Announcing Microsoft Copilot

Announcing Microsoft Copilot

Microsoft က Windows User တွေအတွက် နောက်လာမယ့် Update မှာ Windows 11 ကို AI OS လုပ်ပစ်တော့ပါမယ်။

  • Copilot App ပါလာမယ်။ Windows နဲ့ ချိတ်ထားပေးတဲ့ ChatGPT ပါပဲ။ မေးချင်ရာမေးလို့ရမယ်။ ဖိုင်တွေပေးပြီး Summary ထုတ်ခိုင်းတာတွေ၊ Plugin တွေနဲ့ လိုတဲ့ Graphic အပါအဝင် Material တွေ လုပ်ပေးခိုင်းလို့ရမယ်။ ပြန်ရမယ့်စာတွေ ကြိုစီပေးနိုင်မယ်။ နေ့စဉ် Meeting တွေတက်၊ Report တွေရေး လုပ်နေရတဲ့သူတွေ အတွက်တော့ ရွှေပဲ။

  • Paint App မှာ Layer တွေဘာတွေ ပါလာမယ်။ AI နဲ့ Background Removal တို့ Generative Art တို့ ရလာမယ်။ အလားတူပဲ Photos App မှာလည်း AI နဲ့ Background Blur ဘာညာ လုပ်လို့ရတာတွေ ရှိလာမယ်။ Clipchamp မှာ AI အကူအညီနဲ့ Video တွေ လုပ်လို့ရမယ်။

  • Notepad မှာ Session restore တွေဘာတွေ ပါလာမယ်။ Bing တို့ Edge တို့က အစကတည်းက AI Integration ရှိနေပြီးသား။ DALL.E 3 တွေဘာတွေနဲ့ ပိုကောင်းသွားမယ်။ Windows Explorer လည်း အသစ်ဖြစ်သွားမယ်။ AI Integration လုပ်မယ်လို့ အတိအကျ ပြောမထားပေမယ့် ပါလာမှာပဲ။Microsoft ကတော့ အသုံးချ AI ဘက်မှာ ရှေ့ပြေးလက်စနဲ့ ရေလည်ကြမ်းနေပါပြီ။

https://blogs.microsoft.com/.../announcing-microsoft.../