Skip to main content

Command Palette

Search for a command to run...

Free antivirus တွေထည့်ပြီး အသုံးပြုနေဆဲလား?

Updated
1 min readView as Markdown
Free antivirus တွေထည့်ပြီး အသုံးပြုနေဆဲလား?
D

I am a volunteer for civil society organizations (CSOs) aimed at improving their digital security and safe office operations.

Free antivirus ကမိမိတို့အချက်အလက်ကို ကာကွယ်ပေးတယ်ထင်‌နေတာလား? သူက တကယ် Virus, Trojan, Ransomware တွေဆို ကာကွယ်ပြီး မဖျက်ပေးပါဘူး။ Zip နဲ့ ချုံ့ထားတဲ့ဒေတာတောင် အထဲထိဝင်ဖျက်တက်တာ သူတို့ပဲပေါ့၊ Recycler Vius, Shortcut virus ဆိုရင်‌ scan လုပ်တာတောင် အပြုံးမပျက် ခွင့်လွတ်ထားပါသေးတယ်။

မိမိရဲ့ အချက်အလက်ကိုလာတောင်းရင်လည်း တိတ်တိတ်လေး‌ ယူဆောင်ပေးတက်သေးတာလည်း သူတို့ပဲပေါ့ကွာ။ ကဲ ဒီလောက်ဆိုနောက်ကွယ်က လက်မဲကြီး အကြောင်း သိသွားပြီဆိုတော့ ...

Anti-malware or Anti-virus သုံးမယ်ဆိုရင် တရားဝင် Licensed Software တွေကိုသာ ဝယ်သုံးသင့်ပါတယ်... Free Anti-malware or Anti-virus တွေ cleaner တွေ လုံးဝမသုံးသင့်ပါဘူး။

ဝယ်သုံးဖို့အစီအစဉ်မရှိဘူးဆိုရင် Windows မှာ built-in ပါဝင်ပြီးသားဖြစ်တဲ့ Windows Security/ Windows defender ကို ထိထိရောက်ရောက်အသုံးပြုနိုင်ပါတယ်။

ဆိုက်ဘာလုံခြုံရေးအသိ၊ သတိရှိပြီး Windows Security/ Windows defender ကို စနစ်တကျအသုံးချနိုင်ရင်လည်း Malware မိနိုင်ချေအလွန်နည်းပါတယ်။

အခုခေတ်မှာ Virus ပဲ ကာကွယ်ရုံနဲ့ မလုံလောက်‌တော့ပါဘူး။ data ဆုံးရှုံးမှု မရှိ‌အောင် Ransomware ကာကွယ်နိုင်ဖို့လည်း လိုအပ်လာပါပြီ။ ‌‌Windows 10/11 မှာ built-in ပါဝင်ပြီးသားဖြစ်တဲ့ Ransomware ကိုကာကွယ်နိုင်တဲ့နည်းလမ်းကိုလည်း တင်ပြပေးသွားဦးမှာဖြစ်ပါတယ်။‌‌

သိတဲ့သူတွေကလည်း..မသိသေးတဲ့ရောင်းရင်းတွေကို လက်တို့လိုက်ပါဦး။

#digitalsecinfo

More from this blog

Digital Coup in Myanmar

စစ်ကောင်စီ မတရားအာဏာသိမ်းမှုရဲ့ ဒစ်ဂျစ်တယ်ဆိုင်ရာ အခွင့်အရေးများစွာကို ထင်ထင်ပေါ်ပေါ် ချိုးဖောက်ခဲ့မှုများကို လူတိုင်းလက်တွေ့ခံစားခဲ့ကြရတာပါ။ မြန်မာနိုင်ငံသူ/သားများ ရင်ဆိုင်ခဲ့ရတဲ့ ဒစ်ဂျစ်တယ်အမှောင်ထ

Mar 22, 20261 min read146
Digital Coup in Myanmar

တစ်နေရာမှ တစ်နေရာသို့ ရွေ့ပြောင်းထွက်ခွါရာမှာ လိုအပ်သော ပြင်ဆင်ချက်များ

တစ်နေရာမှ တစ်နေရာသို့ ရွေ့ပြောင်းထွက်ခွါရာမှာ လိုအပ်သော ပြင်ဆင်ချက်များ စစ်ကောင်စီရဲ့ စစ်မှုထမ်းဥပဒေကြေငြာပြီး နောက်မှ ပြည်ပ သို့ မိမိနေထိုင်ရာအရပ်မှ နယ်မြေသစ်တွေကို ထွက်ခွါသူတွေအများအပြားရှိလာပါတယ်။ Immigration ကိုဖြတ်ကျော်ရာမှာ လေဆိပ်မှာဖြစ်ဖြစ် နယ...

May 13, 20252 min read39
တစ်နေရာမှ တစ်နေရာသို့ ရွေ့ပြောင်းထွက်ခွါရာမှာ လိုအပ်သော ပြင်ဆင်ချက်များ

Public Wi-Fi ကို ဘယ်လိုလုံခြုံအောင်သုံးကြမလဲ?

𝗣𝘂𝗯𝗹𝗶𝗰 𝗪𝗶𝗳𝗶 တွေကို ဘာကြောင့် အလွယ်မသုံးသင့်တာလဲ ? ယနေ့လို Digital ခေတ်ကြီးထဲမှာ ကျွန်တော်တို့လူသားတွေအတွက် အင်တာနက်ဆိုတာက မရှိမဖြစ် လိုအပ်‌နေတဲ့အရာတစ်ခုဖြစ်နေပါပြီ။ တစ်ယောက်နဲ့တစ်ယောက်အသုံးပြုပုံခြင်းတော့ မတူညီကြပါဘူး။ တစ်ချို့က Remote Job ...

Apr 25, 20253 min read31
Public Wi-Fi ကို ဘယ်လိုလုံခြုံအောင်သုံးကြမလဲ?
D

digitalsecinfo

83 posts

Digital Security အစရှိတဲ့ နည်းပညာများအပြင် Feb 1, 2021 ခုနှစ် စစ်တပ်အာဏာစသိမ်းချိန်ကစပြီး လက်ရှိအချိန်ထိ Digital အခွင့်အရေးချိုးဖောက်ခံရမှုတွေကို တစုတစည်းတည်းလေ့လာနိုင်ရန်မျှဝေပေးမယ့် Blog ပဲဖြစ်ပါတယ်