Skip to main content

Command Palette

Search for a command to run...

Online Scam

Published
1 min readView as Markdown
Online Scam
D

I am a volunteer for civil society organizations (CSOs) aimed at improving their digital security and safe office operations.

မိုဘိုင်း SMS ကို hack သောလိမ်နည်းအသစ်ကို ဂရုပြုနိုင်ရန်! လိမ်နည်းအသစ်တစ်ခု ဒီတစ်လော Facebook ပေါ်မှာခေတ်စားနေပါတယ်။ scammer pages တွေဟာ အိမ်အကူဝန်ဆောင်မှု, ရေသန့်ပိုဆောင်ရေး, အိမ်အရောက်ကားရေဆေးဝန်ဆောင်မှု ပုံစံတွေဖန်တီးပြီး Facebook ပေါ်မှာ sponsored လုပ်ထားကြပါတယ်။ သင်ကဝန်ဆောင်မှုတစ်ခုခုလိုအပ်လို သူတို page ကတစ်ဆင့်ဆက်သွယ်မိတာနဲ့ သူတိုဟာသင့်ကို Application တစ်ခု ဒေါင်းလုပ်ဆွဲခိုင်းပါလိမ့်မယ်။ Application ကနေ Booking တင်ရင် discount ဘယ်လောက် % ရှိပါတယ်ဆိုပြီး ငါးစာချပါလိမ့်မယ်။ သင့်က Discount လိုချင်လို App ကိုဒေါင်းလုပ်ဆွဲပြီး Permission တွေကို သေသေချာချာမဖတ်ဘဲ install လုပ်လိုက်တာနဲ့ သင့်ဖုန်းထဲမှာရှိတဲ့ ယခင်သွင်းထားပြီးသား Application list, SMS အဝင်အထွက်, Phone Gallery စတာတွေကို hacker တွေက managed လုပ်လိုရသွားပါလိမ့်မယ်။ သင့်ဖုန်းထဲမှာ Kpay, Wave Pay ကဲ့သို mobile banking app တွေရှိနေလိုကတော့ သူတိုက သင့် App ကို clone လုပ်ပြီး ထိန်းချုပ်ထားတဲ့ SMS ကနေတစ်ဆင့် OTP လိုခေါ်တဲ့ one time passcode ကိုပါ အလွယ်တကူရသွားနိုင်ပါတယ်။

ကာကွယ်မှုအနေနဲ့ -

  • Facebook ပေါ်မှာ sponsored လုပ်ထားတဲ့ Services တိုင်းကိုမယုံကြည်ပါနဲ့။ (များသောအားဖြင့် scammer pages တိုင်းဟာ sponsored လုပ်ထားတတ်ပါတယ်။)

  • Page ရဲ့ like/follower အရေအတွက်ကိုသတိထားပါ။ (scammer pages တိုင်းဟာ like/follower အရည်အတွက်နည်းနေတတ်ပါတယ်။)

  • Page ရဲ့ About info မှာ စတင်ဖန်တီးတဲ့ နေ့စွဲကို သတိပြုပါ။ (scammer pages တိုင်းဟာ လက်တလောဖန်တီးထားတဲ့ page တွေဖြစ်နေတတ်ပါတယ်။)

  • မည်သည့် Application ကိုမဆို မိမိဖုန်းမှာ install လုပ်တော့မယ်ဆို ဘယ် permission တွေကိုတောင်းဆိုသလဲဆိုတာ သေသေချာချာဖတ်ပြီးမှ install လုပ်ပါ။

Ref: CH4M

16 views

More from this blog

Digital Coup in Myanmar

စစ်ကောင်စီ မတရားအာဏာသိမ်းမှုရဲ့ ဒစ်ဂျစ်တယ်ဆိုင်ရာ အခွင့်အရေးများစွာကို ထင်ထင်ပေါ်ပေါ် ချိုးဖောက်ခဲ့မှုများကို လူတိုင်းလက်တွေ့ခံစားခဲ့ကြရတာပါ။ မြန်မာနိုင်ငံသူ/သားများ ရင်ဆိုင်ခဲ့ရတဲ့ ဒစ်ဂျစ်တယ်အမှောင်ထ

Mar 22, 20261 min read146
Digital Coup in Myanmar

တစ်နေရာမှ တစ်နေရာသို့ ရွေ့ပြောင်းထွက်ခွါရာမှာ လိုအပ်သော ပြင်ဆင်ချက်များ

တစ်နေရာမှ တစ်နေရာသို့ ရွေ့ပြောင်းထွက်ခွါရာမှာ လိုအပ်သော ပြင်ဆင်ချက်များ စစ်ကောင်စီရဲ့ စစ်မှုထမ်းဥပဒေကြေငြာပြီး နောက်မှ ပြည်ပ သို့ မိမိနေထိုင်ရာအရပ်မှ နယ်မြေသစ်တွေကို ထွက်ခွါသူတွေအများအပြားရှိလာပါတယ်။ Immigration ကိုဖြတ်ကျော်ရာမှာ လေဆိပ်မှာဖြစ်ဖြစ် နယ...

May 13, 20252 min read39
တစ်နေရာမှ တစ်နေရာသို့ ရွေ့ပြောင်းထွက်ခွါရာမှာ လိုအပ်သော ပြင်ဆင်ချက်များ

Public Wi-Fi ကို ဘယ်လိုလုံခြုံအောင်သုံးကြမလဲ?

𝗣𝘂𝗯𝗹𝗶𝗰 𝗪𝗶𝗳𝗶 တွေကို ဘာကြောင့် အလွယ်မသုံးသင့်တာလဲ ? ယနေ့လို Digital ခေတ်ကြီးထဲမှာ ကျွန်တော်တို့လူသားတွေအတွက် အင်တာနက်ဆိုတာက မရှိမဖြစ် လိုအပ်‌နေတဲ့အရာတစ်ခုဖြစ်နေပါပြီ။ တစ်ယောက်နဲ့တစ်ယောက်အသုံးပြုပုံခြင်းတော့ မတူညီကြပါဘူး။ တစ်ချို့က Remote Job ...

Apr 25, 20253 min read31
Public Wi-Fi ကို ဘယ်လိုလုံခြုံအောင်သုံးကြမလဲ?
D

digitalsecinfo

83 posts

Digital Security အစရှိတဲ့ နည်းပညာများအပြင် Feb 1, 2021 ခုနှစ် စစ်တပ်အာဏာစသိမ်းချိန်ကစပြီး လက်ရှိအချိန်ထိ Digital အခွင့်အရေးချိုးဖောက်ခံရမှုတွေကို တစုတစည်းတည်းလေ့လာနိုင်ရန်မျှဝေပေးမယ့် Blog ပဲဖြစ်ပါတယ်