About Facebook's Location Tracking and how to delete the Facebook Location History

I am a volunteer for civil society organizations (CSOs) aimed at improving their digital security and safe office operations.
Search for a command to run...

I am a volunteer for civil society organizations (CSOs) aimed at improving their digital security and safe office operations.
No comments yet. Be the first to comment.
စစ်ကောင်စီ မတရားအာဏာသိမ်းမှုရဲ့ ဒစ်ဂျစ်တယ်ဆိုင်ရာ အခွင့်အရေးများစွာကို ထင်ထင်ပေါ်ပေါ် ချိုးဖောက်ခဲ့မှုများကို လူတိုင်းလက်တွေ့ခံစားခဲ့ကြရတာပါ။ မြန်မာနိုင်ငံသူ/သားများ ရင်ဆိုင်ခဲ့ရတဲ့ ဒစ်ဂျစ်တယ်အမှောင်ထ

2026 ခုနှစ် ဒစ်ဂျယ်တယ်ရပ်ဝန်းဆိုင်ရာ ဖြစ်ပျက်ခဲ့မှုများ

တစ်နေရာမှ တစ်နေရာသို့ ရွေ့ပြောင်းထွက်ခွါရာမှာ လိုအပ်သော ပြင်ဆင်ချက်များ စစ်ကောင်စီရဲ့ စစ်မှုထမ်းဥပဒေကြေငြာပြီး နောက်မှ ပြည်ပ သို့ မိမိနေထိုင်ရာအရပ်မှ နယ်မြေသစ်တွေကို ထွက်ခွါသူတွေအများအပြားရှိလာပါတယ်။ Immigration ကိုဖြတ်ကျော်ရာမှာ လေဆိပ်မှာဖြစ်ဖြစ် နယ...

𝗣𝘂𝗯𝗹𝗶𝗰 𝗪𝗶𝗳𝗶 တွေကို ဘာကြောင့် အလွယ်မသုံးသင့်တာလဲ ? ယနေ့လို Digital ခေတ်ကြီးထဲမှာ ကျွန်တော်တို့လူသားတွေအတွက် အင်တာနက်ဆိုတာက မရှိမဖြစ် လိုအပ်နေတဲ့အရာတစ်ခုဖြစ်နေပါပြီ။ တစ်ယောက်နဲ့တစ်ယောက်အသုံးပြုပုံခြင်းတော့ မတူညီကြပါဘူး။ တစ်ချို့က Remote Job ...

2025 ခုနှစ် ဒစ်ဂျယ်တယ်ရပ်ဝန်းဆိုင်ရာ ဖြစ်ပျက်ခဲ့မှုများ

တကယ်လို့သင်သာ Facebook အတွက် Location Access ဖွင့်ပေးထားမယ်ဆိုရင် Facebook ကသင်သွားသမျှနေရာတွေကို ထောက်လှမ်းပြီး မှတ်တမ်းတင်ထားမှာဖြစ်ပါတယ်။
သင်ရွေးပေးထားတဲ့ Settings ပေါ်မူတည်ပြီး သင် FB သုံးမနေရင်တောင် Facebook ကသင်သွားသမျှနေရာတွေကို ထောက်လှမ်းထားပြီး မှတ်တမ်းတင်သိမ်းဆည်းထားလို့ရနေပါတယ်။
ဒီတော့ Facebook ကမှတ်တမ်းတင်ထားတဲ့ ကျွန်တော်တို့သွားခဲ့တဲ့နေရာတွေကိုကြည့်လိုက်ရအောင်ဗျာ .. အရင်ဆုံး အောက်မှာပေးထားတဲ့ Link ကိုနှိပ်လိုက်ပါ (Password တောင်းရင်ရိုက်ပေးလိုက်ပါ) .. ပြီးရင် ဘယ်နေ့မှာ ဘယ်တွေသွားထားတယ်ဆိုတဲ့ Location History ကြီးပေါ်လာပြီဖြစ်ပါတယ်။
Location History ကြည့်ရန် Link –
https://www.facebook.com/location_history/view/
အောက်ကပုံကိုကြည့်ပါ .. 25 ရက်နေ့ကကျွန်တော်သွားထားသမျှနေရာတွေအကုန်လုံးကို အချိန်နဲ့တကွ မှတ်တမ်းတင်ထားတာကိုတွေ့ရပါတယ်။

ဒီနေရာမှာ Location Permission မပေးထားတဲ့လူတွေအနေနဲ့ကတော့ History တွေပေါ်မှာမဟုတ်ပါဘူး .. ဒီတော့ အခုလိုမှတ်တမ်းတင်ထားတာကို မကြိုက်ရင် လုပ်စရာ ၂ ခုရှိပါတယ် .. မှတ်တမ်းတင်ထားတဲ့ History ကိုဖျက်ပစ်တာနဲ့ မှတ်တမ်းဆက်တင်လို့မရအောင် ပိတ်လိုက်တာပဲဖြစ်ပါတယ်။
အရင်ဆုံး Facebook App ထဲသွားပြီး Settings & Privacy အောက်က Privacy Shortcuts ဆိုတာထဲကိုဝင်ပါ .. ပြီးရင် Manage your location settings ဆိုတာထဲကိုဝင်ပြီး Location History ကို ပိတ်ပေးထားလိုက်ရင် သင်သွားသမျှနေရာတွေကို Facebook ကမှတ်တမ်းတင်လို့မရတော့ပါဘူး .. သေချာမရှင်းရင်အောက်ကပုံမှာ တဆင့်ချင်းလုပ်ပြထားတာကိုကြည့်နိုင်ပါတယ်

အပေါ်ကလိုပဲ Facebook ထဲဝင်၊ Settings & Privacy အောက်ထဲက Privacy Shortcuts ထဲသွား၊ ပြီးရင် Manage your location settings ထဲထပ်သွားပြီး View your location history ထဲကိုဝင်လိုက်ပါ။
ပြီးရင် ညာဖက်အပေါ်ထောင့်က အစက်သုံးစက်ကိုနှိပ်ပြီး Delete all location history ကိုနှိပ်လိုက်ရင် မှတ်တမ်းတင်သမျှ history အကုန်ပျက်သွားမှာဖြစ်ပါတယ် .. သေချာမရှင်းရင်အောက်ကပုံမှာ တဆင့်ချင်းလုပ်ပြထားတာကိုကြည့်နိုင်ပါတယ်။

ဒီလိုလုပ်ပြီးသွားရင်တော့ Facebook ကသင်သွားသမျှနေရာတွေကို မှတ်တမ်းတင်ထားလို့မရတော့သလို အရင်မှတ်တမ်းတင်ထားတာတွေအကုန်လုံးလဲ ဖျက်ပစ်ပြီးပါပြီ … ဒါပေမယ့်သင်သွားနေတဲ့နေရာတွေကိုတော့ ဆက်လက်သိရှိနေဦးမှာဖြစ်ပါတယ်။
လုံးဝမသိစေချင်ရင်တော့ Settings > Privacy > Location Services > Facebook မှာ Never ရွေးပေးထားလိုက်ရင် သင်ဘယ်တွေသွားနေလဲဆိုတာကို Facebook ကထောက်လှမ်းလို့ရတော့မှာမဟုတ်ပါဘူး။
အားလုံးပဲအဆင်ပြေကြပါစေ။
#PHK_Sharing