Digital Security အကြောင်း လေ့လာရအောင်

I am a volunteer for civil society organizations (CSOs) aimed at improving their digital security and safe office operations.
ဗီဒီယိုရင်းမြစ် - https://cinemata.org/view?m=OArQut069 / Engage Media
အရင်ဆုံး ဒစ်ဂျစ်တယ် လုံခြုံရေးဆိုတာ ဘာလဲ။
ဒစ်ဂျစ်တယ်လုံခြုံရေးဆိုတာ အွန်လိုင်းအထောက်အထား၊ ဒေတာနဲ့ အခြားပိုင်ဆိုင်မှုတွေကို ကာကွယ်ဖို့အတွက် အသုံးပြုသည့် အရင်းအမြစ်တွေကို စုထားသော အသုံးအနှုန်းတစ်ခု ဖြစ်ပါတယ်။
ဘယ်လိုအရာတွေလဲဆိုတော့ ဝဘ်ဝန်ဆောင်မှုတွေ၊ ဗိုင်းရပ်စ်နှိမ်နင်းရေးဆော့ဖ်ဝဲတွေ၊ စမတ်ဖုန်းဆင်းမ်ကတ်တွေ၊ Biometrics နည်းစနစ်တွေနဲ့ လုံခြုံတဲ့ တစ်ကိုယ်ရည်သုံး စက်ပစ္စည်းတွေ ပါဝင်ပါတယ်။
ဒစ်ဂျစ်တယ်လုံခြုံရေးဆိုတာ အွန်လိုင်းအထောက်အထားတွေကို ကာကွယ်ဖို့ အသုံးပြုတဲ့ လုပ်ငန်းစဉ်ဖြစ်ပါတယ်။
ဒစ်ဂျစ်တယ်လုံခြုံရေး နဲ့ ဆိုင်ဘာလုံခြုံရေး ဘာကွာလဲ။
ဒစ်ဂျစ်တယ်လုံခြုံရေးမှာ ဒေတာ၊ အထောက်အထား၊ ပိုင်ဆိုင်မှုတွေပါဝင်တဲ့ အွန်လိုင်းပေါ်တည်ရှိမှုတွေကို ကာကွယ်ပေးတာတွေ ပါပါတယ်။
ဆိုင်ဘာလုံခြုံရေးကတော့ ပိုပြီး ကျယ်ပြန့်ပါတယ်။ ဆိုက်ဘာလုံခြုံရေးက ကွန်ရက်တစ်ခုလုံး၊ ကွန်ပျူတာစနစ်တွေနဲ့ အခြားသောဒစ်ဂျစ်တယ်အစိတ်အပိုင်းတွေ အပြင် ခွင့်ပြုချက်မရှိဘဲ ဝင်ရောက်မှုမှာ သိမ်းဆည်းထားသည့် ဒေတာတွေကို ကာကွယ်ပေးတာဖြစ်ပါတယ်။
ဒစ်ဂျစ်တယ်လုံခြုံရေးက သတင်းအချက်အလက်(Information)တွေကို ကာကွယ်ပေးပြီး ဆိုင်ဘာလုံခြုံရေးကတော့ အခြေခံ စက်ပစ္စည်း၊ စနစ်တစ်ခုလုံး၊ ကွန်ယက်တစ်ခုလုံး နဲ့ သတင်းအချက်အလက်အားလုံးကိုပါ ကာကွယ်ပေးပါတယ်။
ဘာလို့ ဒစ်ဂျစ်တယ် လုံခြုံရေး က အရေးကြီးတာလဲ။
အင်တာနက်အပေါ်မှာ မီခိုအားထားမှုတွေ တိုးလာတာက ဆုံးရှုံးစရာတွေ ပိုပြီးဖြစ်လာနိုင်တယ် ဆိုတာကို ပြနေတာဖြစ်ပါတယ်။ ဆိုင်ဘာရာဇဝတ်မှုတွေ တိုးလာလေလေ ယုံကြည်စိတ်ချရတဲ့ ဒစ်ဂျစ်တယ်လုံခြုံရေးကို ပိုပြီးလိုအပ်လာလေလေပဲ ဖြစ်ပါတယ်။
Ref : MYEO






