Skip to main content

Command Palette

Search for a command to run...

Gmail Security

Updated
1 min read
Gmail Security

Gmail / Email တို့ကို အလုပ်ကိစ္စဆက်သွယ်ရာမှာပဲဖြစ်ဖြစ် ကိုယ်ရေးကိုယ်တာ ဆက်သွယ်မှုတွေမှာပဲဖြစ်ဖြစ် နေ့စဉ်အသုံးပြုဖြစ်ပါတယ်။

ထိုသို့နေ့စဉ် အသုံးပြုနေတဲ့ Gmail နဲ့ ပတ်သက်ပြီး လုံခြုံအောင် ဘယ်လိုအသုံးပြုကြမလဲ ?

Gmail Security နဲ့ပတ်သတ်ပြီး

  1. Gmail Location များပိတ်ပါ။

  2. Gmail Activity Log များပိတ်ပါ။

  3. 2FA Authentication ထားပါ။

Gmail Security နှင့် 2FA Authentication သည် တိုက်ရိုက်အချိုးကျသည်။

ဗီဒီယိုရင်းမြစ် - https://fb.watch/l9bAxf_yr6/

2FA Authentication

2FA Authentication ကတော့ လူတိုင်းရင်းနီးပြီးသား စနစ်ဖြစ်တဲ့ Username/Password နဲ့ Login ဝင် နောက်တဆင့်တက်ပြီး မိမိအမှန်တကယ် ဖြစ်ကြောင်း၊ အမှန်တကယ် အသုံးပြုကြောင်း သက်သေပြုရတဲ့ အဆင့်ပဲ ဖြစ်ပါတယ်။

အခြေခံအားဖြင့် နှစ်မျိုး ကွဲပြားနိုင်ပါတယ်။

(၁) Mobile Phone သို့ပေးပို့သော SMS Code ဖြင့် Log in ဝင်တဲ့ စနစ်။

(၂) လုံခြုံရေးစနစ်အတွက် ထားရှိသော အက်ပလီကေးရှင်း (Third-Party Application) သို့ပေးပို့သည့် Code ဖြင့် Log in ဝင်တဲ့ စနစ်။

ထိုနည်းလမ်း ၂ ခုမှာ ယခုမြန်မာနိုင်ငံ‌ လုံခြုံ‌ရေးအ‌‌‌ခြေအနေအရ Mobile Phone Sim card သည် ကျ‌နော်တို့ မပိုင်တာကို သတိပြုသင့်‌‌ပေသည်။

အကောင်းဆုံးနည်းလမ်းကတော့ two-factor authentication (သို့မဟုတ်) multi-factor authentication ကိုအသုံးပြုတာပါ။

ဘယ်လိုအလုပ်လုပ်လဲဆိုတော့ ကိုယ့်က account password အမှန်ကိုထည့်သွင်းလိုက်ရင်တောင်မှ နောက်ထပ် random password တစ်မျိုးကိုထည့်သွင်းခိုင်းတာပါ။

ဘာကြောင့် 2FA ထားသင့်တာလဲ ?

ကိုယ့် Gmail ၊ Facebook ၊ Cloud data စတဲ့ မိမိ အချက်အလက်၊ မိမိအ‌ကောင့် လုံခြုံ‌ရေး အား‌ကောင်း‌စေရန် နှင့် မသမာသူမှ ကိုယ် မသိတဲ့ Device တစ်ခုကနေ၀င်ပြီး ဟက်ခ် ခံရမှု ၊ အချက်အလက်တွေ ခိုးခံရမှု စတဲ့ရန်က‌နေ ကာကွယ်နိုင်ရန်ဖြစ်သည်။

2FA အသုံးပြုနိုင်မည့် အက်ပလီကေးရှင်းများ

အသုံးများတဲ့ Authenticator တွေကတော့

(၁) Google Authenticator

(၂) Microsoft Authenticator

Application တွေရဲ့ လုပ်ဆောင်ချက်နဲ့ အခြေခံသဘောတရားတွေဟာ အတူတူပဲဖြစ်လို့ မိမိနှစ်သက်ရာကို ရွေးချယ်အသုံးပြုနိုင်ပါတယ်။

2FA ထားပြီးပါကလည်း backup or recovery codes တွေကိုလဲ စနစ်တကျ သိမ်းထားဖို့ အရေးကြီးပါတယ်။ ဘာကြောင့်လဲဆိုတော့ မိမိဖုန်းပျောက်/ပျက်သွားသော် (သို့) 2FA application ပျက်သွားသော် ထို backup or recovery codes ဖြင့် မိမိအကောင့်ကိုပြန်လည် login ဝင်နိုင်မှာဖြစ်ပါတယ်။

33 views

Digital Knowledge

Part 1 of 50

In this series, we will share about digital knowledge contents

More from this blog

Digital Coup in Myanmar

စစ်ကောင်စီ မတရားအာဏာသိမ်းမှုရဲ့ ဒစ်ဂျစ်တယ်ဆိုင်ရာ အခွင့်အရေးများစွာကို ထင်ထင်ပေါ်ပေါ် ချိုးဖောက်ခဲ့မှုများကို လူတိုင်းလက်တွေ့ခံစားခဲ့ကြရတာပါ။ မြန်မာနိုင်ငံသူ/သားများ ရင်ဆိုင်ခဲ့ရတဲ့ ဒစ်ဂျစ်တယ်အမှောင်ထ

Mar 22, 20261 min read142
Digital Coup in Myanmar

တစ်နေရာမှ တစ်နေရာသို့ ရွေ့ပြောင်းထွက်ခွါရာမှာ လိုအပ်သော ပြင်ဆင်ချက်များ

တစ်နေရာမှ တစ်နေရာသို့ ရွေ့ပြောင်းထွက်ခွါရာမှာ လိုအပ်သော ပြင်ဆင်ချက်များ စစ်ကောင်စီရဲ့ စစ်မှုထမ်းဥပဒေကြေငြာပြီး နောက်မှ ပြည်ပ သို့ မိမိနေထိုင်ရာအရပ်မှ နယ်မြေသစ်တွေကို ထွက်ခွါသူတွေအများအပြားရှိလာပါတယ်။ Immigration ကိုဖြတ်ကျော်ရာမှာ လေဆိပ်မှာဖြစ်ဖြစ် နယ...

May 13, 20252 min read35
တစ်နေရာမှ တစ်နေရာသို့ ရွေ့ပြောင်းထွက်ခွါရာမှာ လိုအပ်သော ပြင်ဆင်ချက်များ

Public Wi-Fi ကို ဘယ်လိုလုံခြုံအောင်သုံးကြမလဲ?

𝗣𝘂𝗯𝗹𝗶𝗰 𝗪𝗶𝗳𝗶 တွေကို ဘာကြောင့် အလွယ်မသုံးသင့်တာလဲ ? ယနေ့လို Digital ခေတ်ကြီးထဲမှာ ကျွန်တော်တို့လူသားတွေအတွက် အင်တာနက်ဆိုတာက မရှိမဖြစ် လိုအပ်‌နေတဲ့အရာတစ်ခုဖြစ်နေပါပြီ။ တစ်ယောက်နဲ့တစ်ယောက်အသုံးပြုပုံခြင်းတော့ မတူညီကြပါဘူး။ တစ်ချို့က Remote Job ...

Apr 25, 20253 min read25
Public Wi-Fi ကို ဘယ်လိုလုံခြုံအောင်သုံးကြမလဲ?
D

digitalsecinfo

83 posts

Digital Security အစရှိတဲ့ နည်းပညာများအပြင် Feb 1, 2021 ခုနှစ် စစ်တပ်အာဏာစသိမ်းချိန်ကစပြီး လက်ရှိအချိန်ထိ Digital အခွင့်အရေးချိုးဖောက်ခံရမှုတွေကို တစုတစည်းတည်းလေ့လာနိုင်ရန်မျှဝေပေးမယ့် Blog ပဲဖြစ်ပါတယ်