Windows 10 ကို အသုံးပြုပြီး Ransomware ကို ကာကွယ်နည်း။

I am a volunteer for civil society organizations (CSOs) aimed at improving their digital security and safe office operations.
Internet ပေါ်မှာဆိုရင်တော့ဖြင့် Ransomware ကူးစက်ခံရမူပြဿနာဟာ တော်တော်ပင်များပြားလာပါတယ်။
Ransomware ဆိုတာ malicious softwares အုပ်စုအမျိုးအစားတွေများမှာ တစ်ခုအပါအဝင်ဖြစ်ပါတယ်။ Ransomware ဘယ်အခြေအနေမှာ ကူးစက်ခံရတက်လဲဆို web access အသုံးများပြီး link ပေါင်းစုံ လျှောက်နိုပ်တက်တဲ့သူတွေရဲ့ လက်တော့တွေမှာ ကူးစက်ခံရတက်ပါတယ်။
ဥပမာအားဖြင့် ransomware မိမိ computer ကိုကူးစက်ခံရပြီဆိုရင် computer disk ပေါ်မှာရှိတဲ့ file တွေကို ပုံမှန်အတိုင်းအသုံးမပြုနိုင်အောင် (encrypt) လုပ်ခံရမှာဖြစ်ပါတယ်။ ထို့အတွက် ၄င်းfile ကို ပြန်ဖြေဖို့ (decrypt) လုပ်ဖို့ လိုလာပါလိမ့်မယ်။ ထိုအခါ attacker မှ file များကို ပြန်လည်ရယူရန် ငွေတောင်းလွှာ message များကို Ransomware မှပေးပို့လာပါလိမ့်မည်။ ငွေမပေးနိုင်လျင် file များ ဆုံးရှုံးရမှာဖြစ်ပြီး ၊ ပေးနိုင်ခဲ့လျင်လည်း ကိုယ့် data တွေ အပြည့်အ၀ ပြန်ရဖို့ဆိုတာ မသေချာပါဘူး။
ကျနော်တို့ အခု အသုံးပြုနေတဲ့ Windows 10 မှာ Ransomware ကို ကာကွယ်နိုင်တဲ့နည်းလမ်းကို တင်ပြပေးမှာ ဖြစ်ပါတယ်။ Windows 10 ကို Latest Version ကို Update တင်ထားရမှာ ဖြစ်ပါတယ်။ Windows 10 မှာ built-in ပါဝင်တဲ့ Windows defender မှာပါဝင်တဲ့ Ransomware Protection ထဲမှာ မိမိ Computer ထဲမှာ ရှိတဲ့ File/Folder တွေကိုထည့်ပေးထားရုံဖြစ် Ransomware ရန်ကနေ မိမိ File/Folder တွေကို အထိုက်အလျှောက်ကာကွယ်ပေးနိုင်မှာဖြစ်ပါတယ်။







ဒစ်ဂျစ်တယ်လုံခြုံရေးအသိဖြင့် မိမိ၏အချက်အလက်ကို ကာကွယ်နိုင်ပါစေ။
#digitalsecinfo






