USB OTG or A tool for data collection

USB OTG or A tool for data collection

ဓာတ်ပုံ၊ဗီဒီယိုဖမ်းယူ၍ မှတ်တမ်းတင်သူများ အင်တာနက် ဖြတ်တောက်ချိန်တွင် ရယူထားသော မှတ်တမ်းများကို အင်တာနက်မှတဆင့်ပို့လို့မရ ဆိုသည့်အချက်ကို သတိပြု၍ အနည်းဆုံးယာယီ ထိန်းသိမ်းရန် (Backup) သိမ်းဖို့ လိုအပ်မည်။ ထိုသို့ မှတ်တမ်းတင်ဖို့ OTG သုံးမလား? App သုံးမလား?

USB OTG (On The Go adapter)

ကျနော်တို့ရဲ့ drive တွေမှာအရေးကြီး လျှို့ဝှက်အချက်အလက်တွေ ပါသွားခဲ့သော် ကိုယ့်အတွက်၊ ထိခိုက်နစ်နာစရာတွေ အများကြီး ရှိနိုင်ပါတယ်။အဲလို မဖြစ်ခင် ကိုယ်ရဲ့ ထိလွယ်ရှလွယ်သော အချက်အလက်သိမ်းထားတဲ့ drive ကို ဘယ်လို lock ချမလဲ။

Encryption စနစ်ပါသော Bitlocker ဖြင့် Lock ချနိုင်ပါသည်။ decive တစ်ခု လမ်းမှာကျပျောက်ရင်ဆိုတာကို ထည့်စဉ်းစားဖို့လိုအပ်ပါတယ်။ထို့ကြောင့် OTG သုံးမယ်ဆိုရင် device ကို Lock ချပေးရန်လိုအပ်ပါသည်။

Application

ဗီဒီယိုဖမ်းယူရန် မှတ်တမ်းတင်သူများ အသုံးပြုနိုင်သော app များစွာမှာ ဖုန်းထဲတွင်ပါဝင်သော “Camera App” မှ အစ ပိုမိုအထူးပြုထားသော မှတ်တမ်းတင် app များဖြစ်သည့် “ProofMode, Tella, Eyewitness to Atrocities” အထိရှိသည်။

အချို့ app များသည် အင်တာနက်ချိတ်ဆက်ခွင့်ကို မှီခိုသည့်အတွက် အင်တာနက်ဖြတ်တောက်ချိန်တွင် ရရှိနိုင်မည်မဟုတ်သည်ကို သတိချပ်သင့်သည်။

ဘယ် app က သင့်အတွက်အသင့်တော်ဆုံးဖြစ်သည်ကို မပြောနိုင်ပါ။သင့်အခြေအနေ၊ လိုအပ်ချက်၊ အန္တရာယ်တွင် မူတည်သည်။ထို့အပြင် Delete လုပ်ဖို့ application တွေကို ကြိုတင်စဉ်းစားထားသင့်ပါတယ်။

digitalsecinfo