OSINT နှင့် Gmail

I am a volunteer for civil society organizations (CSOs) aimed at improving their digital security and safe office operations.
OSINT ဆိုတာ Publicly ရနိုင်တဲ့ သတင်းအချက်အလက် ဒေတာတွေကို စုဆောင်းပြီး ခွဲခြမ်းစိတ်ဖြာ သရုပ်ခွဲလေ့လာပြီး လူတွေကို အဖွဲ့အစည်းတွေနဲ့ Website တွေကို target ထားပြီး ခြိမ်းခြောက်မှုတွေကို ပြုလုပ်တဲ့သဘောပါ။
ဒီလိုလုပ်ခြင်းကို Doxxing လုပ်တာလို့ခေါ်ပြီး အဲလိုလုပ်တာကိုလည်း လူတိုင်းလုပ်ကြည့်နိုင်ပါတယ်။ Doxxing tool တွေမှ Gmail နဲ့ပက်သက်ပြီး Doxxing လုပ်တာပြောပြပေးသွားမှာပါ။
လူတော်တော်များများက နောက်ယောင်ခံလိုက်ရမှာကို စိုးရိမ်ပူပန်ကြပေမယ့် အသုံးပြုနေတဲ့ Platform တွေမှာ ကိုယ့် အချက်အလက်တွေကို လိုလိုလားလားမျှဝေနေတာကိုတွေ့ရပါတယ်။
ကိုယ့်ရဲ့ Gmail လိပ်စာရသွားတာနဲ့ ဘာတွေဆက်ဖြစ်လာနိုင်လဲ❗️
Gmail သိတာနဲ့ ဘာတွေလုပ်လို့ရနိုင်လဲ‼️
တစ်ယောက်ချင်းစီ ကိုယ်ရဲ့ Gmail နဲ့ ပက်သက်ပြီး Public မှာဘယ်အချက်အလက်တွေပေါက်နေလဲဆိုတာ စမ်းကြည့်ချင်ရင် ပေးထားတဲ့ Link ကနေစမ်းလို့ရပါတယ်။
စမ်းသပ်သူများအနေဖြင့် မိမိတို့ Gmail Address ကိုရိုက်ထည့်ခြင်းဖြင့် စမ်းသပ်နိုင်ပါသည်။ ထို Link သည် မိမိကိုယ်ကို ဆန်းစစ်ပြီး မိမိ၏ အချက်အလက်များကို သတိပြုရန် အလေးထားရန်အတွက်သာရည်ရွယ်ပါသည်။ ထို Link ကိုအသုံးချ၍ သူတစ်ပါး အချက်အလက်များကို Doxxing လုပ်ခြင်းများကို မလုပ်ဆောင်ဖို့ရန် မေတ္တာရပ်ခံအပ်ပါသည်။
Ref: Spring Revolution Security






