Skip to main content

Command Palette

Search for a command to run...

Password Manager

Updated
2 min read
Password Manager

ကိုယ့်ရဲ့ password တွေ other information တွေကို ကာကွယ်ဖို့ ဘယ် password manager သုံးသင့်လဲ ?

လုံခြုံရေး၏ အဓိက အခြေခံမှာအချက်မှာ Password ထားရှိခြင်းဖြစ်သည်။ ရှုပ်ထွေးပြီး ခက်ခဲတဲ့ Password များကို အလွှတ်မှတ်မိနေဖို့ဆိုတာ မလွယ်ကူတဲ့ ကိစ္စတစ်ရပ်ပါ။

Password Manager ဆိုတာက Password အများကြီးကို တစ်နေရာထဲမှာ Master Key Password နဲ့ သိမ်းထားတဲ့သဘောပါ။ Password တွေကို သိမ်းဖို့ Master Key ဆိုတဲ့ Password တစ်ခုတည်းမှတ်မိဖို့လိုပါတယ်။

Master Key password ကအရေးကြီးပါတယ် မေ့လို့မရပါဘူး။

Bitwarden

Bitwarden သည် Open source ဖြစ်ပြီး powerful platform ဖြစ်‌သော Password Manager တစ်ခုဖြစ်ပါသည်။ Zero knowledge, end-to-end encryption အသုံးပြုနိုင်‌ပြီး ကိုယ့်ရဲ့ Password and Login information တွေကို secure လုံခြုံစွာ သိမ်းထားနိုင်တဲ့ နေရာဖြစ်ပါတယ်။

Attachment (Image, PDF, Word , Excel file,etc) သိမ်းနိုင်ပါသည်။

Bitwarden pricing နှင့် benefit ကို အောက်ပါလင့်ခ််မှာလေ့လာနိုင်ပါသည်။

https://bitwarden.com

LassPass

LassPass သည် Password Manager တစ်ခုပါ။

LassPass ရဲ့ အားသာချက်က Windows, MacOS , Linux, Android, iOS တွေအပြင် Browser Extension အနေနဲ့ပါ အသုံးပြုနိုင်မှာ ဖြစ်ပါသည်။ကိုယ့်ရဲ့ Password and Login information တွေကို လုံခြုံစွာသိမ်းထားတဲ့နေရာဖြစ်ပါတယ်။

LassPass ရဲ့ အားနည်းချက်က Online Password Manager ဖြစ်သောကြောင့် offline အသုံးပြုလို့မရပါ။အင်တာနက်လိုင်း လိုအပ်ပါသည်။

LassPass မှာ Password များသိမ်းခြင်းနှင့် File Size မကြီးသော Attachment (Image, PDF, Word , Excel file,etc) သိမ်းနိုင်ပါသည်။

Password သိမ်းပေးခြင်း

အရေးကြီးသော File ( Image, PDF, Word, Excel, etc) များပါသိမ်းဆည်းနိုင်သည်။

LassPass သည် Windows, MacOS , Linux, Android, iOS တွေအပြင် Browser Extension အနေနဲ့ပါ အသုံးပြုနိုင်မှာ ဖြစ်ပါသည်။

LassPass ရဲ့ pricing နှင့် benefit ကို အောက်ပါလင့်ခ််မှာလေ့လာနိုင်ပါသည်။

https://www.lastpass.com/pricing

Lastpass အကောင့်တစ်ခုလုပ်ဖို့ဆို

ကိုယ့်ရဲ့ email ကို အသုံးပြုပြီး လျှောက်ထားနိုင်ပါသည်။ ဒီလိုလျှောက်ဖို့အတွက်

https://www.lastpass.com

သွားပြီး Get LassPass Free ကိုနှိပ်လိုက်ပါ။

Lasspast ရဲ့Box လေးပေါ်လာပါလိမ့်မယ်။

Create an account လုပ်ပြီး LassPass ကို အသုံးပြုနိုင်ပါသည်။

KeepassXC

KeepassXC ရဲ့အားသာချက်က offline database ဖြင့် အလုပ်လုပ်သောကြောင့် အင်တာနက်မရှိလည်း အသုံးပြုနိုင်သည်။

KeepassXC ရဲ့ အားနည်းချက်က offline database အသုံးပြုထားသောကြောင့် database file ပျက်လျှင် ကိုယ့် data တွေဆုံးရှုံးသွားနိုင်တဲ့အတွက် database file ကို backup လုပ်ရန်လိုအပ်ပါသည်။Data တစ်ခုသွင်းပြီးတိုင်း database file ကို backup လုပ်ရန်လိုအပ်ပါသည်။

လုံခြုံရေး၏ အဓိက အခြေခံမှာအချက်မှာ Password ထားရှိခြင်းဖြစ်သည်။ ရှုပ်ထွေးပြီး ခက်ခဲတဲ့ Password အများကို အလွှတ်မှတ်မိနေဖိုဆိုတာ မလွယ်ကူတဲ့ ကိစ္စတစ်ရပ်ပါ။ Password Manager ဆိုတာက Password အများကြီးကို တစ်နေရာထဲမှာ Master Key Password နဲ့သိမ်းထားတဲ့သဘောပါ။ KeepassDX မှာ Password တွေကို သိမ်းဖို့ Master Key ဆိုတဲ့ Password တစ်ခုတည်းမှတ်မိဖို့လိုပါတယ်။

Master Key password ကအရေးကြီးပါတယ် မေ့လို့မရပါဘူး။

KeepassDX မှာ Password များသိမ်းခြင်းနှင့် File Size မကြီးသော Attachment (Image, PDF, Word , Excel file,etc) သိမ်းနိုင်ပါသည်။

Password သိမ်းပေးခြင်း

အရေးကြီးသော File ( Image, PDF, Word, Excel, etc) များပါသိမ်းဆည်းနိုင်သည်။

KeepassDX သည် Android and iOS တွင်လည်း အသုံးပြုနိင်သည်။

App သည် အင်တာနက်မရှိလည်း အလုပ်လုပ်နိုင်သည်။

PC

https://www.keepassx.org/

Android

https://play.google.com/store/apps/details?id=com.kunzisoft.keepass.free/

iOS

https://apps.apple.com/sg/app/keepassium-keepass-passwords/id1435127111

#digitalsecinfo

32 views

Digital Knowledge

Part 1 of 50

In this series, we will share about digital knowledge contents

More from this blog

Digital Coup in Myanmar

စစ်ကောင်စီ မတရားအာဏာသိမ်းမှုရဲ့ ဒစ်ဂျစ်တယ်ဆိုင်ရာ အခွင့်အရေးများစွာကို ထင်ထင်ပေါ်ပေါ် ချိုးဖောက်ခဲ့မှုများကို လူတိုင်းလက်တွေ့ခံစားခဲ့ကြရတာပါ။ မြန်မာနိုင်ငံသူ/သားများ ရင်ဆိုင်ခဲ့ရတဲ့ ဒစ်ဂျစ်တယ်အမှောင်ထ

Mar 22, 20261 min read142
Digital Coup in Myanmar

တစ်နေရာမှ တစ်နေရာသို့ ရွေ့ပြောင်းထွက်ခွါရာမှာ လိုအပ်သော ပြင်ဆင်ချက်များ

တစ်နေရာမှ တစ်နေရာသို့ ရွေ့ပြောင်းထွက်ခွါရာမှာ လိုအပ်သော ပြင်ဆင်ချက်များ စစ်ကောင်စီရဲ့ စစ်မှုထမ်းဥပဒေကြေငြာပြီး နောက်မှ ပြည်ပ သို့ မိမိနေထိုင်ရာအရပ်မှ နယ်မြေသစ်တွေကို ထွက်ခွါသူတွေအများအပြားရှိလာပါတယ်။ Immigration ကိုဖြတ်ကျော်ရာမှာ လေဆိပ်မှာဖြစ်ဖြစ် နယ...

May 13, 20252 min read35
တစ်နေရာမှ တစ်နေရာသို့ ရွေ့ပြောင်းထွက်ခွါရာမှာ လိုအပ်သော ပြင်ဆင်ချက်များ

Public Wi-Fi ကို ဘယ်လိုလုံခြုံအောင်သုံးကြမလဲ?

𝗣𝘂𝗯𝗹𝗶𝗰 𝗪𝗶𝗳𝗶 တွေကို ဘာကြောင့် အလွယ်မသုံးသင့်တာလဲ ? ယနေ့လို Digital ခေတ်ကြီးထဲမှာ ကျွန်တော်တို့လူသားတွေအတွက် အင်တာနက်ဆိုတာက မရှိမဖြစ် လိုအပ်‌နေတဲ့အရာတစ်ခုဖြစ်နေပါပြီ။ တစ်ယောက်နဲ့တစ်ယောက်အသုံးပြုပုံခြင်းတော့ မတူညီကြပါဘူး။ တစ်ချို့က Remote Job ...

Apr 25, 20253 min read25
Public Wi-Fi ကို ဘယ်လိုလုံခြုံအောင်သုံးကြမလဲ?
D

digitalsecinfo

83 posts

Digital Security အစရှိတဲ့ နည်းပညာများအပြင် Feb 1, 2021 ခုနှစ် စစ်တပ်အာဏာစသိမ်းချိန်ကစပြီး လက်ရှိအချိန်ထိ Digital အခွင့်အရေးချိုးဖောက်ခံရမှုတွေကို တစုတစည်းတည်းလေ့လာနိုင်ရန်မျှဝေပေးမယ့် Blog ပဲဖြစ်ပါတယ်