Here's How Google is Tracking You!

I am a volunteer for civil society organizations (CSOs) aimed at improving their digital security and safe office operations.
Search for a command to run...

I am a volunteer for civil society organizations (CSOs) aimed at improving their digital security and safe office operations.
No comments yet. Be the first to comment.
စစ်ကောင်စီ မတရားအာဏာသိမ်းမှုရဲ့ ဒစ်ဂျစ်တယ်ဆိုင်ရာ အခွင့်အရေးများစွာကို ထင်ထင်ပေါ်ပေါ် ချိုးဖောက်ခဲ့မှုများကို လူတိုင်းလက်တွေ့ခံစားခဲ့ကြရတာပါ။ မြန်မာနိုင်ငံသူ/သားများ ရင်ဆိုင်ခဲ့ရတဲ့ ဒစ်ဂျစ်တယ်အမှောင်ထ

2026 ခုနှစ် ဒစ်ဂျယ်တယ်ရပ်ဝန်းဆိုင်ရာ ဖြစ်ပျက်ခဲ့မှုများ

တစ်နေရာမှ တစ်နေရာသို့ ရွေ့ပြောင်းထွက်ခွါရာမှာ လိုအပ်သော ပြင်ဆင်ချက်များ စစ်ကောင်စီရဲ့ စစ်မှုထမ်းဥပဒေကြေငြာပြီး နောက်မှ ပြည်ပ သို့ မိမိနေထိုင်ရာအရပ်မှ နယ်မြေသစ်တွေကို ထွက်ခွါသူတွေအများအပြားရှိလာပါတယ်။ Immigration ကိုဖြတ်ကျော်ရာမှာ လေဆိပ်မှာဖြစ်ဖြစ် နယ...

𝗣𝘂𝗯𝗹𝗶𝗰 𝗪𝗶𝗳𝗶 တွေကို ဘာကြောင့် အလွယ်မသုံးသင့်တာလဲ ? ယနေ့လို Digital ခေတ်ကြီးထဲမှာ ကျွန်တော်တို့လူသားတွေအတွက် အင်တာနက်ဆိုတာက မရှိမဖြစ် လိုအပ်နေတဲ့အရာတစ်ခုဖြစ်နေပါပြီ။ တစ်ယောက်နဲ့တစ်ယောက်အသုံးပြုပုံခြင်းတော့ မတူညီကြပါဘူး။ တစ်ချို့က Remote Job ...

2025 ခုနှစ် ဒစ်ဂျယ်တယ်ရပ်ဝန်းဆိုင်ရာ ဖြစ်ပျက်ခဲ့မှုများ

ကိုယ်တိုင်မသိလိုက်ပဲ ကျွန်တော်တို့နေ့စဉ်လှုပ်ရှားသွားလာနေထိုင်လုပ်ကိုင်နေသမျှကို Google ကအမြဲသိနေပါတယ်။
အောက်က Google ကထုတ်ထားတဲ့ Product Line တွေကိုတစ်ချက်လေ့လာကြည့်လိုက်ပါ။

Gmail - ကိုယ့် Contact တွေနဲ့ ပို့ထားသမျှ Email တွေကိုသိနေပါတယ်။
News - ဖတ်သမျှသတင်းတွေကိုသိနေပါတယ်။
Meet - ပြောထားသမျှ chat တွေနဲ့ Conversation တွေကို သိနေပါတယ်။
Photos - ကိုယ်ရိုက်ခဲ့သမျှနဲ့ tag တွဲမိနေတဲ့သူတွေအကြောင်းကိုသိနေပါတယ်။
Shopping - ၀ယ်ချင်လို့ရှာထားတဲ့ ပစ္စည်းတွေကိုသိနေပါတယ်
Chrome - Browser History နဲ့ ၀င်ထားသမျှ website တွေကိုသိနေပါတယ်။
Drive - တင်သိမ်းထားသမျှ ဖိုင်တွေကိုသိနေပါတယ်။
YouTube - ကြည့်ထားသမျှဗီဒီယိုတွေနဲ့ ဘာကြိုက်တတ်လဲဆိုတာသိနေပါတယ်။
Ads - နှိပ်မိသမျှကြော်ငြာတွေကိုသိနေပါတယ်။
Maps - ကိုယ်သွားခဲ့တဲ့နေရာတွေနဲ့ ရှာထားသမျှအချက်အလက်တွေကိုသိနေပါတယ်။
Calendar - ကိုယ့်မီတင်တွေ အရေးကြီးတဲ့နေ့ရက်တွေကိုသိနေပါတယ်။
Search - ရှာထားသမျှတွေကိုသိနေပါတယ်။
အတော်လေးထိတ်လန့်စရာတော့ကောင်းပါတယ်။Google ရဲ့တစ်ချို့ setting တွေက မပိတ်မချင်း သူတို့ကိုယ့် data ယူနေတာက default ဖြစ်နေတတ်ပါတယ်။
ကိုယ့်ဆီကဒေတာတွေ - ဒီလူဟာဘာကြိုက်တယ် ဘယ်သွားတယ် ဘယ်မှာနေတယ် ဘာလုပ်တယ် ဘယ်သူတွေနဲ့စကားပြောတယ်ဆိုတာတွေကိုစုစည်းပြီးရင် ပုံဖော်ပြီးသူတို့ကြိုက်တာလုပ်လို့ရနေပါတယ်။ ခုချိန်ကတော့ ကြော်ငြာထိုးတာလောက်မျိုးပဲသိသာနေပေမဲ့ သူတို့ research မှာဘာတွေဘယ်လိုလုပ်နေသလဲဆိုတာ မသိရသေးတဲ့အရာတစ်ခုပါ။
သူတို့ရဲ့တရား၀င် Privacy Policy တွေအများကြီးရှိနေပေမဲ့ တကယ်တမ်းဒေတာတွေကသူတို့လက်ထဲမှာဆိုတော့ နိုင်ငံအတော်များများကစိုးရိမ်ကြပါတယ်။ Prevention တွေလုပ်ကြတာမျိုးရှိပြီး ဥပမာပြောရရင် Facebook ဆိုလည်း ခဏခဏစစ်ဆေးခံရတာမျိုးရှိပြီး TikTok ဆိုလည်းအားလုံးသိကြတဲ့အတိုင်း စစ်ဆေးမေးမြန်းတာအမြဲခံရတာဖြစ်ပါတယ်။
ဒီဒေတာမျိုးတွေဟာ နိုင်ငံတစ်နိုင်ငံရဲ့ အုပ်ချုပ်ရေးကိုပါပြောင်းလဲနိုင်စေခဲ့တယ်ဆိုတာ Cambridge Analytica Case ကိုကြည့်ရင်သိနိုင်ပါတယ်။
ကျွန်တော်တို့ကိုယ်တိုင်ကိုကလည်း ဒီလို App တွေနဲ့ဝေးကွာလို့ကလည်းမရပြန်တော့ လုပ်သင့်တာ ကိုယ့် Own Privacy Review ပဲဖြစ်ပါတယ်။
ဒီဂျစ်တယ်ခေတ်ဆိုတာ အားသာချက် အားနည်းချက်တွေအမြဲဒွန်တွဲနေပါတယ်။
အားလုံးပဲ Google ကိုအသုံးပြုပြီး ပိုမိုလုံခြုံပါစေ။
#NangHtikeAung #digitalsecinfo