Skip to main content

Command Palette

Search for a command to run...

Mullvad Browser

Updated
2 min read
Mullvad Browser

Mullvab Browser ရဲ့ရည်မှန်းချက်ကတော့ Browesr အသုံးပြုနေရင်း Tracking အလုပ်ခံရမှုကို လျော့ချနိုင်ဖို့ဖြစ်ပြီး အထူးသဖြင့် Mass Surveillance နဲ့ Fingerprint ပြသနာကို ဖြေရှင်းဖို့ပဲဖြစ်ပါတယ်။ Privacy အသားပေးထားတဲ့ Browser ဖြစ်တဲ့အပြင် Tor နဲ့ ပေါင်းလုပ်ထားတဲ့ Project တစ်ခုလည်းဖြစ်ပါတယ်။ Extension အနေနဲ့ထည့်သွင်းနိုင်သလို Browser အနေနဲ့လည်း အသုံးပြုနိုင်တဲ့ Mullvab VPN လည်းရှိပါသေးတယ်။

Mullvad Browser ရဲ့ ထူးခြားချက်

  • Mullvad Browser က Privacy ကို ရွေးချယ်စရာတစ်ခုအနေနဲ့ မဟုတ်ပဲ တစ်ခါတည်း Default ထည့်ပေးထားပါတယ်။

  • Mullvad Browser က Permanent Private Browsing Mode ထည့်ထားတာမို့လို့ ကိုယ်ရဲ့ Browser ကို ပိတ်လိုက်ပြီဆိုတာနဲ့ အကောင့် Login တွေ၊ ပေးခဲ့ရတဲ့ Cookies တွေ၊ Site Data တွေအားလုံးက ဖျက်ပြီးသားဖြစ်မှာမို့ History မကျန်ခဲ့နိုင်ပါဘူး။

  • Mullvad Browser မှာ Ublock Origin လိုမျိုး Ads တွေ Contect Filter တွေကို Block ပေးတဲ့ Extension တွေအပြင် NoScript လိုမျိုး Security အားကောင်းတဲ့ Extension တွေကိုလည်း တစ်ခါတည်းသွင်းပေးထားပါတယ်။

  • အားသာချက်နောက်တစ်ခုကတော့ Mullvad Browser အသုံးပြုရန်အတွက် Mullvad VPN တစ်မျိုးတည်းသုံးစရာမလိုပဲ အခြား VPN နဲ့လည်းအသုံးပြုနိုင်ပါတယ်။

  • နောက်တစ်ခုက anonymit ကို အသားပေးတဲ့အတွက် ကိုယ်ဘယ်သူဘယ်ဝါဆိုတဲ့ identity ကိုဖျောက်ထားနိုင်မှာပါ။ Mullvad Browser ဆိုတာက Tor Browser နဲ့ Firefox Tor Network နှစ်ခုကိုတွဲစပ်မြင်ရတဲ့ သဘောပါ။ Tor လို Anonymity မှာ အားသာချက်ရှိတဲ့ Browser Tor Network ကိုသုံးတာဖြစ်တဲ့အတွက် လိုင်းအလွန်နှေးတဲ့ ကိစ္စ ရှိပေမယ့် Mullvad ကတော့သာမန်အသုံးပြုသူတွေအတွက် Privacy အားကောင်းတဲ့ Browser တစ်ခုပါ။

Mullvad Browser တွင်ချိန်ညှိရန် Setting များ

Browser ရဲ့ ညာဘက်ဒေါင့်စွန်းလေးမှာ မျဉ်းသုံးကြောင်းကို နှိပ်ပြီး Setting ထဲက ချိန်ညှိရန်လိုအပ်တာကို ချိန်ညှိနိုင်ပါတယ်။

  1. General - General ထဲမှာတော့ Automatically installed update ကိုရွေးချယ်ပါ။

  2. Search - Search ထဲမှာ Default Search Engine ကို DuckDuckGo ထားတာမို့ ထွေထွေထူးထူးပြောင်းစရာမရှိပါဘူး။

  3. Privacy and Security - History ထဲမှာ always use private browsing mode ကိုရွေးချယ်ပါ၊ Private Browsing mode ဖြစ်လို့ ဝင်ထားတဲ့ အကောင့်တွေကတော့ Browser ပိတ်လိုက်တာနဲ့ ထွက်သွားတာမျိုးဖြစ်ပါတယ်။ အကောင့်တွေကို Logout မဖြစ်ပဲ အသုံးပြုချင်သူများအတွက် Multi-Account Container extension မျိုးကိုထည့်ပြီးအသုံးပြုနိုင်ပါတယ်။

  4. Security Level ကို Safest ထားပါ။

  5. HTTPS only mode ကို Enable လုပ်ထားပါ။

Refer to the link below for guide covers

https://mullvad.net/en/help/install-mullvad-browser

To see if your operating system version is supported, see the note below the Download button on our Downloads page for your system.

https://mullvad.net/en/download/browser/windows

ဒစ်ဂျစ်တယ်လုံခြုံရေးအသိဖြင့် မိမိ၏အချက်အလက်ကို ကာကွယ်နိုင်ပါ‌စေ။

#cctoSpringSecurity #digitalsecinfo

More from this blog

Digital Coup in Myanmar

စစ်ကောင်စီ မတရားအာဏာသိမ်းမှုရဲ့ ဒစ်ဂျစ်တယ်ဆိုင်ရာ အခွင့်အရေးများစွာကို ထင်ထင်ပေါ်ပေါ် ချိုးဖောက်ခဲ့မှုများကို လူတိုင်းလက်တွေ့ခံစားခဲ့ကြရတာပါ။ မြန်မာနိုင်ငံသူ/သားများ ရင်ဆိုင်ခဲ့ရတဲ့ ဒစ်ဂျစ်တယ်အမှောင်ထ

Mar 22, 20261 min read142
Digital Coup in Myanmar

တစ်နေရာမှ တစ်နေရာသို့ ရွေ့ပြောင်းထွက်ခွါရာမှာ လိုအပ်သော ပြင်ဆင်ချက်များ

တစ်နေရာမှ တစ်နေရာသို့ ရွေ့ပြောင်းထွက်ခွါရာမှာ လိုအပ်သော ပြင်ဆင်ချက်များ စစ်ကောင်စီရဲ့ စစ်မှုထမ်းဥပဒေကြေငြာပြီး နောက်မှ ပြည်ပ သို့ မိမိနေထိုင်ရာအရပ်မှ နယ်မြေသစ်တွေကို ထွက်ခွါသူတွေအများအပြားရှိလာပါတယ်။ Immigration ကိုဖြတ်ကျော်ရာမှာ လေဆိပ်မှာဖြစ်ဖြစ် နယ...

May 13, 20252 min read35
တစ်နေရာမှ တစ်နေရာသို့ ရွေ့ပြောင်းထွက်ခွါရာမှာ လိုအပ်သော ပြင်ဆင်ချက်များ

Public Wi-Fi ကို ဘယ်လိုလုံခြုံအောင်သုံးကြမလဲ?

𝗣𝘂𝗯𝗹𝗶𝗰 𝗪𝗶𝗳𝗶 တွေကို ဘာကြောင့် အလွယ်မသုံးသင့်တာလဲ ? ယနေ့လို Digital ခေတ်ကြီးထဲမှာ ကျွန်တော်တို့လူသားတွေအတွက် အင်တာနက်ဆိုတာက မရှိမဖြစ် လိုအပ်‌နေတဲ့အရာတစ်ခုဖြစ်နေပါပြီ။ တစ်ယောက်နဲ့တစ်ယောက်အသုံးပြုပုံခြင်းတော့ မတူညီကြပါဘူး။ တစ်ချို့က Remote Job ...

Apr 25, 20253 min read25
Public Wi-Fi ကို ဘယ်လိုလုံခြုံအောင်သုံးကြမလဲ?
D

digitalsecinfo

83 posts

Digital Security အစရှိတဲ့ နည်းပညာများအပြင် Feb 1, 2021 ခုနှစ် စစ်တပ်အာဏာစသိမ်းချိန်ကစပြီး လက်ရှိအချိန်ထိ Digital အခွင့်အရေးချိုးဖောက်ခံရမှုတွေကို တစုတစည်းတည်းလေ့လာနိုင်ရန်မျှဝေပေးမယ့် Blog ပဲဖြစ်ပါတယ်