Skip to main content

Command Palette

Search for a command to run...

Find My Device

Updated
3 min read
Find My Device
D

I am a volunteer for civil society organizations (CSOs) aimed at improving their digital security and safe office operations.

အရင်ဆုံး ဒီပို့စ်လေးကို Mobile Phone အသုံးပြုသူတိုင်း ခဏလောက်အချိန်ပေးပြီး ဖတ်ဖို့ပြောချင်ပါတယ်။မိမိဖုန်းပျောက်ဆုံးတဲ့အခါ ဖုန်းထဲရှိ Data တွေ Gallery ထဲကဓာတ်ပုံတွေ၊ အဆက်အသွယ်တွေ၊ကျန်နေခဲ့မှာပါ။ ဒီတော့ ပါသွားတဲ့မိုဘိုင်းဖုန်းထဲက ဒေတာတွေအကုန်လုံးဖျက်ဆီးပစ်နိုင်ဖို့ လိုအပ်လာပါပြီ။အဖြေက Find My Device ပါ။

အကောင့်ဖွင့်ထားတဲ့ ဖုန်းနံပါတ်၊ ID၊ Email နဲ့ Password ကို သေချာ သိမ်းဆည်းထားပါ။စာရေးပြီးသိမ်းတာဖြစ်ဖြစ် ယုံကြည်ရတဲ့ မိတ်ဆွေတယောက်ဆီကိုပေးထားပါ။ မိမိဖုန်းပျောက်ဆုံး သို့မဟုတ် ဖုန်းအသိမ်းခံရရင်ဖြစ်ဖြစ်ကိုယ်စားဖျက်ပေးဖို့ပါ။

Find My Device ကိုအသုံးပြုဖို့ ကိုယ့်ဖုန်းထဲမှာ အကောင့်တခုရှိဖို့လိုပါတယ်။ ဥပမာ Mi Account, Apple Account, Samsung Account စသည်ဖြင့် ထည့်သွင်းထားရပါမယ်။

Android ( Eg... Mi Phone)

  • Phone Setting ထဲကMi Account ကိုဝင်ပါ။ Sign Up မလုပ်ရသေးရင် ကိုယ့်ဖုန်းနံပါတ်နဲ့ ဖွင့်ပြီး Sign In လုပ်ထားပါ။

  • အကောင့်ဖွင့်ထားတဲ့ ဖုန်းနံပါတ်၊ ID၊ Email နဲ့ Password ကို သေချာ သိမ်းဆည်းထားပါ။ယုံကြည်ရတဲ့ မိတ်ဆွေတယောက်ဆီကိုပေးထားပါ။ဖုန်းအသိမ်းခံရရင် ကိုယ်စားဖျက်ပေးဖို့ပါ။

  • Search မှာ Find My Device ကို Turn On လုပ်ပါ။ ဒါဆိုရင် မိုဘိုင်းဖုန်းအတွက် ပြီးပါပြီ။

ဒီအဆင့်တွေဟာ တခြားမိုဘိုင်းဖုန်းအမျိုးအစားတွေအတွက် လုပ်ဆောင်ချက်သဘောတရားချင်းအတူတူပဲဖြစ်ပါတယ်။ တကယ်လို့ ဖုန်းအသိမ်းခံရပြီဆိုပါစို့။

ဘယ်လိုလုပ်ရမလဲဆိုရင် တခြားဖုန်း (or) PC ကနေ i.mi.com ကိုသွားပြီး Login ဝင်ပါ။ Find My Device ကိုသွားပါ။ GPS ကတဆင့် သင့်ဖုန်းရဲ့တည်နေရာကို ရှာဖွေနေပါလိမ့်မယ်။ ပြီးရင် Erase Data ကိုရွေးပါ။ ဖုန်းထဲမှာရှိသမျှ ဒေတာတွေအကုန် ဖျက်ချသွားပါလိမ့်မယ်။

နောက်တစ်နည်း - (All Android)

Play Store ကနေ Google Find My Device ကို Install လုပ်လိုက်ပါ။ Gmail အကောင့်တခုနဲ့ အကောင့်ဖွင့်ထားပြီး သေချာမှတ်ထားပါ။ ဖုန်းအသိမ်းခံရတာနဲ့ ကိုယ်တိုင် ဒါမှမဟုတ် မိတ်ဆွေတစ်ယောက်က www.google.com/android/find ကိုသွားပြီး Login လုပ်ပါ။ အပေါ်ကအတိုင်းပဲ Erase Data ကိုရွေးချယ်ပါ။ဤသို့ဖြင့် ဖုန်းထဲက Data အားလုံးကို ဖျက်ဖြစ်နိုင်ပါသည်။

Find My Device ကို ဖုန်းပျောက်သွားတဲ့အခါ တည်နေရာပြန်ရှာဖွေဖို့လည်း အသုံးပြုနိုင်ပါသေးတယ်။

Apple & Android Device တွေအကုန် လုပ်ဆောင်ချက်အားလုံး အတူတူပဲဖြစ်ပါတယ်။အဆင်ပြေကြပါစေ။ Google Find My Device ကိုအသုံးပြုဖို့ အောက်ပါလင့်မှာ ရယူပါ။

https://play.google.com/store/apps/details?id=com.google.android.apps.adm&hl=en&gl=US

iPhone

Find My iPhone App က Apple ကထုတ်တဲ့ iPhone, iPad, iPod Touch, Mac တွေ မှာပါပါတယ်။Find My iPhone ကတော့ iCloud နှင့် တွဲပြီး သုံးရတဲ့ App တစ်ခုဖြစ်ပါတယ်။

Find My iPhone App ရဲ့အဓိက ကောင်းချက်ကတော့ မိမိရဲ့Apple ပစ္စည်း အထားမှား၍ ပျောက်တာပဲ ဖြစ်ဖြစ်၊ သူတပါးခိုးသွားတာပဲ ဖြစ်ဖြစ် iCloud အသုံးပြုပြီးတော့ မြေပုံမှာပြန်ရှာလို့ရအောင် (သို့) Apple ပစ္စည်း ကို ပျောက်သွားရင်သူများသုံး၍ မရအောင် Screen Lock ချခြင်း (သို့) Activation Lock ချခြင်း (သို့) ကိုယ့်ရဲ့အရေးကြီးသော Personal Data များကို Erase/Delete လုပ်လို့ရပါတယ်။

Find My iPhone ကိုအသုံးပြုခြင်ရင်တော့ Apple ID account ရှိဖို့တော့လိုအပ်ပါတယ်။

Find My iPhone ကိုတော့ မိမိ Apple device ရဲ့ Settings -> iCloud -> Find My iPhone ထဲမှာရှာတွေ နိုင်ပါတယ်။

iCloud ကို Apple ID account ဖြင့် Sign-in မလုပ်ရသေး ရင် Find My iPhone ကိုတော့တွေ့မှာ မဟုတ်ပါဘူး။

iOS 13 မှာ Find my function ဟာ Offline အလုပ်လုပ်တာဖြစ်လို့ ဖုန်း/ကွန်ပျူတာပျောက်သွားရင်တောင် Tracking လိုက်နိုင်ဖို့ chance တော်တော်များသွားပါပြီ .

တခြား phone or computer ကနေ https://www.icloud.com ကိုသွားပြီး မိမိရဲ့ Apple ID account ဖြင့် Sign-in လုပ်ပါ။Sign-in လုပ်ပြီးရင် Find My iPhone ကိုရွေးပါ။ Find My iPhone ထဲရောက်ပြီဆိုရင် မိမိရဲ့ ပိုင်ဆိုင်အသုံးပြုနေသော Apple Devices တွေအားလုံးကို Map ကိုမြေပုံပေါ်မှာ အစက် ဝိုင်းကလေးများအနေဖြင့် မြင်ရမှာဖြစ်ပါတယ်။

ဒီနေရာမှာ ပျောက်သွားတဲ့ Device ကဘယ်နေရာမှာ နောက်ဆုံး Online ဖြစ်ခဲ့တယ်ဆိုတာကို Last online အချိန်နဲ့ နေရာနဲ့တကွဖော်ပြပေးသွားမှာဖြစ်ပါတယ် .. နောက်ပြီး Play Sound, Lost Mode, Erase ဆိုပြီး Option 3 ခုတွေ့ရပါလိမ့်မယ်

အစက်ကလေးပေါ်မှာ နှိပ်လိုက်ရင်တော့ Apple Device ရဲ့ပတ်သတ်တဲ့ Information (နေရာ Location, Battery Status, Battery Charging Status) တွေကိုမြင်နိုင်ပါတယ်။ပြီးရင် ခလုပ် (၃) ခု ပါပါတယ်။

Play Sound, Lost Mode, Erase iPhone။

Play Sound ကိုနှိပ်ရင်တော့ ကိုရဲ Apple Device မှာ Alarm လာမြည်ပါ တယ်။ အိမ်မှာနေရာအထားမှား၍ပျောက်တာပဲဖြစ်ဖြစ် Play Sound ကိုအသုံးပြုပြီးရှာနိုင်ပါတယ်။

Play Sound က မိမိ ရဲ Apple Device ကို Silent လုပ်ထားရင်တောင် Alarm မြည်နိုင်ပါတယ်။

Lost Mode ဖြစ်ပါတယ်။

ကိုယ့်ရဲ့ Apple Device မှာ Passcode မရှိသေးရင်တော့ Lost Mode ကိုနှိပ်လိုက်ရင်တော့ Passcode ထည့်မို့ ဂဏန်း ၄လုံးတောင်းပါလိမ့်မယ်။

ဂဏန်း ၄လုံး ထည့်ပြီးရင်ကို Apple Device က Auto Screen Lock ကျသွားမှာပါ။ ဂဏန်း ၄လုံးထည့်ပြီးရင် ဆက်သွယ်ရမည့် ဖုန်းနံပတ် နှင့် ကိုပြောလိုသောMessage ကို စာ ရေး၍ Apple Device ကိုပို့လို့ရပါတယ်။

နောက်ဆုံးတခုကတော့ Erase iPhone ဖြစ်ပါတယ်။ အဲဒါကိုနိပ်ပြီးရင်တော့ ကိုApple Device ထဲမှာရှိတဲ့ Personal Data တွေအားလုံး ကိုဖျက်ပစ် Erase/Delete လုပ်သွားမှာဖြစ်ပါတယ်။

ဒီနည်းကိုတော့ ကိုရဲ့ Apple Device ကိုဘယ်လိုမှ မျော်လင့်ချက်မရှိ၊ ပြန်မရနိုင်တော့ရင်သာအသုံးပြုသင့်ပါတယ်။ လုပ်ပြီးရင်တော့ Apple Device ကိုiCloud ကနေရှာလို့ Track လို့ မရတော့ပါဘူး။

ဒါပေမဲ့Erase iPhone လုပ်ထာတဲ့ Apple Device ဟာ မိမိရဲ့Personal Data တွေအထဲမှာမရှိတော့ပါဘူး ။မိမိ ရဲ့ Apple ID account မရှိတဲ့သူတွေဟာ ဘယ်လိုမှ မိမိ ရဲ့ Apple Device ကိုအသုံးပြု နိုင်မှာမဟုတ်ပါဘူး။

Find My iPhone ကို On လုပ်ထားရင် ဘယ်သူမှ မိမိ ရဲ့Apple ID account မရှိရင် iOS Firmware ပြန်တင်ပြီးရင်တောင် အသုံးပြုလို့မရနိုင်ပါဘူး။

Activation Lock ကျသွားပါပြီ။

ဒီ Play Sound, Lost Mode, Erase iPhone တွေကိုနှိပ်တိုင်း Find My iPhone App က ကိုရဲ့ Apple ID email ကိုnotifications တွေပို့ပေးပါတယ်။ iCloud Website ပေါ်မှတဆင့် ကိုရဲ့ Apple Device ကို Track လုပ်၊ Command ပေးနိုင်ဖို့အတွက် ဒီ App လေးကို ထိထိရောက်ရောက် အကျိုးရှိစွာအသုံးပြုနိုင်ပါ‌စေ။

digitalsecinfo

171 views

More from this blog

Digital Coup in Myanmar

စစ်ကောင်စီ မတရားအာဏာသိမ်းမှုရဲ့ ဒစ်ဂျစ်တယ်ဆိုင်ရာ အခွင့်အရေးများစွာကို ထင်ထင်ပေါ်ပေါ် ချိုးဖောက်ခဲ့မှုများကို လူတိုင်းလက်တွေ့ခံစားခဲ့ကြရတာပါ။ မြန်မာနိုင်ငံသူ/သားများ ရင်ဆိုင်ခဲ့ရတဲ့ ဒစ်ဂျစ်တယ်အမှောင်ထ

Mar 22, 20261 min read143
Digital Coup in Myanmar

တစ်နေရာမှ တစ်နေရာသို့ ရွေ့ပြောင်းထွက်ခွါရာမှာ လိုအပ်သော ပြင်ဆင်ချက်များ

တစ်နေရာမှ တစ်နေရာသို့ ရွေ့ပြောင်းထွက်ခွါရာမှာ လိုအပ်သော ပြင်ဆင်ချက်များ စစ်ကောင်စီရဲ့ စစ်မှုထမ်းဥပဒေကြေငြာပြီး နောက်မှ ပြည်ပ သို့ မိမိနေထိုင်ရာအရပ်မှ နယ်မြေသစ်တွေကို ထွက်ခွါသူတွေအများအပြားရှိလာပါတယ်။ Immigration ကိုဖြတ်ကျော်ရာမှာ လေဆိပ်မှာဖြစ်ဖြစ် နယ...

May 13, 20252 min read35
တစ်နေရာမှ တစ်နေရာသို့ ရွေ့ပြောင်းထွက်ခွါရာမှာ လိုအပ်သော ပြင်ဆင်ချက်များ

Public Wi-Fi ကို ဘယ်လိုလုံခြုံအောင်သုံးကြမလဲ?

𝗣𝘂𝗯𝗹𝗶𝗰 𝗪𝗶𝗳𝗶 တွေကို ဘာကြောင့် အလွယ်မသုံးသင့်တာလဲ ? ယနေ့လို Digital ခေတ်ကြီးထဲမှာ ကျွန်တော်တို့လူသားတွေအတွက် အင်တာနက်ဆိုတာက မရှိမဖြစ် လိုအပ်‌နေတဲ့အရာတစ်ခုဖြစ်နေပါပြီ။ တစ်ယောက်နဲ့တစ်ယောက်အသုံးပြုပုံခြင်းတော့ မတူညီကြပါဘူး။ တစ်ချို့က Remote Job ...

Apr 25, 20253 min read28
Public Wi-Fi ကို ဘယ်လိုလုံခြုံအောင်သုံးကြမလဲ?
D

digitalsecinfo

83 posts

Digital Security အစရှိတဲ့ နည်းပညာများအပြင် Feb 1, 2021 ခုနှစ် စစ်တပ်အာဏာစသိမ်းချိန်ကစပြီး လက်ရှိအချိန်ထိ Digital အခွင့်အရေးချိုးဖောက်ခံရမှုတွေကို တစုတစည်းတည်းလေ့လာနိုင်ရန်မျှဝေပေးမယ့် Blog ပဲဖြစ်ပါတယ်