Skip to main content

Command Palette

Search for a command to run...

ProtonMail အကြောင်း သိကောင်းစရာ

ProtonMail ဟာ ဘာလဲ?

Updated
2 min read
ProtonMail အကြောင်း သိကောင်းစရာ

ProtonMail ဟာ လူအများစု အသုံးပြုလေ့ရှိသော G-mail ကဲ့သို့ပင် ကမ္ဘာလုံးဆိုင်ရာ သုံးစွဲသည့် အသုံးပြုသူ နှစ်ဦးကြားသာ ဖတ်နိုင်သော End-to-end encryption ပါ၀င်တဲ့ အခမဲ့ email service တစ်ခု ဖြစ်ပါတယ်။ ProtonMail Account တစ်ခုကိုဖန်တီးလိုက်ပါ။

ProtonMail နဲ့ Gmail နဲ့ ဘာတွေ ကွာခြားကြသလဲ?

ကျွန်တော်တို့အများစုရဲ့ နေ့စဥ်လုပ်ငန်းခွင်နဲ့ ပရော်ဖက်ရှင်နယ် ကိစ္စရပ်တွေမှာ Gmail ကို အသုံးပြုမှု အများဆုံးဖြစ်တာကြောင့် ProtonMail ကို ပြောင်းလဲအသုံးပြုဖို့ ကိစ္စဟာ ကျွန်တော်တို့နဲ့ အနည်းငယ် အလှမ်း‌‌‌ဝေးနေမှာ ဖြစ်ပါတယ်။ ဒါကြောင့် ProtonMail နဲ့ Gmail နဲ့ ဘာတွေ ကွာခြားကြသလဲဆိုတာ အောက်ပါအချက်တွေဖြစ်ပါတယ်။

End-to-end encryption ပါဝင်ခြင်း ။ ။

Gmail ဟာ ကျွန်တော်တို့ရဲ့ email တစ်ခုချင်းစီကို ၄င်းရဲ့ server ကနေ ၀င်ရောက်ဖတ်ကြည့်လို့ရပါတယ်။ တစ်ဖက်မှာတော့ ProtonMail ရဲ့ မူလ လုံခြုံမှုစနစ်အရကိုက email ပေးပို့သူနဲ့ ရရှိသူနှစ်ဦးသာ ဖတ်ရှုနိုင်တဲ့ End-to-end encryption ပါ၀င်နေတာကြောင့် Gmail လိုမျိုး ProtonMail server ကနေ ကျွန်တော်တို့ရဲ့ email တွေကို ဖတ်ကြည့်လို့မရနိုင်ပါဘူး။

Personal Data Access မပေးရခြင်း ။ ။

ပုံမှန်အားဖြင့် Gmail နဲ့ Facebook အကောင့်တွေ ဖွင့်မယ်ဆိုရင် ကျွန်တော်တို့ရဲ့ ကိုယ်ရေးကိုယ်တာ အချက်အလက်တွေ၊ သုံးစွဲမှုအချက်အလက်တွေကို စောင့်ကြည့်ခွင့်ပေးထားရပါလိမ့်မယ်။ ဒါပေမယ့် ProtonMail ကတော့ ကျွန်တော်တို့ရဲ့ personal data တွေကို end-to-end encryption ကြောင့် စောင့်ကြည့်လို့မရပါဘူး။

Zero-access encryption ပါ၀င်ခြင်း ။ ။

အထက်က အချက်နှစ်ခုလိုပဲ ကျွန်တော်တို့ရဲ့ email တွေ၊ personal data တွေကို ProtonMail server ကိုယ်တိုင်ကတောင် ၀င်ကြည့်လို့မရပါဘူး။ တကယ်လို့ အကောင့်ဟက်ခံရတယ်ဆိုရင်တောင် ခိုးယူသူက ကျွန်တော်တို့ email တွေကို ၀င်ဖတ်လို့မရနိုင်ပါ။ ဘာကြောင့်လဲဆိုတော့ Zero-access encrypt လုပ်ထားတဲ့ message တွေကို ခိုးယူသူသာမက ProtonMail server ကပင် decrypt ပြန်ဖြည်ပီး ဖတ်လို့မရပါဘူး။

IP address ကဲ့သို့သော သုံးစွဲသူအချက်အလက်များကို လုံးဝ ခြေရာမခံနိုင်ခြင်း ။ ။

ProtonMail ဟာ Gmailနဲ့ မတူဘဲ ကျွန်တော်တို့ ဘယ်သူ့ကို email ပို့လဲ၊ ဘာတွေပို့လဲ၊ email တစ်နေ့ကို ဘယ်နှစ်စောင်ပို့လဲ ဆိုတာကို record မမှတ်ပါဘူး။ သုံးစွဲသူတွေရဲ့ IP address တွေကိုတောင် မှတ်ယူ သိမ်းဆည်းတာမျိုးတောင်မလုပ်ပါ။ ဒါကြောင့် ကျွန်တော်တို့အနေနဲ့ သတိထားရမယ့်အချက်က Password လုံးဝ မမေ့ဖို့ လိုအပ်ပါတယ်၊ ပြန် recover လုပ်ရင်တောင် Gmail နဲ့မတူဘဲ ဘာအချက်အလက်မှ ပြန်လည်ရယူနိုင်မှာ မဟုတ်ပါဘူး။

Two-Factor Authentication (2FA) ထပ်ဆင့်လုံခြုံရေးစနစ်ပို၍ ကောင်းမွန်ခြင်း ။ ။

Gmail ရော ProtonMail နှစ်ခုလုံးမှာ Two-Factor Authentication(2FA) ထပ်ဆင့်လုံခြုံရေးစနစ် ပါ၀င်ပါတယ်။ ဒါပေမယ့် Gmail မှာ ကျွန်တော်တို့ရဲ့ ဖုန်းနံပါတ်ကတစ်ဆင့် လုံခြုံရေးကုတ်ရယူနိုင်သလိုမျိုး ProtonMail မှာတော့ မရပါဘူး။ ProtonMail မှာ 2FA ခံဖို့ ကုတ်ရယူဖို့က Authy, Google Authenticator, FreeOTP အစရှိတဲ့ authenticator apps တွေကတစ်ဆင့်ရယူဖို့လိုပါတယ်။ ProtonMail က ပေးတဲ့ one-time use recovery codes တွေကိုလဲ စနစ်တကျ သိမ်းထားဖို့ အရေးကြီးပါတယ်။ ဘာကြောင့်လဲဆိုတော့ Gmail အကောင့်ကို ဖုန်းနံပါတ်ကနေ ကုတ်တောင်းပြီး အလွယ်တကူ recover လုပ်နိုင်မှာ မဟုတ်လို့ပါ။

ProtonMail ရဲ့ ထူးခြားတဲ့ security feature တွေက ဘာတွေလဲ။

(၁) Report Phishing Feature အား အသုံးပြုနိုင်ခြင်း – မသင်္ကာစရာ အမည်မသိ email များ ရောက်လာပါက Report တင်နိုင်ပါတယ်။

(၂) Two-factor authentication (2FA) ထပ်ဆင့် လုံခြုံရေးစနစ်ခံခြင်း – ProtonMail ရဲ့ setting ထဲတွင် 2FA ခံရန် လုပ်ဆောင်နိုင်ပါတယ်။

(၃) သံသယဖြစ်ဖွယ် Account login များအား စစ်ဆေးနိုင်ခြင်း – login logs များတွင် login ၀င်ထားမိသမျှ နေ့ရက်၊ အချိန်များအပြင် IP address များကို သွားရောက် စစ်ဆေးနိုင်ပါတယ်။

(၄) Email တစ်စောင်ပို့ရာတွင် Password Encryption အသုံးပြုနိုင်ခြင်း – email တစ်စောင် ပို့တိုင်း မိမိ ကြိုက်နှစ်သက်ရာ password ခံ၍ ပေးပို့နိုင်ပါတယ်။

(၅) Self-Destructing Message Feature အား အသုံးပြုနိုင်ခြင်း – ပို့ထားခဲ့သော email အဟောင်းများကို message သက်တမ်းအား သတ်မှတ်၍ (ဥပမာ – ၃နာရီ) အလိုအလျောက် ပျက်သွားအောင် ပြုလုပ်နိုင်ပါတယ်။

အထက်ပါ security feature တစ်ခုချင်းစီကို အသေးစိတ် လေ့လာလိုက်ပါ။ ProtonMail ကို ပြောင်းလဲအသုံးပြုဖို့ ကိစ္စဟာ ကျွန်တော်တို့နဲ့ အနည်းငယ် အလှမ်း‌‌‌ဝေးနေမှာ ဖြစ်ပေမယ့် ကျွန်တော်တို့အတွက် ပိုမိုလုံခြုံတဲ့ ဆက်သွယ်ရေးစနစ်ကောင်းကို ပေးစွမ်းမှာ ဖြစ်ပါတယ်။

16 views

Digital Knowledge

Part 1 of 50

In this series, we will share about digital knowledge contents

More from this blog

Digital Coup in Myanmar

စစ်ကောင်စီ မတရားအာဏာသိမ်းမှုရဲ့ ဒစ်ဂျစ်တယ်ဆိုင်ရာ အခွင့်အရေးများစွာကို ထင်ထင်ပေါ်ပေါ် ချိုးဖောက်ခဲ့မှုများကို လူတိုင်းလက်တွေ့ခံစားခဲ့ကြရတာပါ။ မြန်မာနိုင်ငံသူ/သားများ ရင်ဆိုင်ခဲ့ရတဲ့ ဒစ်ဂျစ်တယ်အမှောင်ထ

Mar 22, 20261 min read142
Digital Coup in Myanmar

တစ်နေရာမှ တစ်နေရာသို့ ရွေ့ပြောင်းထွက်ခွါရာမှာ လိုအပ်သော ပြင်ဆင်ချက်များ

တစ်နေရာမှ တစ်နေရာသို့ ရွေ့ပြောင်းထွက်ခွါရာမှာ လိုအပ်သော ပြင်ဆင်ချက်များ စစ်ကောင်စီရဲ့ စစ်မှုထမ်းဥပဒေကြေငြာပြီး နောက်မှ ပြည်ပ သို့ မိမိနေထိုင်ရာအရပ်မှ နယ်မြေသစ်တွေကို ထွက်ခွါသူတွေအများအပြားရှိလာပါတယ်။ Immigration ကိုဖြတ်ကျော်ရာမှာ လေဆိပ်မှာဖြစ်ဖြစ် နယ...

May 13, 20252 min read35
တစ်နေရာမှ တစ်နေရာသို့ ရွေ့ပြောင်းထွက်ခွါရာမှာ လိုအပ်သော ပြင်ဆင်ချက်များ

Public Wi-Fi ကို ဘယ်လိုလုံခြုံအောင်သုံးကြမလဲ?

𝗣𝘂𝗯𝗹𝗶𝗰 𝗪𝗶𝗳𝗶 တွေကို ဘာကြောင့် အလွယ်မသုံးသင့်တာလဲ ? ယနေ့လို Digital ခေတ်ကြီးထဲမှာ ကျွန်တော်တို့လူသားတွေအတွက် အင်တာနက်ဆိုတာက မရှိမဖြစ် လိုအပ်‌နေတဲ့အရာတစ်ခုဖြစ်နေပါပြီ။ တစ်ယောက်နဲ့တစ်ယောက်အသုံးပြုပုံခြင်းတော့ မတူညီကြပါဘူး။ တစ်ချို့က Remote Job ...

Apr 25, 20253 min read25
Public Wi-Fi ကို ဘယ်လိုလုံခြုံအောင်သုံးကြမလဲ?
D

digitalsecinfo

83 posts

Digital Security အစရှိတဲ့ နည်းပညာများအပြင် Feb 1, 2021 ခုနှစ် စစ်တပ်အာဏာစသိမ်းချိန်ကစပြီး လက်ရှိအချိန်ထိ Digital အခွင့်အရေးချိုးဖောက်ခံရမှုတွေကို တစုတစည်းတည်းလေ့လာနိုင်ရန်မျှဝေပေးမယ့် Blog ပဲဖြစ်ပါတယ်