Privacy and Data

I am a volunteer for civil society organizations (CSOs) aimed at improving their digital security and safe office operations.
Search for a command to run...

I am a volunteer for civil society organizations (CSOs) aimed at improving their digital security and safe office operations.
No comments yet. Be the first to comment.
စစ်ကောင်စီ မတရားအာဏာသိမ်းမှုရဲ့ ဒစ်ဂျစ်တယ်ဆိုင်ရာ အခွင့်အရေးများစွာကို ထင်ထင်ပေါ်ပေါ် ချိုးဖောက်ခဲ့မှုများကို လူတိုင်းလက်တွေ့ခံစားခဲ့ကြရတာပါ။ မြန်မာနိုင်ငံသူ/သားများ ရင်ဆိုင်ခဲ့ရတဲ့ ဒစ်ဂျစ်တယ်အမှောင်ထ

2026 ခုနှစ် ဒစ်ဂျယ်တယ်ရပ်ဝန်းဆိုင်ရာ ဖြစ်ပျက်ခဲ့မှုများ

တစ်နေရာမှ တစ်နေရာသို့ ရွေ့ပြောင်းထွက်ခွါရာမှာ လိုအပ်သော ပြင်ဆင်ချက်များ စစ်ကောင်စီရဲ့ စစ်မှုထမ်းဥပဒေကြေငြာပြီး နောက်မှ ပြည်ပ သို့ မိမိနေထိုင်ရာအရပ်မှ နယ်မြေသစ်တွေကို ထွက်ခွါသူတွေအများအပြားရှိလာပါတယ်။ Immigration ကိုဖြတ်ကျော်ရာမှာ လေဆိပ်မှာဖြစ်ဖြစ် နယ...

𝗣𝘂𝗯𝗹𝗶𝗰 𝗪𝗶𝗳𝗶 တွေကို ဘာကြောင့် အလွယ်မသုံးသင့်တာလဲ ? ယနေ့လို Digital ခေတ်ကြီးထဲမှာ ကျွန်တော်တို့လူသားတွေအတွက် အင်တာနက်ဆိုတာက မရှိမဖြစ် လိုအပ်နေတဲ့အရာတစ်ခုဖြစ်နေပါပြီ။ တစ်ယောက်နဲ့တစ်ယောက်အသုံးပြုပုံခြင်းတော့ မတူညီကြပါဘူး။ တစ်ချို့က Remote Job ...

2025 ခုနှစ် ဒစ်ဂျယ်တယ်ရပ်ဝန်းဆိုင်ရာ ဖြစ်ပျက်ခဲ့မှုများ

မိမိ၏ privacy and data ကအရမ်းအရေးကြီးပါတယ်။ ဖုန်းမှာ privacy ကာကွယ်ဖို့ထည့်ထားတဲ့ Mode တွေက ရိုးရှင်းတယ် သုံးရလွယ်တယ် service အပ်ရင်အသုံးပြုပြီးမှ ပေးကြပါ။
ဖုန်း service အပ်လိုက်ပြီးမှ social media ပေါ်မှာ မိမိ၏ privacy data တွေပေါက်ကြားခံရမူတွေ ဖြစ်လာနိုင်တော့ ဖုန်းပြင်ဆိုင် မသွားခင် သတိချပ်ပြီး ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားဖို့ လိုအပ်ပါတယ်။
ဖုန်း Service အပ်ရင် ကိုယ့်ရဲ့အတွင်းရေးတွေ ပေါက်ကြားပြီးပြဿနာတွေဖြစ်နိုင်လို့ ဖုန်းကုမ္ပဏီတချိူ့က ဖြေရှင်းပေးထားတဲ့ နည်းလမ်းတွေရှိပါတယ်။
Samsung ဆိုရင် "Maintenance Mode" ဆိုပြီး လုပ်ပေးထားတယ်။ Android 13 (One UI 5.0) နဲ့အထက်ရတဲ့ Samsung ဖုန်းတွေမှာ သုံးနိုင်ပါတယ်။ ဖုန်း Setting ထဲမှာ Maintenance Mode လို့ ရိုက်ရှာပြီး Setup လုပ်လိုက်ရုံပဲ။ ဒီလိုလုပ်ထားရင် Service အပ်တဲ့အခါမှာ ကိုယ့်ဖုန်းက အသစ်တစ်လုံးလိုဖြစ်နေမယ်။ ဖုန်းပြင်မယ့်သူကိုလည်း Password ပေးစရာမလိုတော့ပါဘူး။
ဖုန်းပြင်ပြီးသွားလို့ Maintenance Mode ကို ပိတ်လိုက်ရင် အရင်တုန်းက ကိုယ်သုံးခဲ့တဲ့အတိုင်းပဲ ပြန်ဖြစ်နေမယ်။ ဘာတစ်ခုမှပျက်မသွားပါဘူး။
Google Pixel ဖုန်းတွေမှာတော့ "Repair Mode" ဆိုပြီးပါတယ်။
iPhone (iOS) ဆိုရင်တော့ "Assistive Access" ကို သုံးပြီးလုပ်လို့ရပါတယ်။
Xiaomi ဖုန်းတွေမှာတော့ "Second Space" ကို အသုံးပြုလို့ရပါတယ်နော်။
Phone Screen ဖုန်းမှန်ကွဲပြသာနာဆိုရင်တော့ ရေးထားတဲ့ mode တွေဝင်ပြီး လုပ်မရတာရှိနိုင်တော့ အကောင်းဆုံးနည်းက Cloud Service ကိုသုံးကြပါနော်။
Keepsafe Photo Vault ဆိုတာလည်း သုံးနိုင်ပါတယ်။ Keepsafe က encryption ပါလုပ်ပေးတဲ့အတွက် ပိုစိတ်ချရသလို Premium ဝယ်သုံးမယ်ဆိုရင် cloud storage ရမယ် တခြားသူတစ်ယောက်က password မှားထည့်ပြီး ဖွင့်ကြည့်တာနဲ့ Selfie camera ကနေဓာတ်ပုံရိုက်ယူပေးထားမယ့် feature တွေပါသုံးလို့ရပါတယ်။
အားလုံးပဲ Privacy ပေါက်ကြားခြင်းမှ ကင်းဝေးကြပါစေ။
#digitalsecinfo