Skip to main content

Command Palette

Search for a command to run...

How to block ISP Tracking?

Updated
2 min read
How to block ISP Tracking?
  1. VPN

  2. Tor Web Browser

  3. Use a Proxy

  4. Use HTTPS

1.VPN

VPN ဆိုတာ Virtual private network ကိုအတိုကောက်ခေါ်တာဖြစ်ပါတယ်။သူ့ကို ကိုယ်ပိုင် network အတုအယောင်လို့ ပြောလို့ရပါတယ်။VPN ကို အဓိကအားဖြင့် အင်တာနက်ပေါ်မှာ ကိုယ်ယောင်ဖျောက်ချင်တဲ့အခါဖြစ်စေ၊ မိမိနိုင်ငံမှာကန့်သတ်ထားတဲ့အရာတွေကို ကျော်လွှားကြည့်ရှုအသုံးပြုဖို့သုံးကြပါတယ်။

vpn မသုံးပဲနေရင် ဘာတွေကို ISP တွေက သိသလဲ ?

ပုံမှန်အားဖြင့်ဆိုရင်တော့ ကိုယ့်ဖုန်း၊ကွန်ပျူတာကနေ အသုံးပြုနေတဲ့ website traffic တွေ search result တွေကို ကျနော်တို့ကို အင်တာနက်ပေးထားတဲ့ ISP ( MPT, Ooredoo, Telenor, Mytel, Myanmar net, 5BB,Ananda) စတဲ့ သူတွေက မြင်ရပါတယ်။

သူတို့မြင်ရတဲ့ထဲမှာ ကျနော်တို့ ကြည့်ရှုတဲ့ website လိပ်စာတွေပါပါတယ်။ ကိုယ်သွားကြည့်တဲ့ website လိပ်စာက http မှာ https ဆိုပြီး s မပါခဲ့ရင် မလုံခြုံတဲ့အတွက် အဲဒီမှာရိုက်ထည့်ခဲ့တဲ့ username ,password ကိုပါမြင်ရပါတယ်။ https ဆိုရင်တော့ ISP ကမြင်ရတာက website လိပ်စာ လောက်ပဲရှိပါတယ်။

email အဝင်အထွက်တွေကိုပါ စောင့်ကြည့်လို့မရအောင် ( Transport Layer Security (TLS) ဝှက်စာစနစ်ပါရှိတဲ့ email ကို အသုံးပြုပါ။ ကျနော်တို့သုံးနေကျ Gmail တွေမှာတော့ TLS သုံးထားပါတယ်။ နောက် encryption ပါတဲ့ စနစ် email ကိုအသုံးပြုပေးပါ။ torrent အသုံးပြုပြီး ဖိုင်တွေဒေါင်းလုဒ် မဆွဲပါနဲ့ torrent software အသုံးပြုပြီး ဆွဲနေရင်လည်း ကိုယ်ဘယ်ကဘာတွေဆွဲနေလဲကိုမြင်ရလို့ပါ။

VPN ကိုဘာကြောင့်သုံးရလဲ?

VPN တစ်ခုခုကိုသုံးလိုက်တာနဲ့ ကျနော်တို့ ဆီက အချက်အလက်တွေက ပုံမှန် ISP ဆီတန်းမရောက်တော့ပဲ VPN ထဲကိုအရင်ဖြတ်ပါတယ်။သူတို့ကနေ အချက်အလက်တွေကို ဝှက်လိုက်ပြီးတော့မှ ISP ဆီတစ်ဆင့်ရောက်ပါတယ်။ ISP ကနေထွက်တဲ့ အချက်အလက်တွေက VPN ဆာဗာတွေဆီကိုရောက်ပါတယ်။ VPN ဆာဗာတွေက များသောအားဖြင့် ကမ္ဘာအနှံ့မှာရှိပါတယ်။ free ရတဲ့ vpn တွေမှာတော့ သူတို့ပို့ချင်တဲ့ဆာဗာဆီလှမ်းပို့ပေးပေမယ့် premium vpn တွေမှာတော့ ကိုယ်ကြိုက်တဲ့နိုင်ငံကို ရွေးလို့ရပါတယ်။VPN ဆာဗာကနေမှတဆင့် ကိုယ်သုံးချင်တဲ့ website ဆီကိုရောက်ပါတယ်။အဲဒီလိုလုပ်တဲ့အတွက် ကျနော်တို့ က website တစ်ခုခုကိုသွားကြည့်ရင် အဲဒီမှာ website မှာ မြန်မာကလာကြည့်တယ်လို့မပေါ်တော့ပဲနဲ့ ကျနော်ရွေးလိုက်တဲ့ VPN ဆာဗာရဲ့ တည်နေရာနိုင်ငံကိုပဲ ပြပါတော့တယ်။

ISP က‌ VPN ကို ဖွင့်ထားတဲ့အချိန်အတောအတွင်း ကျနော်တို့ဘယ်သွားဘာကြည့်တယ်။ ဘာလုပ်နေတယ်ဆိုတာကို မြင်ရမှာမဟုတ်ပါဘူး။သူတို့မြင်နိုင်တာကတော့ ကျနော်တို့ VPN တစ်ခုကို ဘယ်လောက်ကြာကြာ ချိတ်ထားတယ်၊ data ပမာဏ ဘယ်လောက်များများ အဝင်အထွက် ဖြစ်နေတယ်လောက်ကိုပဲ မြင်နိုင်ပါတယ်။

2.Tor Web Browser

Tor Browser ဆိုသည်မှာ အခမဲ့ လုံခြုံရေး Browser တစ်ခုဖြစ်ပါသည်။ Onion Browser ဟုလည်းခေါ်ကြပါသည်။ အလွှာအထပ်ထပ်ဖြင့် သုံးစွဲသူများ၏ သတင်းအချက်အလက်များကို ကာကွယ်ပေးထားသကဲ့သို့ဖြစ်သည်။ Tor Browser တွင် သင်သည် ဘယ်သူဆိုတာ မည်သူမှမသိနိုင်ပါ။ သုံးစွဲသူအားလုံးကို ပုံစံတစ်ခုတည်းဖော်ပြပေးထားခြင်းအားဖြင့် သင်၏ ID ကို ဖျောက်ပေးထားခြင်းဖြစ်သည်။ Tor Browser သည်မိမိတို့၏ Browsing History များ၊ ပေးထားသော Password များ၊ ကိုယ်ပိုင် သတင်းအချက်အလက်များကို သိမ်းဆည်းထားခြင်းမရှိပဲ မိမိအသုံးပြု၍ ပြီးသည်နှင့် ဖျက်ပေးပါသည်။

Tor တွင် တစ်ခုခုရှာဖွေမည်ဆိုလျှင် ရှာချင်သည့် website သို့ တိုက်ရိုက်မဟုတ်ပဲ ကမ္ဘာအနှံ့မှ ကျပန်း node များကို ဖြတ်ကျော်ပြီးတော့မှ ရောက်ရှိသွားမည်ဖြစ်သည်။ ထိုသွားရာလမ်းကြောင်းတွင်လည်း မိမိရှာဖွေလိုသောအချက်အလက်များအား encrypt ( ဝှက်စာအသွင်ပြောင်းသည့် စနစ် ) လုပ်ပေးထားသေးသည်။ ထို့အတွက်ကြောင့် ဝင်ရောက်ရာ website သည် မိမိမည်သူဖြစ်ခြင်း နှင့် မိမိမည်သည်မှ ရှာသည်များကို မသိနိုင်တော့ပါ။ Node များကို ဖြတ်သန်းပြီးမှ ရောက်ရှိခြင်းကြောင့် အနည်းငယ်ကြာနိုင်ပါသည်။ထိုကြောင့် Tor ကို သုံးမယ်ဆို အင်တာနက်လိုင်းကောင်းဖို့ လိုပါမည်။

3.Use a Proxy

Proxy Server ဆိုတာ ဘာလဲ

Proxy Server ဆိုတာဟာ အကျိုးဆောင်တစ်ယောက်လိုပဲ လုပ်ဆောင်ပေးပါတယ်။ proxy server ရဲ့လုပ်ဆောင်ချက်က အင်တာနက်ကိုအသုံးပြုမယ်ဆိုရင် မိမိကွန်ပျူတာ (သို့မဟုတ်) ဖုန်းရဲ့ IP Address ကို ချိတ်ဆက်မယ့် Server မသိအောင် ဝှက်ထားပေးပြီး Proxy ကထွက်လာတဲ့ IP Address နှင့် ဆက်သွယ်ပေးတယ်။ ကျနော်တို့က Website တစ်ခုကို ကြည့်တဲ့အခါ အရင်ဆုံး Proxy Server ဆီကို request ရောက်သွားပါတယ်။ proxy Server က သူ့ဆီမှာ ကျွန်တော်တို့တောင်းဆိုတဲ့ Website ရှိရင် ပြန်ပို့ပေးလိုက်ပါတယ်။ Website တွေကို ကျော်ကြည့်ဖို့ စသည်ဖြင့် Proxy ကိုအသုံးပြုလေ့ရှိကြတယ်။proxy server သည် VPN ကဲ့သို့ မူလ IP Address ကိုဖုံးကွယ်ပြီး ဝက်ဘ်ဆိုက်က proxy IP address ကိုသာဖော်ပြပေးသည်။ VPN ဆိုတာကလည်း Proxy အမျိုးအစားတစ်ခုလို့ ပြောလို့ရတယ်။ VPN နှင့် Proxy တို့ရဲ့ခြားနားချက်က proxy သည် VPN လို encryption မပါပါ။

4.Use HTTPS

http ဆိုတာကေတာ့ Hyper text Transfer protocols ဖြစ်ပြီး https ကတော့ http ဆိုတာကို SSL / TSL တို့ cryptographic protocols တစ်ခုကြားခံလိုက်ခြင်းကနေ https ဆိုပြီးပြောင်းလဲသွားတာဖြစ်ပါတယ်။ ဒီ protocols တွေဟာ Web Server နှင့် Web Browser တွေကြား သတင်းအချက်အလက်တွေကို လွှဲပြောင်းပေးတဲ့ တာဝန်ကို လုပ်ကိုင်ကြပါတယ်။ http က plain text ပြီး https က encryption keys တွေကို အသုံးပြုထားတာဖြစ်ပါတယ်။

#digitalsecinfo

Digital Knowledge

Part 1 of 50

In this series, we will share about digital knowledge contents

More from this blog

Digital Coup in Myanmar

စစ်ကောင်စီ မတရားအာဏာသိမ်းမှုရဲ့ ဒစ်ဂျစ်တယ်ဆိုင်ရာ အခွင့်အရေးများစွာကို ထင်ထင်ပေါ်ပေါ် ချိုးဖောက်ခဲ့မှုများကို လူတိုင်းလက်တွေ့ခံစားခဲ့ကြရတာပါ။ မြန်မာနိုင်ငံသူ/သားများ ရင်ဆိုင်ခဲ့ရတဲ့ ဒစ်ဂျစ်တယ်အမှောင်ထ

Mar 22, 20261 min read142
Digital Coup in Myanmar

တစ်နေရာမှ တစ်နေရာသို့ ရွေ့ပြောင်းထွက်ခွါရာမှာ လိုအပ်သော ပြင်ဆင်ချက်များ

တစ်နေရာမှ တစ်နေရာသို့ ရွေ့ပြောင်းထွက်ခွါရာမှာ လိုအပ်သော ပြင်ဆင်ချက်များ စစ်ကောင်စီရဲ့ စစ်မှုထမ်းဥပဒေကြေငြာပြီး နောက်မှ ပြည်ပ သို့ မိမိနေထိုင်ရာအရပ်မှ နယ်မြေသစ်တွေကို ထွက်ခွါသူတွေအများအပြားရှိလာပါတယ်။ Immigration ကိုဖြတ်ကျော်ရာမှာ လေဆိပ်မှာဖြစ်ဖြစ် နယ...

May 13, 20252 min read35
တစ်နေရာမှ တစ်နေရာသို့ ရွေ့ပြောင်းထွက်ခွါရာမှာ လိုအပ်သော ပြင်ဆင်ချက်များ

Public Wi-Fi ကို ဘယ်လိုလုံခြုံအောင်သုံးကြမလဲ?

𝗣𝘂𝗯𝗹𝗶𝗰 𝗪𝗶𝗳𝗶 တွေကို ဘာကြောင့် အလွယ်မသုံးသင့်တာလဲ ? ယနေ့လို Digital ခေတ်ကြီးထဲမှာ ကျွန်တော်တို့လူသားတွေအတွက် အင်တာနက်ဆိုတာက မရှိမဖြစ် လိုအပ်‌နေတဲ့အရာတစ်ခုဖြစ်နေပါပြီ။ တစ်ယောက်နဲ့တစ်ယောက်အသုံးပြုပုံခြင်းတော့ မတူညီကြပါဘူး။ တစ်ချို့က Remote Job ...

Apr 25, 20253 min read25
Public Wi-Fi ကို ဘယ်လိုလုံခြုံအောင်သုံးကြမလဲ?
D

digitalsecinfo

83 posts

Digital Security အစရှိတဲ့ နည်းပညာများအပြင် Feb 1, 2021 ခုနှစ် စစ်တပ်အာဏာစသိမ်းချိန်ကစပြီး လက်ရှိအချိန်ထိ Digital အခွင့်အရေးချိုးဖောက်ခံရမှုတွေကို တစုတစည်းတည်းလေ့လာနိုင်ရန်မျှဝေပေးမယ့် Blog ပဲဖြစ်ပါတယ်

How to block ISP Tracking?