# Orbot VPN ဆိုတာဘာလဲ?

တနေ့ပြီးတစ်နေ့ ပိတ်ဆို့မှုကြားရုန်းကန်နေရဆဲပါ…

အာဏာသိမ်းကာ (၃) နှစ်ကျော်လာတဲ့ အချိန်မှာတော့ VPN ပိတ်ဆို့မှုတွေအထိ ရှိလာပါတယ်။

VPN အမျိုးအစား ပေါင်းစုံကို ပိတ်ဆို့ဖို့ ကြိုးစားလာရုံတင်မဟုတ်ပဲ..အင်တာနက်ပေါ်မှာ အလုံးစုံ စောင့်ကြည့် ပိတ်ဆို့ အရေးယူဖို ကြိုးစားနေတာ အားလုံးအသိပါ။

ဒီနေ့မှာတော့ အားလုံးအတွက် အသုံးဝင်မယ့် Orbot အလုပ်လုပ်ပုံလေးကိုပြောပြပေးထားပါတယ်။

TOR network ကိုသုံးထားတဲ့အတွက် တော်တော်လေး Stable ဖြစ်မယ်လိုယုံကြည်ပါတယ်...စမ်းသုံးကြည့်ပြီး အလုပ်ဖြစ်..မဖြစ်လေးလည်း ပြန်ပြောခဲ့ပါဦးနော်

Orbot VPN ဟာ TOR network ကိုချိိတ်ဆက်နိုင်တဲ့ Proxy Application တစ်ခုဖြစ်ပါတယ်။ VPN ကဲ့သို့လည်း ချိတ်ဆက်မှုတွေကို ဝှက်စာစနစ်ဖြင့် ကာကွယ်ပေးတဲ့အပြင် ကိုယ့်ရဲ့ IP Address ကိုလည်း ကာကွယ်ပေးထားနိုင်ပါသည်။

Tor အသုံးပြုမှုကို မြန်မာနိုင်ငံမှာ ပိတ်ပင်တားမြစ်ထားပါတယ်။

တခြား VPN တွေနဲ့ ကွဲပြားချက်ကတော့ Orbot က TOR ကို အသုံးပြုထားတဲ့အတွက် ပိတ်ပင်ထားတဲ့ nodes တွေနေရာတွေကို ကျော်ခွပြီး တစ်နေရာပြီး တစ်နေရာကို လိုက်လံချိတ်ဆက်ကာ လမ်းကြောင်းရှာနေမှာဖြစ်ပါတယ်။ VPN ပိတ်ဆို့မှုများအတွက် ကြိုတင်ထည့်သွင်းထားသင့်တဲ့ VPN Proxy Application တစ်ခုဖြစ်ပါတယ်။

**​​​Choose How to Connect ?**

![](https://cdn.hashnode.com/res/hashnode/image/upload/v1724478611488/675e632e-002d-4e84-90f4-b569379a767b.jpeg align="center")

Tor ကို ပိတ်ပင်ထားတဲ့နေရာမှာ Bridging Mode ဖြင့် တစ်ဆင့်ခံတံတားတစ်ခုအနေနဲ့ အသုံးပြု ချိတ်ဆက် နိုင်ပါတယ်။

Bridge Setting ထဲမှာ ကိုယ်ရွေးချယ်နိုင်တဲ့ နည်းလမ်းများလည်းပါရှိပါတယ်။ ပိတ်ဆို့ရခက်တဲ့ Community Server များကပဲဖြစ်ဖြစ် Snowflake method တစ်ခုခုနဲ့ဖြစ်ဖြစ် ကျော်လွှားနိုင်ပါတယ်။

https://t.me/GetBridgesBot ကိုဆက်သွယ်ပြီးတော့လည်း Custom Bridge Setting များကိုလည်းတောင်းယူနိုင်ပါတယ်။Tor Project မှာလည်း လေ့လာနိုင်ပါတယ်။

Ref: SpringRevSecurity
