Skip to main content

Command Palette

Search for a command to run...

Starlink ဆိုတာ

Updated
2 min read
Starlink ဆိုတာ

Starlink ဆိုတာ ဂြိုလ်တု အခြေခံ အင်တာနက်ပေးတဲ့ ဝန်ဆောင်မှု company ရဲ့ နာမည်ဖြစ်ပါတယ်။

Starlink ပိုင်ရှင်က နည်းပညာလောကမှာ ခေတ်စားနေတဲ့ Tesla လျှပ်စစ်ကား company ပိုင်ရှင်လည်းဖြစ်တဲ့ ကမ္ဘာနာမည်ကြီး သူဌေးတွေမှာပါတဲ့ Elon Musk ဖြစ်ပါတယ်။သူကို လူအများသိကြတာ Tesla လျှပ်စစ်ကား ထုတ်လုပ်သူအဖြစ် လူသိများပါတယ်။ Star link ဟာ သူ့ရဲ့ နောက်ထပ် company တစ်ခုဖြစ်ပါတယ်။Starlink လို SpaceX ဆိုတာလည်း သူပိုင်ဆိုင်တာပါပဲ။ SpaceX ဆိုတာ ဂြိုလ်တုတွေ လွင့်တင်နေတဲ့ company ဖြစ်ပါတယ် ဒါကို လူတိုင်းသိမှာပါ။

SpaceX ရဲ့ ဂြိုလ်တုတွေဖြင့် Starlink ဆိုပြီး Satellite base ဂြိုလ်တုကို အခြေခံပြီး Internet Service ပေးဖို့အတွက် လုပ်ဆောင်လာခဲ့တာ ၂၀၁၈-၂၀၁၉ ခုနှစ်မှာ ကတည်းက ဖြစ်ပါတယ်။ data ကို စမ်းသပ်ဆဲကာလမို့ ဘယ်အချိန်မှာ ကမ္ဘာတစ်ဝှမ်းကို launch လုပ်မယ် မသိသေးပါဘူး။

သူရဲ့ အနာဂတ် မျှော်မှန်းချက်ကတော့ အရင်တုံးက ဂြိုလ်တုကနေပေးခဲ့တဲ့ ipStar နည်းပညာ၊ bses နည်းပညာတို့လိုမျိုး Latency (ping time) များတဲ့ ပြဿနာ(အင်တာနက်နှေးတဲ့ ပြဿနာ) တို့ကိုရှောင်ရှားနိုင်ပြီး အလွန်လျှင်မြန်တဲ့ ဂြိုလ်တုအခြေခံ အင်တာနက် စနစ်ကို တစ်ကမ္ဘာလုံးမှာ ကျယ်ကျယ်ပြန့်ပြန့်သုံးစွဲနိုင်ဖို့ မျှော်မှန်းထားပါတယ်။နောက် ၁၀ အနှစ် ၂၀ လောက်ဆို အခု ကျနော်တို့ TV channels တို့ကို ဖမ်းယူကြည့်ရှုသလို အင်တာနက်ကိုလည်း ဖမ်းယူသုံးစွဲနိုင်ဖို့အထိမျှော်လင့် လုပ်ဆောင်နေတာဖြစ်ပါတယ်။

လက်ရှိမှာ အမေရိကန်နဲ့ ဥရောပဘက်အခြမ်းမှာ စမ်းသပ်သုံးစွဲတဲ့ ကာလဖြစ်ပါတယ်။ Starlink ရဲ့ဟာ မြို့ပြနဲ့ဝေးတဲ့ fiber internet မရတဲ့ တောရွာတွေမှာ fiber လိုမျိုး အင်တာနက်သုံးနိုင်ဖို့ အဓိကရည်ရွယ်တာဖြစ်ပါတယ်။ ping လည်းနည်းမယ် speed လည်းမြန်မယ်။

သူ့ရဲ့ speed က 50Mb/s to 150Mb/s အတွင်းရမယ် Latency (ping time) က 20ms to 40ms ပြောထားတော့ online game ဆော့သူတွေ အကြိုက်ပေါ့။ ဂြိုလ်တု အင်တာနက်နဲ့ online game ဆော့ဖို့ဆိုတာ မဖြစ်နိုင်တဲ့အရာ အသက်ဝင်လာတယ်ပြောလို့ရပါမည်။

Starlink ရဲ့စျေးကတော့ ကနဦး တပ်ဆင်ခ $600 ဝန်းကျင်ပါ။ လစဉ်ကြေးက $99 ဖြစ်ပါတယ်။မြန်မာနိုင်ငံကို ရောက်လာရင်တော့ အဲစျေးမဖြစ်ဖို့ မျှော်လင့်ပါတယ်။ Order တင်ပြီး ပစ္စည်းရောက်လာပြီဆိုလည်း easy to set up ပါပဲ။

နောင် အနာဂတ် ၂၀၅၀ ခုနှစ်လောက်ဆိုရင် ကြယ်တွေလိုပဲ SpaceX ရဲ့ လွင့်တင်ထားတဲ့ ဂြိုလ်တုတွေက များလွန်းလို့ ကမ္ဘာဘယ်နေရာကိုပဲ ရောက်နေရောက်နေ အင်တာနက်ရရှိနိုင်ဖို့ မျှော်မှန်းထားတာဖြစ်ပါတယ်။

Starlink ရဲ့ အင်တာနက်ပေးတဲ့ network ပုံစံက base station နဲ့သွားတာပါ။ မိမိရဲ့ လက်တော့မှ Starlink ရဲ့ ဂြိုလ်တုကိုရောက်မယ် ဂြိုလ်တုကနေမှ base station ကို ပို့မယ်။ base station ကနေမှ အင်တာနက်ကိုထွက်မှာဖြစ်ပါတယ်။ Internet freedom လို့ခေါ်တဲ့ အင်တာနက်ကို လွတ်လွတ်လပ်လပ် အသုံးပြုနိုင်ခွင့်သည် base station ကဘယ်နိုင်ငံမှာ ရှိမှာလည်းဆိုတဲ့ အပေါ်မူတည်ပါတယ်။လက်ရှိသုံးနေသလိုမျိုး အင်တာနက်ကို ပြည်တွင်းကထွက်တဲ့ (MPT, Telenor, Ooredoo ) အစရှိတဲ့ ပြည်တွင်း ISP ကနေ မထွက်ပဲနဲ့ ပြည်ပနိုင်ငံ တစ်နိုင်ငံကနေ တိုက်ရိုက် အင်တာနက်ထွက်တယ်ဆိုရင် လက်ရှိဖြစ်နေတဲ့ (digital coup) Facebook ပိတ်တာတို့ YouTube ပိတ်တာတို့ ဟိုဟာပိတ် ဒီဟာပိတ်စသည့် ကန့်သက်ချက်တွေ ချိုးဖောက်ခံရတာတွေ ဖြစ်မှာမဟုတ်တော့ပါဘူး။ Starlink ရဲ့ network သဘောတရားအရ internet sensor လုပ်လို့မရတဲ့ သဘောတရားမို့ Starlink ရဲ့ အင်တာနက် ဝန်ဆောင်မှု မြန်မာနိုင်ငံကို ရောက်ရှိလာမယ်ဆိုရင် အင်တာနက် လွတ်လပ်မှု ( Internet Freedom ) ပိုပြီးရရှိမှာဖြစ်ပါတယ်။

https://www.starlink.com

https://www.starlink.com/map

https://www.spacex.com

Crd Original writer

79 views

Digital Knowledge

Part 1 of 50

In this series, we will share about digital knowledge contents

More from this blog

Digital Coup in Myanmar

စစ်ကောင်စီ မတရားအာဏာသိမ်းမှုရဲ့ ဒစ်ဂျစ်တယ်ဆိုင်ရာ အခွင့်အရေးများစွာကို ထင်ထင်ပေါ်ပေါ် ချိုးဖောက်ခဲ့မှုများကို လူတိုင်းလက်တွေ့ခံစားခဲ့ကြရတာပါ။ မြန်မာနိုင်ငံသူ/သားများ ရင်ဆိုင်ခဲ့ရတဲ့ ဒစ်ဂျစ်တယ်အမှောင်ထ

Mar 22, 20261 min read142
Digital Coup in Myanmar

တစ်နေရာမှ တစ်နေရာသို့ ရွေ့ပြောင်းထွက်ခွါရာမှာ လိုအပ်သော ပြင်ဆင်ချက်များ

တစ်နေရာမှ တစ်နေရာသို့ ရွေ့ပြောင်းထွက်ခွါရာမှာ လိုအပ်သော ပြင်ဆင်ချက်များ စစ်ကောင်စီရဲ့ စစ်မှုထမ်းဥပဒေကြေငြာပြီး နောက်မှ ပြည်ပ သို့ မိမိနေထိုင်ရာအရပ်မှ နယ်မြေသစ်တွေကို ထွက်ခွါသူတွေအများအပြားရှိလာပါတယ်။ Immigration ကိုဖြတ်ကျော်ရာမှာ လေဆိပ်မှာဖြစ်ဖြစ် နယ...

May 13, 20252 min read35
တစ်နေရာမှ တစ်နေရာသို့ ရွေ့ပြောင်းထွက်ခွါရာမှာ လိုအပ်သော ပြင်ဆင်ချက်များ

Public Wi-Fi ကို ဘယ်လိုလုံခြုံအောင်သုံးကြမလဲ?

𝗣𝘂𝗯𝗹𝗶𝗰 𝗪𝗶𝗳𝗶 တွေကို ဘာကြောင့် အလွယ်မသုံးသင့်တာလဲ ? ယနေ့လို Digital ခေတ်ကြီးထဲမှာ ကျွန်တော်တို့လူသားတွေအတွက် အင်တာနက်ဆိုတာက မရှိမဖြစ် လိုအပ်‌နေတဲ့အရာတစ်ခုဖြစ်နေပါပြီ။ တစ်ယောက်နဲ့တစ်ယောက်အသုံးပြုပုံခြင်းတော့ မတူညီကြပါဘူး။ တစ်ချို့က Remote Job ...

Apr 25, 20253 min read25
Public Wi-Fi ကို ဘယ်လိုလုံခြုံအောင်သုံးကြမလဲ?
D

digitalsecinfo

83 posts

Digital Security အစရှိတဲ့ နည်းပညာများအပြင် Feb 1, 2021 ခုနှစ် စစ်တပ်အာဏာစသိမ်းချိန်ကစပြီး လက်ရှိအချိန်ထိ Digital အခွင့်အရေးချိုးဖောက်ခံရမှုတွေကို တစုတစည်းတည်းလေ့လာနိုင်ရန်မျှဝေပေးမယ့် Blog ပဲဖြစ်ပါတယ်