Skip to main content

Command Palette

Search for a command to run...

Threat Notification

Updated
1 min read
Threat Notification

အစိုးရဝန်ထမ်းတွေ၊ နိုင်ငံရေးလှုပ်ရှားသူတွေရဲ့ iPhone တွေကို Hack ဖို့ကြိုးစားတာတွေ့ရှိတာနဲ့ Notification ပို့ပေးတဲ့ Apple ...

Apple က iPhone တွေကို Spy လုပ်ဖို့ကြိုးစားနေတာကို သိရှိတာနဲ့ Victim ရဲ့ iMessage ကိုရော Email ကိုပါ Threat Notification ပို့ပေးမှာဖြစ်ပါတယ်။

www.icloud.com ကို Login ဝင်ရင်လည်း Threat Notification ပြသပေးမှာဖြစ်ပါတယ်။ ဒီလိုရှုပ်ထွေးပြီးအဆင့်မြင့်တဲ့ Hacking Technique တွေဟာ အစိုးရကျောထောက်နောက်ခံပြုဟက်ကင်းအဖွဲ့တွေပြုလုပ်လေ့ရှိပါတယ်။

Apple မှာအဆင့်မြင့် ဆိုက်ဘာထောက်လှမ်းရေးအဖွဲ့တွေရှိနေတာဖြစ်ပြီး အဆိုပါထောက်လှမ်းရေးအချက်အလက်တွေကနေ ဟက်ကာတွေအသုံးပြုတဲ့ Tactics, Techniques, Procedures, Software တွေကို သိရှိကာ Target ထားခံနေရတဲ့အသုံးပြုသူတွေကိုသတိပေးစာပို့ပေးတာဖြစ်ပါတယ်။

Target ထားခံရတဲ့လူအများစုဟာ နိုင်ငံရေးနယ်ပယ်ကလူတွေပဲဖြစ်ပါတယ် (Apple ကပေးပို့တဲ့ သတိပေးစာ ဥပမာကို Comment မှာပြပေးထားပါမယ်) ထိုင်းနိုင်ငံမှာလည်း Democracy အရေးလှုပ်ရှားသူတွေရဲ့ iPhone ကို အစ္စရေးကုမ္ပဏီ NSO Group ကထုတ်တဲ့ Pegasus Spyware အသုံးပြုပြီး ဆိုက်ဘာတိုက်ခိုက်မှုဖြစ်ပွါးခဲ့ပါသေးတယ် မိမိရဲ့ iPhone မှာလည်းအဆိုပါ Threat Notifications လက်ခံရရှိပါက -

1. iPhone ကို Latest Software Update လုပ်ပါ

2. Settings > Privacy & Security > Lockdown Mode ကိုဖွင့်ပါ

3. သက်ဆိုင်ရာ အဖွဲ့အစည်းကို ပစ်မှတ်ထားတိုက်ခိုက်ခံနေရကြောင်းတင်ပြပါ

India ကနိုင်ငံရေးသမားတစ်ယောက်ကိုပေးပို့လာတဲ့ သတိပေးစာပါ။

appleid.apple.com ကို Login ဝင်လိုက်ရင်လည်း ထိပ်မှာ Threat Notification ဆိုပြီးပေါ်နေမှာဖြစ်ပါတယ်။

Apple Official Website ကပြောထားတဲ့ Threat Notification အကြောင်း - https://support.apple.com/en-au/102174

ဒစ်ဂျစ်တယ်လုံခြုံရေးအသိဖြင့် မိမိ၏အချက်အလက်ကို ကာကွယ်နိုင်ပါ‌စေ

#PHKKnowledgeSharing #digitalsecinfo

More from this blog

Digital Coup in Myanmar

စစ်ကောင်စီ မတရားအာဏာသိမ်းမှုရဲ့ ဒစ်ဂျစ်တယ်ဆိုင်ရာ အခွင့်အရေးများစွာကို ထင်ထင်ပေါ်ပေါ် ချိုးဖောက်ခဲ့မှုများကို လူတိုင်းလက်တွေ့ခံစားခဲ့ကြရတာပါ။ မြန်မာနိုင်ငံသူ/သားများ ရင်ဆိုင်ခဲ့ရတဲ့ ဒစ်ဂျစ်တယ်အမှောင်ထ

Mar 22, 20261 min read142
Digital Coup in Myanmar

တစ်နေရာမှ တစ်နေရာသို့ ရွေ့ပြောင်းထွက်ခွါရာမှာ လိုအပ်သော ပြင်ဆင်ချက်များ

တစ်နေရာမှ တစ်နေရာသို့ ရွေ့ပြောင်းထွက်ခွါရာမှာ လိုအပ်သော ပြင်ဆင်ချက်များ စစ်ကောင်စီရဲ့ စစ်မှုထမ်းဥပဒေကြေငြာပြီး နောက်မှ ပြည်ပ သို့ မိမိနေထိုင်ရာအရပ်မှ နယ်မြေသစ်တွေကို ထွက်ခွါသူတွေအများအပြားရှိလာပါတယ်။ Immigration ကိုဖြတ်ကျော်ရာမှာ လေဆိပ်မှာဖြစ်ဖြစ် နယ...

May 13, 20252 min read35
တစ်နေရာမှ တစ်နေရာသို့ ရွေ့ပြောင်းထွက်ခွါရာမှာ လိုအပ်သော ပြင်ဆင်ချက်များ

Public Wi-Fi ကို ဘယ်လိုလုံခြုံအောင်သုံးကြမလဲ?

𝗣𝘂𝗯𝗹𝗶𝗰 𝗪𝗶𝗳𝗶 တွေကို ဘာကြောင့် အလွယ်မသုံးသင့်တာလဲ ? ယနေ့လို Digital ခေတ်ကြီးထဲမှာ ကျွန်တော်တို့လူသားတွေအတွက် အင်တာနက်ဆိုတာက မရှိမဖြစ် လိုအပ်‌နေတဲ့အရာတစ်ခုဖြစ်နေပါပြီ။ တစ်ယောက်နဲ့တစ်ယောက်အသုံးပြုပုံခြင်းတော့ မတူညီကြပါဘူး။ တစ်ချို့က Remote Job ...

Apr 25, 20253 min read25
Public Wi-Fi ကို ဘယ်လိုလုံခြုံအောင်သုံးကြမလဲ?
D

digitalsecinfo

83 posts

Digital Security အစရှိတဲ့ နည်းပညာများအပြင် Feb 1, 2021 ခုနှစ် စစ်တပ်အာဏာစသိမ်းချိန်ကစပြီး လက်ရှိအချိန်ထိ Digital အခွင့်အရေးချိုးဖောက်ခံရမှုတွေကို တစုတစည်းတည်းလေ့လာနိုင်ရန်မျှဝေပေးမယ့် Blog ပဲဖြစ်ပါတယ်