြုံလဲ အစရှိသဖြင့် မေးခွန်းများထုတ်ပါ။**
    

### **ကိုယ့်ကိုကိုယ်မညာပဲ သေချာစစ်ဆေးပါ**

ကိုယ်ရဲ့ လုပ်ငန်းဆောင်တာများနဲ့ ပတ်သက်ပြီး ကိုယ်သာအသိဆုံးဖြစ်တဲ့အတွက် သေချာအသေးစိပ်စစ်ဆေးဖို့လိုအပ်ပါတယ်။ဒစ်ဂျစ်တယ်အသိမှာပဲ ပြတ်ကျန်ခဲ့ပြီး ကိုယ့်ကိုကိုယ်ညာခြင်းသည် ကိုယ့်အတွက်သာမက မိမိအဖွဲ့သားတွေကိုပါ သက်ရောက်မှုရှိတယ်ဆိုတာကို သတိပြုပေးပါ။

### **ကိုယ့်အသုံးပြုနေတဲ့ Device များကို List လုပ်ပါ**

လက်ရှိ ကိုယ်အသုံးပြုနေတဲ့ စက်ပစ္စည်းတွေကို စီစစ်ပြီး အဲ့ဒီစက်ပစ္စည်းတွေထဲမှာရှိတဲ့ ဒေတာ အချက်အလက်တွေကို ဆန်းစစ်ဖို့လိုပါတယ်၊ဖုန်းထဲမှာတော့ ဘာအချက်အလက်တွေရှိတယ် ၊ ဒါကြောင့် ဖုန်းရဲ့ လုံခြုံမှုကို ဘယ်လိုပြင်ဆင်မယ်၊ ဒေတာတွေကို ဖုန်း၊ကွန်ပျူတာတွေထဲမှာ သိမ်းဆည်းရန်နဲ့ တခြားနေရာတွေမှာ ရွေ့ပြောင်းသိမ်းဆည်းရန် စသဖြင့် စီစဉ်ဖို့လိုအပ်ပါတယ်။

### **Checklist ပြင်ဆင်ပါ**

**လုံခြုံရေးပြင်ဆင်မှုတွေကတော့**

* **ဘာတွေကိုလုပ်ပြီးပြီ**
    
* **ဘာတွေကတော့လုပ်ဖို့လိုအပ်နေသေးတယ်**
    
* **ဘယ်နေရာတွေမှာ ပြင်ဆင်ချိန်ညှိဖို့ လိုအပ်ပေမယ့် မလုပ်တတ်သေးဘူး အစရှိသဖြင့် အတည်ပြု စစ်ဆေးနိုင်မယ့် Checklist တစ်ခု တည်ဆောက်ပါ။**
    

### **လိုအပ်တာများကိုပြင်ဆင်၍ လုံခြုံရေးအသိမြင့်တင်ပါ**

ကိုယ်မလုပ်ရသေးတဲ့ လုံခြုံရေး လိုအပ်ချက်တွေကို ကောက်နုတ်ပါ၊ ကိုယ်တိုင်လုပ်တက်ပါက ပြင်ဆင်ဆောင်ရွက်ပြီး မလုပ်တတ်သေးတဲ့ မလုပ်နိုင်တဲ့ အပိုင်းတွေရှိရင်ပဲဖြစ်ဖြစ် ဒစ်ဂျစ်တယ်လုံခြုံရေးနဲ့ ပတ်သတ်ပြီး မျှဝေထားသူများဆီမှ လေ့လာပါ တိုင်ပင်ဆွေးနွေးပါ မေးမြန်းနိုင်တဲ့ Channel များရှိပါက အကူအညီတောင်းခံပါ။ **Digital Audit** or **Digital Assessment Quizzes** လေးတွေကိုလည်းဖြေဆိုပေးပါ၊ လုပ်ဆောင်ပေးပါ။

### **အခြေခံပြင်ဆင်ထားသင့်သည့် အပိုင်းများ**

ဘယ်အရာ ဘယ်နေရာမှာမဆို ဖြစ်မှ ကုသခြင်းထက် မဖြစ်ခင် ကြိုတင်ကာကွယ်တာအကောင်းဆုံးဖြစ်သည်။ နေ့စဉ်နဲ့အမျှ အင်တာနက်ပေါ်မှာ သွားလာလှုပ်ရှားနေကြသူများအဖို့ ဒစ်ဂျစ်တယ်လုံခြုံရေးနဲ့ လုံးဝကင်းကွာလို့မရပါဘူး။ ဒစ်ဂျစ်တယ်လုံခြုံရေးအရ ပြင်ဆင်ထားသင့်တဲ့ အပိုင်းများမှာ ယိုပေါက်ရှိ မရှိ မကြာခဏ ပြန်လည် စစ်ဆေးပြီး စနစ်တကျပြင်ဆင်ထားသင့်ပါတယ်။

* **Facebook အကောင့်လုံခြုံရေး**
    
* **Google အကောင့်လုံခြုံရေး**
    
* **Telegram အကောင့်လုံခြုံရေး**
    
* **Signal အကောင့်လုံခြုံရေး**
    
* **Browser လုံခြုံရေး**
    
* **Simcard လုံခြုံရေး**
    
* **Data လုံခြုံရေး**
    

ဒါ့အပြင် အရေးပေါ်တစ်စုံတစ်ရာကြုံရပါက လုပ်ဆောင်ရန် အဆင့်များကိုလည်း ကိုယ့်နီးစပ်ရာ မိတ်ဆွေများရဲ့ အကူအညီဖြင့် ကြိုတင်အစီစဉ်ချထားသင့်ပါသည်။

ကိုယ်ရဲ့ လုံခြုံရေးကို **Assessment** လုပ်နိုင်ဖို့ အကြောင်းအရာတွေကို မျှဝေပေးလိုက်ပါတယ်။

**ဒစ်ဂျစ်တယ်လုံခြုံရေးအသိဖြင့် မိမိ၏အချက်အလက်ကို ကာကွယ်နိုင်ပါ‌စေ။**

**#cctospringsecurity #digitalsecinfo**
