Skip to main content

Command Palette

Search for a command to run...

Stolen Device Protection

Updated
2 min read
Stolen Device Protection

iOS 17.3 update ကို တင်သင့်တဲ့ အဓိကအကြောင်းအရင်းက Stolen Device Protection ဆိုတဲ့ feature ကြောင့်ပါပဲ။

iOS 17.3 မှာ အသစ်မှာပါတဲ့ Stolen Device Protection ဆိုတာ Apple ရဲ့ Security Features အသစ်ကြီးကတော့ တော်တော်ကြမ်းသွားပါပြီ။တော်တော်လေး Powerful ဖြစ်ပြီး Security အရ စိတ်ချ လို့ရသွားပါပြီ။

WSJ က ဖော်ပြခဲ့တဲ့ အချက်အလက်တွေအရ iPhone ခိုးတဲ့သူတွေက ၊ Passcode ကိုအရင်ရအောင်ယူတယ် ၊ Passcode ကိုရရင် iPhone ရဲ့နေရာတော်တော်များများကို ထိန်းချုပ်နိုင်ပြီး Bank Acc တွေအထိပါ အခိုးခံရတဲ့အထိ ဖြစ်နေတဲ့ ပြဿနာကြောင့် Apple က iOS 17.3 မှာ Stolen Device Protection ထည့်ပေးလိုက်တာပါ။

အဲဒီ feature က ကိုယ့် iPhone ကို ခိုးသွားတဲ့သူက password သိခဲ့ရင်တောင် ဖုန်းကို unlock မလုပ်နိုင်အောင်တားပေးမယ့် feature လို့ အလွယ်မှတ်နိုင်တယ်။

iOS 17.3 တင်လိုက်မယ်ဆိုရင်

Face ID & Passcode Settings အောက်ထဲမှာ .. Stolen Device Protection ဆိုတဲ့ New Feature တစ်ခု ပါလာမှာ ဖြစ်ပြီး Protection On လိုက်တာနဲ့ စတင် အသုံးပြုလို့ ရမှာဖြစ်ပါတယ်။

အဓိက အားသာချက်ကတော့ Device ရဲ့ Passcode ( Screen Password ) ကို သိတယ် နောက်ဆုံး iCloud ရဲ့ Password ကို သိပါစေဦး ဖုန်း ကို လုံးဝ Passcode ချိန်းမရ ၊ iCloud လုံးဝ ထွက်လို့ မရတဲ့ Feature မျိုးပါ။

သူက ဘယ်လိုအလုပ်လုပ်သလဲဆို Apple ID အပါအဝင် တခြားအရေးကြီးတဲ့ iPhone setting တွေထဲ ဝင်ပြောင်းဖို့ လုပ်တိုင်း Face ID အရင်ပြမှ ဝင်ခွင့်ပေးတာ။

Apple ID Password ဝင်ပြောင်းမယ်ဆိုရင်တောင် iPhone ရဲ့ သုံးနေကြ Location မဟုတ်တာမျိုးဆိုရင် Biometric Authentication ဖြစ်တဲ့ Face ID ကို နှစ်ခါလောက် တောင်းမှာ ဖြစ်သလိုကြားထဲမှာ delay time လဲ ထားထားဦးမှာပါ။

အဲ့ဒါကြောင့် အခု ဒီ Feature လေး ကို On ထားလိုက်တာနဲ့ .. တစ်ခြား ကိုယ် မဟုတ်တဲ့ ဘယ်သူက မှ Apple ID Password Change ခွင့် မရှိတော့ပါဘူး၊ Apple ID Security Settings နဲ့ ပတ်သတ်တာတွေ ၊ 2 Step Phone Number တွေ ၊ Security Key ‌တွေပြောင်းလဲခွင့် မရှိတော့ပါဘူး။

(Register လုပ်ထားတဲ့ Face မပါပဲ ဘာ Settings ကိုမှ ချိန်းခွင့် မရှိတာပါ .. )ဆိုလိုချင်တာက ပိုင်ရှင် ကိုယ်တိုင်ရဲ့ Face ပြမှပဲ Passcode ချိန်းခွင့် iCloud Password ပြောင်းခွင့် ရတော့မှာပါ။

ကိုယ့်ရဲ့ Face ID Access မရှိပဲ နောက်ထပ် Face ID အသစ် တစ်ခု တောင် ထပ်ပြီး Register လုပ်ခွင့် Passcode ချိန်းခွင့် လုံးဝ မရှိတော့ပါဘူး။

တကယ်လို့ . ခဏ ခဏ မှားပြီး Access လုပ်နေမယ်ဆို ကိုယ့်ရဲ့ Face ID ပြန် ပြတောင် Security Delay အနေနဲ့ 1 Hour ပြီးမှပဲ Passcode Change တာ ၊ Face အသစ် ထည့်တာနဲ့ iCloud အကောင့် Log Out လုပ်တာတွေ ကို လုပ်ဆောင်လို့ ရတော့မှာပါ။

( ဖုန်း တစ်ခုလုံး သုံးမရတာမျိုး မဟုတ်ပဲ .. Settings ထဲက Security နဲ့ သက်ဆိုင်တာလေးတွေပဲ သုံးလို့ မရတာမျိုးပါ ဖုန်း က တော့ အကုန်လုံး ဆက်ပြီး သုံးလို့ ရနေမှာပါ ... )

အဲ့ဒါကြောင့် .. Security အရ မြှင့်တင်ပေးထားတဲ့ iOS 17.3 ကို set up လုပ်ထားရင် ကိုယ်သွားနေကျ ရုံး၊ အိမ်တို့ မဟုတ်တဲ့နေရာ ရောက်တာနဲ့ ဒီ feature က အသက်ဝင်လာမှာပါ။

#digitalsecinfo

More from this blog

Digital Coup in Myanmar

စစ်ကောင်စီ မတရားအာဏာသိမ်းမှုရဲ့ ဒစ်ဂျစ်တယ်ဆိုင်ရာ အခွင့်အရေးများစွာကို ထင်ထင်ပေါ်ပေါ် ချိုးဖောက်ခဲ့မှုများကို လူတိုင်းလက်တွေ့ခံစားခဲ့ကြရတာပါ။ မြန်မာနိုင်ငံသူ/သားများ ရင်ဆိုင်ခဲ့ရတဲ့ ဒစ်ဂျစ်တယ်အမှောင်ထ

Mar 22, 20261 min read142
Digital Coup in Myanmar

တစ်နေရာမှ တစ်နေရာသို့ ရွေ့ပြောင်းထွက်ခွါရာမှာ လိုအပ်သော ပြင်ဆင်ချက်များ

တစ်နေရာမှ တစ်နေရာသို့ ရွေ့ပြောင်းထွက်ခွါရာမှာ လိုအပ်သော ပြင်ဆင်ချက်များ စစ်ကောင်စီရဲ့ စစ်မှုထမ်းဥပဒေကြေငြာပြီး နောက်မှ ပြည်ပ သို့ မိမိနေထိုင်ရာအရပ်မှ နယ်မြေသစ်တွေကို ထွက်ခွါသူတွေအများအပြားရှိလာပါတယ်။ Immigration ကိုဖြတ်ကျော်ရာမှာ လေဆိပ်မှာဖြစ်ဖြစ် နယ...

May 13, 20252 min read35
တစ်နေရာမှ တစ်နေရာသို့ ရွေ့ပြောင်းထွက်ခွါရာမှာ လိုအပ်သော ပြင်ဆင်ချက်များ

Public Wi-Fi ကို ဘယ်လိုလုံခြုံအောင်သုံးကြမလဲ?

𝗣𝘂𝗯𝗹𝗶𝗰 𝗪𝗶𝗳𝗶 တွေကို ဘာကြောင့် အလွယ်မသုံးသင့်တာလဲ ? ယနေ့လို Digital ခေတ်ကြီးထဲမှာ ကျွန်တော်တို့လူသားတွေအတွက် အင်တာနက်ဆိုတာက မရှိမဖြစ် လိုအပ်‌နေတဲ့အရာတစ်ခုဖြစ်နေပါပြီ။ တစ်ယောက်နဲ့တစ်ယောက်အသုံးပြုပုံခြင်းတော့ မတူညီကြပါဘူး။ တစ်ချို့က Remote Job ...

Apr 25, 20253 min read25
Public Wi-Fi ကို ဘယ်လိုလုံခြုံအောင်သုံးကြမလဲ?
D

digitalsecinfo

83 posts

Digital Security အစရှိတဲ့ နည်းပညာများအပြင် Feb 1, 2021 ခုနှစ် စစ်တပ်အာဏာစသိမ်းချိန်ကစပြီး လက်ရှိအချိန်ထိ Digital အခွင့်အရေးချိုးဖောက်ခံရမှုတွေကို တစုတစည်းတည်းလေ့လာနိုင်ရန်မျှဝေပေးမယ့် Blog ပဲဖြစ်ပါတယ်