# Threat Notification

အစိုးရဝန်ထမ်းတွေ၊ နိုင်ငံရေးလှုပ်ရှားသူတွေရဲ့ iPhone တွေကို Hack ဖို့ကြိုးစားတာတွေ့ရှိတာနဲ့ Notification ပို့ပေးတဲ့ Apple ...

Apple က iPhone တွေကို Spy လုပ်ဖို့ကြိုးစားနေတာကို သိရှိတာနဲ့ Victim ရဲ့ iMessage ကိုရော Email ကိုပါ Threat Notification ပို့ပေးမှာဖြစ်ပါတယ်။

[www.icloud.com](https://l.facebook.com/l.php?u=http%3A%2F%2Fwww.icloud.com%2F%3Ffbclid%3DIwAR0JQcWzBCxie6QaQLD3lI5_FeH8pKqGHUPNodt0_VuyvXbHy04DP57JmGo&h=AT0NWYoF0QZz4Seuks3Pa9Q38EMS4n01xB7_tMD9vHLL-f61kzYa6QQVo-AoS1CXrFBCnEAhBPMdrw9wN0k_3Owa4x1wBsrJ9HSHyCsE0yC6r22upg28FAGxpIwo7MUcpFWrDS0Vm7k) ကို Login ဝင်ရင်လည်း Threat Notification ပြသပေးမှာဖြစ်ပါတယ်။ ဒီလိုရှုပ်ထွေးပြီးအဆင့်မြင့်တဲ့ Hacking Technique တွေဟာ အစိုးရကျောထောက်နောက်ခံပြုဟက်ကင်းအဖွဲ့တွေပြုလုပ်လေ့ရှိပါတယ်။

Apple မှာအဆင့်မြင့် ဆိုက်ဘာထောက်လှမ်းရေးအဖွဲ့တွေရှိနေတာဖြစ်ပြီး အဆိုပါထောက်လှမ်းရေးအချက်အလက်တွေကနေ ဟက်ကာတွေအသုံးပြုတဲ့ Tactics, Techniques, Procedures, Software တွေကို သိရှိကာ Target ထားခံနေရတဲ့အသုံးပြုသူတွေကိုသတိပေးစာပို့ပေးတာဖြစ်ပါတယ်။

Target ထားခံရတဲ့လူအများစုဟာ နိုင်ငံရေးနယ်ပယ်ကလူတွေပဲဖြစ်ပါတယ် (Apple ကပေးပို့တဲ့ သတိပေးစာ ဥပမာကို Comment မှာပြပေးထားပါမယ်) ထိုင်းနိုင်ငံမှာလည်း Democracy အရေးလှုပ်ရှားသူတွေရဲ့ iPhone ကို အစ္စရေးကုမ္ပဏီ NSO Group ကထုတ်တဲ့ Pegasus Spyware အသုံးပြုပြီး ဆိုက်ဘာတိုက်ခိုက်မှုဖြစ်ပွါးခဲ့ပါသေးတယ် မိမိရဲ့ iPhone မှာလည်းအဆိုပါ Threat Notifications လက်ခံရရှိပါက -

**1\. iPhone ကို Latest Software Update လုပ်ပါ**

**2\. Settings &gt; Privacy & Security &gt; Lockdown Mode ကိုဖွင့်ပါ**

**3\. သက်ဆိုင်ရာ အဖွဲ့အစည်းကို ပစ်မှတ်ထားတိုက်ခိုက်ခံနေရကြောင်းတင်ပြပါ**

![](https://cdn.hashnode.com/res/hashnode/image/upload/v1700457522414/5061eca9-8d12-48de-9aab-97ce8d8045ea.jpeg align="center")

**India ကနိုင်ငံရေးသမားတစ်ယောက်ကိုပေးပို့လာတဲ့ သတိပေးစာပါ။**

![](https://cdn.hashnode.com/res/hashnode/image/upload/v1700457727299/46202091-0aea-494f-acb2-2e707b75556c.jpeg align="center")

[**appleid.apple.com**](http://appleid.apple.com) **ကို Login ဝင်လိုက်ရင်လည်း ထိပ်မှာ Threat Notification ဆိုပြီးပေါ်နေမှာဖြစ်ပါတယ်။**

**Apple Official Website** ကပြောထားတဲ့ **Threat Notification** အကြောင်း - [https://support.apple.com/en-au/102174](https://support.apple.com/en-au/102174)

**ဒစ်ဂျစ်တယ်လုံခြုံရေးအသိဖြင့် မိမိ၏အချက်အလက်ကို ကာကွယ်နိုင်ပါ‌စေ**

**#PHKKnowledgeSharing #digitalsecinfo**
