Skip to main content

Command Palette

Search for a command to run...

New Call link Feature of Signal

Updated
3 min read
New Call link Feature of Signal
D

I am a volunteer for civil society organizations (CSOs) aimed at improving their digital security and safe office operations.

ဒီနေ့မှာတော့ ဒစ်ဂျစ်တယ်ဖိနှိပ်မှုနဲ့အတူ စောင့်ကြည့်မှုတွေများတဲ့ ကာလကြီးမှာ ရတဲ့နည်းလမ်း လုံခြုံစွာ ဆက်သွယ်နိုင်ဖို့ လိုအပ်ပါတယ်။ End-To-Encryption အပြည့်အဝပါဝင်တဲ့ Signal ရဲ့ Call link Feature ကို မိတ်ဆက်ပေးပါမယ်။

လုံခြုံစွာ ဆက်သွယ်ရန် အသုံးပြုသင့်သည့် Communication App များထဲက Video Conferencing နီးပါး အသုံးပြုလို့ရမယ့် Signal ရဲ့ Group Call ပါ။ စစ်ကောင်စီက Signal ကိုပိတ်လိုက်ပေမယ့်လည်း Signal ကို လက်မလွတ်ပဲ သုံးစွဲရမယ့် App ဖြစ်တဲ့အပြင် အခုလည်း အသစ် Features ထပ်ထုတ်ထားတာ စမ်းသုံးကြည့်ကြရအောင်ပါ။

Signal ကပြောတဲ့ Signal အကြောင်း

Signal သည် လူတိုင်း စာတိုပေးပို့ခြင်း၊ အသံဖိုင်ပေးပို့ခြင်း၊ GIF များမျှဝေခြင်း၊ Vcall ခေါ်ခြင်းတွေကို လုံခြုံမှုရှိရှိ လုပ်ဆောင်နိုင်/သင့်တယ်လို့ယူဆပါတယ်။ ၂၀၁၄ ခုနှစ်လောက်မှာစပြီး လုံခြုံစွာ ခေါ်ဆိုနိုင်မယ့် End to End စနစ်ပါဝင်တဲ့ Signal Voice Call ကို မိတ်ဆက်ခဲ့ပါတယ်။ ၂၀၂၀ မှာတော့ Signal Group Video Call ဆိုတာကို စတင်လုပ်ပြောင်းလဲထည့်သွင်းမိတ်ဆက်ခဲ့ပါတယ်။

Covid ပြီးနောက်ပိုင်းမှာ အဖွဲ့အစည်းတွေ၊ ကုမ္ပဏီတွေနဲ့ လူတော်တော်များများက Video Conferencing Platform တွေကိုအသုံးပြု ဆက်သွယ်လာကြတဲ့အခါမှာတော့ Signal ကနေပြီးတော့ Video Conferencing လိုမျိုး Group Video Call လုပ်လို့ရနိုင်မယ့် Call Link Feature အသစ်ကို ၂၀၂၄ အကုန်ပိုင်းလောက်မှာ စတင်မိတ်ဆက်လာပါတယ်။ Video Conferencing Platform လုပ်ဆောင်နိုင်တဲ့အပြင် လုံခြုံရေးအတွက် End to End Encryption ကိုထောက်ပံပေးထားသောကြောင့် လူတိုင်း လွတ်လပ် လုံခြုံစွာဆက်သွယ်နိုင်ဖို့ရန် ရည်ရွယ်တယ်လို့ဆိုပါတယ်။

Signal ရဲ့ အသစ်ပါဝင်တဲ့ Feature ကတော့ Call Link ပဲဖြစ်ပါတယ်။ Call link ရဲ့ ထူးခြားချက်က Group Video Call ခေါ်ဖို့ အရင်တုန်းကလို Group ဖွဲ့စရာမလိုတော့တာပဲဖြစ်ပါတယ်။အရင်တုန်းက Video Call တစ်ခုလုပ်ဖို့ စကားပြောချင်တဲ့ အသိမိတ်ဆွေတွေနဲ့ မဖြစ်မနေ Group ဖွဲ့ရပါတယ်။ အခုအသစ်ပါတဲ့ Feature က Signal ကနေ Video Call ခေါ်ဖို့ Group ဖွဲ့စရာမလိုတော့ပဲ မိမိခေါ်နေကြ နေရာကနေပဲ Zoom တို့လိုမျိုး Link ထုတ်ပေးပြီး တစ်ခြားသူတွေ မိမိပြောနေတဲ့ call မှာ လာ Join လို့ရအောင်လည်းလုပ်ထားပါတယ်၊ ဆိုတော့ Group ဖွဲ့စရာမလို့တော့ပဲ Signal ပေါ်မှာရှိတဲ့ မိမိဆက်သွယ်လိုတဲ့သူကို Link လေးတစ်ချက်ပို့ပေးရုံနဲ့ လူအများရှိတဲ့ Group Call တွေကိုဖန်တီးနိုင်မှာပဲဖြစ်ပါတယ်။

( Always relay call ကိုဖွင့်ထားခြင်းဖြင့် ကိုယ့် IP address ကို ဖုန်းခေါ်ဆိုချိန်မှာ မပေါ်အောင်ဝှက်ထားနိုင်တယ်ဆိုတာ သင်သိပါသလား?)

မိမိ၏ Signal app ကိုဝင်ပါ။

  • call link ကိုနိုပ်ပါ တစ်ပါးတည်း add call name မှာ meeting နာမည်ပေးပါ။

  • Require admin approval ကို On ထားတဲ့အတွက် video call ထဲကိုဝင်လာတဲ့သူတွေကို admin လက်ခံမှဝင်လို့ရတဲ့ setting တစ်ပါးတည်းပါဝင်ပါတယ်။

  • အားလုံးပြင်ဆင်ပြီးရင်တော့ video call link ကိုစိတ်ကြိုက်မျှဝေနိုင်ပါတယ်။

  • Share link via signal ဆိုရင်တော့ signal သုံးနေပြီးသားသူအချင်းချင်းမျှဝေလို့ရသလို Copy link လုပ်ပြီးလည်း link ကို copy ပေးနိုင်သလို share link လုပ်ပြီးလည်း ကြိုက်တဲ့ platform ကို မျှဝေလို့ရပါတယ်။

မိတင်ကို join တဲ့သူတွေအနေနဲ့လည်း မိမိရရှိတဲ့ link လေးနှိပ်ပြီး join လိုက်လို့ရပါတယ်။

Admin ကဘယ်လိုစီမံခန့်ခွဲနိုင်လဲ?

  • အကယ်၍များ video call link ကို admin approval settion “ON” ထားခဲ့ပါက admin က link ကနေတစ်ဆင့် ဝင်ရောက်လာသောသူများကို လက်ခံခြင်း / လက်မခံခြင်းကို စီမံခန့်ခွဲနိုင်ပါတယ်။ admin ကိုယ်တိုင် video link ကို ဘယ်လို join ရမလဲဆိုရင်တော့ signal ထဲက call ထဲဝင်လိုက်ရင် အခုနဖန်တီးခဲ့တဲ့ meeting လေးပေါ်နေမှာဖြစ်ပါတယ်။

  • အကယ်၍များ အပတ်တိုင်း signal မှာ video call လုပ်မယ်ဆိုရင် အစောကဖန်တီးခဲ့တဲ့ link ကိုမဖျက်ပဲထားလို့ရပါတယ်။

အဲဒီမှာ သတိထားဖို့က video call ကိုထုတ်လိုက်တဲ့ admin က ဒီ link ကိုပဲနောက်တွေ့တဲ့အချိန်မှာ ဆက်သုံးမယ်ဆိုရင် ပထမမိတင်တုန်းက လက်ခံမိ/ထားသူတွေကို auto လက်ခံပြီးသားဖြစ်နေမှာပါ။ အဲကြောင့် လုံခြုံရေးအရ မိတင်တစ်ခုကို link တစ်ခုထုတ်တာမျိုးက ပိုအဆင်ပြေမယ်လို့ယူဆလို့ရပါတယ်။

video call တစ်ခုမှာ လူအယောက် ၅၀ အထိဝင်ရောက်နိုင်လို့ အခုလိုစောင့်ကြည့်မှုတွေ တင်းကြပ်တဲ့အချန်မှာ အင်မတန်မှ အသုံးဝင်တဲ့ feature လေးပဲဖြစ်ပါတယ်။ နောက်ပြီးတော့ call link ကိုနှိပ်ပြီး delete call link ဆိုပြီးလည်း မိမိရဲ့ video call history တွေကိုလည်းဖျက်ပစ်လို့ရပါတယ်။

video call ကို link နဲ့ဝင်ရောက်လိုက်ပြီဆိုတာနဲ့ ထုံးစံအတိုင်း မိမိရဲ့ signal မှာတင်ထားတဲ့ မိမိရဲ့ဓာတ်ပုံနဲ့ နာမည်သည် တခြားသူတွေနဲ့ မျှဝေထားပြီးသားဖြစ်နေမှာပါ။ အကယ်၍ မိမိက ဖုန်းနံပတ် မဖျောက်ထားခဲ့ဘူးဆိုရင် ဖုန်းနံပတ်ကပေါ်နေမှာဖြစ်ပါတယ်။

ဒီအခြေအနေမှာ လုံခြုံရေးအရ မိမိ၏ဖုန်းနံပတ်ကို hide လုပ်ထားသင့်ပါတယ်။

ဖုန်းနံပတ် ဖျောက်ထားဖို့ဆိုရင်…

  • Signal ရဲ့ privacy ထဲမှာ ဖုန်းနံပတ်ကိုဖျောက်ဖို့ Who can see my number မှာ Nobody ကိုရွေးပါ၊

  • Who can find me by number မှာလည်း Nobody ကိုရွေးပါ၊

  • နောက်ပိုင်း မိမိရဲ့ signal contact ကို မျှဝေရတဲ့အခါမျိုး signal ဖုန်းနံပတ်ကို မေးတာမျိုးရှိခဲ့ရင် မိမိ၏ဖုန်းနံပတ်ကို တိုက်ရိုက်မပြော/မပေးပဲ ​signal မှာ အကောင့် link ထုတ်၍သော်လည်းကောင်း QR ထုတ်ပြီးသော် လည်းကောင်းပေးနိုင်ပါတယ်။ အဲဲဒါကိုတော့ Signal setting ရဲ့ Profile ထဲမှာတွေ့နိုင်ပါတယ်။

Remove လုပ်ခြင်း နှင့် Block ပြုလုပ်ခြင်း

Remove လုပ်ခြင်း နှင့် Block ပြုလုပ်ခြင်းမှာ သတိထားဖို့က link ကနေဝင်ရောက်လာတဲ့သူတွေကို call link ဖန်တီးခဲ့တဲ့သူကသာပဲ Remove လုပ်တာမျိုး Block လုပ်တာမျိုး လုပ်နိုင်တာကြောင့် မဖြစ်မနေ ဒီ link ဖန်တီးခဲ့တဲ့ admin က အဲဒီ video call ထဲရှိနေဖို့လိုအပ်ပါတယ်။

zoom လိုမျိုး co host ပေးလို့မရနိုင်တာကြောင့် admin ကမဖြစ်မနေ call (meeting room) ထဲမှာရှိနေဖို့လိုအပ်ပါတယ်။

Video Conferencing အနေနဲ့ရောသုံးလို့ရနိုင်ပါသလား?

လူအသုံးများတဲ့ zoom လိုမျိုး video conferencing လိုမျိုး co-host ပေးလို့ရတာမျိုး၊ breakout room တွေခွဲလို့ရတာတွေအထိမလုပ်နိုင်ပေမယ့် ဒီစမ်းသပ်တီထွင်မှုပြီးနောက်ပိုင်း ဒီလို Feature တွေလည်းပါဝင်လာနိုင်ဖို့ မျှော်လင့်ရမယ့်အနေအထားပါ။ End to End Encryption လုံခြုံရေးစနစ် အပြည့်အဝပါဝင်တဲ့ အားသာချက်၊ Link ကနေ လူ ၅၀ လောက်ဝင်ရောက်နိုင်တယ်ဆိုတဲ့ Feature နဲ့ အခမဲ့သုံးရတယ်ဆိုတာကို ဒုတိယအားသာချက်ပါပဲ။ နောက်ထပ် Raise Hand လုပ်လို့ရတယ်၊ Speaker view နဲ့ ကြည့်လို့ရအောင်လုပ်လို့ရသလို Emoji လည်းပေးလို့ရတယ်၊ Screen share လို့ရတဲ့ Feature မပါသေးသော်လည်း အသုံးပြုသူရဲ့ လိုအပ်ချက်ပေါ်မူတည်ပြီး video conferencing အနေနဲ့သုံးလို့ရပါတယ်။

Signal နဲ့ လက်ရှိဖြစ်နေတဲ့ ပြသနာများ

signal က ပိတ်ဆို့ခံရတဲ့အထဲမှာ ထိပ်ဆုံးကပါလာတယ်ဆိုတာကို တွေ့ရခြင်းအားဖြင့် Signal အသုံးပြုပြီး ပြောဆိုဆက်သွယ်မှုတွေမှာ ကြားဖြတ်နားထောင်ခြင်း၊ စောင့်ကြည့်ဖို့ ခက်ခဲမှုတွေကြောင့်ပဲဖြစ်ပါတယ်။

  • လက်ရှိမှာတော့ ဖုန်းနံပတ်အသစ်နဲ့ OTP Code မကျတဲ့ ပြသနာအချို့ရှိနေပါတယ်။

  • VPN ကြောင့် Signal သုံးမရတဲ့ ပြသနာတွေရှိခဲ့ရင်တောင် Signal မှာ Circumvention Tools ရှိသေးတာမို့ setting ထဲက privacy setting ထဲမှာ always rely call on ပြီး censorship circumvention ကို “On” ပြီးအသုံးပြုဖို့လိုအပ်ပါတယ်။

  • နောက်တစ်ခုက signal ရဲ့ beta version ဖြစ်တဲ့ molly ကိုလည်းကြိုတင်စဉ်းစားထားသင့်ပါတယ်။’

  • အကြောင်းအမျိူးမျိူးကြောင့် signal အဖွဲ့ထဲက လူတစ်ယောက် ပေါက်ကြားခဲ့ရင် အဲဒီပေါက်ကြားသွားတဲ့ group ကနေ group member တွေအားလုံးထွက်လိုက်ရပါမယ်။ အရေးပေါ်အခြေအနေမှာ signal app ကိုဖျက်ပစ်ဖို့လိုပါတယ်။

မည်သည့်အခြေအနေတွင်မဆို လုံခြုံစွာ ဆက်သွယ်နိုင်ပြီး အချိန်မရွေးဒေတာတွေကိုဖျက်ပစ်နိုင်တဲ့ signal ကိုပဲစွဲမြဲစွာသုံးကြဖို့ကို ထပ်မံတိုက်တွန်းရင်း လုံခြုံစွာဆက်သွယ်နိုင်ကြပါစေလို့ ဆန္ဒပြုလိုက်ပါတယ်။

ref: https://signal.org/blog/call-links/

ref:springsecurity

More from this blog

Digital Coup in Myanmar

စစ်ကောင်စီ မတရားအာဏာသိမ်းမှုရဲ့ ဒစ်ဂျစ်တယ်ဆိုင်ရာ အခွင့်အရေးများစွာကို ထင်ထင်ပေါ်ပေါ် ချိုးဖောက်ခဲ့မှုများကို လူတိုင်းလက်တွေ့ခံစားခဲ့ကြရတာပါ။ မြန်မာနိုင်ငံသူ/သားများ ရင်ဆိုင်ခဲ့ရတဲ့ ဒစ်ဂျစ်တယ်အမှောင်ထ

Mar 22, 20261 min read143
Digital Coup in Myanmar

တစ်နေရာမှ တစ်နေရာသို့ ရွေ့ပြောင်းထွက်ခွါရာမှာ လိုအပ်သော ပြင်ဆင်ချက်များ

တစ်နေရာမှ တစ်နေရာသို့ ရွေ့ပြောင်းထွက်ခွါရာမှာ လိုအပ်သော ပြင်ဆင်ချက်များ စစ်ကောင်စီရဲ့ စစ်မှုထမ်းဥပဒေကြေငြာပြီး နောက်မှ ပြည်ပ သို့ မိမိနေထိုင်ရာအရပ်မှ နယ်မြေသစ်တွေကို ထွက်ခွါသူတွေအများအပြားရှိလာပါတယ်။ Immigration ကိုဖြတ်ကျော်ရာမှာ လေဆိပ်မှာဖြစ်ဖြစ် နယ...

May 13, 20252 min read35
တစ်နေရာမှ တစ်နေရာသို့ ရွေ့ပြောင်းထွက်ခွါရာမှာ လိုအပ်သော ပြင်ဆင်ချက်များ

Public Wi-Fi ကို ဘယ်လိုလုံခြုံအောင်သုံးကြမလဲ?

𝗣𝘂𝗯𝗹𝗶𝗰 𝗪𝗶𝗳𝗶 တွေကို ဘာကြောင့် အလွယ်မသုံးသင့်တာလဲ ? ယနေ့လို Digital ခေတ်ကြီးထဲမှာ ကျွန်တော်တို့လူသားတွေအတွက် အင်တာနက်ဆိုတာက မရှိမဖြစ် လိုအပ်‌နေတဲ့အရာတစ်ခုဖြစ်နေပါပြီ။ တစ်ယောက်နဲ့တစ်ယောက်အသုံးပြုပုံခြင်းတော့ မတူညီကြပါဘူး။ တစ်ချို့က Remote Job ...

Apr 25, 20253 min read28
Public Wi-Fi ကို ဘယ်လိုလုံခြုံအောင်သုံးကြမလဲ?
D

digitalsecinfo

83 posts

Digital Security အစရှိတဲ့ နည်းပညာများအပြင် Feb 1, 2021 ခုနှစ် စစ်တပ်အာဏာစသိမ်းချိန်ကစပြီး လက်ရှိအချိန်ထိ Digital အခွင့်အရေးချိုးဖောက်ခံရမှုတွေကို တစုတစည်းတည်းလေ့လာနိုင်ရန်မျှဝေပေးမယ့် Blog ပဲဖြစ်ပါတယ်