Skip to main content

Command Palette

Search for a command to run...

What is End-to-End encryption

Updated
1 min readView as Markdown
What is End-to-End encryption
D

I am a volunteer for civil society organizations (CSOs) aimed at improving their digital security and safe office operations.

Encryption လုပ်တယ်ဆိုတာ စာ-ပုံ(information/data) ကို ကုတ်အဖြစ် ပြောင်းခြင်းဖြစ်ပါတယ်။ Encryption မလုပ်ထားတဲ့ ရိုးရိုးစာတွေ ပုံတွေ ဗီဒီယိုတွေကို လူတိုင်း အလွယ်တကူ ဖတ်နိုင်တယ်။ ကုတ်တွေနဲ့ဆိုရင် အလွယ်တကူ ဖတ်လို့မရဘူး။

End-to-end encryption ဆိုတာကတော့ ပေးပို့သူနဲ့ လက်ခံသူပဲ ဖတ်လို့ရအောင် encryptionလုပ်ထားတဲ့ စာ-ပုံ(information/data)တွေ ဖြစ်ပါတယ်။ End-to-end encrypted လုပ်ထားတဲ့စာတွေကို ကြားကနေ ဘယ်သူကမှ ဖြတ်ပြီး ဖွင့်ဖတ်/ခိုးဖတ်လို့ မရပါဘူး။ လက်ခံတဲ့သူဆီ ရောက်မှ ဖတ်လို့ရတာမျိုးပါ။

ဒါကြောင့်၊ End-to-end encryption သုံးထားတဲ့ Applicationတွေကို အသုံးပြုပြီး စာတွေပို့၊ စကားတွေ ပြောစေချင်ပါတယ်။ သတိဆိုတာ ပိုသည် မရှိ မဟုတ်လား။ ဥပမာ- Signal, Wire, Telegram,WhatsApp, Webex etc ...

End-to-end encryption မှာလဲ သူ့အားနည်းချက်နဲ့ သူပါပဲ။ End-to-end encrypted လုပ်ထားတဲ့စာတွေကို ကြားကနေ ခိုးဖတ်/ဖွင့်ဖတ်လို့ မရပေမဲ့ ဘယ်သူကတော့ ဘယ်သူ့ဆီ End-to-end encryption လုပ်ပြီး စာတွေ ပို့နေတာလဲဆိုတာတော့ သိနိုင်ပါတယ်။

End-to-end encryption ဆိုတာ လက်ခံသူရဲ့ Deviceထဲရောက်မှ ဖတ်လို့ရတာ ဖြစ်တာကြောင့် Deviceက မသမာသူတွေ လက်ထဲရောက်ရင်တော့ ပို့ထားသမျှ စာတွေ အကုန် ဖတ်လို့ရသွားမှာ ဖြစ်ပါတယ်။ ဒါကို မမေ့ မလျော့ သတိထားသင့်ပါတယ်။

https://www.kaspersky.com/blog/what-is-end-to-end-encryption/37011/

9 views

Digital Knowledge

Part 1 of 50

In this series, we will share about digital knowledge contents

More from this blog

Digital Coup in Myanmar

စစ်ကောင်စီ မတရားအာဏာသိမ်းမှုရဲ့ ဒစ်ဂျစ်တယ်ဆိုင်ရာ အခွင့်အရေးများစွာကို ထင်ထင်ပေါ်ပေါ် ချိုးဖောက်ခဲ့မှုများကို လူတိုင်းလက်တွေ့ခံစားခဲ့ကြရတာပါ။ မြန်မာနိုင်ငံသူ/သားများ ရင်ဆိုင်ခဲ့ရတဲ့ ဒစ်ဂျစ်တယ်အမှောင်ထ

Mar 22, 20261 min read146
Digital Coup in Myanmar

တစ်နေရာမှ တစ်နေရာသို့ ရွေ့ပြောင်းထွက်ခွါရာမှာ လိုအပ်သော ပြင်ဆင်ချက်များ

တစ်နေရာမှ တစ်နေရာသို့ ရွေ့ပြောင်းထွက်ခွါရာမှာ လိုအပ်သော ပြင်ဆင်ချက်များ စစ်ကောင်စီရဲ့ စစ်မှုထမ်းဥပဒေကြေငြာပြီး နောက်မှ ပြည်ပ သို့ မိမိနေထိုင်ရာအရပ်မှ နယ်မြေသစ်တွေကို ထွက်ခွါသူတွေအများအပြားရှိလာပါတယ်။ Immigration ကိုဖြတ်ကျော်ရာမှာ လေဆိပ်မှာဖြစ်ဖြစ် နယ...

May 13, 20252 min read39
တစ်နေရာမှ တစ်နေရာသို့ ရွေ့ပြောင်းထွက်ခွါရာမှာ လိုအပ်သော ပြင်ဆင်ချက်များ

Public Wi-Fi ကို ဘယ်လိုလုံခြုံအောင်သုံးကြမလဲ?

𝗣𝘂𝗯𝗹𝗶𝗰 𝗪𝗶𝗳𝗶 တွေကို ဘာကြောင့် အလွယ်မသုံးသင့်တာလဲ ? ယနေ့လို Digital ခေတ်ကြီးထဲမှာ ကျွန်တော်တို့လူသားတွေအတွက် အင်တာနက်ဆိုတာက မရှိမဖြစ် လိုအပ်‌နေတဲ့အရာတစ်ခုဖြစ်နေပါပြီ။ တစ်ယောက်နဲ့တစ်ယောက်အသုံးပြုပုံခြင်းတော့ မတူညီကြပါဘူး။ တစ်ချို့က Remote Job ...

Apr 25, 20253 min read31
Public Wi-Fi ကို ဘယ်လိုလုံခြုံအောင်သုံးကြမလဲ?
D

digitalsecinfo

83 posts

Digital Security အစရှိတဲ့ နည်းပညာများအပြင် Feb 1, 2021 ခုနှစ် စစ်တပ်အာဏာစသိမ်းချိန်ကစပြီး လက်ရှိအချိန်ထိ Digital အခွင့်အရေးချိုးဖောက်ခံရမှုတွေကို တစုတစည်းတည်းလေ့လာနိုင်ရန်မျှဝေပေးမယ့် Blog ပဲဖြစ်ပါတယ်