Skip to main content

Command Palette

Search for a command to run...

iCloud Lock မကျအောင်ဘယ်လိုကာကွယ်ကြမလဲ

Updated
2 min read
iCloud Lock မကျအောင်ဘယ်လိုကာကွယ်ကြမလဲ
D

I am a volunteer for civil society organizations (CSOs) aimed at improving their digital security and safe office operations.

iCloud မကျအောင်ဘယ်လိုကာကွယ်ရမလဲဆိုတာမပြောပြရသေးခင် iCloud ကျတယ်ဆိုတာကိုအရင်ရှင်းပြပါမယ် .. iCloud ကျတယ်ဆိုတာ Find My iPhone – on ထားပြီး မိမိ password မေ့သွားတဲ့အချိန်ကို iCloud ကျတယ်လို့အလွယ်ခေါ်ပါတယ် ..

iCloud မှာ Mode 2 မျိုးရှိပါတယ် .. Clean mode နဲ့ Lost Mode ပါ .. Clean mode ဆိုတာကတော့ မိမိ iCloud password မေ့သွားလို့ Activation Lock ဆိုပြီး ဖုန်းသုံးလို့မရတဲ့အချိန် ဒါမှမဟုတ် ဖုန်းသုံးလို့ရနေပေမယ့် iCloud password မသိတော့တဲ့အချိန်ပါ ..

နောက်တစ်မျိုးကတော့ Lost Mode လို့ခေါ်ပါတယ် .. မိမိဖုန်းပျောက်သွားလို့ Lost Mode enable လုပ်လိုက်တဲ့အချိန်အဲ့ဖုန်းမှာ Lost Mode ပွင့်သွားပြီးဖုန်းသုံးလို့မရတော့တာပါ

iCloud ဖြည်ပေးတဲ့ service အများစုဟာ Clean Mode ပဲဖြည်ပေးတာဖြစ်ပြီး Lost Mode အလုံးတွေက သူခိုးလက်ခံအလုံးတွေဖြစ်နေတတ်လို့ ဖြည်မပေးပါဘူး .. ဒီတော့ မိမိ iPhone တွေ iCloud lock မကျဖို့ဘာတွေလုပ်ဆောင်ထားရမလဲဆိုတာကိုပြောပြပေးသွားပါမယ်

1. Know Your Apple ID Information

iCloud password မသိတာဟာ iCloud ကျတာနဲ့တူတူပါပဲ .. ဒီတော့ Password သိအောင်လုပ်ထားပါ .. မေ့နေရင်တော့ https://iforgot.apple.com/ မှာသွားပြီး Password reset ချလို့ရပါတယ် ..

ဒီလို reset ချဖို့အတွက် ကိုယ့် account ရဲ့ Birthday တွေ Security Questions တွေကိုမှတ်မိနေဖို့လိုပါတယ် . ဖုန်းကနေ Apple ID ဖွင့်ရင် Security Questions မတောင်းတော့ပဲ Two Factor Authentication အတွက် ဖုန်းနံပါတ်တောင်းပါတယ် ..

အဆိုပါဖုန်း sim card ပျောက်သွားလို့မရပါဘူး .. ဒီလိုမျိုး information တွေကိုလဲ တခြားလူတွေကိုပေးမသိပါနဲ့ .. တကယ်လို့ တစုံတယောက်က သိထားတယ်ဆိုရင် https://appleid.apple.com/ ကိုသွားပြီး information တွေပြောင်းလိုက်လို့ရပါတယ်

2. Add Rescue Email

https://appleid.apple.com/ ကိုသွားပြီး rescue email ထည့်ထားပါ .. ထည့်ထားတဲ့ rescue email ဟာ ကိုယ်အမြဲသုံးနေတဲ့ email ဖြစ်ရပါမယ် .. နောက်တချက် ကိုယ် Apple ID ဖွင့်ထားတဲ့ email password မသိတော့ရင် အဲ့မှာပဲ email change လိုက်လို့ရပါတယ်

3. Always turn Find my iPhone on

Find my iPhone on မထားတဲ့အခါ iCloud relock လို service မျိုးတွေကနေ မိမိဖုန်းကို Lost Mode ဖြစ်အောင် လှမ်းပြီး lock ချလို့ရပါတယ် .. ဒီလိုတွေမဖြစ်အောင် မိမိ iPhone IMEI ကိုတော်ရုံလူပေးမသိပါနဲ့ .. Find my iPhone လဲအမြဲတမ်းဖွင့်ထားဖို့လိုပါလိမ့်မယ် .. ဖွင့်ထားရင်လဲ iCloud Account Information တွေမမေ့ပါစေနဲ့

4. Don’t Save Apple ID information in iCloud Notes

iCloud Notes ထဲမှာ Apple ID information တွေသိမ်းထားမိလို့ iCloud password မေ့သွားတဲ့အခါ ပြန်ကြည့်ရင် အခက်အခဲရှိပါတယ် .. အဲ့လောက်ဉာဏ်မကောင်းပါနဲ့ .. အလွယ်တကူ access လုပ်လို့ရတဲ့ တခြားနေရာမှာသိမ်းထားပါ

5. Avoid iCloud Phishing

ဖုန်းပျောက်သွားရင် www.icloud.com ထဲ login ဝင်ပြီး lost mode – on ထားလိုက်ပါ .. အဲ့အချိန်ဖုန်းရထားတဲ့လူက မိမိဖုန်းကို SMS Message ပို့ပြီး မင်းဖုန်းကိုဒီနားမှာတွေ့ထားတယ် .. ဘယ်နားလဲဆိုတာသိချင်ရင် ပေးထားတဲ့ link မှာ login ဝင်ပါဆိုပြီး Broken English နဲ့ရေးထားတဲ့ စာတွေလာပို့တတ်ပါတယ် .. ဒါကို phishing လို့ခေါ်ပါတယ် ..

Apple website အတုပုံစံရေးထားပြီး တခြား domain မှာ host တင်ပြီး သင့်ရဲ့ Apple ID password သိရအောင် သင့်ကိုလှည့်စားတာပါ .. မှတ်ထားပါ Apple ကဘယ်တော့မှအဲ့လို SMS မျိုးမပို့ပါ … မတတ်တခေါက်လှည့်စားရေးထားတဲ့ အရေးအသားတွေအောက်မှာမကျရှုံးပါစေနဲ့

ဒီလောက်ဆိုရင်တော်တော်လေးလုံခြုံပြီလို့ပြောလို့ရပါတယ် အားလုံးပဲအဆင်ပြေကြပါစေ

#PHK #digitalsecinfo

108 views

More from this blog

Digital Coup in Myanmar

စစ်ကောင်စီ မတရားအာဏာသိမ်းမှုရဲ့ ဒစ်ဂျစ်တယ်ဆိုင်ရာ အခွင့်အရေးများစွာကို ထင်ထင်ပေါ်ပေါ် ချိုးဖောက်ခဲ့မှုများကို လူတိုင်းလက်တွေ့ခံစားခဲ့ကြရတာပါ။ မြန်မာနိုင်ငံသူ/သားများ ရင်ဆိုင်ခဲ့ရတဲ့ ဒစ်ဂျစ်တယ်အမှောင်ထ

Mar 22, 20261 min read143
Digital Coup in Myanmar

တစ်နေရာမှ တစ်နေရာသို့ ရွေ့ပြောင်းထွက်ခွါရာမှာ လိုအပ်သော ပြင်ဆင်ချက်များ

တစ်နေရာမှ တစ်နေရာသို့ ရွေ့ပြောင်းထွက်ခွါရာမှာ လိုအပ်သော ပြင်ဆင်ချက်များ စစ်ကောင်စီရဲ့ စစ်မှုထမ်းဥပဒေကြေငြာပြီး နောက်မှ ပြည်ပ သို့ မိမိနေထိုင်ရာအရပ်မှ နယ်မြေသစ်တွေကို ထွက်ခွါသူတွေအများအပြားရှိလာပါတယ်။ Immigration ကိုဖြတ်ကျော်ရာမှာ လေဆိပ်မှာဖြစ်ဖြစ် နယ...

May 13, 20252 min read35
တစ်နေရာမှ တစ်နေရာသို့ ရွေ့ပြောင်းထွက်ခွါရာမှာ လိုအပ်သော ပြင်ဆင်ချက်များ

Public Wi-Fi ကို ဘယ်လိုလုံခြုံအောင်သုံးကြမလဲ?

𝗣𝘂𝗯𝗹𝗶𝗰 𝗪𝗶𝗳𝗶 တွေကို ဘာကြောင့် အလွယ်မသုံးသင့်တာလဲ ? ယနေ့လို Digital ခေတ်ကြီးထဲမှာ ကျွန်တော်တို့လူသားတွေအတွက် အင်တာနက်ဆိုတာက မရှိမဖြစ် လိုအပ်‌နေတဲ့အရာတစ်ခုဖြစ်နေပါပြီ။ တစ်ယောက်နဲ့တစ်ယောက်အသုံးပြုပုံခြင်းတော့ မတူညီကြပါဘူး။ တစ်ချို့က Remote Job ...

Apr 25, 20253 min read27
Public Wi-Fi ကို ဘယ်လိုလုံခြုံအောင်သုံးကြမလဲ?
D

digitalsecinfo

83 posts

Digital Security အစရှိတဲ့ နည်းပညာများအပြင် Feb 1, 2021 ခုနှစ် စစ်တပ်အာဏာစသိမ်းချိန်ကစပြီး လက်ရှိအချိန်ထိ Digital အခွင့်အရေးချိုးဖောက်ခံရမှုတွေကို တစုတစည်းတည်းလေ့လာနိုင်ရန်မျှဝေပေးမယ့် Blog ပဲဖြစ်ပါတယ်