# About Facebook's Location Tracking  and how to  delete the Facebook Location History

တကယ်လို့သင်သာ Facebook အတွက် Location Access ဖွင့်ပေးထားမယ်ဆိုရင် Facebook ကသင်သွားသမျှနေရာတွေကို ထောက်လှမ်းပြီး မှတ်တမ်းတင်ထားမှာဖြစ်ပါတယ်။

သင်ရွေးပေးထားတဲ့ Settings ပေါ်မူတည်ပြီး သင် FB သုံးမနေရင်တောင် Facebook ကသင်သွားသမျှနေရာတွေကို ထောက်လှမ်းထားပြီး မှတ်တမ်းတင်သိမ်းဆည်းထားလို့ရနေပါတယ်။

ဒီတော့ Facebook ကမှတ်တမ်းတင်ထားတဲ့ ကျွန်တော်တို့သွားခဲ့တဲ့နေရာတွေကိုကြည့်လိုက်ရအောင်ဗျာ .. အရင်ဆုံး အောက်မှာပေးထားတဲ့ Link ကိုနှိပ်လိုက်ပါ (Password တောင်းရင်ရိုက်ပေးလိုက်ပါ) .. ပြီးရင် ဘယ်နေ့မှာ ဘယ်တွေသွားထားတယ်ဆိုတဲ့ Location History ကြီးပေါ်လာပြီဖြစ်ပါတယ်။

**Location History ကြည့်ရန် Link –**

[**https://www.facebook.com/location\_history/view/**](https://www.facebook.com/location_history/view/)

အောက်ကပုံကိုကြည့်ပါ .. 25 ရက်နေ့ကကျွန်တော်သွားထားသမျှနေရာတွေအကုန်လုံးကို အချိန်နဲ့တကွ မှတ်တမ်းတင်ထားတာကိုတွေ့ရပါတယ်။

![](https://cdn.hashnode.com/res/hashnode/image/upload/v1706590869452/117478f1-c6d5-43d3-96f5-f5d04bb552cc.png align="center")

ဒီနေရာမှာ Location Permission မပေးထားတဲ့လူတွေအနေနဲ့ကတော့ History တွေပေါ်မှာမဟုတ်ပါဘူး .. ဒီတော့ အခုလိုမှတ်တမ်းတင်ထားတာကို မကြိုက်ရင် လုပ်စရာ ၂ ခုရှိပါတယ် .. မှတ်တမ်းတင်ထားတဲ့ History ကိုဖျက်ပစ်တာနဲ့ မှတ်တမ်းဆက်တင်လို့မရအောင် ပိတ်လိုက်တာပဲဖြစ်ပါတယ်။

### **Facebook ကသင်သွားသမျှနေရာတွေကိုမှတ်တမ်းတင်လို့မရအောင်ပိတ်နည်း**

အရင်ဆုံး Facebook App ထဲသွားပြီး **Settings & Privacy** အောက်က **Privacy Shortcuts** ဆိုတာထဲကိုဝင်ပါ .. ပြီးရင် **Manage your location settings** ဆိုတာထဲကိုဝင်ပြီး **Location History** ကို ပိတ်ပေးထားလိုက်ရင် သင်သွားသမျှနေရာတွေကို Facebook ကမှတ်တမ်းတင်လို့မရတော့ပါဘူး .. သေချာမရှင်းရင်အောက်ကပုံမှာ တဆင့်ချင်းလုပ်ပြထားတာကိုကြည့်နိုင်ပါတယ်

![](https://cdn.hashnode.com/res/hashnode/image/upload/v1706590913342/71643640-9849-482f-9aca-8ad79baab6b8.webp align="center")

### **Facebook ကသင်သွားသမျှနေရာတွေကိုမှတ်တမ်းတင်ထားကိုဖျက်ပစ်နည်း**

အပေါ်ကလိုပဲ Facebook ထဲဝင်၊ **Settings & Privacy** အောက်ထဲက **Privacy Shortcuts** ထဲသွား၊ ပြီးရင် **Manage your location settings** ထဲထပ်သွားပြီး **View your location history** ထဲကိုဝင်လိုက်ပါ။

ပြီးရင် ညာဖက်အပေါ်ထောင့်က အစက်သုံးစက်ကိုနှိပ်ပြီး **Delete all location history** ကိုနှိပ်လိုက်ရင် မှတ်တမ်းတင်သမျှ history အကုန်ပျက်သွားမှာဖြစ်ပါတယ် .. သေချာမရှင်းရင်အောက်ကပုံမှာ တဆင့်ချင်းလုပ်ပြထားတာကိုကြည့်နိုင်ပါတယ်။

![](https://cdn.hashnode.com/res/hashnode/image/upload/v1706590938710/b0d9ae42-7628-410d-a7db-4d9e131efcc8.webp align="center")

ဒီလိုလုပ်ပြီးသွားရင်တော့ Facebook ကသင်သွားသမျှနေရာတွေကို မှတ်တမ်းတင်ထားလို့မရတော့သလို အရင်မှတ်တမ်းတင်ထားတာတွေအကုန်လုံးလဲ ဖျက်ပစ်ပြီးပါပြီ … ဒါပေမယ့်သင်သွားနေတဲ့နေရာတွေကိုတော့ ဆက်လက်သိရှိနေဦးမှာဖြစ်ပါတယ်။

လုံးဝမသိစေချင်ရင်တော့ **Settings &gt; Privacy &gt; Location Services &gt; Facebook** မှာ **Never** ရွေးပေးထားလိုက်ရင် သင်ဘယ်တွေသွားနေလဲဆိုတာကို Facebook ကထောက်လှမ်းလို့ရတော့မှာမဟုတ်ပါဘူး။

အားလုံးပဲအဆင်ပြေကြပါစေ။

**#PHK\_Sharing**
