Skip to main content

Command Palette

Search for a command to run...

eSIM (iPhone တလုံးမှာ ဖုန်းနံပါတ် ၆ လုံးထိထည့်ထားနိုင်မယ့်နည်းလမ်း)

Updated
2 min read
eSIM (iPhone တလုံးမှာ ဖုန်းနံပါတ် ၆ လုံးထိထည့်ထားနိုင်မယ့်နည်းလမ်း)
D

I am a volunteer for civil society organizations (CSOs) aimed at improving their digital security and safe office operations.

iPhone တလုံးမှာ ဖုန်းနံပါတ် ၆ လုံးထိထည့်ထားနိုင်မယ့်နည်းလမ်း

ဒီနည်းကတော့ Physical Dual Sim တွေနဲ့အလုပ်ဖြစ်မှာမဟုတ်ပဲ eSim သုံးထားတဲ့ iPhone တွေနဲ့သာအဆင်ပြေမှာဖြစ်ပါတယ် .. အရင်ဆုံး eSim ဆိုတာဘာလဲရှင်းလိုက်ကြရအောင်

eSim ဆိုတာကတော့ Embedded Sim ဒါမှမဟုတ် Electronic Sim လို့ အဓိပ္ပာယ်ရပါတယ် .. ကျွန်တော်တို့နေ့စဉ်အသုံးပြုနေကျ Sim card တွေဟာ Physical Sim လို့ခေါ်ပြီး ဒီ Physical Sim ကိုအသုံးပြုမယ်ဆိုရင် Sim Card ကိုဖုန်းထဲထည့်သွင်းထားရပါတယ် ..

ဖုန်းတမျိုးနဲ့တမျိုးလဲ Sim card slot အရွယ်အစားမတူလို့ Nano Sim, Micro Sim စသဖြင့် Sim card အရွယ်အစားမျိုးစုံလဲရှိပါတယ် .. ဒီတော့ eSim ဆိုတာ Physical Sim လို Sim card ကြီးဖုန်းထဲထည့်ထားစရာမလိုတဲ့ Embedded Sim ပဲဖြစ်ပါတယ် ..

လက်ရှိမြန်မာနိုင်ငံမှာ eSim Support ပေးတဲ့ carrier ဆိုလို့ MyTel တခုတည်းသာရှိပြီး မကြာခင်မှာ Telenor ကလဲ eSim ထုတ်တော့မယ်လို့ကြားသိထားရပါတယ်

eSim ကို Apple က 2017 မှာထွက်ခဲ့တဲ့ Apple Watch Series 3 မှာစတင်ပြီး Support လုပ်ခဲ့တာဖြစ်ပါတယ် .. iPhone တွေမှာဆိုရင် 2018 ကမိတ်ဆက်ခဲ့တဲ့ iPhone XS/XS Max, iPhone XR Series တွေကစပြီး ဒီနှစ်ထုတ်ခဲ့တဲ့ iPhone 12 Series တွေပါ eSim ကို အသုံးပြုမှာဖြစ်ပါတယ်

eSim စတင်ပြီးဝယ်ယူပြီဆိုရင် Operator က Sim card ပေးမှာမဟုတ်ပဲ QR Code လေးသာပေးလိုက်မှာဖြစ်ပါတယ် .. ဒီ QR Code လေးကို Cellular ထဲက Add Mobile Plan မှာသွားပြီး Scan ဖတ်လိုက်တာနဲ့ Sim card ထည့်လိုက်သလိုမျိုး လိုင်းတက်လာမှာဖြစ်ပြီး eSim ကိုအသုံးပြုလို့ရပါပြီ။

eSim ရဲ့ အကြီးမားဆုံးအားသာချက်ကတော့ ဖုန်းပျောက်သွားရင်ပြန်လိုက်လို့လွယ်အောင်ပြုလုပ်ထားလို့ရတာပါပဲ

သာမန် Physical sim တွေဆိုရင် ကောက်ရထားတဲ့လူက Sim ကိုထုတ်ပစ်လိုက်လို့ရပါတယ် .. ဒါပေမယ့် eSim က Settings ထဲသွားပြီး Remove လုပ်ရမှာဖြစ်လို့ Phone ကိုသာ Passcode lock ခံထားရင် eSim က active ဖြစ်နေဦးမှာပါ ..

ကောက်ရတဲ့လူက Airplane Mode on ပြီး Internet ပိတ်လို့ရပါသေးတယ်ဆိုပေမယ့် Lock Screen က Control Center access ကိုပိတ်ထားလိုက်မယ်ဆိုရင် ကောက်ရတဲ့လူအနေနဲ့ Power ပိတ်ထားရုံကလွဲပြီး ဘာမှလုပ်လို့ရမှာမဟုတ်ပါဘူး .. Power သာ On ထားမယ်ဆိုရင် internet access ရနေမှာဖြစ်ပြီး Find my iPhone ကနေတဆင့်အလွယ်တကူ ရှာတွေ့နိုင်မှာပဲဖြစ်ပါတယ်

နောက်ထပ်အားသာချက်တခုကတော့ Warranty claim လုပ်ဖို့လွယ်တာပါ

Physical Dual Sim iPhone တွေဟာ တရုတ်ပြည်အတွက်သာ ထုတ်လုပ်ပေးထားတာဖြစ်တဲ့အတွက် မြန်မာနိုင်ငံအပါအဝင် တခြားနိုင်ငံတွေအတွက် တရားဝင်အလုံးမဟုတ်ဘူးလို့သတ်မှတ်လို့ရပါတယ် ..

ဒီတော့ Warranty ကာလအတွင်း Factory fault ကြောင့် Apple ကိုပြန်ပို့ရတော့မယ်ဆိုရင် China ကိုပြန်ပို့ရတာဖြစ်လို့ ဆိုင်တော်တော်များများက Physical Dual Sim ကို Warranty claim ပေးဖို့လက်တွန့်တတ်ကြပါတယ် ..

ဒါ့အပြင် eSim က Physical Sim တွေလိုမျိုး Sim card ပျောက်တာမျိုးတွေလဲမရှိတော့ပါဘူး .. ပြီးတော့ Multiple Operator Support ပေးလာတဲ့နေ့ကျရင် eSim သမားတွေက sim card ထုတ်လဲစရာမလိုပဲ eSim နဲ့သာ carrier ပြောင်းလို့ရမှာဖြစ်လို့ ဒါကလဲ eSim ရဲ့ အားသာချက်တခုပါပဲ

ဒါဆို eSim iPhone တွေမှာ ဖုန်းနံပါတ် ၆ ခုဘယ်လိုထည့်သွင်းထားမလဲ?

eSim iPhone တွေမှာ Physical Sim ၁ ကဒ်ထည့်ထားလို့ရပါတယ် .. နောက်ပြီး eSim အနေနဲ့ ဖုန်းနံပါတ် ၅ ခုထိထည့်သွင်းထားလို့ရပါတယ် .. ဒါပေမယ့် တကယ်အသုံးပြုတဲ့အခါမှာတော့ Physical ၁ ကဒ်နဲ့ eSim ၁ ကဒ်ပဲအသုံးပြုလို့ရမှာဖြစ်ပြီး ကျန်တဲ့ ၄ ကဒ်ကို Settings ထဲသွားပြီးပိတ်ပေးထားရမှာဖြစ်ပါတယ်

ဖုန်းနံပါတ်အများကြီးလိုတဲ့လူတွေအနေနဲ့ eSim 5 ကဒ်သာထည့်ထားရင် Sim ကဒ်အထုတ်အသွင်းလုပ်စရာမလိုပဲ Settings ထဲကတင် အဖွင့်အပိတ်စိတ်ကြိုက်လုပ်ပြီး နှစ်သက်ရာနံပါတ်ကိုပြောင်းလဲအသုံးပြုလို့ ရနေမှာဖြစ်ပါတယ်

ဒါဆိုရင် eSim 5 ကဒ်ထည့်ထားလို့ရကြောင်းသိရှိသွားလောက်ပါပြီ .. လက်ရှိမြန်မာနိုင်ငံအတွက်တရားဝင်တင်သွင်းတဲ့ iPhone တွေဟာလဲ eSim ကိုအသုံးပြုထားတာဖြစ်လို့ တော်တော်လေးအဆင်ပြေပါတယ် .. Telenor, Ooredoo, MPT တို့သာ eSim ထုတ်ဖို့ပဲကျန်ပါတော့တယ်။

#PHK #digitalsecinfo

28 views

More from this blog

Digital Coup in Myanmar

စစ်ကောင်စီ မတရားအာဏာသိမ်းမှုရဲ့ ဒစ်ဂျစ်တယ်ဆိုင်ရာ အခွင့်အရေးများစွာကို ထင်ထင်ပေါ်ပေါ် ချိုးဖောက်ခဲ့မှုများကို လူတိုင်းလက်တွေ့ခံစားခဲ့ကြရတာပါ။ မြန်မာနိုင်ငံသူ/သားများ ရင်ဆိုင်ခဲ့ရတဲ့ ဒစ်ဂျစ်တယ်အမှောင်ထ

Mar 22, 20261 min read143
Digital Coup in Myanmar

တစ်နေရာမှ တစ်နေရာသို့ ရွေ့ပြောင်းထွက်ခွါရာမှာ လိုအပ်သော ပြင်ဆင်ချက်များ

တစ်နေရာမှ တစ်နေရာသို့ ရွေ့ပြောင်းထွက်ခွါရာမှာ လိုအပ်သော ပြင်ဆင်ချက်များ စစ်ကောင်စီရဲ့ စစ်မှုထမ်းဥပဒေကြေငြာပြီး နောက်မှ ပြည်ပ သို့ မိမိနေထိုင်ရာအရပ်မှ နယ်မြေသစ်တွေကို ထွက်ခွါသူတွေအများအပြားရှိလာပါတယ်။ Immigration ကိုဖြတ်ကျော်ရာမှာ လေဆိပ်မှာဖြစ်ဖြစ် နယ...

May 13, 20252 min read35
တစ်နေရာမှ တစ်နေရာသို့ ရွေ့ပြောင်းထွက်ခွါရာမှာ လိုအပ်သော ပြင်ဆင်ချက်များ

Public Wi-Fi ကို ဘယ်လိုလုံခြုံအောင်သုံးကြမလဲ?

𝗣𝘂𝗯𝗹𝗶𝗰 𝗪𝗶𝗳𝗶 တွေကို ဘာကြောင့် အလွယ်မသုံးသင့်တာလဲ ? ယနေ့လို Digital ခေတ်ကြီးထဲမှာ ကျွန်တော်တို့လူသားတွေအတွက် အင်တာနက်ဆိုတာက မရှိမဖြစ် လိုအပ်‌နေတဲ့အရာတစ်ခုဖြစ်နေပါပြီ။ တစ်ယောက်နဲ့တစ်ယောက်အသုံးပြုပုံခြင်းတော့ မတူညီကြပါဘူး။ တစ်ချို့က Remote Job ...

Apr 25, 20253 min read28
Public Wi-Fi ကို ဘယ်လိုလုံခြုံအောင်သုံးကြမလဲ?
D

digitalsecinfo

83 posts

Digital Security အစရှိတဲ့ နည်းပညာများအပြင် Feb 1, 2021 ခုနှစ် စစ်တပ်အာဏာစသိမ်းချိန်ကစပြီး လက်ရှိအချိန်ထိ Digital အခွင့်အရေးချိုးဖောက်ခံရမှုတွေကို တစုတစည်းတည်းလေ့လာနိုင်ရန်မျှဝေပေးမယ့် Blog ပဲဖြစ်ပါတယ်