Skip to main content

Command Palette

Search for a command to run...

Orbot VPN ဆိုတာဘာလဲ?

Updated
1 min read
Orbot VPN ဆိုတာဘာလဲ?
D

I am a volunteer for civil society organizations (CSOs) aimed at improving their digital security and safe office operations.

တနေ့ပြီးတစ်နေ့ ပိတ်ဆို့မှုကြားရုန်းကန်နေရဆဲပါ…

အာဏာသိမ်းကာ (၃) နှစ်ကျော်လာတဲ့ အချိန်မှာတော့ VPN ပိတ်ဆို့မှုတွေအထိ ရှိလာပါတယ်။

VPN အမျိုးအစား ပေါင်းစုံကို ပိတ်ဆို့ဖို့ ကြိုးစားလာရုံတင်မဟုတ်ပဲ..အင်တာနက်ပေါ်မှာ အလုံးစုံ စောင့်ကြည့် ပိတ်ဆို့ အရေးယူဖို ကြိုးစားနေတာ အားလုံးအသိပါ။

ဒီနေ့မှာတော့ အားလုံးအတွက် အသုံးဝင်မယ့် Orbot အလုပ်လုပ်ပုံလေးကိုပြောပြပေးထားပါတယ်။

TOR network ကိုသုံးထားတဲ့အတွက် တော်တော်လေး Stable ဖြစ်မယ်လိုယုံကြည်ပါတယ်...စမ်းသုံးကြည့်ပြီး အလုပ်ဖြစ်..မဖြစ်လေးလည်း ပြန်ပြောခဲ့ပါဦးနော်

Orbot VPN ဟာ TOR network ကိုချိိတ်ဆက်နိုင်တဲ့ Proxy Application တစ်ခုဖြစ်ပါတယ်။ VPN ကဲ့သို့လည်း ချိတ်ဆက်မှုတွေကို ဝှက်စာစနစ်ဖြင့် ကာကွယ်ပေးတဲ့အပြင် ကိုယ့်ရဲ့ IP Address ကိုလည်း ကာကွယ်ပေးထားနိုင်ပါသည်။

Tor အသုံးပြုမှုကို မြန်မာနိုင်ငံမှာ ပိတ်ပင်တားမြစ်ထားပါတယ်။

တခြား VPN တွေနဲ့ ကွဲပြားချက်ကတော့ Orbot က TOR ကို အသုံးပြုထားတဲ့အတွက် ပိတ်ပင်ထားတဲ့ nodes တွေနေရာတွေကို ကျော်ခွပြီး တစ်နေရာပြီး တစ်နေရာကို လိုက်လံချိတ်ဆက်ကာ လမ်းကြောင်းရှာနေမှာဖြစ်ပါတယ်။ VPN ပိတ်ဆို့မှုများအတွက် ကြိုတင်ထည့်သွင်းထားသင့်တဲ့ VPN Proxy Application တစ်ခုဖြစ်ပါတယ်။

​​​Choose How to Connect ?

Tor ကို ပိတ်ပင်ထားတဲ့နေရာမှာ Bridging Mode ဖြင့် တစ်ဆင့်ခံတံတားတစ်ခုအနေနဲ့ အသုံးပြု ချိတ်ဆက် နိုင်ပါတယ်။

Bridge Setting ထဲမှာ ကိုယ်ရွေးချယ်နိုင်တဲ့ နည်းလမ်းများလည်းပါရှိပါတယ်။ ပိတ်ဆို့ရခက်တဲ့ Community Server များကပဲဖြစ်ဖြစ် Snowflake method တစ်ခုခုနဲ့ဖြစ်ဖြစ် ကျော်လွှားနိုင်ပါတယ်။

https://t.me/GetBridgesBot ကိုဆက်သွယ်ပြီးတော့လည်း Custom Bridge Setting များကိုလည်းတောင်းယူနိုင်ပါတယ်။Tor Project မှာလည်း လေ့လာနိုင်ပါတယ်။

Ref: SpringRevSecurity

21 views

More from this blog

Digital Coup in Myanmar

စစ်ကောင်စီ မတရားအာဏာသိမ်းမှုရဲ့ ဒစ်ဂျစ်တယ်ဆိုင်ရာ အခွင့်အရေးများစွာကို ထင်ထင်ပေါ်ပေါ် ချိုးဖောက်ခဲ့မှုများကို လူတိုင်းလက်တွေ့ခံစားခဲ့ကြရတာပါ။ မြန်မာနိုင်ငံသူ/သားများ ရင်ဆိုင်ခဲ့ရတဲ့ ဒစ်ဂျစ်တယ်အမှောင်ထ

Mar 22, 20261 min read143
Digital Coup in Myanmar

တစ်နေရာမှ တစ်နေရာသို့ ရွေ့ပြောင်းထွက်ခွါရာမှာ လိုအပ်သော ပြင်ဆင်ချက်များ

တစ်နေရာမှ တစ်နေရာသို့ ရွေ့ပြောင်းထွက်ခွါရာမှာ လိုအပ်သော ပြင်ဆင်ချက်များ စစ်ကောင်စီရဲ့ စစ်မှုထမ်းဥပဒေကြေငြာပြီး နောက်မှ ပြည်ပ သို့ မိမိနေထိုင်ရာအရပ်မှ နယ်မြေသစ်တွေကို ထွက်ခွါသူတွေအများအပြားရှိလာပါတယ်။ Immigration ကိုဖြတ်ကျော်ရာမှာ လေဆိပ်မှာဖြစ်ဖြစ် နယ...

May 13, 20252 min read35
တစ်နေရာမှ တစ်နေရာသို့ ရွေ့ပြောင်းထွက်ခွါရာမှာ လိုအပ်သော ပြင်ဆင်ချက်များ

Public Wi-Fi ကို ဘယ်လိုလုံခြုံအောင်သုံးကြမလဲ?

𝗣𝘂𝗯𝗹𝗶𝗰 𝗪𝗶𝗳𝗶 တွေကို ဘာကြောင့် အလွယ်မသုံးသင့်တာလဲ ? ယနေ့လို Digital ခေတ်ကြီးထဲမှာ ကျွန်တော်တို့လူသားတွေအတွက် အင်တာနက်ဆိုတာက မရှိမဖြစ် လိုအပ်‌နေတဲ့အရာတစ်ခုဖြစ်နေပါပြီ။ တစ်ယောက်နဲ့တစ်ယောက်အသုံးပြုပုံခြင်းတော့ မတူညီကြပါဘူး။ တစ်ချို့က Remote Job ...

Apr 25, 20253 min read28
Public Wi-Fi ကို ဘယ်လိုလုံခြုံအောင်သုံးကြမလဲ?
D

digitalsecinfo

83 posts

Digital Security အစရှိတဲ့ နည်းပညာများအပြင် Feb 1, 2021 ခုနှစ် စစ်တပ်အာဏာစသိမ်းချိန်ကစပြီး လက်ရှိအချိန်ထိ Digital အခွင့်အရေးချိုးဖောက်ခံရမှုတွေကို တစုတစည်းတည်းလေ့လာနိုင်ရန်မျှဝေပေးမယ့် Blog ပဲဖြစ်ပါတယ်