Skip to main content

Command Palette

Search for a command to run...

Have you reloaded your digital life?

Updated
2 min read
Have you reloaded your digital life?

ပိုမိုလုံခြုံသော ဒစ်ဂျစ်တယ်ဘဝသစ်ကို ပိုင်ဆိုင်နိုင်ကြဖို့ ကိုယ့်လက်ရှိဘဝမှာ ဘယ်လောက် လုံခြုံနေကြပြီလဲ ဆိုတာ ပြန်လည်သုံးသပ်ပြီးပြီလား ?

  • Mobile Phone Security

  • Social Media (Account) Facebook, Telegram, Signal, etc …

  • Data Security

  • Clear History (နောက်ကြောင်းရှင်းဖို့ History ရှင်းမယ်)

Moblie Phone Security

သင်ဖုန်းသည်(encrypted) သေချာပါစေ ။ နောက်ပေါ်ဖုန်းတွေက encrypted function ဖြစ်လာပါပြီ မိမိဖုန်း၏ လျှို့ဝှက်လုံခြုံခြုံမှု မသေ ချာလျှင် security setting ကိုစစ်ဆေးပါ၊

(Settings” > “Security & location” > “Advanced” > “Encryption & credentials” > “Encrypt phone)

OS (operating system) updates ကို ပုံမှန်စစ်ဆေးပါ။အရေးကြီးသော app (like message apps) များကို ပုံမှန်update လုပ်ပါ။

ဖုန်းလျှို့ဝှက်ကုဒ်နံပတ်ကိုခိုင်မာပါစေ အနည်းဆုံး ဂဏန်းခြောက်လုံးထားပါ၊ လက်ဗွေ မျက်နှာ အမှတ်အသား fingerprint/touch or face ကိုအားမကိုးပါနှင့်။

Screen lock, lock timer ကိုset up လုပ်ထားပါ။တည်ရှိနေရာ location service ကို(off) မလိုလျှင်ပိတ်ထားပါ။(emergency location service, location accuracy, location history, location sharing, Wifi, Bluetooth scanning) အကုန်ပါသည်။ အခြား app တွေမှာရှိသည့် check location permissionများလည်းပိတ်ထားပါ။

Bluetooth နဲ့Wifi ကိုလည်း မလိုအပ်လျှင်ပိတ်ထားခြင်းဖြင့် device ကို နောက်ယောင်ခံလိုက်ခြင်းမှ ရှောင်ရှားပါ၊

အရေးကြီးပြီး ထိလွယ်ရှလွယ်သော ပုံများ ဖျက်ထားပါ မဟုတ် app သုံးဖွတ်ထားနိုင်ပါသည်။Android ဆို Tella or Vault ,iOS ဆို Hidden Album သုံးလို့ရပါတယ်။မိမိ၏ကိုယ်ပိုင်အချက်အလက်နှင့်သက်ဆိုင်မှုမရှိသောဖုန်း ဝယ်ထားပြီး ခရီးသွားတဲ့ အခါမှာ သီးသန့်ဆက်သွယ်အသုံးပြုမှုတွေ လုပ်ဖို့ ထားနိုင်ပါတယ်။

Social Media (Account) Facebook, Telegram, Signal, etc …

Account Privacy Policy Setting ချိန်ညှိပါ၊Social Media များကို အကောင့်နှစ်ခုသုံးရင် ပိုကောင်းပါသည်။ မိမိ၏ ဆိုရှယ်အကောင့်များရဲ့ password သည် password policy ဖြင့်ညီပါစေ။Password Strong ဖြစ်နေရမည်။

Password များကို မိမိကိုယ်တိုင်မှတ်သားခြင်းထက် Password Manager များအသုံးပြုသင့်ပါသည်။ထိုသို့ အသုံးပြုခြင်းသည် အကောင့်တစ်ခုခြင်းစီအတွက် မတူညီသော လုံခြုံသော password များထားရှိပြီး ပိုမိုလုံခြုံအားကောင်းစေပါသည်။Password Manager တစ်ခုဖြစ်သည့် Lasspass or KeepassXC အားလေ့လာအသုံးပြုပါ။

Recovery email,phone number နှင့်အကောင့် ဆက်စပ်သော အချက်အလက်များ မှန်ကန်မှုရှိ မရှိစစ်ဆေးပါ။

မိမိနှင့် မသက်ဆိုင်သည့် လင့်ခ်များမနှိပ်ခြင်း၊ စကားဝှက်များ မမျှဝေခြင်း၊browser မှာ မိမိ၏ password များ သိမ်းခြင်း ဘယ်တော့မှ မပြုလုပ်ရန်။မိမိအကောင့် တစ်စုံတစ်ယောက် ဝင်ရောက်နေသည်ဟု သံသရရှိပါက မိမိအကောင့်၏ password ပြောင်းလိုက်ပါ။

2Factor Authenticator အသုံးပြုလိုလျှင် ဖုန်းနံပတ်ဖြင့် မထားပဲ Google Authenticator သို့ အလားတူ Authenticator အသုံးပြုပါ။Backup or Recovery Codes များကို Password manager ထဲတွင် သိမ်းဆည်းပါ။

ဒေတာဝေးဝေး..ဒို့လုံခြုံရေး

အရေးကြီးတာတွေ ဖုန်းနဲ့ မပြောနဲ့ / Encryption မလုပ်ပဲ Messenger နဲ့ Viber မှာလျောက်လျောက်မပြောနဲ့။

Phone ၊ Computer ထဲမှာ Sensitive Data မထားနဲ့။ တစ်ခါတည်း လုံခြုံအောင်သိမ်း ၊ cloud တန်းတင်ပါ။

Delete လုပ်ဖို့ application တွေကို ကြိုတင်စဉ်းစားထားသင့်ပါတယ်။

နောက်ဆုံးအခြေအနေမသာတော့ရင် ဖုန်းကို Reset သာချလိုက်တော့။

Reset ချဖို့ကို အဆင်မပြေရင် ရေကန်ထဲ ရေပုံးထဲသာ ပစ်ချလိုက်။

မိမိ၏အချက်အလက် လုံခြုံမှုသည် မိမိ၏ အပြုအမှု / ကြံစည် လုပ်ဆောင်မှုများ အပေါ်မှာလည်း မူတည်နိုင်ပါသည်။

♥️အစစအရာရာ ဘေးကင်း လုံခြုံပါစေ ♥️

24 views

Digital Knowledge

Part 1 of 50

In this series, we will share about digital knowledge contents

More from this blog

Digital Coup in Myanmar

စစ်ကောင်စီ မတရားအာဏာသိမ်းမှုရဲ့ ဒစ်ဂျစ်တယ်ဆိုင်ရာ အခွင့်အရေးများစွာကို ထင်ထင်ပေါ်ပေါ် ချိုးဖောက်ခဲ့မှုများကို လူတိုင်းလက်တွေ့ခံစားခဲ့ကြရတာပါ။ မြန်မာနိုင်ငံသူ/သားများ ရင်ဆိုင်ခဲ့ရတဲ့ ဒစ်ဂျစ်တယ်အမှောင်ထ

Mar 22, 20261 min read142
Digital Coup in Myanmar

တစ်နေရာမှ တစ်နေရာသို့ ရွေ့ပြောင်းထွက်ခွါရာမှာ လိုအပ်သော ပြင်ဆင်ချက်များ

တစ်နေရာမှ တစ်နေရာသို့ ရွေ့ပြောင်းထွက်ခွါရာမှာ လိုအပ်သော ပြင်ဆင်ချက်များ စစ်ကောင်စီရဲ့ စစ်မှုထမ်းဥပဒေကြေငြာပြီး နောက်မှ ပြည်ပ သို့ မိမိနေထိုင်ရာအရပ်မှ နယ်မြေသစ်တွေကို ထွက်ခွါသူတွေအများအပြားရှိလာပါတယ်။ Immigration ကိုဖြတ်ကျော်ရာမှာ လေဆိပ်မှာဖြစ်ဖြစ် နယ...

May 13, 20252 min read35
တစ်နေရာမှ တစ်နေရာသို့ ရွေ့ပြောင်းထွက်ခွါရာမှာ လိုအပ်သော ပြင်ဆင်ချက်များ

Public Wi-Fi ကို ဘယ်လိုလုံခြုံအောင်သုံးကြမလဲ?

𝗣𝘂𝗯𝗹𝗶𝗰 𝗪𝗶𝗳𝗶 တွေကို ဘာကြောင့် အလွယ်မသုံးသင့်တာလဲ ? ယနေ့လို Digital ခေတ်ကြီးထဲမှာ ကျွန်တော်တို့လူသားတွေအတွက် အင်တာနက်ဆိုတာက မရှိမဖြစ် လိုအပ်‌နေတဲ့အရာတစ်ခုဖြစ်နေပါပြီ။ တစ်ယောက်နဲ့တစ်ယောက်အသုံးပြုပုံခြင်းတော့ မတူညီကြပါဘူး။ တစ်ချို့က Remote Job ...

Apr 25, 20253 min read25
Public Wi-Fi ကို ဘယ်လိုလုံခြုံအောင်သုံးကြမလဲ?
D

digitalsecinfo

83 posts

Digital Security အစရှိတဲ့ နည်းပညာများအပြင် Feb 1, 2021 ခုနှစ် စစ်တပ်အာဏာစသိမ်းချိန်ကစပြီး လက်ရှိအချိန်ထိ Digital အခွင့်အရေးချိုးဖောက်ခံရမှုတွေကို တစုတစည်းတည်းလေ့လာနိုင်ရန်မျှဝေပေးမယ့် Blog ပဲဖြစ်ပါတယ်